မဲခေါင်၏ရေလွှမ်းလွင်ပြင် စိမ့်မြေများ

20220408_pair-of-sarus-cranes_Harshvardhan-Sekhsaria_Alamy_-EWDE06-1800x1200 A pair of sarus cranes, which have declined precipitously in the Mekong floodplain due to habitat loss and disturbance (Image: Harshvardhan Sekhsaria / Alamy)

မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းက စိမ့်တောများ၊ ရေလွှမ်းလွင်ပြင်များ၊ ရေဖုံးလွှမ်းနေသော မြက်ခင်းပြင်များသည် ကမ္ဘာမြေပေါ်ရှိ ဇီဝရုပ်ပိုင်း ဆိုင်ရာ အရေးပါဆုံး နယ်မြေများထဲမှ တစ်ခုဖြစ်သည်။ သို့သော်ငြား ထို ဂေဟဗေဒစနစ်များသည် ကြောက်ခမန်းလိလိ အမြန်နှုန်းနှင့် ပျောက် ကွယ်လျက်ရှိနေပေသည်။

မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းတွင် လျင်မြန်ပြီး နဂိုအတိုင်းပြန်မဖြစ်နိုင်တော့သော အပြောင်းအလဲကြီး ဖြစ်ပေါ်နေပြီဖြစ် သည်။ နို့တိုက်သတ္တဝါနှင့် ငှက်အုပ်စုကြီး အတော်များများကို ထောက်ပံ့ ပံ့ပိုးပေးခဲ့ကာ စည်ကားသိုက်မြိုက်ခဲ့ဖူးသည့် ဂေဟဗေဒစနစ်များ ဖြစ်သည့် ရေလွှမ်းမြက်ခင်းပြင်များနှင့် ရေချို စိမ့်မြေများမှာ ဆုံးရှုံးနေရပြီ ဖြစ်သည်။ ထိုအထဲတွင် အံ့မခန်းဖွယ်ရာဖြစ်သော ကြိုးကြာခေါင်းနီ မျိုး စိတ်၊ ကမ္ဘာ့အကြီးမားဆုံး တောငန်း မျိုးစိတ် ထဲက တစ်ခုဖြစ်သည့် greater adjutant၊ ကြက်ပေါက် အရွယ်ရှိသည့် bustard မျိုးနွယ်ဝင် Bengal florican တို့ပါဝင်သည်။ ယနေ့တွင်မူ ၎င်းတို့မှာ ဒေသ၏ မျိုးသုဉ်း ပျောက်ကွယ်တော့မည့် အန္တရာယ်ကို အရင်ဆိုင်နေရဆုံး ငှက် ကြီးများ ထဲမှအချို့ ဖြစ်နေပေပြီ။ ထိုအတောအတွင်း သမင်၊ နွားရိုင်းနှင့် ကြောင်ကြီးများ မှာလည်း အမဲလို်က်ခြင်းဖိအားနှင့် နေထိုင်ရာဌာနေ ပျောက်ဆုံးမှုတို့ ပေါင်း ဆုံကာ ဒေသ၏ နေရာအများစုတွင် ကွယ်ပျောက်လုမတတ် ဖြစ်နေပေပြီ။

လွန်ခဲ့သော နှစ်ပေါင်း သုံးရာက မဲခေါင်မြစ်ဝှမ်းသည် စိမ့်တောများ ရေလွှမ်းလွင်ပြင်များ၊ ရေဖုံးလွှမ်းနေသော မြက်ခင်းပြင်များနှင့် ပြည့် နေသော ကျယ်ပြန့်သည့်ဧရိယာကြီးဖြစ်ခဲ့ပြီး "Plain of Reeds" အမည်ရ Lebanon အရွယ်အစား ခန့်ရှိသည့် ဧရာမ ကုန်းတွင်း စိမ့်မြေကြီးဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် စိ်မ့်မြေ ကြီးသည် အရွယ်အစား တစ်ဝက်ကျော်မျှထိကျုံ့ဝင်လာခဲ့ပြီး မြစ်ဝှမ်း သည် ယခုတွင်မူ စိုက်ပျိုးရေးနှင့်ရေလုပ်ငန်း လုပ်ကိုင်ရာ ပင်လယ်ကြီး သာဖြစ်နေပေပြီ။

မြစ်အထက်ပိုင်းတွင်ရှိသော ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၏ Isaan ဒေသသည် လာအိုနယ်နိမိတ်တစ်လျှောက်က ဒေသများကဲ့သို့ပင် နိုင်ငံ၏ အဓိက ဆန်အိုးကြီးဖြစ်သည်။ ဒေသ တစ်ဝန်းတွင် ရာဘာ၊ ငှက်ပျောနှင့် တခြား အဖိုးတန် ကောက်ပဲသီးနှံများကို စိုက်ပျိုးမှုတိုးလာကြသည်။ ဤ မဲခေါင် ရေလွှမ်းလွင်ပြင်အပိုင်းတွင်လည်း တစ်ချိန်က ရွက်ကြွေတောများ၊ ရေလွှမ်းလွင်ပြင်များ၊ ရာသီအလိုက် ရေလွှမ်းသောမြက်ခင်းလွင်ပြင်များ နှင့်ဖုံးလွှမ်းခဲ့ပေလိ့မ်မည်။

မုတ်သုံမိုးရာသီ ရေကြီးရေလျှံမှုများမှ ရရှိသော အဟာရများ စိမ့်ဝင်နေသည့် မဲခေါင်ဒေသ၏ ရေလွှမ်းလွင်ပြင်များမှာ အံ့အားသင့်စ ရာကောင်းလောက်အောင်ပင် မြေဆီမြေဩဇာများနှင့် ပြည့်နှက်နေ ပေသည်။ မဲခေါင်၏ ဂေဟဗေဒစနစ်များက ကမ္ဘာပေါ်ရှိ ဇီဝရုပ်ပိုင်း ဆိုင်ရာ အရေးပါဆုံး ဒေသများထဲမှ တစ်ခု ဖြစ်သည့် အင်ဒို-ဘားမား ဇီဝမျိုးစုံမျိုးကွဲ အဓိကနေရာ၏ နှလုံးသားဖြစ်သည်။ မျိုးစိတ်အသစ်များ
ကိုစဉ်ဆက်မပြတ် ရှာဖွေတွေ့ရှိလျက်ရှိပြီး ၂၀၂ဝ ခုနှစ်တွင် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်သစ်ပေါင်း ၂၀ဝ ခန့်ကို တွေ့ရှိခဲ့သည်။ မဲခေါင်၏ အမှတ်သညာ အဖြစ်လွယ်ဆုံး မျိုးစိတ်များမှာ ကြိုးကြာခေါင်းနီ၊ masked finfoot ၊ ထိုင်းမိကျောင်း၊ မဲခေါင် ငါးခူကြီးနှင့် မျိုးတုံးနိုင်ခြေ ရှိနေသော kouprey (သစ်တောထဲတွင် ကျက်စားသော နွားသိုးရိုင်းမျိုး) တို့ဖြစ်သည်။

Graphic by The Third Pole

ထိုကဲ့သို့ မြစ်ဝှမ်းကို ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝစေသည့် မြေဆီ မြေဩဇာ ဖြစ်ထွန်းမှုကြောင့်ပင် ထိုင်း၊လာအိုနှင့် ကမ္ဘောဒီးယားတို့ရှိ ရေလွှမ်းလွင်ပြင်အပိုင်းကြီးအများစုမှာ ယခုမူ အဆုံးမရှိသော စပါးခင်း များအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

မဲခေါင်မြစ် တစ်လျှောက်တွင် တစ်ချိန်တုံးက ကျယ်ပြောလှသော ရေဝပ်မြေများမှာ ယခုမူ အပိုင်း အပိုင်းလေးများသာ ကျန်ရစ်တော့သည်။ ထို ရေဝပ်မြေ၊ စိမ့်တော အကြွင်းအကျန်များကို ဗီယက်နမ်ရှိ Tram Chim အမျိုးသားဥယျာဉ်၊ ကမ္ဘောဒီးယား ရှိ Boeng Prek Lapov နှင့် Anlung Pring ရှိ ထိန်းသိမ်းကာကွယ်ထားသော မြေနေရာများ၊ လာအို ၏ Xe Champhone and Bueng Kiat Ngong ရေဝပ်မြေများတွင်သာ တွေ့ရတော့သည်။

တစ်ချိန်တုံးက ထိုနေရာများ မည်သို့မည်ပုံ ရှိခဲ့သည်ကို ထိုင်းနိုင်ငံတွင် ဖျက်ခနဲ မြင်လိုပါက Nong Bong Khai ရေအိုင်နှင့် Nam Kham သဘာဝထိန်းသိမ်းမြေ (nature reserve) တို့တွင် သွားကြည့်နိုင်သည်။ အကျယ်အဝန်း သေးငယ်သော်လည်း မကြာသေးခင်ကမှ နဂိုအတိုင်း ပြန်လည်ဖြစ်လာအောင် ထိန်းသိ်မ်း နိုင်ခဲ့သည့်ဤရေလွှမ်းလွင်ပြင်များတွင် reed warblers နှင့် rubythroats တို့ကဲ့သို့ ဥတုရာသီအလိုက် ပြောင်းရွှေ့ကျက်စားသော ငှက်များ ကျင်လည်ကျက်စားနေကြပြီဖြစ်သည်။

The wetlands at Nam Kham Nature Reserve in Thailand, restored by local conservation group the Lanna Bird Club, offer a glimpse of what the Mekong floodplain wetlands once looked like (Image: Nam Kham Nature Reserve)

အံ့မခန်းဖွယ်ရာ ကြိုးကြာ ခေါင်းနီငှက် အရေအတွက်ကျဆင်းလာမှု

မဲခေါင် ရေလွှမ်းလွင်ပြင်ကို ကိုယ်စားအပြုဆုံး ငှက်မျိုးစိတ်မှာ ကြိုး ကြာခေါင်းနီ ဖြစ်နိုင်ပေသည်။ အရှေ့တောင်အာရှတွင် တစ်ခုတည်းသော resident crane ဖြစ်ပြီး ပြိုင်ဘက်ကင်းမျိုးစိတ်ကွဲများ ပိုင်ဆိုင်ထားသည့် ကြိုးကြာခေါင်းနီသည် ဒေသတွင်းမြေနိမ့်ပိုင်းများမှသည် မြောက်ဘက်ပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိကို ကျယ်ကျယ်ပြန့်ပြန့် ကျက်စား နေထိုင်ခဲ့ဖူးပြီး ယခုအချိန်တွင်မူ ထိုနေရာတွင် မျိုးသုဉ်းပျောက်ကွယ်သွား ပြီဖြစ်သည်။

ထိုကြိုးကြာများသည် မုတ်သုံရာသီအတွင်း မဲခေါင် ရေလွှမ်းလွင်ပြင်များနှင့်မြစ်လက်တက်များတစ်လျှောက်ရှိ ရွက်ကြွေတော၊ စိမ့်တောများတွင်သားပေါက်ြကသည်။ ခြောက်သွေ့သော ရာသီရောက်ခါနီးပါက ကမ္ဘောဒီးယားနိုင်ငံ၏ Tonle Sap ရေအိုင်တ လျှောက်ရှိ ရေဝပ်မြေများနှင့် ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ရှိ မဲခေါင် မြစ်ဝကျွန်းပေါ်အထက်ပိုင်းဒေသမှ ရေဝပ်မြေများဆီသို့ ဆင်းကာ ပြောင်းရွှေ့ အခြေချ ကြသည်။

မဲခေါင်မြစ်ဝှမ်းရှိ ကြိုးကြာ ခေါင်းနီအရေအတွက်သည် မရပ်မနား လျော့နည်းကျဆင်းလျက်ရှိနေပြီး ၂၀၂၁ ခုနှစ်၌ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တွင် အကောင်ရေ ၂၀ဝ အောက်သာကျန်ရှိတော့သည်။ ထိုအရေအတွက်မှာ ၂၀၁၃ ခုနှစ်ကထက် ၈၀% အထိကို ကျဆင်းသွားခြင်းဖြစ်သည်။ လာအို နိုင်ငံတွင် ကြိုးကြာခေါင်းနီ များကျန်ရှိနေသေးလား ဆိုသည်ကိုတော့ ရှင်းရှင်းလင်း လင်းမသိရပေ။

ကြိုးကြာငှက်များသည် သူတို့ဆောင်းခိုချိန်အတွင်း လုပ်ကိုင်ကြသည့် ရေရှည်တည်တံ့ခြင်းမရှိသော လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပြင်ပနှောင့်ယှက်မှုများကြောင့် အသိုက်ပျက်ဆီးနှုန်းများ မြင့်မားမှုကဲ့သို့သော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေကြရသည်။ ထိုကဲ့သို့ ခြိမ်းခြောက်မှုများက မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းရှိရေလွှမ်းလွင်ပြင်များ ကျယ်ကျယ်ပြန့်ပြန့်မြန်မြန်ဆန်ဆန် ဆုံးရှုံးလာနေမှုပြဿနာနှင့် ပေါင်းစည်းပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း ဤငှက်မျိုးစိတ် အရေအတွက် အလွန်အမင်းကျဆင်းလာခြင်း၏ အရေးအပါဆုံး အကြောင်းရင်းကြီး တစ်ခု ဖြစ်လာပေသည်။

ရေလွှမ်းလွင်ပြင်များ အဘယ်ကြောင့် ဆုံးရှုံးလာရသနည်း

မဲခေါင်မြစ်သည် တရုတ်ပြည်ရှိ Qinghai-Tibetan ကုန်းပြင်မြင့်မှ စီးဆင်းလာပြီး ထိုနေရာတွင် Lancang ဟုခေါ်ကြသည်။ မြစ်ကြီးနှင့်၎င်း၏ မြစ်လက် တက်များစွာမှာ အရှေ့တောင်အာရှကုန်းမကြီး၏ တောင်ကုန်းနှင့် မြေနိမ့်ပိုင်းများကို ရှည်လျား ကောက်လိမ်သော မြွေကြီးသဖွယ် ကီလိုမီတာ ၄၀၀ဝ နီးပါးအရှည်အထိ ဖြတ်သန်း စီးဆင်းနေပြီး လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံ၏ ဧရိယာအတော်များများကို အာဟာရဓာတ်များပေးကာ ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့ကို ဖြန့်ကျက် နေသည့် ကျယ်ပြောသော မြစ်ဝကျွန်းပေါ် လွင်ပြင်အနေနှင့် တောင် တရုတ်ပင်လယ်ထဲသို့ စီးဝင်သွားသည်။

ပညာရှင်အတော်များများက မဲခေါင်မြစ်အပေါ် ဆည်ကြီးများ၏ သက်ရောက်မှုနှင့်ပတ်သက်၍ ရေးသားကြသည်။ ဧရာမ ဆည်ကြီးများ တည်ဆောက်ခြင်းက မြစ်၏ ဇလဗေဒကို အကြီးအကျယ် ပြောင်းလဲ စေခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံ၏ ယူနန်စီရင်စုထဲတွင်တည်ရှိနေသော မဲခေါင်မြစ်အထက်ပိုင်းတွင် ဆည်ပေါင်း ၁ဝ ခု နှင့်အထက် တည်ဆောက် ထားသည်။ ထို့အပြင် လာအို-ကမ္ဘောဒီးယား နယ်နိမိတ်ရှိ Si Phan Don နယ်မြေအတွင်းက အငြင်းပွားဖွယ်ရာ Xayaburi နှင့် Don Sahong ဆည်များနှင့် Tonle Sap မြစ်ပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားသည့် ဆည်များကလည်း မြစ်အပေါ် ပြောင်းလဲမှုများထပ်မံဖြစ်ပေါ်စေမည် ဖြစ်သည်။

မဲခေါင်မြစ်ပေါ်တွင် ဆည်ကြီးများ တည်ဆောက်ခြင်းက ရာသီအလိုက်မဟုတ်သော ရေကြီးမှုများနှင့် မြစ်ရေစီးဆင်းမှု လျော့ကျခြင်းများ ဖြစ်ပေါ်စေကာ လွှမ်းရေအပေါ် မှီတည်နေရသည့် ဂေဟဗေဒစနစ်များနှင့် မြစ်၏ စည်းချက်ညီမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် မျိုးစိတ်များကို ပုံစံပျက်ယွင်းမှုများ ဖြစ်ပေါ်စေသည်။

အသိုက်ပြုလုပ်ရန်အတွက် သဲသောင်ကျွန်းများနှင့် မြစ်ကြောင်းတစ်လျှောက်ရှိ သဲသောင်ခုံများ ကို အမှီပြုနေရသော ငှက် အရေအတွက်မှာ ပမာဏကြီးမားစွာ လျော့နည်းကျဆင်းခြင်း သို့မဟုတ် ဒေသတွင်းဆိုင်ရာ မျိုးတုံးမှုပါ ဖြစ်ပေါ်နေပေပြီ။ မဲခေါင်နှင့် ၎င်း၏ မြစ်လက်တက်အချို့တွင် တချိန်ကရှိခဲ့ဖူးသည့် ဂန္တဝင် မြစ်ဇီဝမျိုးစိတ်များ ဖြစ်သော River terns၊ black-bellied terns နှင့် Indian skimmer တို့သည်လည်း အတိတ်က မှတ်တမ်းများသဖွယ်သာ ကျန်ရစ်တော့ မည်ဖြစ်သည်။ အနည်းငယ်မျှ အကြမ်းပတမ်းပိုခံနိုင်သော River lapwings နှင့် pratincoles လေးများပင် ရာသီအလိုက်မဟုတ်သော ရေစီးဆင်းဝင်ရောက်မှုအခြေအနေများက သူတို့အပေါ် သနားမှ အသက်ချမ်းသာရာရမည့် ဘဝတွင်ရှိနေပြီး သူတို့၏ ထိလွယ်ရှလွယ်ဖြစ်သော မြစ်ကမ်းဘေး သားပေါက်ဌာနေများထဲသို့ ရေလွှမ်း မိုးခြင်း ဒုက္ခကို ရင်ဆိုင်နေရပြီဖြစ်သည်။

အလွန်အကျွံငါးဖမ်းခြင်း၊ ညစ်ညမ်းမှုများ၊ တိရစ္ဆာန်တို့၏ ဌာနေကို ဖျက်ဆီးမှုများနှင့် ဆည်တည်ဆောက်မှုများက မဲခေါင်မြစ်ထဲရှိ ရာသီ အလိုက် နေရာရွှေ့ပြောင်းကျက်စားတတ်သော ငါးများ ကြွယ်ဝ ပေါများမှုကိုလည်း ပမာဏကြီးကြီးမားမား ကျဆင်းစေခဲ့ပြီဖြစ်သည်။

မြစ်ဆီမှ ထုတ်ယူလိုက်သည့် ငါးပမာဏမှာ နှစ်စဉ် ၄.၄ သန်းတန်ခန့်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ရ ဘီလီယံ အထိရှိပေသည်။ ငါးအရေအတွက်သာ ကျဆင်းသွားပါက ကမ္ဘောဒီးယားကဲ့သို့ မဲခေါင်နိုင်ငံများအနေနှင့် လူသန်းပေါင်းများစွာ အတွက် အဓိက ပရိုတင်း အရင်းအမြစ်ကြီး နှင့် အသက်မွေးဝမ်းကျောင်း အလုပ်များကို ဆုံးရှုံးရပေတော့မည်။
The Mekong at Si Phan Don on the Cambodia-Laos border (Image: Ding Li Yong)

မဲခေါင် ရေလွှမ်းလွင်ပြင်များကို မည်သို့ကာကွယ်မည်နည်း

အရှေ့တောင်အာရှ နိုင်ငံများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အသည်းအသန် အာရုံစိုုက်ရုန်းကန်နေကြသောကြောင့် မဲခေါင်၏ ကြွင်းကျန်ရစ်သော ရေဝပ်မြေများနှင့် သစ်တောများမှာ သဘာဝ အရင်းအမြစ်များကို ရေရှည်တည်တံ့ခြင်းမရှိဘဲ အသုံးပြုမှုဖိအား အောက်တွင် ကျရောက်နေရသည်။

ယခု လက်ရှိ အရေးပေါ်ဆောင်ရွက်ရန် လိုအပ်နေသည်မှာ အစိုးရများ၊ သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများ ပူးပေါင်းကာ ပိုမိုအားစိုက်ထုတ်ပြီး ကျန်ရှိနေသော ရေလွှမ်း ဂေဟဗေဒ စနစ်များကို ထိန်းသိမ်းရင်းနှင့် တစ်ဖက်တွင်လည်း ထိုနယ်မြေများကို တတ်နိုင်သလောက် နဂိုအခြေအနေအတိုင်း ပြန်လည်ချိတ်ဆက်မိ အောင် ပြုလုပ်ရမည် ဖြစ်သည်။ ကမ္ဘောဒီးယားရှိ Sekong မြစ်ကဲ့သို့ ဆည်မရှိသော မြစ်လမ်းကြောင်းများမှာ အလွန်တရာရှားပါးလာနေပြီး ဇီဝ
မျိုးစုံမျိုးကွဲနှင့် ဒေသခံတို့၏ အသက်မွေးမှုလုပ်ငန်းများအတွက် ၎င်းတို့ကို မပျက်ယွင်း အောင် ထိန်းသိမ်းဖို့လိုအပ်သည်။

ဖိအားအကြီးဆုံး စိန်ခေါ်မှုများမှာ မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းတွင် နေထိုင်ကြသည့် လူ့အဖွဲ့အစည်း၏ လူမှုစီးပွားအခြေအနေများ ဖြစ်နိုင်သည်။ ကျေးလက်အဖွဲ့အစည်းများ၏ တာရှည် ဆင်းရဲ မွဲတေမှုက ရေလွှမ်းလွင်ပြင်၏ မျိုးစုံမျိုးကွဲများကို ထိန်းသိမ်းမှုလုပ်ဆောင်ရန်အတွက် တားဆီးပိတ်ပင်နေသည့် အဓိကအရာကြီးဖြစ်ပြီး သဘာဝအရင်းအမြစ် များကို အနာဂတ်တွင်လည်း ပြီးစလွယ် ဆက်သုံးမိစေမည့် မောင်းနှင် အားတစ်ခုလည်းဖြစ်နိုင်ပေသည်။

နောက်ဆုံးအနေနှင့် မဲခေါင်မြစ်ဝှမ်းကဲ့သို့ ကြီးမားကျယ်ပြန့်ကာ ရှုပ်ထွေးလှသည့် ဧရိယာကြီးကို စီမံခန့်ခွဲကာကွယ်ရန်ဆိုသည်မှာ ဒေသခံ ပြည်သူလူထုများ၊ ခရိုင်အာဏာပိုင်၊ နိုင်ငံတော်အာဏာပိုင်များ အစရှိ သည့် အလွှာအားလုံးမှ ပါဝင်ပတ်သက်သူများ ပေါင်းစည်းဆောင်ရွက်ရန် လိုုအပ်ပေလိမ့်မည်။ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်နှင့် လူ့အဖွဲ့အစည်း၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ကောင်းမွန်မြင့်မားစေရန်အတွက် နယ်နိမိတ်ဆက်စပ်မှု ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ တိုးတက်လာအောင် မဲခေါင်ပြည်နယ်များအကြား ခိုင်မာသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုလည်းလိုအပ်ပေလိ့မ်မည်။

Translated by Tin Sanpai Win, a final Year Student from Myanmar Maritime University.


WINNER Conference 2022
Water2050 Video game
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal