ပဲခူးမြစ်ဝှမ်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းစီမံချက်


ပဲခူးမြစ်ဝှမ်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အာဏာပိုင်များ ပါဝင်ပြီး အစိုးရမဟုတ်သော အကျိုးဆက်စပ်ပတ်သက်သူများ အဖွဲ့တွင် NGO များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများပါဝင်ပါသည်။ ၎င်းကော်မတီနှစ်ခုသည် ပဲခူးမြစ်ဝှန်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့အတွက် ဆွေးနွေးခြင်းများနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အဓိကကျသော အဖွဲ့အစည်းများဖြစ်ပါသည်။ 

စနစ်တကျ ရေအရင်းအမြစ်များ စီမံအုပ်ချုပ်မှု၊ လုပ်ကိုင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်မှာ 

  • သက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်း
  • ရေထုဂေဟစနစ်အခြေအနေများကို အမျိုးအစားခွဲခြားသတ်မှတ်ခြင်း
  • ပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များကို ဆွေးနွေးခြင်း နှင့်
  • ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖော်ထုတ်သတ်မှတ်ခြင်း တို့ဖြစ်ပါသည်။

ပဲခူးမြစ်ဝှမ်းဒေသ၏ ပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များ ပြည့်မှီရန်အတွက် သက်ဆိုင်ရာတာဝန်ရှိဌာန/အဖွဲ့အစည်းများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖော်ပြထားပါသည်။


Topography-driven satellite imagery analysis for l...
Water Pollution Assessment of Ti Gyit 2018

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal