မိုးလေဝသဆိုး - ရာသီဥတု ပြောင်းလဲမှုနဲ့ ဘာတွေ ပတ်သက်လဲ

မိုးလေဝသဆိုး - ရာသီဥတု ပြောင်းလဲမှုနဲ့ ဘာတွေ ပတ်သက်လဲ

Source: BBCလတ်တလော ကာလအတွင်း ကမ္ဘာပေါ်မှာ အပူလှိုင်းဖြတ်တာတွေ၊ ရေ အကြီးအကျယ်ကြီးတာတွေနဲ့ တောမီးလောင်တာတွေကို ပိုမို ကြုံလာရချိန်မှာ အခုလို အပြင်းအထန် ရာသီဥတုဆိုးရွားမှုတွေနဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုတို့ ဆက်စပ်နေတယ်ဆိုတဲ့အချက်ကို လူသားတွေ နဖူးတွေ့ ဒူးတွေ့ ကြုံလာရပါတယ်။

ကမ္ဘာပေါ်မှာ စက်မှုထွန်းကားလာတဲ့အချိန်ကစပြီး ရုပ်ကြွင်းလောင်စာတွေ အမြောက်အများ အသုံးပြုလာမှုတွေကြောင့် အဲဒီက ထွက်တဲ့ အခိုးအငွေ့တွေက ကမ္ဘာ့လေထုလွှာထဲ ခိုအောင်းပြီး ကမ္ဘာ့အပူချိန်ကို တဖြည်းဖြည်းတက်စေခဲ့ပါတယ်။ အခုလို တက်ခဲ့တဲ့ ပမာဏဟာ ပျမ်းမျှ ၁.၂ ဒီဂရီ စင်တီဂရိတ်ရှိပြီလို့ ခန့်မှန်းရပါတယ်။

အခုလို ကမ္ဘာ့လေထုလွှာထဲမှာ ခိုအောင်းနေတဲ့ အပူစွမ်းအင်တွေဟာ တကယ်တမ်း လက်တွေ့မှာ အညီအမျှ ပျံ့နှံ့သွားတာ မဟုတ်တဲ့အတွက် အလွန်များသွားတဲ့နေရာတွေမှာ အပူစွမ်းအင်တွေ တွန်းကန်ရုန်ကန်မှု ဖြစ်ပြီး လတ်တလော ကြုံနေရတဲ့ အပြင်းအထန် ရာသီဥတု ဆိုးရွားမှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

ဒီလို ဖြစ်နေတဲ့ အခြေအနေဟာ ကမ္ဘာပေါ်မှာ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကြောင့် လေထုထဲကို အခိုးအငွေ့တွေ ဆက်လက် ရောက်နေသေးသရွေ့ ရပ်သွားမှာ မဟုတ်တဲ့အတွက် ဒီလို အသုံးပြုမှုတွေကို လျှော့ချဖို့ လိုအပ်နေပါတယ်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုက အပြင်းအထန် ရာသီဥတု ဆိုးရွားမှုတွေကို ဖြစ်စေတဲ့ ပုံစံ လေးမျိုး ရှိတာ တွေ့ရပါတယ်။

၁။ ပိုမို ပူပြင်း ရှည်ကြာတဲ့ အပူလှိုင်းဖြတ်မှုများ

ပျမ်းမျှ အပူချိန်ရှိနေရာကနေ အနည်းငယ်သော အပူချိန်အပြောင်းအလဲတခုရဲ့ သက်ရောက်စေမှုကို သဘောပေါက်ဖို့အတွက် ခေါင်းလောင်းပုံ အပူချိန် အတက်အကျ အမှတ်အသားပြ ဇယားကို နားလည်ဖို့ လိုမှာ ဖြစ်ပါတယ်။

အပူချိန်အနည်းငယ် မတက်ခင် ပုံမှန်အနေအထားကို ပြမယ့် အခုလို ဇယားမှာ အပူချိန် အလွန်နည်းတဲ့ အလွန်အေးတဲ့ တဖက်စွန်းနဲ့ အလွန်များတဲ့ ပူလွန်းတဲ့ တဖက်စွန်းအတွက် ခေါင်းလောင်းပုံ ပေါ်ရာမှာ ပုံမှန် အေးတဲ့ ကာလထက် ပိုပူလာတာနဲ့ (ပုံပါအတိုင်း) ခေါင်းလောင်းပုံက ပူတဲ့ ဘက်အခြမ်းဘက်ကို ပိုရွေ့သွားတဲ့ အခါမှာ ပုံမှန်ထက် ပိုမို ရှည်ကြာပူပြင်းတဲ့ နွေရာသီနဲ့အတူ အပူလွန်ကဲတဲ့ ကာလတခုကိုပါ ရင်ဆိုင်လာရတဲ့ အနေအထားကို မြင်နိုင်ပါတယ်။

ယူကေနိုင်ငံမှာဆိုရင် လွန်ခဲ့တဲ့ အနှစ် ငါးဆယ်အတွင်းမှာ အပူချိန် မအေးလှဘဲ နွေးနွေးထွေးထွေးရှိနေသေးတဲ့ ကာလက နှစ်ဆလောက်အထိ များလာတာကို တွေ့ရတယ်လို့ ယူကေနိုင်ငံတော် မိုးလေဝသရုံးက ဆိုပါတယ်။

ဒါပေမယ့် ယူကေရဲ့ အပူချိန်တက်လာမှုက ကနေဒါနိုင်ငံ အနောက်ပိုင်းနဲ့ အမေရိကန်နိုင်ငံအတွင်းက အပူချိန်တက်လာမှုနဲ့စာရင် ပူပြင်းမှုနဲ့ ပူပြင်းကာလ ရှည်ကြာမှု နည်းသေးတယ်လို့ ဆိုနိုင်ပြီး အဲဒီ ဒေသတွေမှာ ခေါင်းလောင်းပုံ အပူချိန်အတက်အကျ ဆိုတာထက် လိပ်ခုံးပုံစံ အပူချိန် အတက်အကျရှိတဲ့ ပုံစံရှိတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သုံးလေးလ ပတ်ဝန်းကျင်က ပင်လယ်ဒေသအပူချိန် ပုံမှန်ထက် မြင့်တက်မှုကြောင့် ပစိဖိတ်မုန်တိုင်းတခု ဖြစ်ပေါ်ခဲ့ပြီး အဲဒီမုန်တိုင်းက ကမ္ဘာ့လေစီးကြောင်းကို အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။

ပုံမှန်ရှိနေတဲ့ ကမ္ဘာ့လေစီးကြောင်းတွေက အခုလို မုန်တိုင်းရဲ့ အနှောင့်အယှက်ကို ခံလိုက်ရတဲ့အချိန်မှာ တန်းနေတဲ့ ကြိုးတချောင်းကို ကြိုးအစကနေ လှုပ်ခါလိုက်မှုကြောင့် အဲဒီကြိုးတလျှောက် လှိုင်းထ လှုပ်ခါသွားသလို ဖြစ်သွားပြီး လေစီးကြောင်း နှောင့်နှေးမှု ဖြစ်စေတဲ့အတွက် ရာသီဥတုအပြောင်းအလဲပါ နှောင့်နှေးသွားစေ ခဲ့ပါတယ်။

အခုလို အနေအထား ပူတဲ့ကာလမှာ လေပူတွေက ပုံမှန်ရွေ့လျားသွားနေကျအတိုင်း မရွေ့ဘဲ တုံ့ဆိုင်းသွားတဲ့အတွက် ပထမ အဆင့်မှာ လေပူတွေကို ဒေသတခု အတွင်းမှာပဲ စုလာစေပါတယ်။

အခုလို စုလာပြီး ဒုတိယအဆင့်မှာတော့ အဲဒီလေပူတွေဟာ လေထုဖိအားကြောင့် ကမ္ဘာမြေပြင်ပေါ်ကို စုပြီး ကျလာပြီး အဲဒီကနေမှာ တတိယ အဆင့်အနေနဲ့ မြေပြင်ပေါ်က ပူပြီးသား အပူချိန်က ပိုမြင့်လာစေခြင်းအားဖြင့် လိပ်ခုံးပုံစံ အပူချိန် အနေအထား ပေါ်လာတာ ဖြစ်ပါတယ်။

အခုလို ပူနေကျ အချိန်မှာထက် အများကြီးပိုတဲ့ အပူချိန်မြင့်တက်မှုတွေကို မြောက်အမေရိကမှာသာ တွေ့ခဲ့ရတာ မဟုတ်ပါဘူး။ ရုရှားမှာ ဆိုရင် နှစ်ပေါင်း ၁၂၀ တင်ထားတဲ့ အပူချိန်စံချိန်ကို ချိုးတဲ့ အပူလှိုင်းဖြတ်တာကို တွေ့ခဲ့ကြသလို မြောက်အိုင်ယာလန်ဒေသမှာလည်း တပတ်အတွင်းမှာတင် အပူချိန်စံချိန် သုံးခါဆင့်ချိုးခဲ့ပြီး အန္တာတိကတိုက်လို အမြဲတမ်းအေးခဲနေတဲ့ တိုက်မှာလည်း စံချိန်တင် အပူချိန်မြင့်တက်ခဲ့ပါတယ်။ယူကေနိုင်ငံမှာဆိုရင် လွန်ခဲ့တဲ့ အနှစ် ငါးဆယ်အတွင်းမှာ အပူချိန် မအေးလှဘဲ နွေးနွေးထွေးထွေးရှိနေသေးတဲ့ ကာလက နှစ်ဆလောက်အထိ များလာတာကို တွေ့ရတယ်လို့ ယူကေနိုင်ငံတော် မိုးလေဝသရုံးက ဆိုပါတယ်။

ဒါပေမယ့် ယူကေရဲ့ အပူချိန်တက်လာမှုက ကနေဒါနိုင်ငံ အနောက်ပိုင်းနဲ့ အမေရိကန်နိုင်ငံအတွင်းက အပူချိန်တက်လာမှုနဲ့စာရင် ပူပြင်းမှုနဲ့ ပူပြင်းကာလ ရှည်ကြာမှု နည်းသေးတယ်လို့ ဆိုနိုင်ပြီး အဲဒီ ဒေသတွေမှာ ခေါင်းလောင်းပုံ အပူချိန်အတက်အကျ ဆိုတာထက် လိပ်ခုံးပုံစံ အပူချိန် အတက်အကျရှိတဲ့ ပုံစံရှိတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သုံးလေးလ ပတ်ဝန်းကျင်က ပင်လယ်ဒေသအပူချိန် ပုံမှန်ထက် မြင့်တက်မှုကြောင့် ပစိဖိတ်မုန်တိုင်းတခု ဖြစ်ပေါ်ခဲ့ပြီး အဲဒီမုန်တိုင်းက ကမ္ဘာ့လေစီးကြောင်းကို အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။

ပုံမှန်ရှိနေတဲ့ ကမ္ဘာ့လေစီးကြောင်းတွေက အခုလို မုန်တိုင်းရဲ့ အနှောင့်အယှက်ကို ခံလိုက်ရတဲ့အချိန်မှာ တန်းနေတဲ့ ကြိုးတချောင်းကို ကြိုးအစကနေ လှုပ်ခါလိုက်မှုကြောင့် အဲဒီကြိုးတလျှောက် လှိုင်းထ လှုပ်ခါသွားသလို ဖြစ်သွားပြီး လေစီးကြောင်း နှောင့်နှေးမှု ဖြစ်စေတဲ့အတွက် ရာသီဥတုအပြောင်းအလဲပါ နှောင့်နှေးသွားစေ ခဲ့ပါတယ်။

အခုလို အနေအထား ပူတဲ့ကာလမှာ လေပူတွေက ပုံမှန်ရွေ့လျားသွားနေကျအတိုင်း မရွေ့ဘဲ တုံ့ဆိုင်းသွားတဲ့အတွက် ပထမ အဆင့်မှာ လေပူတွေကို ဒေသတခု အတွင်းမှာပဲ စုလာစေပါတယ်။

အခုလို စုလာပြီး ဒုတိယအဆင့်မှာတော့ အဲဒီလေပူတွေဟာ လေထုဖိအားကြောင့် ကမ္ဘာမြေပြင်ပေါ်ကို စုပြီး ကျလာပြီး အဲဒီကနေမှာ တတိယ အဆင့်အနေနဲ့ မြေပြင်ပေါ်က ပူပြီးသား အပူချိန်က ပိုမြင့်လာစေခြင်းအားဖြင့် လိပ်ခုံးပုံစံ အပူချိန် အနေအထား ပေါ်လာတာ ဖြစ်ပါတယ်။

အခုလို ပူနေကျ အချိန်မှာထက် အများကြီးပိုတဲ့ အပူချိန်မြင့်တက်မှုတွေကို မြောက်အမေရိကမှာသာ တွေ့ခဲ့ရတာ မဟုတ်ပါဘူး။ ရုရှားမှာ ဆိုရင် နှစ်ပေါင်း ၁၂၀ တင်ထားတဲ့ အပူချိန်စံချိန်ကို ချိုးတဲ့ အပူလှိုင်းဖြတ်တာကို တွေ့ခဲ့ကြသလို မြောက်အိုင်ယာလန်ဒေသမှာလည်း တပတ်အတွင်းမှာတင် အပူချိန်စံချိန် သုံးခါဆင့်ချိုးခဲ့ပြီး အန္တာတိကတိုက်လို အမြဲတမ်းအေးခဲနေတဲ့ တိုက်မှာလည်း စံချိန်တင် အပူချိန်မြင့်တက်ခဲ့ပါတယ်။ 

၂။ မိုးခေါင်ကာလ ပိုမို ရှည်ကြာလာခြင်း

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အပူလှိုင်းဖြတ်မှု အရှိန်အဟုန်နဲ့ ကာလ တိုးမြင့်လာမှုနဲ့အတူ မိုးခေါင်မှုကလည်း တပါတည်း ပိုဆိုးလာတာကို တွေ့ရပါတယ်။

အပူလှိုင်းဖြတ်တဲ့ ကာလ ရှည်ကြာတဲ့အတွက် မိုးရွာတဲ့ ကာလလည်း နည်းသွားရာမှာ တနှစ်ထက်တနှစ် မြေအစိုဓာတ်နဲ့ ရေအရင်းအမြစ် ခန်းခြောက်မှုတွေလည်း ပိုမို မြန်ဆန် လာစေခဲ့ပါတယ်။

အခုလို အနေအထားမှာ နဂိုတကည်းက တိုးပွားလာနေတဲ့ လူဦးရေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေက ထွက်လာတဲ့ ရေလိုအပ်ချက်တွေကြောင့် ရေရှားပါးမှုတွေ ပိုဆိုးလာရပါတယ်။

ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှာ နွေဦးအစ ကာလမှာတင်ပင် အပူလှိုင်းဖြတ်မှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက် ရောက်တဲ့အချိန်မှာ အမေရိကန်နိုင်ငံ နယ်နိမိတ် လေးပုံတပုံကျော် "အပြင်းအထန်" သို့မဟုတ် "မဖြစ်စဖူး" မိုးခေါင်ရေရှားမှုတွေ ဖြစ်ခဲ့ပါတယ်။ 

၃။ တောမီးလောင်ကျွမ်းမှုတွေအတွက် လောင်စရာ လောင်စာတွေ တိုးလာခြင်း

တောမီးလောင်ကျွမ်းမှုတွေဟာ လူကြောင့်ချည်းပဲ တိ်ုက်ရိုက်ဖြစ်နိုင်ပေမယ့် သဘာဝအခြေအနေကလည်း တောမီးလောင်မှု အခြေအနေမှာ အများကြီး အရေးပါတာကို တွေ့ရပါတယ်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် ပူပြင်းမှု ရှည်ကြာ ပြင်းထန်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေရှိလာရာမှာ အဲဒီလို အခြေအနေတွေရဲ့ အကျိုးဆက်ကြောင့် ဖြစ်တဲ့ဒေသက မြေကြီးနဲ့ အပင်တွေရဲ့ အစိုဓာတ်တွေ ပိုပိုပြီး ခမ်းခြောက်လာစေခဲ့ပါတယ်။

အခုလို ခြောက်သွေ့နေတဲ့ အခြေအနေဟာ တောမီးအတွက် လောင်စာဖြစ်စေပြီး ပျံ့နှံ့တဲ့ နှုန်းကိုလည်း အလွန်လျင်မြန်သွားစေတာကို ဥပမာအားဖြင့် ကနေဒါ အနောက်ပိုင်းဒေသမှာ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

အခုလို ဖြစ်ပွားတဲ့ တောမီးမျိုးဟာ အလွန် လျင်မြန်စွာနဲ့ အပူချိန် ရုတ်တရက် ပူပြင်းတောက်လောင်မှုတွေ ဖြစ်ပေါ်စေပါတယ်။ တောမီးလောင်မှု၊ မီးတောင်ပေါက်မှု အစရှိတဲ့ မြေပြင် အပူချိန် အလွန်အမင်း ရုတ်တရက် မြင့်တက်မှုကြောင့် ဖြစ်တတ်တဲ့ မိုးကြိုးတိမ်တိုက်တွေကိုပါ ဖြစ်ပေါ်စေတာကို တွေ့ရပါတယ်။

အခုလို တိမ်တိုက်မျိုးတွေ ပေါ်လာနိုင်တာကြောင့် သီးခြား ရာသီဥတုတခု အသွင်ပါ ဆောင်လာပြီး အဲဒီ တိမ်တိုက်တွေက ပစ်လိုက်တဲ့ မိုးကြိုးတွေကြောင့် တောမီးတွေ ပိုပြီး ဆိုးလာနိုင်ပါတယ်။

တောမီးအကြီးအကျယ် လောင်ကျွမ်းမှုတွေ ပိုများလာတယ် ဆိုရာမှာ ဧက တသောင်း အကျယ်အထိ ကြီးမားတဲ့ တောမီးတွေ လောင်ကျွမ်းမှုတွေဟာ အမေရိကတိုက် အနောက်ပိုင်းမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့စာရင် အခုအချိန်မှာ ၇ ဆ အထိ ဖြစ်နိုင်ခြေ ပိုများလာတာကို တွေ့ရတယ်လို့ သိပ္ပံပညာရှင်တွေနဲ့ ဂျာနယ်လစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရာသီဥတုဆိုင်ရာ ဗဟိုဌာန အဖွဲ့အစည်းက ဆိုပါတယ်။ 

၄။ မိုးအပြင်းအထန်ရွာမှုများ ပိုဆိုးလာခြင်း

ပုံမှန် ရာသီဥတု အပြောင်းအလဲ စက်ဝန်းမှာဆိုရင် ပူပြင်းတဲ့ ရာသီဥတုကြောင့် စိုထိုင်းမှုနဲ့ ရေငွေ့တွေ ဖြစ်ပေါ်စေပြီး အဲဒီကနေမှ မိုးရွာစေတဲ့ ရေစက်တွေ လေထုထဲမှာ ဖြစ်ပေါ်လာစေပါတယ်။

ဒါပေမယ့် အလွန်ပူပြင်းလာတဲ့အချိန်မှာ ရေခိုးရေငွေ့တွေ အလွန်အမင်းများပြားစေပြီး တနေရာတည်းပဲသွားစုကာ အချိန်တိုအတွင်းမှာ အသည်းအသန် မိုးကြီးမှုတွေကိုလည်း ဖြစ်ပေါ်လာစေတာကို တွေ့ရပါတယ်။

အခုလို ဒေသတခုမှာသွားကွက်ပြီး အကြီးအကျယ် သမိုင်းဝင် မိုးကြီးမှုတွေကို တရုတ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်နိုင်ငံတို့မှာ လတ်တလော ဖြစ်ပေါ်တာကိုလည်း တွေ့ခဲ့ကြရမှာ ဖြစ်ပါတယ်။

ဆိုင်ဘေးရီးယားနဲ့ အမေရိကန်နိုင်ငံ အနောက်ပိုင်းတို့မှာ ဖြစ်ခဲ့တဲ့ ပူပြင်းခြောက်သွေ့မှုတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေခိုးရေငွေ့တွေက အဲဒီဒေသထက် အများကြီးသေးငယ်တဲ့ ဂျာမနီနဲ့ ဘယ်လ်ဂျီယံနိုင်ငံတို့မှာ ရေကြီးမှုတွေ ပိုဆိုးလာစေခဲ့တာကို တွေ့ရတယ်လို့ အမေရိကန်နိုင်ငံတော် သိပ္ပံအကယ်ဒမီက ရေပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ပီတာ ဂလဲအစ်က ဆိုပါတယ်။

ကမ္ဘာတဝန်းက ရာသီဥတု အပြောင်းအလဲတွေက တနေရာနဲ့ တနေရာ အမျိုးမျိုး ကွဲပြားနိုင်တယ် ဆိုပေမယ့် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် အခုလို ရာသီဥတုအပြောင်းအလဲ ဖြစ်မှုတွေက လွန်လွန်ကျွံကျွံ ဖြစ်လာနေတာကို တွေ့နေရပြီး အခုလို အပြင်းအထန် ရာသီဥတုပြောင်းလဲမှုတွေနဲ့ လိုက်လျော ညီထွေ နေထိုင် ဖြေရှင်းဖို့ကလည်း အရေးကြီးလာပါတယ်။ 


Heavy rains in parts of Yangon cause floods
Water Tech Spotlight: the latest technology develo...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal