ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ လက်ရှိတွင် ရေနည်းမှတ်အောက် တစ်ပေခန့် လျော့ကျလျက်ရှိပြီး နောက်ထပ် ပေဝက်ခန့် ထပ်မံကျဆင်းနိုင်

ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ လက်ရှိတွင် ရေနည်းမှတ်အောက် တစ်ပေခန့် လျော့ကျလျက်ရှိပြီး နောက်ထပ် ပေဝက်ခန့် ထပ်မံကျဆင်းနိုင် Source: လဲ့လဲ့အောင်

21 January 2021 - Source: Eleven Media Group Co.,Ltd.

ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ ယခုဇန်နဝါရီလအတွင်း မန္တလေးမြို့၏ ရေနည်းမှတ်ဖြစ်သော ၃၆၀ စင်တီမီတာအောက် ရောက်သည်အထိ လျော့ကျလျက်ရှိရာ ဇန် နဝါရီ ၂၀ ရက် နေ့လယ်ပိုင်း တိုင်းထွာချက်များအရ မြစ်ရေအမှတ်မှာ ၃၂၇ စင်တီမီတာသာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ မြစ်ရေလျော့ကျမှု အခြေအနေများနှင့် ပတ်သက်ကာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက မြစ်ရေနည်း အသိပေးချက်အဖြစ် ဇန်နဝါရီလ တတိယ ဆယ်ရက်ပတ်အတွင်း မန္တလေးမြစ်ရေမှတ်မှာ လက်ရှိရေမှတ်အောက် ပေဝက်ခန့် ကျဆင်းနိုင်ပြီး ရေးနည်းသတိပေးမှတ် ၃၆၀ စင်တီမီတာ အောက်တွင်သာ ဆက်လက် တည်ရှိနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် မြို့အလိုက် ရေနည်းမှတ်များ သတ်မှတ်ထားရာ လက်ရှိတွင် မန္တလေးမြစ်ရေအမှတ် တစ်ခုတည်းသာ ရေနည်းမှတ်အောက် ရောက်သည်အထိ လျော့ကျလျက်ရှိပြီး မန္တလေးအောက်ဘက်ရှိ စစ်ကိုင်းမြို့၏ မြစ်ရေနည်းမှတ်မှာ ၁၇၀ စင်တီမီတာဖြစ်ကာ ဇန်နဝါရီ ၂၀ ရက် တိုင်းထွာချက်များအရ စစ်ကိုင်းမြစ်ရေအမှတ် မှာ ၂၅၀ စင်တီမီတာရှိကြောင်း သိရသည်။

ယခင်နှစ်များ အတွင်းကလည်း ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ ရေနည်းမှတ်အောက် ရောက်သည်အထိ လျော့ကျခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း အနည်းဆုံး ရေမှတ်အဖြစ် ၃၀၂ စင်တီမီတာအထိ လျော့နည်းခဲ့ဖူးသည့်အတွက် လက်ရှိရေမှတ်မှာ မနှစ်ကနှင့် နှိုင်းယှဉ်ပါက ၂၅ စင်တီမီတာပိုများကြောင်း သိရသည်။

ယခုကဲ့သို့ ရေနည်းကာလတွင် နှစ်စဉ်မြစ်ကြောင်း အသုံးပြု သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် ရေလမ်းကြောင်း အခက်အခဲ ဖြစ်ပေါ်လေ့ရှိရာ မြစ်အတွင်းသွားလာသည့် ရေယာဉ်များအနေဖြင့် ရေလမ်းကြောင်းတွင် သောင်တင်ခြင်း မဖြစ်ပေါ်စေရန် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များအတိုင်း ကုန်စည်တင်ဆောင် သွားလာရန် လိုအပ်ကြောင်း သိရသည်။


ရေကဏ္ဍပိုင်းဆိုင်ရာအကျပ်အတည်းတွေကို လျှော့ချဖို့ သ...
Webinar Announcement - Myanmar’s Climate Ambition
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal