ရေဘက်ဆိုင်ရာ အွန်လိုင်းသင်တန်းများနဲ့ ဆက်လက်လေ့လာကြမယ်

Nature-Improve-Yourself-Blog-Banner

(Updated - 19 / 5 / 2021 (16:00))

ရေနှင့် သဘာ၀ပတ်၀န်းကျင်နဲ့ သက်ဆိုင်ရာဗဟုသုတ၊ ပညာရပ်ပိုင်းဆိုင်ရာများကို စိတ်၀င်စားသူများအတွက် အွန်လိုင်းသင်တန်းများကို ရှာဖွေ စုဆောင်းပေးထားပါတယ်။ 

ဒါကြောင့် လက်ရှိကာလအတွင်းမှာ ကိုယ်စိတ်၀င်စားရာ ပညာရပ်ကိုလည်း ဆက်လက်ဆည်းပူးနိုင်အောင် ရည်ရွယ်ပါတယ်။ အများစုကို Edx နဲ့ Coursera များမှာ ရှာဖွေထားတာဖြစ်ပါတယ်။ သင်တန်းများဟာ  Delft University of Technology (TU Delft)၊ University of Geneva၊ Harvard University၊Wageningen University & Research နဲ့ University of Edinburgh အစရှိတဲ့ ကမ္ဘာတ၀ှမ်းရှိ တက္ကသိုလ်များမှ ပညာရပ်ပိုင်းဆိုင်ရာများကို နယ်စည်းမခြားပဲ နားလည်သဘောပေါက် သင်ယူနိုင်ဖို့ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

 သင်တန်းပို့ချပုံ

ယခုအွန်လိုင်းသင်တန်းများကို Massive Open Online Courses (MOOCs) လို့ခေါ်ကြတယ်။ ၂၀၀၈ မှာ အဝေးသင်ပညာရေး (distance education) ဆိုပြီး စတင်ခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ တွင်တွင်ကျယ်ကျယ်သုံးလာကြတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့မည်သူမဆို အင်တာနက်ရှိရုံနဲ့ လေ့လာနိုင်တယ်။ သင်တန်းအကြောင်းအရာများကို နားမလည်ရင် ပြန်လည်နားထောင်၊ ကြည့်ရှူလို့ရတယ်။ 

သင်တန်းတစ်ခုနဲ့ တစ်ခု တည်ဆောက်ထားတာချင်းမတူပေမယ့် အများအားဖြင့် ၁၀-၁၂ မိနစ်လောက်ရှိတဲ့ ဗီဒီယိုတွေနဲ့ သင်တန်းပို့ချတယ်။ တခါတလေ ကိုယ်တိုင်လုပ်ဆောင်ရတဲ့ Assignment တွေလည်း ပေးတယ်။ အွန်လိုင်းဖိုရမ်မှာ ဆွေးနွေးလို့ရတယ်။ 

အင်္ဂလိပ်လို ပို့ချတဲ့ သင်တန်းတွေဖြစ်တာကြောင့် အင်္ဂလိပ်စာ နားထောင်မှု၊ နားလည်မှုစွမ်းရည် အတွက်ပါ အကျိုးရှိစေပါတယ်။ ငွေပေးချေစရာမလိုပဲ တက်ရောက်နိုင်တယ်။ သင်တန်းဆင်းလက်မှတ်လိုချင်ရင်တော့ အခကြေးငွေတစ်ခုနဲ့ ရယူနိုင်ပါတယ်။

 စာရေးသူအမြင်

ကျနော့်အမြင်အရ စာသင်ခန်းထဲမှာ စာသင်မှ ပညာတတ်မြောက်တာမဟုတ်ပါဘူး။ သင်တန်းဆင်းလက်မှတ်ရမှလည်း ပညာရပ်၊ ဗဟုသုတတွေ ခေါင်းထဲ၀င်ပြီး အမြဲရှိနေတာမဟုတ်ပါဘူး။ ကိုယ်တတ်မြောက်တဲ့အရာ၊ သိရှိတဲ့ဗဟုသုတကို ယုံကြည်ပြီး လက်တွေ့ချပြအသုံးချနိုင်ဖို့ရာ အဓိကဖြစ်တယ်။ 

MOOCs တွေက အတွင်းကျကျရှင်းပြထားတဲ့ သင်တန်းတွေရှိသလို၊ အပေါ်ယံနားလည်နိုင်အောင် ပို့ချထားတဲ့သင်တန်းတွေလည်း ရှိတယ်။ မည်သို့ပင်ဆိုစေ ကိုယ်တိုင် အသေးစိတ်လေ့လာချင်တယ်ဆိုရင် အင်တာနက်မှာ ခေါင်းစဥ်နဲ့ သက်ဆိုင်တဲ့ ဖတ်စရာရှာဖို့ရာ ပေးထားသလို၊ တခါတလေ ဖတ်ဖို့ စာအုပ်တွေလည်း ပေးထားပါတယ်။ အခကြေးငွေပေးပြီး တက်ရောက်ရတဲ့ သင်တန်းမျိုးမဟုတ်တဲ့ အတွက်ကြောင့် နိုင်ငံခြားကျောင်းများကနေ အသိအမှတ်ပြုဖို့ရာ နည်းပါတယ်။ (မရှိသလောက်ကိုရှားပါတယ်) ဒါပေမယ့် အလုပ်ခွင်သုံးလူမှုကွန်ရက်ဖြစ်တဲ့ LinkedIn မှာသော်လည်းကောင်း၊ မိမိရဲ့ အလုပ်လျှောက်မယ့် ကိုယ်ပိုင်မှတ်တမ်း (CV, Resume) မှာ ထည့်သွင်း ဖော်ပြနိုင်ပါတယ်။ 

ကမ္ဘာပေါ်မှာ သင်ယူစရာ၊ စိတ်၀င်စားစရာတွေ အများကြီးပါ။ "ပညာလို အိုသည်မရှိ" စကားအတိုင်းပဲ၊ စူးစမ်းလေ့လာသင်ယူလိုစိတ်ရှိတဲ့သူဟာ ဘယ်တော့မှ မအိုမင်းသွားပါဘူး။ အဓိကကတော့ အသစ်ဖြစ်နေတဲ့ ပညာရပ််၊ ဗဟုသုတကို သင်ယူချင်တယ်၊ မြည်းစမ်းထိတွေ့ချင်တယ်ဆိုရင်တော့ MOOCs တွေက အထောက်အကူဖြစ်ပါလိမ့်မယ်။ ဆက်လက်ပြီးတော့လည်း နောက်ထပ်သင်တန်းများကို ဖော်ပြပေးသွားပါဦးမယ်။

  ရေဘက်ဆိုင်ရာ အွန်လိုင်းသင်တန်းများ


WWF Adapt - သဘာ၀ပတ်၀န်းကျင်နှင့် ရာသီဥတုပြောင်းလဲမ...
ရေနှင့် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်ခြင်း
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal