Featured

ရေရှားပါးမှုကိုဖြေရှင်းနိုင်မည့် Off-grid ရေထုတ်လုပ်နိုင်သောနည်းစနစ် ၅ မျိုး

Off-grid-water-systems

ကမ္ဘာ့မျက်နှာပြင်မှာ ရေပမာဏဟာ ၇၀% အထိရှိပေမယ့် ပမာဏအနည်းငယ်သာ သောက်သုံး၍ရနိုင်ပါတယ်။ ရေအားလုံး၏ ၄% သာရေချိုဖြစ်ပြီးတော့ ကျန်သောရေပမာဏမှာ ရေငံတွေဖြစ်ပါတယ်။ သောက်သုံးလို့ရတဲ့ရေချိုထဲမှ တော်တော်များများဟာ လူတွေအလွယ်အကူရယူနိုင်တဲ့ နေရာတွေမှာမရှိနေပါဘူး။ ဥပမာ ရေခဲတောင်တွေထဲမှာပိတ်နေတာမျိုး၊ ကမ္ဘာရဲ့ အတွင်းပိုင်းထဲမှာ ကိန်းအောင်းနေတာမျိုးတွေဖြစ်ပါတယ်။ ကျွန်ုပ်တို့ အလွယ်အတကူရရှိနိုင်ရေချိုကတော့ အထူးသဖြင့် စမ်းချောင်း၊ မြစ်ရေတွေနဲ့ ရေတွင်းတွေကနေ ရယူနိုင်တဲ့ မြေအောက်ရေတွေဖြစ်ပါတယ်။ ဒီလိုမျိုးရေချိုရရှိနိုင်တဲ့ နေရာတွေကို သေချာဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်ကျွန်ုပ်တို့ရဲ့ ရေချိုရရှိနိုင်မှုဟာ မတည်မြဲကြောင်းကို မျက်ဝါးထင်ထင်သိရှိနိုင်ပါတယ်။

အမှန်တကယ်ဆိုရင်ဖြင့် စက်ရုံအလုပ်ရုံတွေမှ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရေချိုများ ပိုမိုညစ်ညမ်းလာပြီး အန္တရာယ်ရှိစေသာ ဓာတုပစ္စည်းများပါဝင်လာမှုကြောင့် ရေချိုပမာဏဟာလည်း ပိုမိုလျော့ကျလာပါတယ်။ မြေအောက်ရေအလွန်အကျွန်ထုတ်ယူသုံးစွဲမှုကြောင့် မြေအောက်ရေများလဲ ပိုမိုနည်းပါးလာပြီး မိုးခေါင်ရေရှားမှုကြောင့် နောက်ပိုင်းတွင်မြေအောက်ရေပြန်လည်ရရှိရန်အတွက် ရေအောင်းလွှာများကို နှစ်ပေါင်းမြောက်များစွာ အချိန်ယူပြီးပြန်လည်ဖြည့်တင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် လူဦးရေပိုမိုတိုးတက်လာပြီး ရေချိုအသုံးပြုမှု ပိုမိုများပြားသောကြောင့် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံလောက်ဟာ ရေချိုရရှိမှုနှင့်ပတ်သတ်တဲ့အခက်အခဲများကိုပိုမိုကြုံတွေ့လာနိုင်ပါတယ်။

ရေချိုရရှိနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံကို သိရှိထားခြင်းအားဖြင့် နောက်ပိုင်းတွင် ရေရှားပါးခြင်းနှင့် အခြားရေချိုပြဿနာများကြုံတွေ့လာသောအခါ ကိုယ်တိုင်အလွယ်အတူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အခုအချိန် ရေချိုကို အလွယ်အတူပုံမှန်ရရှိနေတဲ့သူတွေအတွက် ဒီနည်းလမ်းဟာ မလိုအပ်သလိုထင်ရပေမယ့် လာမည့်အနာဂတ်မှာ ရေချိုနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ဘာတွေဆက်ဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ အဲ့တာကြောင့် ဗဟုသုတအနေဖြင့်လေ့လာထားသင့်တဲ့ Off-grid Water Systems (ပင်မရေပိုက်လိုင်းမှ မဟုတ်သော၊ အမှီအခိုကင်းမဲ့သော ရေချိုထုတ်ယူနိုင်သည့်နည်းစနစ်အချို့ကို ဖော်ပြပေးချင်ပါတယ်။

ပင်လယ်ရေကိုရေချိုဖြစ်အောင်ပြုလုပ်သောနည်းစဉ် (Desalination) 

Image Credit: VectorMine/Shutterstock.com

ဒီလုပ်ငန်းစဉ်ဟာ ပင်လယ်ရေထဲမှ ဆားကိုဖယ်ရှားပြီး သောက်သုံးရေရအောင်ပြုလုပ်သောနည်းစဉ်ဖြစ်ပါတယ်။ ပင်လယ်ရေဟာ ကမ္ဘာပေါ်မှာ အများဆုံးသောရေပမာဏရှိပြီး ယင်းကိုရေချိုဖြစ်အောင်ပြောင်းနိုင်ခြင်းဖြင့် များစွာသောအကျိုးကျေးဇူးများရရှိနိုင်ပါတယ်။

ပင်လယ်ရေကို ရေချိုဖြစ်အောင်ပြုလုပ်သောနည်းစဥ်ဟာ လျှပ်စစ်စွမ်းအင်များစွာလိုအပ်သောကြောင့် အလွယ်တကူမလုပ်နိုင်သော နည်းစဥ်ဖြစ်ပါတယ်။ ပင်လယ်ရေ အများအပြားကို ရေချိုဖြစ်အောင်လုပ်သောနည်းစနစ်များထဲမှ reverse osmosis ဟာ အကောင်းဆုံးနည်းလမ်းတစ်ခုအဖြစ်ဆက်လက်ရပ်တည်လျက်ဖြစ်ပါတယ်။ နည်းပညာတိုးတက်လာပြီးနောက်ပိုင်းမှာ ရေငန်ကို ရေချိုပြောင်းနိုင်သော တစ်နိုင်တစ်ပိုင် အသုံးပြုနိုင်သည့် စက်ပစ္စည်းကိရိယာများ အထိထုတ်လုပ်လာနိုင်မည်ဟု မျှော်မှန်းထားကြပါတယ်။

လေထုမှ ရေထုတ်ယူခြင်း (Atmospheric Water Generation) 

FOG NET / PONTIFICIA UNIVERSIDAD CATÓLICA DE CHILE / WIKIMEDIA COMMONS

ဒီစနစ်ဟာ လေထုထဲမှ ရေငွေ့ကို စုဆောင်းပြီး ရေသန့်ဖြစ်အောင်ပြန်လည်ထုတ်ယူပေးသော နည်းပညာဖြစ်ပါတယ်။ ဒီနည်းစနစ်မှာဆိုရင် အထူးပြုလုပ်ထားသော နည်းပညာများ၊ စက်ကိရိယာများဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ရေထုတ်ယူနိုင်ပါသည်။

ထိုစနစ်၏ အကောင်းဆုံးအချက်မှာ ရေအရင်းအမြစ်မရှိဘဲ ထုတ်ယူနိုင်ခြင်းဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ရေငွေ့ရှိသော မည်သည့်လေထုထဲကမဆို ရေကိုထုတ်ယူနိုင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရရှိသောရေသည် သန့်စင်ပြီးသားဖြစ်သောကြောင့် အထူးတည် ပြန်စစ်ရန်မလိုအပ်ပါ။ လေထုထဲမှရေထုတ်ယူခြင်းနည်းစနစ်အချို့ကတော့

1. ငွေ့ရည်ဖွဲဲ့ခြင်းနည်းပညာ(Atmospheric water generators)
2. ရေငွေ့စုပ်ကာရေပြန်ထုတ်လုပ်ခြင်း (Dehumidifiers)
3. ဆိုလာပါဝါသုံးရေစုဆောင်းခြင်း (Solar Water Generators)
4. ပိုက်ကွန်များကိုအသုံးပြုပြီး မြူစုဆောင်းခြင်း (Dew Harvesting / Fog collection)

မြေအောက်ရေ / ရေတွင်း ( Ground Water / Private well ) 

HAND PUMP / MANSEOK KIM / PIXABAY

မြေအောက်ရေဟာ ရေအားလုံး၏ ၁.၆ % သာရှိပေမယ့် သူရဲ့ ၉၉% ဟာသောက်သုံး၍ရနိုင်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ရှေးယခင်ကနေယနေ့အချိန်အထိကျွန်တော်တို့သောက်သုံးနေတဲ့ ရေတော်တော်များများဟာ မြေအောက်ထဲမှရရှိသောရေများဖြစ်ပါတယ်။

မြေအောက်ရေဟာ ကျွန်တော်တို့သိထားတဲ့ရေအောင်းလွှာ (ကြီးမားပြီးရေစိမ့်ဝင်စီးဆင်းနိုင်တဲ့ မြေအောက်ကျောက်လွှာ) တွေထဲမှာရှိပါတယ်။ ရေအောင်းလွှာဟာ အလွန်ကြီးမားနိုင်ပြီး အနက်အားဖြင့် အချို့တွေက မြေအောက်ပေအနည်းငယ်မှာရှိနိုင်ပေမယ့် အချို့ဟာ မြေအောက်ပေ ၁၀၀ အကျော်လောက်အထိရှိနိုင်ပါတယ်။

မြေပေါ်ရေ : ရေကန်၊ မြစ်၊ စမ်းရေ 

OOTY, TAMIL NADU, INDIA / SHRAVAN-K-ACHARYA / UNSPLASH

ကမ္ဘာပေါ်မှာရှိတဲ့ ရေတွေအားလုံးထဲမှာ ၁.၂ % ဟာမြေအပေါ်ရေတွေဖြစ်ပါတယ်။ ရေကန်ရေ၊ မြစ်ရေ၊ စမ်းရေနှင့် မြေပေါ်တွင်ရှိသော မည်သည့်ရေအရင်းအမြစ်မျိုးမဆို မြေပေါ်ရေလို့ဆိုနိုင်ပါတယ်။ 

မြေပေါ်ရေကို ရေစုပ်စက်ဖြင့်စုပ်ယူပြီး ရေသန့်အဖြစ်အသုံးပြု၍ရနိုင်ပါတယ်။ ရေစုပ်စက်ကို စနစ်တကျတပ်ဆင်ပြီး အသုံးပြုလျှင်နီးစပ်ရာရေအရင်းအမြစ်တွေကနေ တစ်အိမ်လုံးအတွက် ရေသန့်ကိုထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

မိုးရေသိုလှောင်ခြင်း( Rainwater Harvesting ) 

မိုးရေသိုလှောင်ခြင်းဟာ မိုးများသောဒေသတွေမှာ အလွန်အသုံးဝင်သော စနစ်တစ်ခုဖြစ်ပါတယ်။ ပေ ၁၀၀၀ ပတ်လည်ရှိသောခေါင်မိုးမှ ရေ ၅၅၀ ဂါလန်လောက် ရနိုင်ပါတယ်။ မိုးနည်းသောဒေသမှာပင် တစ်ခါတစ်ရံရွာတတ်သောမိုးမှ ဥယျာဥ်ခြံမြေရေလောင်းရန်အတွက် ကောင်းကောင်းအသုံးပြု၍ရနိုင်ပါတယ်။ မိုးများသည့် ဒေသတွင်မူ မိုးရေသည်အရေးပါသော ရေအရင်းအမြစ်ပင်ဖြစ်နိုင်ပါတယ်။ စနစ်တကျတပ်ဆင်ထားသော မိုးရေလှောင်စနစ်မှ ရေကို စစ်ယူပြီး တစ်အိမ်လုံးအတွက် လုံလောက်သောရေသန့်ကို ထုတ်ယူရရှိနိုင်ပါတယ်။


Translated by Hnin Wut Yee San, an intern at The Water Agency 

Original Source: worldwaterreserve.com/off-grid-water-system/

Water financing and partnerships fundamental to ac...
Job Announcement - Freelance Translator [2 Posts]
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal