ရေနှင့် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်ခြင်း

Irrigation-in-drought-hit-Gujarat-HAMISH-JOHN-APPLEBY-950

မိသားစု ဆွေမျိုးသားချင်းများနှင့် နေထိုင်ရန်ဖြစ်စေ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေရန်ဖြစ်စေ နေရပ်ဒေသကို စွန့်ခွာပြီး တိုင်းတပါးသို့ ပြောင်းရွေ့နေထိုင်နေကြသူတွေအကြောင်းကို အနည်းနဲ့အများ မြင်ဖူးကြားဖူးကြမှာပါ။ International Organization for Migration (IOM)၏ ၂၀၂၀ခုနှစ်တွင်ကောက်ယူထားသော စစ်တမ်းများအရ ကမ္ဘာ့လူဦးရေရဲ့ ၃.၅ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူဦးရေ၂၇၂သန်းခန့်ဟာ နေရပ်ဒေသကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်နေကြသူတွေဖြစ်ပါတယ်။ ယင်းတို့ထဲကမှ လူဦးရေ ၇၉.၂သန်းဟာ စစ်ပွဲများကြောင့် သို့မဟုတ် အခြားအခြားသော မတည်ငြိမ်မှုများကြောင့် မိမိတို့ဒေသများမှ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေဖြစ်ကြပါတယ်။ ဒီလိုမတည်ငြိမ်မှုတွေထဲမှာမှ မိုးခေါင်ရေရှားခြင်း၊ ရေလွှမ်းမိုးခြင်းကဲ့သို့သော ရေနဲ့ပက်သက်တဲ့ဘေးအန္တရာယ်တွေဟာလည်း ရွေ့ပြောင်းနေထိုင်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ရေနှင့် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုတို့ရဲ့ ဆက်စပ်ပုံနဲ့ပက်သက်ပြီး International Water Management Institute (IWMI) နဲ့ နည်းဗျူဟာအစီအစဥ်ပိုင်းဆိုင်ရာမှာဦးဆောင်သူ တစ်ဦးဖြစ်တဲ့ Alan Nicol တို့က ယခုလိုဆွေးနွေးထားကြပါတယ်။

မိုးခေါင်ရေရှားခြင်းနဲ့ ရေကြီးရေလျှံမှုတွေဟာ နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်ခြင်းနဲ့ ဘယ်လိုဆက်စပ်နေပါသလဲ။

လူတစ်ယောက်ဟာ သူရဲ့အိမ် ရေလွှမ်းသွားရင် သို့မဟုတ် သူနေထိုင်တဲ့ဒေသဟာ အလွန်အမင်းမိုးခေါင်ရေရှားဖြစ်နေမယ်ဆိုရင် နောက်တစ်ရာသီကူးတဲ့အထိ ကြံကြံခံပြီးနေမလား၊ ဒါမှမဟုတ် အခြားဒေသတစ်ခုကို ရွေ့ပြောင်းမလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုပဲရှိပါတယ်။ ဒီလိုဖြစ်စဥ်အများစုမှာ ဘေးဒုက္ခတွေဟာ တစ်နှစ်ထဲနဲ့မပြီးသွားပဲ နောင်နှစ်တွေမှာလည်းထပ်ထပ်ပြီးခံစားလာရတဲ့အခါမှာတော့ လူအများစုဟာ နေရပ်ဒေသစွန့်ခွာပြီး ရွေ့ပြောင်းနေထိုင်ဖို့ကိုပဲ ရွေးချယ်လာကြပါတော့တယ်။ ဒီလိုနည်းအားဖြင့် မိုးခေါင်ရေရှားခြင်းနဲ့ ရေကြီးရေလျှံမှုတွေကနေအစပြုပြီး ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ နောင်သက်ရောက်လာနိုင်တဲ့ ဘေးဒုက္ခတွေအပေါ် စိုးရိမ်မှုတွေကြောင့် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုတွေ ဖြစ်ပေါ်လာရပါတယ်။

 

ရာသီဥတုကြောင့် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုဖြစ်စဥ် အဆင့်ဆင့်

ရေဘေး၊ ရာသီဥတုပြောင်းလဲမှုနဲ့ နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုတို့ကြားမှာ တိုက်ရိုက်မဟုတ်တဲ့ ဆက်နွယ်မှုတွေရှိပါတယ်။ ဥပမာအားဖြင့် အီသီယိုးပီးယား ရဲ့ အမြင့်ပိုင်းဒေသတွေမှာ ဒေသအပူချိန်တွေဟာ တစ်နေ့ထက်တစ်နေ့ မြင့်မားလာနေတဲ့အတွက် ထိုဒေသမှာ စိုက်ပျိုးနိုင်တဲ့ သီးနှံအမျိုးအစားတွေ၊ ရာသီအလိုက်သီးနှံဖြစ်ထွန်းမှုတွေ၊ ရောဂါပိုးမွှားတွေနဲ့ ဒေသခံတွေရဲ့ ဘဝနေထိုင်မှုပုံစံတွေအပေါ်မှာပါ သက်ရောက်မှုတွေရှိလာပါတယ်။ ထို့အပြင် လူဦးရေတိုးပွားလာတာနဲ့အမျှ ယင်းသက်ရောက်မှုတွေရဲ့ အကျိုးဆက်တွေပိုမိုများပြားလာတဲ့အတွက် ဒေသခံတွေဟာ စိုက်ပျိုးရေးမလုပ်ကိုင်ကြတော့ပဲ အခြားသော အသက်မွေးဝမ်းကြောင်းလုပ်ငန်း သို့မဟုတ် အခြားသောဒေသတွေကို ရှာဖွေလာကြပါတော့တယ်။

နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုဖြစ်စဥ်တွေဟာ ရေရဲ့အခန်းကဏ္ဍတစ်ခုတည်း ကြောင့်ဖြစ်နိုင်သလား။

ဖွံ့ဖြိုးတိုးတက်မှုတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပမာဏတွေအပေါ်မူတည်ပြီး ရေရဲ့အခန်းကဏ္ဍဟာ နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုအကြောင်းအရင်းတွေရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။ ရေအခန်းကဏ္ဍတစ်မျိုးတည်း၊ ရာသီဥတုရဲ့အခန်းကဏ္ဍတစ်မျိုးတည်းကိုပဲ ထည့်သွင်းစဥ်းစားလို့မရနိုင်ပါဘူး။ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့တဲ့ စိုက်ပျိုးရေးနည်းစနစ်တွေဟာ ဘာကြောင့် မထိရောက်/မလုံလောက်နိုင်တော့သလဲ၊ စိုက်ပျိုးရေးအစား ဘာကြောင့် အခြားသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ရွေးချယ်လာကြသလဲ ဆိုတာတွေကို ထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။ တိုးတက်လာတဲ့ ယနေ့ခေတ်မှာ ခေတ်ပညာတတ်လူငယ်တွေပေါများလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း လိုအပ်လာနေပါတယ်။ ဒီလိုမျိုးဆက်သစ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်ဖွံဖြိုးပြီးဒေသများ သို့မဟုတ် တိုင်းတပါးမှာ ရှာဖွေလိုကြပြီး တစ်ပြိုင်နက်တည်းမှာပဲ စိုက်ပျိုးရေးလုပ်ငန်းတွေဟာလည်းမိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှု၊ ရာသီဥတုပြောင်းလဲမှုများကြောင့် အခက်အခဲတွေ စိန်ခေါ်မှုတွေ များစွာ ရင်ဆိုင်နေရပါတယ်။ ယင်းကဲ့သို့သော စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသော နိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေရဲ့ အနီးအနားမှာတည်ရှိနေမယ်ဆိုရင် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုဖြစ်စဥ်တွေပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ ဥပမာအားဖြင့် အီသီယိုးပီးယား နှင့် အာရပ်နိုင်ငံများအကြား၊ မြောက်အာဖရိကနိုင်ငံများနှင့် EUနိုင်ငံများအကြား ဖွံဖြိုးတိုးတက်မှု ကွာခြားမှု၊ တစ်မြို့နှင့်တစ်မြို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဝင်ငွေပမာဏ များစွာကွာခြားမှုကြောင့် လူအများစုဟာ ဝင်ငွေပိုမိုရှိနိုင်မယ့် တိုင်းတပါးသို့ သွားရောက်အလုပ်လုပ်ကိုင်လိုကြပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာသော နိုင်ငံများအနေဖြင့် နိုင်ငံအတွင်း ယင်းကဲ့သို့ ရွေ့ပြောင်းနေထိုင်မှုများကို မည်မျှပင် ကန့်သတ်တားဆီးစေကာမူ မူလနိုင်ငံများရှိ ရာသီဥတုအခန်းကဏ္ဍစိန်ခေါ်မှုများကို မဖြေရှင်းနိုင်သရွေ့ နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုဖြစ်စဥ်တွေဟာ တရားဝင်နည်းဖြင့်ဖြစ်စေ၊ တရားမဝင်နည်းလမ်းများဖြင့်ဖြစ်စေ ဆက်လက်ဖြစ်ပွားနေအုံးမှာပဲဖြစ်ပါတယ်။

ရေနှင့်ပက်သက်သည့် အငြင်းပွားမှုများ

ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များရှားပါးလာတာနဲ့အမျှ စက်မှုလက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေလိုအပ်ချက်များမှာလည်းမြင့်တက်လာနေတဲ့အတွက် ရေနဲ့ပက်သက်တဲ့ အငြင်းပွားမှုတွေဖြစ်ပေါ်လာရပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား၊ ဒေသတစ်ခုနှင့် တစ်ခု၊ အဖွဲ့အစည်းများအကြား ဖြစ်ပွားနေတဲ့ ရေနှင့်ပက်သက်တဲ့ အငြင်းပွားမှုများဟာ ရေအခန်းကဏ္ဍတစ်ခုတည်းအပေါ်မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ တင်းမာမှုများကိုပါဖြစ်ပေါ်စေနိုင်ပါတယ်။

လေ့လာသုံးသပ်သူများကတော့ ဆီးရီးယားနိုင်ငံအတွင်း အငြင်းပွားမှုများဟာ မိုးခေါင်ရေရှားမှုကနေအစပြုခဲ့ပြီးတော့ အစုလိုက်အပြုံလိုက် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုများနှင့် အငြင်းပွားမှုများကို ဆက်လက်ဖြစ်ပေါ်စေခဲ့ကြောင်း ယူဆထားကြပါတယ်။ သို့ပေမယ့် ရေအခန်းကဏ္ဍတစ်ခုတည်းကြောင့် ထိုကဲ့သို့ အငြင်းပွားမှုများဖြစ်ပေါ်လာရကြောင်း ကောက်ချက်ချဖို့ရာ အင်မတန်မှ ခဲယဥ်းပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသအများစုတွင် မိုးခေါင်ရေရှားမှုအပြင် စားသောက်ကုန်စျေးနှုန်းမြင့်တက်မှု၊ နိုင်ငံရေး လူမှုရေးအခြေအနေတင်းမာမှုတွေနဲ့ လူတစ်ဦးစီရဲ့ လူနေမှုဘဝရည်မှန်းချက်တွေရဲ့ သက်ရောက်မှုတွေကလည်း အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။

ယနေ့‌ခေတ်အခါမှာ ထိုပြဿနာများကို ဖြေရှင်းပြီး ပိုမိုကောင်းမွန်သော အခြေအနေများဖန်တီးဖို့ရာ ဆွေးနွေးမှုတွေ၊ သတင်းအချက်အလက် မျှဝေမှုတွေ၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တရားနည်းလမ်းကျကျ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။

ရေဘက်ဆိုင်ရာ အွန်လိုင်းသင်တန်းများနဲ့ ဆက်လက်လေ့လာက...
Ramsar Wetlands Conservation Awards 2021
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal