တာချီလိတ် မယ်ဆိုင် ချောင်းရေကြီးလို့ မြို့ထဲ ရေလွှမ်း

flooding_tarchilat_20170824-111721_1

လွန်ခဲ့တဲ့ ရက်တွေက မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ် က မယ်ဆိုင် ချောင်းမှာ ရေကြီး ရေတက် ခဲ့လို့ မြို့ပေါ်က အိမ်တွေ ရေနှစ်မြုပ် မှု ဖြစ်ခဲ့ပါတယ်။

အိမ်ထောင်စု ပေါင်း ခုနှစ်ရာကျော် နဲ့ အိမ်ခြေ စုစုပေါင်း ၆၃၂ အိမ် ထိခိုက် ပျက်စီး ခဲ့ရကြောင်း တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဘီဘီစီ ကို ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှု များပေမယ့် လူထိခိုက် သေဆုံးမှု တော့ မရှိဘူးလို့ သူက ပြောပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ မှာ မြန်မာ - ထိုင်း နယ်စပ်၊ မယ်ဆိုင်ချောင်းရေ တိုက်စားမှု ပြင်းထန်တဲ့ အတွက် ချစ်ကြည်ရေး အမှတ်(၁) တံတား နဲ့ ချောင်းဘေးက အုတ်တံတိုင်း လည်း ပြိုကျ ခဲ့ရပါတယ်။

အဲဒါကြောင့် ရေကြီးရေလျှံမှု တွေ ဆက်လက် ဖြစ်ပေါ် လာနိုင်တဲ့ အတွက် ဩဂုတ်လ(၁၉)ရက်နေ့ ညတွင်းချင်းမှာပဲ အချိန်မီ ယာယီ ရေတား တွေ လုပ် ပေးခဲ့ရပါတယ်။

နှစ်နိုင်ငံ က လယ်ယာ စိုက်ပျိုးသူ တွေကလည်း စိုက်ပျိုးရေး ရရှိဖို့ အတွက် မယ်ဆိုင် ချောင်းထဲမှာ ရေတား တမံ တွေ အပြိုင် အဆိုင် ဆောက်လုပ် လေ့ ရှိတာကြောင့် ရေစီး ရေလာ ကလည်း အမြဲလိုလို ပြဿနာ ဖြစ်လေ့ ရှိပါတယ်။

အဲဒီ ရေစီး ပြောင်းဖို့ တာတမံ ဆောက်နေတာတွေကို ဖျက်သိမ်းရေး ကိစ္စ ကိုလည်း ထိုင်း နိုင်ငံက တာဝန်ရှိသူတွေ နဲ့ ညှိနှိုင်း ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက က ပြောပါတယ်။

In Dala, a bridge over troubled water
Myanmar Floods Displace More Than 130,000
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal