WWF Adapt - သဘာ၀ပတ်၀န်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အွန်လိုင်းလေ့လာနိုင်သော သင်ရိုးတစ်ခုအကြောင်းမိတ်ဆက်
အခုတစ်ခါတော့ စာသံပေသံနဲ့ သင်တဲ့ သင်ရိုးတွေအပြင် ကာတွန်းပုံတွေ၊ လိုရင်းတိုရှင်းရေးပြီး လုပ်ထားတဲ့ သင်ရိုးတွေနဲ့ မိတ်ဆက်ချင်ပါတယ်။
WWF ကနေ သဘာ၀ပတ်၀န်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေပြုပြင်ပြောင်းလဲနေထိုင်ခြင်းတို့ကို ပေါ့ပေါ့ပါးပါး လေ့လာသင်ယူနိုင်မယ့် သင်ရိုးတွေဖြစ်တယ်။ ဒီ WWF Adapt Website မှာ ရာသီဥတုပြောင်းလဲလာမှုနဲ့ ပတ်သက်ပြီး လိုက်လျောညီထွေ နေဖို့ရာ (Climate Adaptation)၊ သဘာ၀ဘေးအန္တရာယ်ကျရောက်မှုကို ထိန်းချူပ်နိုင်စွမ်း၊ လုပ်ဆောင်ချက်၊ စတာတွေ ပါ၀င်တယ်။
WWF အဖွဲ့အစည်းကလည်း သူတို့ ပရောဂျက်လုပ်ဆောင်ပြီး လေ့လာတွေ့ရှိချက်၊ သင်ယူခဲ့ရတာတွေရှိရင်လည်း ဒီ Website မှာပဲ စာအုပ်ပုံစံဖြစ်ဖြစ်၊ သင်ရိုးတစ်ခု ဖန်တီးပြီး မျှဝေထားပါတယ်။
သင်ကြားပုံ
စာမေးပွဲဖြေရမှာလိုမဟုတ်ပဲ ဖိအားကင်းပြီး သွက်သွက်လက်လက်လေ့လာနိုင်မယ့် သင်ရိုးတွေမို့လို့ စိတ်၀င်စားပြီး လေ့လာနိုင်မယ်ထင်ပါတယ်။
ကွန်ပြူတာ Desktop၊ Laptop နဲ့ သင်ယူဖို့ အကြံပြုချင်ပါတယ်။ ဖုန်းနဲ့ ကြည့်ရင် အဆင်မပြေတာတွေရှိနိုင်လို့ပါ။ မိမိကြိုက်နှစ်သက်ရာ ဘာသာနဲ့ သင်ယူနိုင်ဖို့ လုပ်ပေးထားပါတယ်။ (မြန်မာလိုတော့ မပါပါ)
လေ့လာနိုင်မည့် သင်ရိုးများ
(1) Understanding Climate Change
(2) Key Concepts in Climate Change Adaptation
(3) Understanding Vulnerability
(4) Wildlife and Climate Change
(5) Natural and Nature-based Flood Management
သင်ရိုးများကို လေ့လာကြည့်ရှူရန် - https://wwfadapt.org/