"Waterfuturism : ရေနှင့်ပတ်သက်ပြီး ရှုထောင့်အမြင်သစ် စတင်ကြရအောင် "
အတိတ်က ဥပစာတွေကို အခြေခံပြီး ပစ္စုပ္ပန်ရှိ ရေအခြေအနေကို တွေးကြည့်ရင် အမြဲတမ်း စိတ်ပျက်စရာ အခြေအနေတစ်ခုဆီကို မလွဲမသွေ ပို့ဆောင်ပေးပါလိမ့်မယ်။ ထို့ကြောင့် ဒီအခြေအနေများကို ပြောင်းလဲဖို့အတွက် ပြောင်းပြန်လှန်သင့်သောအားဖြင့် စီးပွားရေးနှင့် သိပ္ပံပညာရပ်ဆိုင်ရာမှ ကွဲပြားသောကဏ္ဍများသည် အနာဂတ်ပညာဆိုင်ရာ ကိရိယာများကို လောင်းကြေးထပ်ကြပြီး ကောင်းမွန်စွာ ဖော်ထုတ်လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် ရေကဏ္ဍနဲ့ ကိုက်ညီနိုင်ပါ့မလား ဟူသော မေးခွန်းအတွက် ၂၀၂၂ ခုနှစ် သည် အခြားနှစ်များကဲ့သို့ပင် ရေနှင့် အခြားကဏ္ဍများအတွက် စိန်ခေါ်မှု နှစ်တစ်နှစ် ဖြစ်လာမည်ဖြစ်သည်။ အရေးကြီးဆုံးစိန်ခေါ်မှုမှာ ကျွန်ုပ်တို့၏ ယနေ့နှင့် မနက်ဖြန်တို့ကို တိုးတက်ကောင်းမွန်လာစေရန်အတွက် လာမည့်အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်စေမည့် နည်းစနစ်များကို ပေါင်းစပ်ထားရန်ပင်ဖြစ်သည်။ Futurology (သို့) futurism သည် အနုပညာ၊ သိပ္ပံ (သို့မဟုတ်) စည်းမျဉ်းတစ်ခု (သို့မဟုတ်) ယင်းတို့အားလုံး ဖြစ်နိုင်သည် ဆိုသည့် အဆိုကို သင်နှစ်သက်သလို ငြင်းခုံဆွေးနွေးနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် အနာဂတ်အခြေအနေများကို ကြိုတင်ခန့်မှန်းနိုင်စေမည့် ကိရိယာများနှင့် ချဉ်းကပ်မှုများရှိနေပြီဖြစ်သည် ဟူသောအချက်ကို ကျွန်ုပ်တို့အားလုံး သဘောတူလက်ခံနိုင်နေပြီဖြစ်သည်။ သို့မှသာ ကျွန်ုပ်တို့ ယနေ့မှစ၍ စတင်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အကောင်းဆုံးလုပ်ဆောင်မှု လမ်းကြောင်း အခြေအနေများကို ကြိုတင်ခန့်မှန်းနိုင်မည်ဖြစ်သည်။ ဤနည်းပညာမြင့် ကိရိယာများကို အစားအသောက်လုပ်ငန်း၊ နည်းပညာကုမ္ပဏီများ၊ ဖက်ရှင်ကုမ္ပဏီများနှင့် ဘဏ်လုပ်ငန်းများမှ အသုံးချနေကြပြီးဖြစ်သည်။ ရေကဏ္ဍအတွက်လည်း အလွန်အကျိုးရှိနိုင်တဲ့ အဆိုပါ ကိရိယာအချို့မှာတော့
-ဒေတာသိပ္ပံအသုံးချမှုများ
-ခန့်မှန်းခြေ ပိုင်းခြားစိတ်ဖြာချက်
-တိုက်ရိုက် စိတ်ကူးပုံဖော်ခြင်း (လမ်းကြောင်းရှာဖွေခြင်း)
-လမ်းကြောင်းအခြေအနေများအား စီစဉ်ခြင်း
-ကိန်းရှင်များနှင့် အချက်အလက်များကို စောင့်ကြည့်ခြင်း (ဖြတ်တောက်ခြင်း၊ Meta ရှာဖွေမှုများ၊ စသည်)
-အနာဂတ်များကို ပုံဖော်ခြင်း အစရှိသည်တို့ပါဝင်သည်။
"အနာဂတ်အမြင်ဖြင့် ဘာသာစကားအသစ်"
Ludwig Wittgenstein သည် 1921 ခုနှစ်တွင် ထုတ်ဝေခဲ့သော သူ၏ Tractatus Logico Philosophicus စာအုပ်တွင် "ငါ့ဘာသာစကားရဲ့ကြွယ်ဝမှုအတိုင်းအတာသည်ငါ့ကမ္ဘာရဲ့အကန့်အသတ်ပဲဖြစ်သည်" ဟုဆိုသည်။ ရေကဏ္ဍတွင် လုပ်ကိုင်ကြသည့် ကျွန်ုပ်တို့၏ မရှိမဖြစ်လိုအပ်သော တာဝန်မှာ ကျွန်ုပ်တို့၏ ဝေါဟာရကို ချဲ့ထွင်ရန်ဖြစ်ပြီး အနာဂတ်ရှုထောင့်အမြင်များကို ပေါင်းစပ်ထည့်သွင်းရန်ဖြစ်ပါသည်။
နည်းပညာမြင့် AI ထောက်လှမ်းရေး၊ blockchain၊ cryptocurrencies၊ metaverse၊ ဇီဝနည်းပညာ၊ ရာသီဥတုပြောင်းလဲမှု၊ဆိုက်ဘာလုံခြုံရေး၊ လူနေမှုပုံစံ၊ မတူကွဲပြားမှု၊ ဂလိုဘယ်လိုက်ဇေးရှင်း အလွန်ခေတ် ၊ 5G၊ စက်ရုပ်၊ နာနိုနည်းပညာ သို့မဟုတ် virtual reality တို့၏ အခြေခံသဘောတရားများကို ကျွမ်းကျင်စွာ နားလည်လက်ခံလာရတော့မည် ဖြစ်သည်။ ဤအရာတွေကို မသိပဲ လူတိုင်း၏ မျှော်မှန်းချက်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနှင့် ရေစနစ်များ၏ အပြုအမူများကို နားလည်နိုင်ရန်ပင် မလွယ်ကူတော့ပေ။ အယူအဆသဘောတရားများဖြစ်သည့် အမြော်အမြင်ရှိမှု၊ အလားအလာ၊ အနာဂတ်လေ့လာမှုများ၊ မဟာဗျူဟာမြောက်ခန့်မှန်းချက်များ၊ ပုံစံများ၊ ဦးတည်ချက်များ၊အနှောင့်အယှက်များအား ကြိုတင်ခန့်မှန်းနိုင်မှု၊ မသေချာမရေရာမှု၊ ဖြစ်နိုင်ခြေ၊ အလိုလိုသိမြင်နိုင်သော ယုတ္တိဗေဒ၊ ကြိုတင်ခန့်မှန်းမှုဆိုင်ရာ အယ်လဂိုရီသမ် သို့မဟုတ် မျှော်မှန်းချက်စသည့် သဘောတရားများနှင့် ရောနှောမပေါင်းထားသော၊ အံဝင်ခွင်ကျ မရှိနေဘူးဆိုလျှင် ကျွန်ုပ်တို့သည် အနာဂတ်ကို သိရှိနိုင်ရန် အနေအထားတွင် ရှိမည်မဟုတ်သော ကြောင့် ခေတ်ကိုအမှီလိုက်ပြီး နည်းပညာများ လေ့လာရန် အထူးပြင်ဆင်လိုက်နာရတော့မည် ဖြစ်သည်။
"2022 တွင် အရှိန်တက်လာမည့် vector 10 ခု"
အနာဂတ်တွင် ပြောင်းလဲမှုများကို ခန့်မှန်းနိုင်ရန် လက်ရှိအခြေအနေများကို လေ့လာခြင်းပညာ - အနာဂတ်ပညာ (Futurology)ကို ပြောသောအခါကျွန်ုပ်တို့သည် ဦးတည်ချက်တစ်ခုကို အပိုင်း သို့မဟုတ် ကဏ္ဍတစ်ခု၏ အပြုအမူအပေါ် လွှမ်းမိုးသော ၊ ဦးတည် လမ်းကြောင်း နှင့် အမြန်နှုန်းကို ပံ့ပိုးပေးသည့် တွန်းအား သို့မဟုတ် အရာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ အောက်ပါဖော်ပြချက်များမှာ ရေကဏ္ဍအတွက် ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် အသက်ဆိုင်ဆုံးဖြစ်မည်ဟု ထင်မြင်ယုံကြည်ရသော အရာများကို ဖော်ပြထားခြင်းဖြစ်ပါသည်။
1.ပါဝါအကျပ်အတည်း- အစိုးရနှင့် ကော်ပိုရိတ်ဆိုင်ရာ ဆုံးဖြတ်ချက်များ ပိုမိုကွဲသွားမည်ဖြစ်ပြီး အပြောင်းအလဲများကို မြှင့်တင်ရန် ကြီးမားသော သဘောတူညီမှု လိုအပ်မည်ဖြစ်သည်။
2.ခန့်မှန်းမရသော ပြိုင်ဆိုင်မှု- ပင်မခေတ်ရေစီးကြောင်းနှင့် ပေါ်ပေါက်လာသော ဆက်သွယ်ရေးလမ်းကြောင်းများ၊ ဆေးဝါးများနှင့် အစားအသောက်ထုတ်ကုန်များ စသည်တို့ဖြစ်သည်။
3.ဝင်ငွေစုစည်းမှု- တက်သစ်စဈေးကွက်များတွင် ဤလမ်းကြောင်းသည် ပိုမိုဆိုးရွားလာမည်ဖြစ်သည်။
4.လူဦးရေစာရင်းပြောင်းလဲမှုများ- တိုးတက်သောနိုင်ငံများတွင်လူများသည်ကလေးမွေးရန်သို့မဟုတ်ကမ္ဘာဂြိုဟ်၏အနာဂတ်အပေါ်အခြေခံ၍မဆုံးဖြတ်ဘဲ လူဦးရေတိုးပွားမှု ထိန်းချုပ်ရန် မရှိခြင်းက သိသာထင်ရှားသောအန္တရာယ်တစ်ခု ဖြစ်နေသေးနိုင်သည်။
5.ကျွန်ုပ်တို့သိကြသည့်အတိုင်း နိုင်ငံများ၏ အဆုံး- နိုင်ငံဖြတ်ကျော်နယ်နိမိတ်များသည် သတင်းအချက်အလက်၊အသိပညာနှင့် အလေ့အထများကြောင့် ပိုမိုမှုန်ဝါးလာသည်။
6.လာမည့်နှစ်များအတွင်း ကမ္ဘာဂြိုဟ်၏ အပူချိန်သည် ၁ ဒသမ ၅ ဒီဂရီအထိ တိုးလာကာ ကမ္ဘာကြီးပေါ် မှီတင်းနေထိုင်စားသုံးသူများ၏ အလေ့အထကို ထိခိုက်စေမည်ဖြစ်သည်။
7.Cryptocurrencies- အမြဲတမ်းဖြစ်တည်မည်လား သို့မဟုတ် ယာယီ ဖြစ်စဉ်တစ်ခုလား တွေးစရာဖြစ်လာသည်။
8.ဦးစားပေးမှုများကို ပြောင်းလဲခြင်း- လူ့အဖွဲ့အစည်းများသည် ဗျူရိုကရေစီနှင့် ဝေးကွာပြီး အရည်အသွေးအချိန်ကိုဦးစားပေးရန် ကြိုးပမ်းမှုတွင် အပန်းဖြေမှုဆီသို့ ပိုမိုရွေ့လျားသွားမည်ဖြစ်သည်။
9.တရုတ်နိုင်ငံသည် ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများကို ပိုမိုမြန်ဆန်သော နှုန်းဖြင့် ပြန်လည်ပြင်ဆင်မည်ဖြစ်သည်။
10.ကပ်ရောဂါလွန်- ကပ်ရောဂါအလွန်အလေ့အထပြောင်းလဲမှုများ ဥပမာ အိမ်မှအလုပ်လုပ်ရခြင်း ၊ကျန်းမာရေးပတ်စပို့များ ပြုလုပ်ရခြင်း ၊အကာအကွယ်မျက်နှာဖုံးများ ဝတ်ဆင်ခြင်း၊ကာကွယ်ဆေးများ ထိုးရခြင်း သည် ကျွန်ုပ်တို့နှင့်အတူ ရေရှည်တွင် မည်သို့ရှိနေမည်ကို ကမ္ဘာကြီးက စူးစမ်းသိရှိလိုနေကြသည်။
"ရေကဏ္ဍအတွက် 2022 လမ်းကြောင်းများ"
ဒီနှစ်မှာတော့ ရေကဏ္ဍမှာ အောက်ပါ လမ်းကြောင်းတွေကို မျှော်လင့်နိုင်မယ်လို့ ထင်ပါတယ်။
-ရေအော်ပရေတာများသည် ကူးစက်ရောဂါစောင့်ကြည့်ခြင်း၊ စတင်ခြင်း၊ မြှင့်တင်ခြင်း၊ ထိန်းသိမ်းကြပ်မတ်ခြင်း နှင့် ဆိုက်ဘာလုံခြုံရေး၊ စွမ်းအင်ထုတ်လုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်းများ မှတစ်ဆင့် အလုပ်အကိုင်များကို ဖန်တီးပေးခြင်း စသည်ဖြင့် ဆက်စပ်ပေါ်ပေါက်လာသော စိတ်ဝင်စားဖွယ်ရာ နယ်ပယ်များတွင် ပိုမိုဝင်ရောက်စွက်ဖက်လာနိုင်မည်ဖြစ်သည်။
-ရေကဏ္ဍအတွက်ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးမှုများ၊ အငြင်းပွားမှုများပိုမိုနက်ရှိုင်းလာလိမ့်မည်။
-ရေနှင့် မတူကွဲပြားမှု၏တန်ဖိုးများကို ပိုမိုအလေးထားဆောင်ရွက်လာသော လူငယ်များကို ပိုမိုတွေ့မြင်နိင်မည်ဖြစ်သည်။ သေချာပေါက်အားဖြင့် ခေါင်းဆောင်များသည် ရေ၏အနာဂတ်ကို အာရုံစိုက်ရန်၊ လိုက်လျောညီထွေရှိမှုနှင့် စည်းမျဉ်းစည်းကမ်းများကို အထူးသဖြင့် လုပ်ငန်းခွင်တွင် မွမ်းမံပြင်ဆင်ရန် လိုအပ်မည်ဖြစ်သည်။ အမျိုးသမီးများအားပိုမိုထင်ရှားသော အခန်းကဏ္ဍများတွင် နေရာပေးနိုင်မည့် မတူကွဲပြားပြီး အားလုံးပါဝင်နိုင်သည့် လုပ်သားအင်အားကို ထားရှိရန် လိုအပ်မည်ဖြစ်သည်။
ဖွံဖြိုးဆဲနိုင်ငံများတွင် အခြေချနေထိုင်သူများထံသို့ WASH ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းအတွက် လက်ရှိကျင့်သုံးနေသော မဟာဗျူဟာများကို ပြန်လည်စဉ်းစားပြီး ရေရှည်တည်တံ့သော "ပင်မမိလ္လာစနစ်ဖြင့် ဆက်မထားသော သီးခြား မိလ္လာသန့်စင်စနစ်များ "သန့်ရှင်းရေးကဲ့သို့သော ဆန်းသစ်တီထွင်မှုများနှင့် အခြားဖြေရှင်းနည်းများကို ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။
-ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခများသည် ရေစီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ကြီးစွာသက်ရောက်မှုများရှိမည်ဖြစ်သည်။ ခံနိုင်ရည်ရှိမှုနှင့် လိုက်လျောညီထွေရှိရန် ဆောင်ရွက်ခြင်းများသည် အရေးပါလာမည်ဖြစ်သည်။
-လူမှုကွန်ရက်များသည် ရေကဏ္ဍ၏ ဂုဏ်သိက္ခာကို ပိုမိုအကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။
-အထူးသဖြင့် ပြင်ပအာကာသစူးစမ်းလေ့လာရေး၊ ကမ္ဘာမြေလေ့လားရေး၊ ဒေတာသိပ္ပံနှင့် နာနိုနည်းပညာကဏ္ဍတို့နှင့်ပတ်သက်သည့် နည်းပညာအသစ်များကို ရေကဏ္ဍတွင် ပိုမိုအရှိန်အဟုန်ဖြင့် ထည့်သွင်းဆောင်ရွက်လာမည်ဖြစ်သည်။
-ကပ်ရောဂါဖြစ်ပွားပြီးနောက်တွင် ရေကုမ္ပဏီအများအပြား လဲပြိုခြင်း၊ ပေါင်းစည်းခြင်း သို့မဟုတ် (နိုင်ငံပိုင်ကုမ္ပဏီများအဖြစ်) ပြန်လည်သတ်မှတ်ခြင်း ခံရမည်ဖြစ်သည်။
ဤဘာသာပြန် ဆောင်းပါးသည် စိတ်၀င်စားဖွယ်ကောင်းသလို စာဖတ်ရှုသူတို့ ဆွေးနွေးတိုင်ပင်ဖို့လည်း အထူးလိုအပ်ပေလိမ့်မည်။
Translated by Shwe Yati Su (Project Consultant, The Water Agency)