ရာသီဥတု ပြောင်းလဲခြင်းအတွက် ရေဘက်ဆိုင်ရာ အဖြေရှာမှု နည်းလမ်း (၃)သွယ်

Animal-herd-in-the-Azraq-desert-in-Jordan-950 Photo: Seersa Abaza / IWMI
 ရာသီဥတုပြောင်းလဲခြင်းသည် လူသားတို့ကြုံတွေ့နေရသော အရေးကြီးဆုံး အခန်းကဏ္ဍ များထဲမှ တစ်ခုဖြစ်သည်။ ထိုပြောင်းလဲခြင်းသည် ကမ္ဘာလုံးဆိုင်ရာ အပူချိန် မြင့်တက်လာမှုနှင့် ရာသီဥတု လွန်ကဲစွာဖောက်ပြန်မှု တိုးပွားခြင်းကို ဖြစ်စေသော အကြောင်းပြချက်သာမက ရေရရှိနိုင်မှုနှင့် ဖြန့်ဝေခြင်းကဲ့သို့သော အဓိကကဏ္ဍများအတွက်လည်း ဖောက်လွဲဖောက်ပြန် ဖြစ်စေနိုင်သည်။

ရေရရှိနိုင်ရန် မသေချာမှုများ ကမ္ဘာတစ်ဝှမ်းတွင် မြင့်တက်နေစဉ် ၁၉၈၀ ပြည့်နှစ်များမှစ၍ ရေလိုအပ်မှုသည် နှစ်စဉ်နှစ်တိုင်း (၁)ရာခိုင်နှုန်းတိုးပွားလျက်ရှိသည်။ ထိုအခြင်းအရာသည် ကမ္ဘာလုံးဆိုင်ရာ ရေတန်ဖိုးနှုန်းထား မြင့်တက်မှုကို ဖြစ်စေပြီး ယနေ့ခေတ်တွင် အခြေခံလိုအပ်ချက်များအတွက်ပင် ဘီလီယံချီသော လုံခြုံစိတ်ချရသည့် ရေအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။ ရေခမ်းခြောက်မှုများ၊ ရေကြီးခြင်းနှင့် ရေရရှိနိုင်ရန် မသေချာမှုများ မကြာခဏ ဖြစ်ပေါ်နေသော နေရာများတွင် လူမှုပတ်ဝန်းကျင်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေသောကြောင့် တီထွင်ဆန်းသစ်သော ရေစီမံခန့်ခွဲမှုအဖြေများသည် လူထုအသိုက်အဝန်း၏ ရှင်သန်ဖွံ့ဖြိုးနိုင်စွမ်းအတွက် အဓိကသော့ချက်ပင် ဖြစ်လာသည်။

ကုလသမဂ္ဂအဖွဲ့အစည်း၏ ရေဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၏ ထုတ်ပြန်ချက်များအရ ၂.၂ ဘီလီယံထက်ပိုသော လူများသည် သောက်ရေသန့် မရရှိနိုင်ပြီး ကမ္ဘာ့ထက်ဝက်သော လူဦးရေသည် ရေဆိုးထုတ်စနစ် မရှိပါ။ လက်တလော ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ပိုမိုကောင်းမွန်သော ရေစီမံခန့်ခွဲမှု လုပ်ဆောင်ချက်များမှာ အလွန်အရေးကြီးသည်။ ရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ကာ ပြန်လည်သုံးစွဲနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရေးအတွက် တီထွင်ဆန်းသစ်မှုများနှင့် သုတေသနပြုမှုများသည် လူသားရင်းမြစ် ရှင်သန်နိုင်ရေးအတွက် အထူးပင် လိုအပ်နေသော်လည်း ကမ္ဘာ့ထက်ဝက်သော ရေမရရှိနိုင်သည့်လူဦးရေအတွက် ဆက်စပ်သော မေးခွန်းများ ထွက်ပေါ်နေဆဲပင်ဖြစ်သည်။ "ရေကိုတန်ဖိုးထားပါ" ဟူ၍ ယခုနှစ် ကမ္ဘာ့ရေနေ့အတွက် ဆောင်ပုဒ်ဖြစ်ခဲ့သည်။ ယခင်ကထက်ပို၍ ကျွန်မတို့သည် ရာသီဥတုပြောင်းလဲခြင်းအတွက် အကျိုးရှိနိုင်သော ရေဘက်ဆိုင်ရာ အဖြေရှာမှု နည်းလမ်းများကို ပိုမိုတောင့်တနေကြပါသည်။ အောက်ဖော်ပြပါ IWMI ၏ ဥပမာ ၃ ခုသည် အစားအသောက်၊ ရေနှင့် မြေဆီလွှာ စနစ်ကို စိန်ခေါ်နေသော ရာသီဥတု ပြောင်းလဲမှုအတွက် လက်ဆုပ်လက်ကိုင် ပြနိုင်သော အဖြေရှာမှုများပင် ဖြစ်သည်။

  ၁။ လယ်သမားများအတွက် ကာကွယ်ရနိုင်သော ရေကြီးမှု အာမခံ

ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော မုန်တိုင်းများ မြင့်တက်လျက်ရှိရာတွင် ရေကြီးနိုင်သော ပတ်ဝန်းကျင်ရှိ လယ်သမားများသည် မုန်တိုင်းနှင့် ရေကြီးခြင်းများ ဖြစ်တိုင်း ကောက်ပဲသီးနှံများ ဆုံးရှုံးခြင်း၊ ငွေဆုံးရှုံးခြင်းနှင့် တခါတရံ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များပင် ဆုံးရှုံးနေပါသည်။ ၂၀၀၁ နှင့် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားသည့် ၇၄ ရာခိုင်နှုန်းသော သဘာဝဘေးအန္တရာယ်များမှာရေဘေးဖြစ်ခသည်။ လွန်ခဲ့သော နှစ်၂၀ အတွင်း လူဦးရေ ၁၆၆,၀၀၀ ထက်ပိုသော သေကြေပျက်စီးမှုများ ဖြစ်စေခဲ့သည့် ရေကြီးမှုများနှင့် ရေခမ်းခြောက်မှုများသည် ကမ္ဘာ့လူဦးရေ ၃ ဘီလီယံ ကျော်ကို ဘေးသင့်စေခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံ စီးပွားရေးနစ်နာမှုများ ရှိခဲ့သည်ဟု ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ၂၀၂၀ခုနှစ် ရေဘက်ဆိုင်ရာဖွံ့ဖြိုးမှု ဆောင်းပါးက ဖော်ပြသည်။ ထို့ကြောင့် ရေကြီးမှုကာကွယ်နိုင်သော အာမခံညွှန်းကိန်းသည် အလွန်အရေးကြီးသည်။ IWMI သုတေသနပညာရှင်များသည် ရာသီဥတုပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်နိုင်သော လယ်သမားများအတွက် အထောက်အပံ့နှင့် သတိပေးတားမြစ်ချက်များကို လုပ်ဆောင်ပေးလျက်ရှိသည်။ Index-based flood insurance (IBFI) ရေကြီးမှုကာကွယ်နိုင်သော အာမခံညွှန်းကိန်းသည် ရေကြီးမှုကြောင့် ဖြစ်ပေါ်လာသော လယ်သမားများ၏ ဆုံးရှုံးမှုများအတွက် လျော်ကြေးများကို ပိုမိုမြန်ဆန်အောင် တွက်ချက်နိုင်သော ဂြိုလ်တုအချက်အလက်များအတွက် စနစ် ဖြစ်သည်။ အာမခံလျော်ကြေးများသည် အများအားဖြင့် လယ်ထဲသို့ တိုက်ရိုက်ရောက်ရှိပြီး မြေဩဇာဝယ်ခြင်းနှင့် လယ်သမားတို့၏ဝင်ငွေ ပြန်လည်ရရှိရေးအတွက် ဖြစ်သည်။ ကမ္ဘာ့လယ်သမား သန်းတစ်ထောင် ခန့်သည် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေးဆိုင်ရာ ရေကြီးမှုအာမခံ ထားရှိမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုအတွက် ဝန်ပေါ့စေမည်ဟု IWMI ၏ သုတေသနပညာရှင်များက ခန့်မှန်းခဲ့သည်။

၂။  MENA စီမံကိန်း အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကဒေသများတွင် ရေခမ်းခြောက်ခြင်းကို စောင့်ကြည့်လေ့လာမှု

အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကဒေသများကို ကမ္ဘာ့အခြောက်သွေ့ဆုံးနေရာများဟု သတ်မှတ်ထားသည်။ ရာသီဥတုပြောင်းလဲမှုနှင့်အတူ မိုးရွာသွန်းမှုပြောင်းလဲခြင်းခြားနားမှု မြင့်တက်လာပြီး ကိန်းဂဏန်းနှင့် ယေဘုယျသဘောတရားအရ ၁,၇၀၀ စင်တီမီတာ ထက်နည်းသော မြို့တစ်မြို့၏ တစ်နှစ်တာမိုးရေချိန်အမှတ်အတိုင်း ရေခမ်းခြောက်မှု ဖြစ်ပေါ်လာသည်။ MENA နိုင်ငံများသည် ရေချိုမလုံ လောက်မှုကဲ့သို့သော ပြဿနာများနှင့် ဘေးသင့်မှုများအတွက် စီမံခန့်ခွဲမှုယိုယွင်းပျက်စီးမှုများကို ခံစားနေရသည်။ IWMI ၏ ဦးဆောင်မှု များအတိုင်း MENA ရေခမ်းခြောက် ခြင်းဆိုင်ရာပရောဂျက်သည် ဂျော်ဒန်န၊ လက်ဘနွန်နှင့် မောရိုကိုနိုင်ငံများ၌ ရေခမ်းခြောက်ခြင်းပြ မြေပုံညွန်းများနှင့် စောစီးလျင်မြန်စွာ ဘေးအန္တရာယ်သတိပေးစနစ်များ ရရှိနိုင်စေရန် ရည်ရွယ်ထား ပြီး ရေခမ်းခြောက်မှုတားဆီးနိုင်စေရန် တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်နေကြ သည်။ အသိပညာရှင်များ အတတ်ပညာရှင်များနှင့် ပေါ်လစီချမှတ်သူများ အတူတကွ ဝိုင်းဝန်းစုပေါင်း အလုပ်တွဲလုပ်ကြခြင်း ဖြင့် သုတေသနပညာရှင်များက MENA နိုင်ငံ သုံးနိုင်ငံ၏ ဒေသတွင်း အခြေအနေပြ မြေပုံများ ပြင်ဆင်လျက်ရှိသည်။ ဤနည်းဖြင့် ရေခမ်းခြောက်မှုနှင့် နောက်ဆက်တွဲ အကျိုး ဆက်များကို စောင့်ကြ ည့် နိုင် ပြီး သတ်မှတ်ထားသော ပြည်နယ် တွင်းနယ်မြေများထက် ဒေသတွင်း ကိုယ်စားပြုသော ပုံစံစနစ်တစ်ခုလုပ်နိုင်ပြီ ဖြစ်သည်။ အချုပ်အားဖြင့် ယခုစီမံကိန်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အစိုးရဌာနများကို ရေခမ်းခြောက်မှုဆိုင်ရာ သတင်းအချက်အလက်၊ ထုတ်ပြန်ချက်များနှင့်အတူရေဘက်ဆိုင်ရာ အုပ်ချူပ်စီမံမှု တိုးတက်စေရန် ကူညီလျက်ရှိပြီးရာသီဥတု ဘေးသင့်မှုများအတွက် ကာကွယ်ရေးနည်းဗျူဟာများကိုလည်း အနာဂတ်စီမံကိန်းများနှင့်အတူ အဆင့်မြင့်စေသည်။

 ၃။  ရေအမျိုးအစားမျိုးစုံဖြင့် ဘက်စုံရေသိုလှောင်ထားမှုသည် ရာသီဥတုပြောင်းလဲမှုဒဏ်အတွက် ကြံ့ခိုင်နိုင်မှုမြှင့်တင်နိုင်ခြင်း

ရေလိုအားနှင့်ရေထောက်ပံ့နိုင်မှုကြား ရေသိုလှောင်မှု ကွာဟချက်ကိုလျော့ချဖို့ရာ ထည့်သွင်းစဥ်းစားထားသည့် ရေရရှိနိုင်စွမ်းအတွက်လည်း IWMI မှ သုတေသန ပြုလုပ်လျက်ရှိသည်။ သုသေသနစာတမ်းများတွင် IWMI ၏ သုတေသနပညာရှင်များက ကမ္ဘာပေါ်တွင် တိုးပွားလာသောလူဦးရေ နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုသည် ကမ္ဘာ့ ရေလိုအပ်မှု မည်သို့မည်ပုံ ပိုမိုဖြစ်ပေါ်လာစေသည်ဟု ရှင်းလင်းပြ ထားသည်။ ထို့အပြင် ရေချို သိမ်းဆည်းသိုလှောင်မှုပမာဏ ကမ္ဘာ့အတိုင်းအတာအရ လျော့ကျလာခြင်းကို အသိပညာရှင်များက ထောက်ပြ ထားသည်။ ဤသို့ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ဖောက်ပြန်ခြင်းတို့၏ နောက်ဆက်တွဲ အနေဖြင့် မြေအောက်ရေနှင့် အင်းအိုင်များ ရှားပါးလာစေ ပြီး ရေခဲတောင်များ ပြို ခြင်း ၊ ဆည်တာတမံများ ရေနောက်ခြင်း (siltation of reservoirs) တို့ ဖြစ် စေသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုသည် ရေချို သိမ်းဆည်းသိုလှောင် မှု ပမာဏထက် နည်းပါးလျက်ရှိ သော်လည်း ရေလုံလောက် စွာ မသိုလှောင်နိုင်မှု နှင့် ရေချို ရှားပါးလာခြင်းသည် လူမှုစီးပွား ဖွ့ဖြိုးတိုးတက်လာမှုအတွက် စီမံခန့်ခွဲမှု စိန်ခေါ်မှုနှင့် ကန့်သတ်ချက်ဖြစ် လာသည်။လူမှု ပတ်ဝန်းကျင် အကျိုးပြု အထောက်အပံ့ပေးနိုင်မည့် ရေချို သိမ်းဆည်းသိုလှောင်မှု သဘောတရားသည် ပိုမိုကောင်းမွန်ထိရောက်သော အစီအမံများ၊ သဘာဝ နှင့် လူလုပ် ရေသိုလှောင်မှုနည်းလမ်းများအတွက် အထောက်အပံ့ဖြစ်စေသည်။

အထက် ဖော်ပြပါ ဥပမာ ၃ခုသည် များပြားလှသော IWMI စီမံကိန်းများထဲမှ ကောက်နှုတ်ချက်ဖြစ်သည်။ အချုပ်အားဖြင့် ရာသီဥတု ပြောင်းလဲမှု နောက်ဆက်တွဲ ဆိုးကျိုးသည် တိုးပွားလာသောကမ္ဘာ့လူဦးရေ ပေါ်မူတည်ပြီး "ရေ" ပြဿနာ သာလျှင် ထောက်ပြအရနိုင်ဆုံး ဖြစ်သည်။ ထို့ကြောင့် IWMI ၏ သုတေသနပြု ချက်များကို ကမ္ဘာ့ အသိုင်းအဝိုင်းကြား လိုအပ်ပြီး အချို့နေရာများတွင် ရေတန်ဖိုး မြင့်တက်လာသည်နှင့်အမျှ လက်ရှိ ရေအရင်းအမြစ်ကို အကျိုးရှိရှိ အသုံးပြုမှုသည် အသက်တမျှ အရေးပါလှသည်။ ဤသို့ဖြင့် သုတေသနပညာရှင်များသည် ရေသိုလှောင်သိမ်းဆည်းခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း စသည့် ဆန်းသစ်တီထွင်သော နည်းလမ်းများကို ရှာဖွေစူးစမ်းလျက် ရှိကြသည်။


Original Article - Three ways great water solutions can address climate change - International Water Management Institute (IWMI)

Translated by Shwe Yati Su - The Water Agency

Final Call For Entries To Join Water Innovators Fr...
Myanmar Water Journal - February/March 2021
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal