ရေနှင့် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်ခြင်း
မိသားစု ဆွေမျိုးသားချင်းများနှင့် နေထိုင်ရန်ဖြစ်စေ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေရန်ဖြစ်စေ နေရပ်ဒေသကို စွန့်ခွာပြီး တိုင်းတပါးသို့ ပြောင်းရွေ့နေထိုင်နေကြသူတွေအကြောင်းကို အနည်းနဲ့အများ မြင်ဖူးကြားဖူးကြမှာပါ။ International Organization for Migration (IOM)၏ ၂၀၂၀ခုနှစ်တွင်ကောက်ယူထားသော စစ်တမ်းများအရ ကမ္ဘာ့လူဦးရေရဲ့ ၃.၅ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူဦးရေ၂၇၂သန်းခန့်ဟာ နေရပ်ဒေသကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်နေကြသူတွေဖြစ်ပါတယ်။ ယင်းတို့ထဲကမှ လူဦးရေ ၇၉.၂သန်းဟာ စစ်ပွဲများကြောင့် သို့မဟုတ် အခြားအခြားသော မတည်ငြိမ်မှုများကြောင့် မိမိတို့ဒေသများမှ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေဖြစ်ကြပါတယ်။ ဒီလိုမတည်ငြိမ်မှုတွေထဲမှာမှ မိုးခေါင်ရေရှားခြင်း၊ ရေလွှမ်းမိုးခြင်းကဲ့သို့သော ရေနဲ့ပက်သက်တဲ့ဘေးအန္တရာယ်တွေဟာလည်း ရွေ့ပြောင်းနေထိုင်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ရေနှင့် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုတို့ရဲ့ ဆက်စပ်ပုံနဲ့ပက်သက်ပြီး International Water Management Institute (IWMI) နဲ့ နည်းဗျူဟာအစီအစဥ်ပိုင်းဆိုင်ရာမှာဦးဆောင်သူ တစ်ဦးဖြစ်တဲ့ Alan Nicol တို့က ယခုလိုဆွေးနွေးထားကြပါတယ်။
မိုးခေါင်ရေရှားခြင်းနဲ့ ရေကြီးရေလျှံမှုတွေဟာ နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်ခြင်းနဲ့ ဘယ်လိုဆက်စပ်နေပါသလဲ။
ရာသီဥတုကြောင့် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုဖြစ်စဥ် အဆင့်ဆင့်
နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုဖြစ်စဥ်တွေဟာ ရေရဲ့အခန်းကဏ္ဍတစ်ခုတည်း ကြောင့်ဖြစ်နိုင်သလား။
ရေနှင့်ပက်သက်သည့် အငြင်းပွားမှုများ
ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များရှားပါးလာတာနဲ့အမျှ စက်မှုလက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေလိုအပ်ချက်များမှာလည်းမြင့်တက်လာနေတဲ့အတွက် ရေနဲ့ပက်သက်တဲ့ အငြင်းပွားမှုတွေဖြစ်ပေါ်လာရပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား၊ ဒေသတစ်ခုနှင့် တစ်ခု၊ အဖွဲ့အစည်းများအကြား ဖြစ်ပွားနေတဲ့ ရေနှင့်ပက်သက်တဲ့ အငြင်းပွားမှုများဟာ ရေအခန်းကဏ္ဍတစ်ခုတည်းအပေါ်မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ တင်းမာမှုများကိုပါဖြစ်ပေါ်စေနိုင်ပါတယ်။
လေ့လာသုံးသပ်သူများကတော့ ဆီးရီးယားနိုင်ငံအတွင်း အငြင်းပွားမှုများဟာ မိုးခေါင်ရေရှားမှုကနေအစပြုခဲ့ပြီးတော့ အစုလိုက်အပြုံလိုက် နေရပ်ဒေသစွန့်ခွာ ရွေ့ပြောင်းနေထိုင်မှုများနှင့် အငြင်းပွားမှုများကို ဆက်လက်ဖြစ်ပေါ်စေခဲ့ကြောင်း ယူဆထားကြပါတယ်။ သို့ပေမယ့် ရေအခန်းကဏ္ဍတစ်ခုတည်းကြောင့် ထိုကဲ့သို့ အငြင်းပွားမှုများဖြစ်ပေါ်လာရကြောင်း ကောက်ချက်ချဖို့ရာ အင်မတန်မှ ခဲယဥ်းပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသအများစုတွင် မိုးခေါင်ရေရှားမှုအပြင် စားသောက်ကုန်စျေးနှုန်းမြင့်တက်မှု၊ နိုင်ငံရေး လူမှုရေးအခြေအနေတင်းမာမှုတွေနဲ့ လူတစ်ဦးစီရဲ့ လူနေမှုဘဝရည်မှန်းချက်တွေရဲ့ သက်ရောက်မှုတွေကလည်း အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။
ယနေ့ခေတ်အခါမှာ ထိုပြဿနာများကို ဖြေရှင်းပြီး ပိုမိုကောင်းမွန်သော အခြေအနေများဖန်တီးဖို့ရာ ဆွေးနွေးမှုတွေ၊ သတင်းအချက်အလက် မျှဝေမှုတွေ၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တရားနည်းလမ်းကျကျ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။