ရေကဏ္ဍပိုင်းဆိုင်ရာအကျပ်အတည်းတွေကို လျှော့ချဖို့ သိပ္ပံပညာလုံလုံလောက်လောက်ရှိပြီလား?

ရေကဏ္ဍပိုင်းဆိုင်ရာအကျပ်အတည်းတွေကို လျှော့ချဖို့ သိပ္ပံပညာလုံလုံလောက်လောက်ရှိပြီလား? Dr Claudia Sadoff with the panel of speakers at the Budapest Water Summit 2019 Dr Claudia Sadoff with the panel of speakers at the Budapest Water Summit 2019

International Water Management Institute – IWMI ၏ အထွေထွေ ညွှန်ကြားရေးမှူးနှင့် ၂၀၁၉ ဘူဒါပတ်စ် ရေညီလာခံ (Budapest Water Summit 2019) တွင် အဓိကဟောပြောသူတစ်ဦးဖြစ်သော Dr. Claudia Sadoff က "ရေကဏ္ဍပိုင်းဆိုင်ရာအကျပ်အတည်းတွေကို လျှော့ချဖို့ သိပ္ပံပညာ လုံလုံလောက်လောက်ရှိပြီလား" ဟု ထိုညီလာခံမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

လက်ရှိရေအခက်အခဲများကို ရင်ဆိုင်ရန်နှင့် နောင်ဖြစ်ပေါ်လာမည့် ရေပြဿနာများကို ရှောင်လွှဲရန်အတွက် သိပ္ပံနည်းကျ တီထွင်ဖန်တီးမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် ရှိပြီးသား သက်သေခိုင်လုံသော ဖြေရှင်းချက်များကို ထိထိရောက်ရောက်အသုံးချရန် အမှန်တကယ် လိုအပ်နေပြီဖြစ်ကြောင်း Dr. Sadoff ကအလေးပေးပြောကြားခဲ့ပါတယ်။ IWMIမှ အလေးပေးရမည့် အဓိက ဧရိယာသုံးခုမှာ အစားအစာ၊ ရာသီဥတု နှင့် ရေကဏ္ဍပိုင်းဖွံ့ဖြိုးတိုးတက်မှု (Food, Climate & Growth) ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ထိုအချက်များကို ဦးစားပေးခြင်းဟာ အဓိကအချက်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ အကျိုးသက်ရောက်မှုအများဆုံး ဖြစ်စေနိုင်သော သုတေသနများကိုလည်း အာရုံစိုက်ရန်လိုအပ်ကြောင်း သူမက ပြောကြားခဲ့ပါတယ်။

SDG ရရှိရန်အတွက် "ကျွန်မတို့ဟာ တိုးတက်အောင် လုပ်ဆောင်ရင်းနဲ့ ဘယ်လောက် တိုးတက်လာတယ်ဆိုတာ တိုင်းတာဖို့လည်းလိုပါတယ်" ဟု Dr. Sadoff က ပြောပါတယ်။ "လူတိုင်းကရာသီဥတုအကြောင်းပြောကြတယ်၊ ဒါပေမယ့် ဘယ်သူမှဘာမှမလုပ်ကြဘူး" ဟုသူမက Mark Twain ကိုမှားယွင်းစွာစွပ်စွဲထားသော ကိုးကားချက်ကို မှတ်ချက်ပေးရင်းပြောကြားခဲ့ပါတယ်။ "အခုတော့ ကျွန်မတို့ဟာ ရာသီဥတုကိုဘယ်လိုခန့်မှန်းရမယ်၊ ဘာတွေပြင်ဆင်ပြီး တုံ့ပြန်ရမလဲဆိုတာ ပိုသိလာကြပါြပီ။ ပြင်းထန်သောဇလဗေဒဆိုင်ရာ ရိုက်ခတ်မှုတွေကို အနည်းဆုံး တစ်စိတ်တစ်ပိုင်းလောက် လျှော့ချနိုင်ဖို့ သိပ္ပံပညာ အလုံအလောက်လည်းရှိပါတယ်။"

"ရေစီမံခန့်ခွဲမှုအတွက် တစ်ကြိမ်တစ်ခါတည်းတက်ကြွစွာလုပ်တတ်သော အတွေးအခေါ်များကိုပြောင်းလဲပြီး တစ်စိုက်မတ်မတ် ပြုလုပ်ရန်လိုအပ်ပါတယ်။"

Dr. Sadoff

သူမဟာ ဘက်စုံအရင်းအမြစ်သုံး အဝေးထိန်းအာရုံခံကိရိယာများမှတစ်ဆင့် တောင်အာရှရှိ မိုးခေါင်မှု အန္တရာယ်ကို လေ့လာစောင့်ကြည့်ခြင်းလုပ်ငန်းများ (monitor drought risk in South Asia) နှင့် အာဖရိကတောင်ပိုင်းရှိ ရာသီဥတု/မိုးရေချိန်များနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆည်မြောင်းစနစ် (Solar Irrigation)ကို ချိတ်ဆက်အသုံးပြုသော အသက်မွေးမှုလုပ်ငန်းများ အပါအဝင် IWMI၏ လုပ်ငန်းများစွာကို ဥပမာအနေဖြင့် ဆက်လက်ပြောကြားခဲ့ပါတယ်။

ရေဆုံးရှုံးမှုလျှော့ချခြင်းနှင့် ကုန်ထုတ်စွမ်းအားတိုးတက်မှု အကြောင်းပြောရာတွင် သူမက "ကျွန်မတို့မှာ စိုက်ပျိုးရေးအတွက် ခိုင်လုံတဲ့ ရေချွေတာမှုနည်းပညာတွေအပြင် အရေးကြီးတဲ့ တခြားဆက်စပ်ဗဟုသုတတွေလဲရှိပါတယ်၊ မြို့ကြီးတွေမှာဆိုရင်လည်း ရေယိုစိမ့်မှုတွေကိုဖော်ထုတ် ပြင်ဆင်နိုင်တဲ့နည်းပညာတွေရှိပါတယ်"ဟု ပြောပါတယ်။ မူဝါဒအရဆိုလျှင်လည်း ရေကဏ္ဍပိုင်းတွင် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်သော၊ စွန့်ပစ်ပစ္စည်းနှင့် လေထုညစ်ညမ်းမှုကိုဖြစ်စေလျှင် အရေးယူနိုင်သော မူဝါဒများကို ဖော်ဆောင်ရန်လိုအပ်ကြောင်းပြောကြားပါတယ်။

ရေဆုံးရှုံးမှုလျှော့ချခြင်းနှင့် ကုန်ထုတ်စွမ်းအားတိုးတက်မှု အကြောင်းပြောရာတွင် သူမက "ကျွန်မတို့မှာ စိုက်ပျိုးရေးအတွက် ခိုင်လုံတဲ့ ရေချွေတာမှုနည်းပညာတွေအပြင် အရေးကြီးတဲ့ တခြားဆက်စပ်ဗဟုသုတတွေလဲရှိပါတယ်၊ မြို့ကြီးတွေမှာဆိုရင်လည်း ရေယိုစိမ့်မှုတွေကိုဖော်ထုတ် ပြင်ဆင်နိုင်တဲ့နည်းပညာတွေရှိပါတယ်"ဟု ပြောပါတယ်။ မူဝါဒအရဆိုလျှင်လည်း ရေကဏ္ဍပိုင်းတွင် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်သော၊ စွန့်ပစ်ပစ္စည်းနှင့် လေထုညစ်ညမ်းမှုကိုဖြစ်စေလျှင် အရေးယူနိုင်သော မူဝါဒများကို ဖော်ဆောင်ရန်လိုအပ်ကြောင်းပြောကြားပါတယ်။

"ရေရှည်တည်တံ့ခိုင်မြဲမှုဟာ အဓိကအချက်ပါပဲ၊ ကျွန်မတို့မှာရှိတဲ့ အရင်းအမြစ်တွေကို ပိုမိုနားလည်ဖို့လိုပါတယ်" ဟုသူမကဆိုပါတယ်။ ဥပမာအားဖြင့် ဂြိုဟ်တုအချက်အလက်များ၊ နမူနာပုံစံငယ်များတည်ဆောက်ခြင်းနှင့် မြေပြင်အခြေပြုတိုင်းတာမှုများကို ပေါင်းစပ်၍ ရေရရှိမှုအား မည်သည့်အချိန်တွင် မည်သို့အသုံးပြုရမည်ဆိုသည့်အပြင် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲသွားကြောင်းကိုပါ ပိုမိုနားလည်စေပါတယ်။ အထူးသဖြင့် မြေအောက်ရေစီမံခန့်ခွဲမှုမှာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၎င်းအတွက် စီမံကိန်းရေးဆွဲခြင်းမှာလည်း ရေရှည်တည်တံ့မှုအတွက်အဓိက အချက်ဖြစ်ပါတယ်။

"ရေကဏ္ဍပိုင်းဆိုင်ရာအကျပ်အတည်းများ ရှောင်ရှားရန်အတွက် ထူးကဲသောသိပ္ပံပညာဖန်တီးရန် (၎င်းအား သတိနှင့် ပညာဖြင့်အသုံးပြုရန်) လိုအပ်ပါတယ်။"

Dr. Sadoff

Dr. Sadoff က ၂၀၃၀ခုနှစ်တွင် ကမ္ဘာ့ဆင်းရဲမွဲတေမှု၏ ၄၆% မှ ၈၀% ထိဖြစ်ပေါ်နိုင်သောပျက်စီးထိခိုက်လွယ်သည့် ပြည်နယ်များ၏ ဘေးအန္တရာယ်ဒဏ်ခံနိုင်ရေးအတွက် ရေကဏ္ဍပိုင်းဆိုင်ရာ အရေးကြီးမှုကိုလည်း သတိရှိရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ ရေကဏ္ဍပိုင်းဆိုင်ရာအကျပ်အတည်းတွေဟာ ရေရှည်တည်တန့်ခိုင်မြဲသော ရေစီမံခန့်ခွဲမှုကို ပိုမိုဆိုးရွားစေပါတယ်။

Dr. Sadoff က ရေစီမံခန့်ခွဲမှုအတွက် တစ်ကြိမ်တစ်ခါတည်းတက်ကြွစွာလုပ်တတ်သော အတွေးအခေါ်များကိုပြောင်းလဲပြီး တစ်စိုက်မတ်မတ် ပြုလုပ်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ "အခုကျွန်မတို့ဟာ မြို့ပြနဲ့ ကျေးလက်ရဲ့ အရင်းအမြစ်များနဲ့ စွန့်ပစ်ပစ္စည်းစီးဆင်းမှုကို ဘယ်လိုချိတ်ဆက်ရမယ်၊ မတူညီတဲ့ရည်ရွယ်ချက်တွေကနေ မတူညီတဲ့ အရည်အသွေး၊ ကုန်ကျစရိတ်နဲ့ ယုံကြည်စိတ်ချနိုင်စွမ်းတွေကိုပိုသိလာကြပါပြီ။ မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ စိမ်းလန်းစိုပြေသော နေရာများပြုလုပ်ပေးခြင်း၊ မိုးရေစိမ့်ဝင်စုဆောင်းနိုင်သော မျက်နှာပြင်များနဲ့ ရေအောင်းလွှာ ပြန်လည်ဖြည့်တင်းခြင်းများအတွက် တီထွင်ဖန်တီးမှုများဟာ ကျွန်မတို့ရဲ့ လက်နက်များဖြစ်ပါတယ်။" ထို့နောက်သူမက ဘေးကင်းစိတ်ချရသော စွန့်ပစ်ရေပြန်လည်အသုံးပြုခြင်းနှင့် ပင်လယ်ရေကို ရေချိုပြုလုပ်ခြင်း (လွန်ခဲ့သောနှစ်၄၀အတွင်း စွမ်းအင်အသုံးပြုမှု ၉၀% လျော့ကျသွားသောကဏ္ဍ) အားဖြင့် ရေများများကို 'ဖန်တီး' နေကြောင်းဆိုပါတယ်။ ရေဆိုးသန့်စင် စနစ်မှလည်း လောင်စာဆီနှင့် မြေသြဇာကဲ့သို့ အသုံးဝင်သော ဘေးထွက်ပစ္စည်းများကို ထုတ်လုပ်ပေးနေပါတယ်။ 

IWMI မှ သယံဇာတနှင့် မြေသြဇာဓာတ်များကို ဘေးအန္တရာယ်ကင်းစွာ ပြန်လည်အသုံးပြုနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်အား ဘေးအန္တရာယ်ဖြစ်စေနိုင်သော အရာများကို ထပ်ခါတလဲလဲအသုံးပြုပြီးမှ စွန့်ပစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပါတယ်။ ဤလုပ်ငန်းများကို မြို့ပြဆင်ခြေဖုံးဒေသများတွင် လုပ်ဆောင်နေပြီး မကြာခင်မှာလည်း ဒုက္ခသည်စခန်းများမှာ စမ်းသပ်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ Dr. Sadoff က အသုံးပြုပြီးပစ္စည်းများအား ထပ်ခါတလဲလဲ ပြန်လည်အသုံးပြုနိုင်မည့် သိပ္ပံပညာကို မှန်ကန်စွာရရှိရန်သာမက စီးပွားရေးစံနမူနာများနှင့် စွန့်ပစ်ရေ ပြန်လည်အသုံးချမှုနှင့်ဆိုင်သော စည်းမျဥ်းဥပဒေများကိုပါ နားလည်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

နိဂုံးချုပ်အနေဖြင့် Dr. Sadoff က "ကျွန်မတို့ဟာ ရေကဏ္ဍပိုင်းဆိုင်ရာ အဖွဲ့အစည်းအတွင်း ဆက်သွယ်ရေးပိုမိုကောင်းမွန်အောင် လုပ်ရုံတင်မကဘဲ ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးပညာရှင်များနဲ့ ငွေကြေးထောက်ပံ့သူများနဲ့ပါ ဆက်သွယ်ရေးပိုမိုကောင်းမွန်အောင် လုပ်ရပါမယ်။ အဲ့ဒီအတွက် သိတဲ့အရာတွေရော မသိတဲ့အရာတွေကိုပါ ဖော်ပြပေးဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် တတ်နိုင်သလောက် ထိထိရောက်ရောက် လုပ်ဆောင်ဖို့ အထောက်အကူပေးနိုင်ပြီး လိုအပ်ချက် အများဆုံးနေရာတွေမှာ သုတေသနပြုလုပ်ခြင်းတွေကို ဆက်လက်အာရုံစိုက်စေနိုင်ပါတယ်။" ဟုပြောကြားခဲ့ပါတယ်။ အချုပ်အားဖြင့် Dr. Sadoff က "ရေကဏ္ဍပိုင်းဆိုင်ရာအကျပ်အတည်းများ ရှောင်ရှားရန်အတွက် ထူးကဲသောသိပ္ပံပညာဖန်တီးရန် (၎င်းအား သတိနှင့် ပညာဖြင့်အသုံးပြုရန်)" တိုက်တွန်းခဲ့ပါတယ်။ 

အဓိက ဟောပြောချက်များကို အောက်ပါ ဗီဒီယိုတွင်လည်း ဝင်ရောက်နားထောင်နိုင်ပါတယ်။

 Translated by Ma Hnin Einzali: a member of Myanmar Water Portal Translation Community 


ရှေ့သို့ ခရီးရောက်တိုးတက်သော မိတ်ဖက်အဖွဲ့အစည်းများ...
ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ လက်ရှိတွင် ရေနည်းမှတ်...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal