ရှေ့သို့ ခရီးရောက်တိုးတက်သော မိတ်ဖက်အဖွဲ့အစည်းများဖြစ်ရေး နည်းဥပဒေသများ

ရှေ့သို့ ခရီးရောက်တိုးတက်သော မိတ်ဖက်အဖွဲ့အစည်းများဖြစ်ရေး နည်းဥပဒေသများ

တစ်ကမ္ဘာလုံးဆိုင်ရာ သဘောတူညီထားတဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (Sustainable Development Goals) ကို အခုလက်ရှိအချိန်ကနေ ၂၀၃၀ ခုနှစ် အတွင်း ကျွန်တော်တို့ စွမ်းဆောင်အောင်မြင်နိုင်ဖို့ဆိုရင် လူပေါင်း သန်းတစ်ဝက်နီးပါးကို အန္တရာယ်ကင်း စိတ်ချရတဲ့ သောက်ရေရရှိအောင်၊ လူပေါင်းတစ်သန်းကို ပိုပြီးတိုးတက်ကောင်းမွန်တဲ့ မိလ္လာရေဆိုးထုတ်သန့်စင်စနစ်တွေ နေ့စဉ်ရရှိနိုင်ဖို့အတွက်လိုအပ်တယ်။ SDG 6 အရ ရေနှင့်မိလ္လာရေဆိုးသန့်စင်စနစ်အတွက် ရည်မှန်းချက်တွေပြည့်မီဖို့စကေးပမာဏကတော့ အကြီးကြီးပဲ။ ဒါပေမဲ့ လုံးဝမဖြစ်နိုင်တဲ့ စိန်ခေါ်မှုတော့မဟုတ်ဘူး။

အောင်မြင်မှုရရှိဖို့အတွက် ပါဝင်ရမယ့်အရာတွေ အများကြီးလိုအပ်တယ်။ သို့ပေမယ့် အခုလိုကြောက်လန့်စရာကောင်းတဲ့ လုပ်ငန်းစဉ်ဟာ မိတ်ဖက်အဖွဲ့အစည်းများပေါင်းစပ်ဖွဲ့စည်းခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့ အခန်းကဏ္ဍကို အခြားအစိတ်အပိုင်းတွေထက်ပိုပြီး အပြည့်အဝ အရေးပါစေတယ်။ ဒါကို မိတ်ဖက်အဖွဲ့အစည်းများနဲ့ နယ်ပယ်ကဏ္ဍပေါင်းစုံက အဖွဲ့အစည်းတွေပူးပေါင်းပြီး ကိုင်တွယ်ဖြေရှင်းနည်း တွေကို ထောက်ခံအားပေးထားတဲ့ SDG 17 မှာ အထူးသဖြင့် အသိအမှတ်ပြု ဖော်ပြထားတယ်။ ရေအခန်းကဏ္ဍထဲက အများစုအတွက် မေးရမှာက "ဘာကြောင့်မိတ်ဖက်အဖွဲ့အစည်း တွေလိုတာလဲ ဆိုတဲ့မေးခွန်းမဟုတ်ဘဲ ဘယ်သူတွေနဲ့ ဘယ်လိုပူးပေါင်းပြီး အကျိုးသက်ရောက်မှုရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ" ဆိုတဲ့ မေးခွန်းသာဖြစ်တယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ဟာ အဓိပ္ပါယ်ပြည့်ဝတဲ့၊ ရေရှည်ခံတဲ့ ၊ အားလုံးပါဝင်တဲ့ နည်းလမ်းတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း တန်ဖိုးတွေ ဘယ်လိုပေါင်းထည့်ကြမလဲ။

SDGs ကိုစွမ်းဆောင်အောင်မြင်ဖို့လို့လုပ်ဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အရေအတွက်သာမက အရည်အသွေးပါ မြင့်မားလာစေမဲ့ တိုးတက်ပြောင်းလဲခြင်း နှင့် ရှေ့ကိုခရီးရောက်စေတဲ့ မိတ်ဖက်အဖွဲ့အစည်းဆိုုင်ရာ စည်းမျဉ်းဥပဒေသ ၃ ခုကို ဖော်ပြသွားပါမယ်။

၁။ မမြင်နိုင်တဲ့ ပါဝင်ပတ်သက်သူများကို အသိအမှတ်ပြုပါ။ 

ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်း ဖော်မြူလာထဲက လူတစ်ချို့ကို ကျွန်တော်တို့ဟာ အလေးမထားဘဲ ဖယ်ထုတ်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့စိတ်ထဲမှာ လူတစ်ချို့ဟာ ကျွန်တော်တို့လုပ်ဆောင်မှုတွေကနေ သွယ်ဝိုက်အကျိုးအမြတ်ခံစားနေသူတွေအဖြစ် မှတ်ယူကြတယ်။ ဒီထက်ပိုဆိုးတာက လူတစ်ချို့ဟာ ပြဿနာဖြစ်စေရတဲ့ အကြောင်းရင်းတွေလို့ တွေးမိနေလို့ပါပဲ။ အဲဒီအစား ကျွန်တော်တို့က သူတို့ကို ပြဿနာတွေရဲ့အဖြေကို ပူးပေါင်းရှာဖွေပေးနိုင်မဲ့ အလားအလာရှိ မိတ်ဖက်တွေအနေနဲ့ မြင်ရမှာဖြစ်တယ်။ 

မြို့ပြနေ နွမ်းပါးလှတဲ့ အခြေခံလူတန်းစားတွေနဲ့ တရားမဝင်အခြေချနေထိုင်တဲ့ကျူးကျော်တွေဟာ ဝန်ဆောင်မှုလုပ်ငန်းကိစ္စရပ်တွေအတွက် ခက်ခဲတဲ့ အခြေခံစားသုံးသူအုပ်စုဖြစ်နိုင်ပါတယ်။ အဲလို့ အခြေအနေဟာ Maynilad လို့ခေါ်တဲ့ မနီလာမြို့ပြ ဒေသရဲ့ အနောက်ခြမ်းတစ်ဝက်ကို ဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းက ဆင်းရဲတဲ့လူမှုအသိုင်းအဝိုင်းတစ်ခုဟာ သူ့ကိုယ်ပိုင်ရေဖွဲ့စည်းပုံစနစ်ကို လုပ်ဆောင်လည်ပတ်ခြင်းကနေ အကျိုးအမြတ်ရရှိနိုင်တဲ့ သမဝါယမလုပ်ငန်းတွေကို ကူညီတည်ထောင်ပေးဖို့ ဦးတည်စေခဲ့တယ်။ အဲဒီသမဝါယမ လုပ်ငန်းတွေကို လူမှုအဖွဲ့အစည်းထဲက အမျိုးသမီးတွေက အများစုဦးဆောင်လုပ်ကိုင် နေတာဖြစ်ပြီး မြို့ပြရေမိတ်ဖက်အဖွဲ့အစည်းတွေအတွက် အောင်မြင်တဲ့ပုံစံတစ်ခုဖြစ်တယ်။

မမြင်နိုင်တဲ့ ပါဝင်ပတ်သတ်သူနောက်တစ်ဦးကတော့ ပတ်ဝန်းကျင်ပါပဲ။ ဘာကြောင့်လဲ။ အဓိကကတော့ သူကစကားမပြောတတ်လို့ပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကပဲ သြစတြေးလျ ဥပဒေပြုလွှတ်တော်အမတ်တွေက Yarra မြစ်ကို "ဘက်ပေါင်းစုံပေါင်းစည်းထားတဲ့ သက်ရှိသဘာဝ အရာတစ်ခု" အနေနဲ့အသိအမှတ်ပြုလိုက်ပြီးတော့ မြစ်ရဲ မူလပိုင်ဆိုင်သူတွေ ဖြစ်တဲ့ Wurundjeri လူမျိုးစုတွေကို ကြီးကြပ်ကွပ်ကဲမှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်သူအဖြစ် ခွင့်ပြု သတ်မှတ်လိုက်တယ်။

ဒေသခံတွေက ရေအရင်းအမြစ်တွေနဲ့ပတ်သတ်လို့ ကြာရှည်ပြီးရင်းနှီးကျွမ်းဝင်တဲ့ သမိုင်းကြောင်းရှိတော့ ကျွန်တော်တို့ အခုမှစပြီးရှာဖွေဖော်ထုတ်မလို့ ရှိသေးတဲ့ ဂေဟဗေဒစနစ်နဲ့ နှီးနွယ်ဆက်စပ်မှု ချဉ်းကပ်နည်းတွေကို သူတို့ကအပြည့်အဝ အတွင်းကျကျနားလည်နေနိုင်တယ်လေ။ သူတို့ကိုအသိအမှတ်ပြုပေးဖို့၊ လုပ်ပိုင်ခွင့်အာဏာပေးဖို့က ဘယ်လောက်ထိ ထိရောက်စွမ်းဆောင်နိုင်လဲဆိုရင် Drawdown (2017)ဆိုတဲ့စာအုပ်က IP မြေစီမံခန့်ခွဲမှုသည် ကမ္ဘာကြီးပူနွေးလာမှုကိုရင်ဆိုင်ဖြေရှင်းရာတွင် လေယာဉ်ပျံက ထုတ်လွှတ်မှုများကို လျှော့ချခြင်း သို့မဟုတ် LED အလင်းပေးစနစ်သို့ ပြောင်းလဲခြင်းတွေထက် ပို၍ထိရောက်သောနည်းလမ်းဖြစ်သည် ဆိုပြီးဖော်ပြတဲ့အထိပဲ။ အဲ့လောက်ထိ စွမ်းဆောင်နိုင်တယ်။

၂။ အဆင်သင့်ရှိပြီးသား ဖြေရှင်းနည်းတွေအပေါ်မှာမဟုတ်ဘဲ ပြဿနာတွေအပေါ်အခြေပြုပြီး မိတ်ဖက်အစုအဖွဲ့များ ဖွဲ့စည်းတည်ဆောက်ပါ။

လူထုအခြေပြု ဒီဇိုင်းက ကျွန်တော်တို့ကို ဘာသင်ကြားလိုက်လဲဆိုတော့… မင်းဟာ လူထုအဖွဲ့အစည်းတစ်ခုရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ချဉ်းကပ်မယ်ဆိုရင် မင်းရဲ့ ကိုယ်ပိုင်ဖြေရှင်းချက်ကို ချစ်နေရမှာမဟုတ်ဘူး.. သူတို့ရဲ့ ပြဿနာကိုချစ်နေရမှာ ဆိုတာပဲ။ 

ဖိလစ်ပိုင်က မြို့ပြရေဘက်ဆိုင်ရာ အဆောက်အအုံအင်္ဂါရပ်တွေမှာ အများပြည်သူဆိုင်ရာနဲ့ ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မှုတွေဟာ တစ်ရှိန်ထိုး တိုးမြင့်လာတာကိုတွေ့ရတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ လူဦးရေကကျိုးတိုးကျဲတဲ၊ ဝင်ငွေကလည်းနည်း၊ ရှေ့မှာဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကလည်း နတ္ထိဖြစ်နေတဲ့ ကျေးလက်ဒေသတွေဆို ပုံမှန်အားဖြင့်လက်တွန့်တယ်။ ရှောင်တယ်။ အဲလိုဆိုရင် ကျွန်တော်တို့ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကငွေအရင်းအနှီးလှုပ်ရှားမှုကိစ္စကို ဘယ်လိုလုပ်ကြမလဲ။

ကွင်းဆင်းလေ့လာပြီးတော့ သုတေသနတွေလုပ်ဆောင်ပြီးတဲ့အခါမှာ ကျွန်တော်တို့ကုမ္ပဏီ Metro Pacific Water က ကျွန်တော်တို့ဟာ ဒီပြဿနာကို နည်းလမ်းအမှားကြီးနဲ့ ဘယ်လိုချဉ်းကပ်နေမိလဲဆိုတာ ရှာတွေ့ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အဆင်သင့်ရှိနေတဲ့ဖြေရှင်းနည်း-မြို့ပြဧရိယာတွေရဲ့ ရေပြဿနာတွေကို ဖြေရှင်းနေကျနည်းလမ်းဖြစ်တဲ့ အခြေခံအဆောက်အအုံအင်္ဂါရပ်… ဒီနည်းဟာ ကျေးလက်အခင်းအကျင်းနဲ့ လုံးဝမကိုက်ညီဘူးဆိုတာ တွေ့လိုက်ရတယ်။

ကိုယ့်လူမှုအဖွဲ့အစည်းကို အင်မတန် စိတ်အားထက်သန်စွာ ကူညီပေးချင်တဲ့၊ ရဲရင့်တဲ့ ဒေသခံတွေသာ လူ့အဖွဲ့အစည်းကို သူတို့ဘယ်လိုကူညီရမလဲ ဆိုတာသိရင်၊ အဲ့လိုလုပ်ဆောင်နိုင်ဖို့လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ သူတို့ကို တပ်ဆင်ပံ့ပိုးပေးမယ်ဆိုရင်၊ သူတို့ကိုအသေးစား စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအဖြစ် ပြုစုပျိုးထောင်ပေး နိုင်သွားပြီ။ အခုဆို ကျွန်တော်တို့ ကုမ္ပဏီရဲ့အခန်းကဏ္ဍက ဒေသခံ ရေချန်ပီယံတွေကို ပြုစုပျိုးထောင်၊ ပံ့ပိုးကူညီ ပေးပြီး သူတို့ကို ကျေးလက် ရေစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအဖြစ် ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဝန်ဆောင်မှုပေးလိုတဲ့ သူတွေဆီကနေ သေချာပေါက်သင်ယူလေ့လာလိုစိတ်ရှိရမယ်။ အဲဒါမှ သူတို့ရဲ့ ပြဿနာတွေနဲ့ သက်ဆိုင်တဲ့ ဆီလျော်တဲ့အဖြေတွေကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်။

 ၃။ လူမှုရေးဆန်းသစ်တီထွင်မှုကို အသားပေးပါ။

ကျွန်တော်တို့ဟာ နည်းပညာရပ်ပိုင်း ကျွမ်းကျင်မှုစွမ်းရည်နဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေ အားလုံးအတွက် လုံးပမ်းနေရင်း လူမှုအဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ နောက်ကျန်ရစ်ခဲ့တယ်။ 

ပြည်သူလူထု အကြားဆက်သွယ်ပြောဆိုမှုနဲ့ပါဝင် သက်ဆိုင်သူများအကြား ချိတ်ဆက် ဆက်စပ်မှုဟာ WASH ရဲ့အရေးကြီးဆုံး အလုပ်တွေထဲက အချို့ဖြစ်နေပေမဲ့ အဲဒီအလုပ်တွေကပဲ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်နေတယ်။ လူ့အဖွဲ့အစည်းက လူတော်တော်များများက ရေဘက်ဆိုင်ရာ အခန်းကဏ္ဍနဲ့ ရေနှင့်အသက်မွေးဝမ်းကြောင်းပြုလုပ်နေသူတွေရဲ့ အလုပ်ကိုရော အထင်မကြီးကြတာ အံ့အားသင့်စရာတော့မရှိပါဘူး။ ဒါကြောင့်လည်း တက်သစ်စ စီးပွားရေးတော်တော်များများအတွက် ငွေအရင်းအနှီးမတည်ဖို့က အခက်အခဲတစ်ခုအနေနဲ့ ရှိနေဆဲပဲဖြစ်တယ်။

လူ့အဖွဲ့အစည်းရဲ့ မှားယွင်းလေ့ရှိတဲ့ စိတ်နေစိတ်ထားတွေနဲ့ အယူအဆသဘောထားတွေ ကို ပြောင်းလဲပစ်ဖို့ဆိုရင် ဝန်ဆောင်မှုလုပ်ငန်းတွေဟာ လူတွေရဲ့ ရေအပေါ်သဘောထားပုံတွေ၊ တည်မှီပတ်သက်ပုံတွေကို အကြီးအကျယ်ပြောင်းလဲပစ်စေတဲ့ လူမှုတီထွင်ဆန်းသစ်မှုတွေကို အသုံးချဖို့လိုအပ်တယ်။ အဲ့လို နည်းလမ်းတစ်နည်းကတော့ ရေရှည်တည်တံ့တဲ့ မြို့ပြရေ အတွက် အနာဂတ်အမြင်ကို ဖော်ဆောင်ရာမှာ မြို့သူမြို့သားတွေကို ပါဝင်လာစေဖို့နဲ့ လုပ်ပိုင်ခွင့်ပေးဖို့ ဦးတည်ကြိုးပမ်းတဲ့ IWA's Water-wise Principles ကို စိတ်ဝင်တစား လက်ခံကျင့်သုံးဖို့ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းရဲ့ မှားယွင်းလေ့ရှိတဲ့ စိတ်နေစိတ်ထားတွေနဲ့  အယူအဆသဘောထားတွေကို ပြောင်းလဲပစ်ဖို့ဆိုရင် ဝန်ဆောင်မှုလုပ်ငန်းတွေဟာ လူတွေရဲ့ ရေအပေါ်သဘောထားပုံတွေ၊ တည်မှီပတ်သက်ပုံတွေကို အကြီးအကျယ်ပြောင်းလဲပစ်စေတဲ့  လူမှုတီထွင်ဆန်းသစ်မှုတွေကို အသုံးချဖို့ လိုအပ်တယ်။ အဲ့လို နည်းလမ်းတစ်နည်းကတော့ ရေရှည်တည်တံ့တဲ့  မြို့ပြရေအတွက် ဖော်ဆောင်ရာမှာ မြို့သူမြို့သားတွေကို ပါဝင်လာစေဖို့နဲ့  လုပ်ပိုင်ခွင့်ပေးဖို့ ဦးတည်ကြိုးပမ်းတဲ့  IWA's Water-wise Principles ကို စိတ်ဝင်တစား လက်ခံကျင့်သုံးဖို့ ဖြစ်ပါတယ်။

နဂိုအတိုင်း မတိုးတက်မပြောင်းလဲနိုင်သော စီးပွားရေးကို ရှောင်လွှဲဖို့ဆိုရင် ယခင်ကျင့်သုံးနေတဲ့ မိတ်ဖက်ပေါင်းစည်းမှု တွေကိုလဲ အဆုံးသတ်မှရမယ်။ ရှေ့ကိုခရီးရောက်တိုးတက်စေတဲ့ ဒီမိတ်ဖက်ပေါင်းစည်းမှု ဥပဒေသစည်းမျဥ်း ၃ ခုကိုကျင့်သုံးမယ်ဆိုရင် အဲဒီရလဒ်ထွက်လာဖို့ကူညီပေးလိမ့်မယ်။ ဝန်ဆောင်မှုတွေဟာ အမြင်ကျဉ်းမြောင်းတယ်၊ တစ်ဦးတည်း တစ်ယောက်တည်းလုပ်ဆောင်တတ်တယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ရာဇဝင်ရှိတယ်။ ဒါပေမဲ့ ဒီကနေ့ ရေအခန်းကဏ္ဍဟာ လမ်းဖွင့်ပေးနေပြီး တခြားအစိတ်အပိုင်းတွေဆီကို အကိုင်းအခက်တွေ ဖြာထွက်ချိတ်ဆက်နေပြီ။ ရေ-အစာ-စွမ်းအင် ဆက်နွယ်မှုကွန်ရက်တွေအတွက်လည်း လမ်းခင်းပေးနေပြီ။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်တွေအတွက် ရှေ့တန်းတိုက်စစ်မှူးဖြစ်တဲ့ ရေအခန်းကဏ္ဍဟာ အကျိုးသက်ရောက်မှုရှိ မိတ်ဖက်အဖွဲ့အစည်းတွေကို ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေဆီသို့ ရောက်ရှိပြီးမြောက်စေဖို့ ဦးဆောင်ခေါ်သွားပြီး ရပ်တည်ကာကွယ်ပေးရမယ်။


Translated by Ma Tin Sanpai Win: a member of Myanmar Water Portal Translation Community


စိမ်းလန်းသော (‌‌မြေ)နေရာများနှင့် အပြာ‌ရောင် (ရေ)န...
ရေကဏ္ဍပိုင်းဆိုင်ရာအကျပ်အတည်းတွေကို လျှော့ချဖို့ သ...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal