Best Translation Articles of 2020

29

Myanmar Water Portal has published around 40 translation articles throughout 2020. We would like to give credit to our translation community members for all of their great effort in each article. We are grateful for the contributions of our translators and our readers. We hope that by these translation articles: (1) Translation community members could get to learn more terms relating to water and environment and could have translation experience; (2) Readers could get knowledge about a various range of topics; (3) Original articles from different websites could reach out to more Burmese audience. If you are interested, you can join our translation community group.

Here are the best translation articles of each of our translation community members in 2020. 

အနာဂတ်ဆိပ်ကမ်းအတွက် တည်ဆောက်ရမည့် အုတ်ချပ် ၇ ခု (Translated by Ko Arkar Phyo) 

Source: Port of Rotterdam

ပြောင်းလဲမှု၏ ခြေလှမ်းနှင့်အဟန့်အတား၊ တားဆီးနှောက်ယှက်မှု အရေအတွက်များ တိုးပွားလာဆဲဖြစ်သည်။ COVID-19 ကပ်ရောဂါလည်း ဖြစ်ပွားနေပြီး စီးပွားရေး ပြန်လည်ထူထောင်ကောင်းမွန်လာမည့် လမ်းကြောင်းကို ကျွန်ုပ်တို့ စဉ်းစားရန်လိုသည်။ ထို့အပြင် စွမ်းအင်ပြောင်းလဲခြင်း၊ တီထွင်စွမ်းသစ်မှု၊ ဒီဂျစ်တယ်စနစ်ပြောင်းလဲခြင်း၊ ကုန်သွယ်မှုပုံစံ ပြောင်းလဲခြင်းနှင့် အခြားပြောင်းလဲမှုများကိုလည်း ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်သည်။ ပြောင်းလဲမှုတွေနဲ့ ဟန့်တားနှောက်ယှက်နေသောပတ်ဝန်းကျင်တစ်ခုမှာ အနာဂတ်အတွက် သင့်ဆိပ်ကမ်းကို ပြင်ဆင်မှုများ ပြုလုပ်မယ်ဆိုရင် ဘယ်ကနေ စလုပ်မှာလဲ။ Read more...


ကမ္ဘာ့အရှည်ဆုံးမြစ်များထဲမှ သုံးပုံတစ်ပုံသာ လွတ်လပ်စွာ စီးဆင်းနေသည် (Translated by Ko Zaw Linn Htet) 

Source: WWF

လွတ်လပ်စွာ စီးဆင်းနေသောမြစ်များ၏ တည်နေရာနှင့် အတိုင်းအတာ ပမာဏကို တွက်ချက်ထားသော ကမ္ဘာ့ပထမဆုံး လေ့လာအကဲဖြတ်မှုသည် ကြီးမားသော ယုတ်လျော့ပျက်စီးမှုကို မီးမောင်းထိုးပြနေသည်။ WWF နှင့် မိတ်ဖက်အဖွဲ့များ၏ လေ့လာချက်အရ လူနှင့် သဘာဝအတွက် ကျန်းမာသော မြစ်များမှ ရရှိသော အမျိုးမျိုးသောအကျိုးကျေးဇူးများသည် နေရာတိုင်း၌ အကြီးအကျယ် လျော့နည်းလာပြီး ကမ္ဘာ့အရှည်ဆုံး ၂၄၆ မြစ်များထဲမှ ၃ ပုံ ၁ ပုံ ကျော်သာ လွတ်လပ်စွာ စီးဆင်းသောမြစ်များ အဖြစ်ကျန်ရှိနေတော့သည်။ Read more...


ရန်ကုန်မြို့လယ်တွင် ယခင်ကဖော်ဆောင်ခဲ့သည့် ခေတ်မီမိလ္လာစနစ်အတွက် ရေရှည်ရွေးချယ်စရာများ (Translated by Ma Ei Thinzar Myo) 

ရန်ကုန်မြို့လယ်ခေါင်တွင် တစ်ချိန်တစ်ခါက ဖော်ဆောင်ခဲ့သည့် ခေတ်မီမိလ္လာစနစ်ကို ၁၈၈၉ခုနှစ်တွင် Mr. Octavus Deacon Clarkမှ ဒီဇိုင်းဆွဲ၍ တပ်ဆင်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့လယ်နေ လူဦးရေ ၄၀,၀၀၀ခန့်အတွက် ရည်ရွယ်ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။ ယခုလက်ရှိ ရန်ကုန်မြို့လယ်ရှိ မြို့နယ် ခြောက်မြို့နယ်တွင် လူဦးရေ ၃၅၀,၀၀၀ ကျော် အခြေချနေထိုင်လျက်ရှိသည်။ ဒီဇိုင်းတွက်ချက်စဉ်က ရည်ရွယ်ဖော်ဆောင်ခဲ့သည့် လူဦးရေထက် အဆပေါင်းများစွာ ပိုမိုများပြားလာသည့် ယခုလက်ရှိလူဦးရေအတွက် ဤနှစ်ပေါင်း၁၃၀ခန့် ကြာညောင်းပြီဖြစ်သည့် မိလ္လာစနစ် အဟောင်းတစ်ခုအနေဖြင့် မည်သို့မည်ပုံ ကောင်းမွန်စွာထောက်ပံ့ လည်ပတ်ပေးနိုင်သနည်းဆိုသည်မှာ အလွန်စဉ်းစားရခက်သည့် မေးခွန်းတစ်ခုဖြစ်လာလေသည်။ Read more...


Afsluitdijk, ပင်လယ်ထဲက ဆည်တစ်စင်း (Translated by Ko Si Thu Khant Min) 

Source: NEXTBLUE
ကမ္ဘာတစ်ဝှမ်းတွင် ဆည်နှင့်ရေကာတာ အရေအတွက်သည် ဆက်လက်တိုးပွားလျက် ရှိနေဆဲပင်ဖြစ်သည်။ ၎င်းတို့သည် ရေချိုစီးဆင်းသည့် ဧရိယာများကို လှိုင်းမြင့်များမှ ကာကွယ်မှုပေးသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း ကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာကာ ကမ်းရိုးတန်းဒေသကို ရေလွှမ်းမိုးမည့် ဘေးမှလည်း ကာကွယ်ပေးသည်။ သို့သော် ပင်လယ်အတွင်း တည်ဆောက်ထားသော ဆည်နှင့် ရေကာတာများသည် အဏ္ဏဝါမျိုးစိတ်များ၏ သဘာဝအလျောက် ရွှေ့ပြောင်းနေထိုင်မှုကို အဟန့်အတား ဖြစ်စေသည်။ ဤပြဿနာကို နယ်သာလန်ရှိ Afsluitdijk တွင်ဖြေရှင်းနိုင်ပါသလား။ Read more...

မြန်မာပြည်ရှိ "ကကြိုးသွယ်နေသောမြစ်များ" Dancing Rivers -အာကာသသို့ရွေ့ပြောင်းသွားသောမြေပုံထုတ်ခြင်းများ (Translated by Ma Htay Htay Aung) 

Source: SEI

၂၀၁၈ခုနှစ် မြန်မာပြည်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူ၃၁ဦးသေဆုံးပြီး လူဦးရေ သုံးသိန်းကျော်အားရွှေ့ပြောင်းနေရာချထားပေးခဲ့ရသည်။ ဒေသတွင်းရေလွှမ်းမိုးမှုကြောင့်ဖြစ်ပေါ်လာသော ဤကဲ့သိုသဘာ၀ဘေးအန္တရာယ်များသည် မြစ်အသွင်အပြင်ပြောင်းလဲမှု၏အခန်းကဏ္ဍကြောင့်ဟု ဆိုနိုင်သည်။မြန်မာပြည်တွင်းရှိ မြစ်စနစ်များကိုပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှုရရှိစေရန်အလို့ငှာ SERVIR-Mekongနှင့် Stockholm Environment Institute (SEI) သည် "ကကြိုးသွယ်နေသောမြစ်များ" (Dancing Rivers) ဟုခေါ်သောရာသီအလိုက် မြစ်အသွင်အပြင် ဆိုင်ရာစောင့် ကြည့်လေ့လာခြင်းနှင့် သတိပေးစနစ်ကိုအကောင်အထည်ဖေါ်လျက်ရှိပါသည်။ Read more...


သဘာဝချိန်ခါ - Time for Nature (Translated by Ma Thidar Maung Maung)

Source: IWA

ယခုနှစ်၏ သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ Time for Nature "သဘာဝချိန်ခါ" ဟူ၍ပင်ဖြစ်သည်။ ငြီးငွေ့ဖွယ်ကောင်းသည့် ကိုဗစ်-၁၉ အသွားအလာ ကန့်သတ်မှုများ ပြေလျော့လာသည့် နည်းတူ ကျွန်ုပ်တို့အားလုံး စိမ်းလန်းစိုပြေသည့် သဘာဝပတ်ဝန်းကျင်ကို ခံစားသက်ဝင်လာနိုင်ခဲ့ပြီ ဖြစ်သည်။ ဂျလန်ဟာမြို့ (Jalandhar) မှတစ်ဆင့် ဟိမဝန္တာတောင်တန်းများကို လှမ်းမြင်နိုင်ခြင်းမှ အစပြု၍ ကာဗွန်ထုတ်လွှင့်မှုလျှော့ချခြင်း၊ ရေထုညစ်ညမ်းမှုလျှော့ချခြင်း စသည့် အသွားအလာကန့်သတ်ထားသည့် ကာလတစ်လျှောက်တွင် ပြန်လည်နုပျိုသစ်လွင်လာပြီး ပိုမိုကောင်းမွန်လာသည့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သတ်၍ ဆွေးနွေးစရာများ ရှိလာခဲ့ပြီဖြစ်သည်။ Read more...


သတင်းအချက်အလက် သည် အနာဂတ်ရေ - New Water (Translated by Ma Tin San Khine) 

Source: IWA

ကမ္ဘာ့နိုင်ငံများ ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် အလျောက် "ရေသည် လောင်စာဆီအသစ်ဖြစ်သည်"ဟူသည့် ဆိုစမှတ်ပင် ရှေ့ ထောင်စုနှစ် များ တွင် ပေါ်ထွက်လာခဲ့သည်။ "သတင်းအချက်အလက်သည် လောင်စာဆီအသစ်ဖြစ်သည်"ဟု ပြောစမှတ်စကားသည်လည်း အလားတူပင် ဖြစ်သည်။ ယခုအချိန်သည် တိုးပွားလာသော သတင်းအချက်အလက်၏ဈေးကွက်တန်ဖိုးကို ကမ္ဘာ့ ဒစ်ဂျစ်တယ်စီးပွားရေး တွင် သုံးသပ်နိုင်ရန်ဖြစ်သည်။ အကယ်၍ သတင်းအချက်အလက်ကိုသာ ရေ အသစ်အဖြစ် တွေးဆမည် ဆိုပါက ရေအရင်းအမြစ်များကို ရေရှည် စီမံခန့်ခွဲစေနိုင်မှု၊ ရေကို ပိုမို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်မှု နှင့် အဆုံးစွန် မည်သူမျှ နောက်ကောက်မကျန်ခဲ့စေရန် ဒီမိုကရေစီနည်းကျ ဘေးကင်းစိတ်ချရသော သောက်သုံးရေ နှင့် သန့်ရှင်းရေး ရရှိ မှု တို့ ဖြစ်ပေါ်လာစေရန် အထောက်အကူ ပြု အတွေးများ ရစေနိုင်ပါမည်။ Read more...


မြို့ပြရေအခွင့်အလမ်းကို အမြတ်ထုတ်ခြင်း (Translated by Ma Hnin Einzali) 

Source: IWA

ကမ္ဘာတစ်လွှာမှာရှိတဲ့ခေါင်းဆောင်များက ရေဟာ အကျိုးသက်ရောက်မှုနဲ့ အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားတဲ့ အရာဖြစ်ပြီးတော့ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေ၊ ဒေသတွင်းတည်ငြိမ်မှုနဲ့ စီးပွားရေးလုပ်ဆောင်မှုတွေအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့်လည်း ရေဟာ စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုစီးပွားဘဝနဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကြီးမားတဲ့အခွင့်အလမ်းတစ်ရပ်ဖြစ်နေပါသေးတယ်။ ရေကို ကျွန်တော်တို့ စီမံခန့်ခွဲပုံကသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူသားတွေရဲ့ သုခချမ်းသာနဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုကို ဘယ်လိုရယူမလဲဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ Read more...


အားလုံးပါဝင်အသုံးပြုနိုင်သော ရေပေးဝေ‌‌ရေးနှင့် မိလ္လာစနစ်သည် ကျွန်ုပ်တို့အားလုံးအတွက် အရေးကြီးကြောင်း COVID-19 က သတိပေးခေါင်း‌လောင်း ထိုးလိုက်ချေပြီ(Translated by Ma Win Thiri Lwin) 

Source: IWMI

COVID-19 ကပ်ရောဂါကူးစက်မှု မြင့်တက်လာသည်နှင့်အမျှ ရောဂါကူးစက်မှုကို အထိရောက်ဆုံး ကြိုတင်ကာကွယ်မှုအနေဖြင့် လက်ဆေးရန် ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ သတိပေးနှိုးဆော်ခံ‌နေရပါသည်။ ဤစာကို ဖတ်နေသူ အများစုမှာ ၎င်းအကြံ‌ပေးနှိုးဆော်ချက်ကို လိုက်နာကြမည်ဆိုတာ သေချာပါသည်။ သို့သော် သန့်ရှင်းသောရေကို သက်သက်သာသာ ဝယ်ယူမရရှိနိုင်သောသူများ အတွက် ကျွန်ုပ်တို့ စဉ်းစားကြည့်ကြပါစို့။ လက်ရှိအခြေအနေသည် သန်းနှင့်ချီသောအမေ့လျော့ခံ ထိခိုက်လွယ်လူတန်းစားများအဖို့ ၎င်းတို့တစ်ဦးတစ်ယောက်ချင်းစီအတွက် အန္တရာယ်များနိုင်‌သည့်အပြင် ပို၍အရေးကြီးသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အပူတပြင်းရုန်းကန် ကြိုးစားနေကြသည့် ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ခြင်းစသည့် လူထုကျန်းမာရေး ဘေးအန္တရာယ်ဖြစ်နိုင်ချေ ကိုပါ မီးမှောင်းထိုးပြနေပါသည်။ Read more...


ရေရှည်တည်တံ့ ခိုင်မြဲသည့် မြို့ပြရေဆိုးသန့်စင်မှုအတွက် အရေးပါသော အချက် (၄) ချက် (Translated by Ma Soe Thinzar Than) 

Source: SEI

ကမ္ဘာ့မြို့ပြဖွံ့ဖြိုးတိုးတက်မှု နေရာများအတွက် အောင်မြင်မှုသည် မြို့၏မှန်ကန်သော တိုးတက်မှုများ၊ သန့်ရှင်းရေး ၀န်ဆောင်မှုများနှင့် ကိုက်ညီမှုပေါ်တွင် မူတည်သည်။ အချို့သော မြို့ပြအခြေခံ အဆောက်အအုံဆိုင်ရာ ဆုံးဖြတ်ချက်များသည် ရေဆိုးစွန့်ထုတ်မှု ကွန်ယက်ကို ဒီဇိုင်းဆွဲသကဲ့သို့ပင် မြို့ပြအနာဂတ်အတွက် လွှမ်းမိုးမှုရှိသည်။ တစ်ခါ တည်ဆောက်ပြီးလျှင်, အစားထိုး သို့မဟုတ် ပြန်လည် ပြောင်းလဲဖို့ ဖြစ်နိုင်ချေ မရှိပါ။ မြို့၏သန့်ရှင်းရေးအတွက် မည်သို့ စီမံကိန်းများ ရေးဆွဲထားခြင်းသည် ပြည်သူ့ကျန်းမာရေး၊ နေထိုင်မှုအရည်အသွေး၊ သဘာဝပတ်ဝန်းကျင်ကျန်းမာရေး၊ သဘာဝ ဘေးအန္တရာယ်ဒဏ်ခံနိုင်မှု၊ ရာသီဥတုသင်္ကေတများ၊ ငွေကြေးများနှင့် ဆယ်စုနှစ်များစွာ၊ ရာစုနှစ်များစွာအထိ လွှမ်းမိုးမှု သက်ရောက်နိုင်သည်။ Read more...


စွန့်ပစ်ရေထဲတွင် မိုက်ခရိုပလတ်စတစ် ပါဝင်နေမှုအတွက် အဖြေရှာဖွေခြင်း (Translated by Ma Yin Mon Aung) 

Source: UN Environment
ကမ္ဘာကြီးတွင်ပလတ်စတစ် အသုံးပြုမှုတိုးတက်လာသည်နှင့်အညီ ပလတ်စတစ်ထုတ်လုပ်မှုအားလည်း မြင့်တက်လာပါသည်။ အသုံးပြုပြီးစွန့်ပစ်လိုက်သော ပလက်စတစ်အမှိုက်များသည် နည်းလမ်းအမျိုးမျိုးဖြင့် မြစ်၊ချောင်း၊ အင်းအိုင်များမှတစ်ဆင့် သမုဒ္ဒရာအတွင်းသို့ရောက်ရှိသွားကြပါသည်။ ကမ္ဘာအနှံ့ရှိ ရေနှင့် ရေအောက်ကြမ်းပြင်ရှိ အနည်အနှစ်များကို လေ့လာချက်များအရ မိုက်ခရိုပလက်စတစ်များသည် ရေချိုနှင့် ရေငန် သတ္ကလောကများတွင်သာမက မြေကြီးများတွင်ပါ နေရာအနှံ့ပျံ့နှံ့နေသည် ကို တွေ့ရှိရပါသည်။ ယနေ့ခေတ်တွင် ပလတ်စတစ်ထုတ်ကုန်များသည် မရှိမဖြစ် အရေးပါလာသော်လည်း လူသားများအနေဖြင့်ပလတ်စတစ်ထုတ်ကုန်များ၏ နောက်ဆက်တွဲအကျိုးဆက်များဖြစ်သော မိုက်ခရိုပလက်စတစ်ကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ကို ထိခိုက်မှုများနှင့် ကမ္ဘာကြီးပူနွေးလာမှု များကိုထည့်သွင်းစဉ်းစား သင့်ပါသည်။ Read more...

မြို့ပြများ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် နည်းလမ်း (၅) ချက် (Translated by Ma Khaing Su Lwin) 

Source: FAO

ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်သည် မြို့ကြီးတွေမှာ နေထိုင်ကြတာဖြစ်ပြီး၊ ၂၀၂၅ မှာ (၂) ဆတိုးလာမယ်လို့ မျှော်မှန်းထားတာနဲ့အမျှ မြို့ပြများဖြစ်တည်လာခြင်းဟာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှု လမ်းကြောင်းလည်း ဖြစ်ပါတယ်။ မြို့ပြများဟာ ကမ္ဘာ့စွမ်းအင်ရဲ့ သုံးပုံနှစ်ပုံကို သုံးစွဲနေပြီး စုစုပေါင်း ကာဘွန်ဒိုင်အောက်ဆိုဒ်ရဲ့ ၇၀ ရာခိုင်နှုန်း ထုတ်လွှတ်ပါတယ်။ ဒီလိုမြန်ဆန်လွန်းတဲ့ မြို့ပြတည်ဆောက်ခြင်းဟာ အိမ်ရာစီမံကိန်း၊ ပို့ဆောင်သွားလာရေး၊ အခြေခံအဆောက်အအုံ စတဲ့ နယ်ပယ်အသီးသီးမှာ ဆန်းသစ်တီထွင်မှုတွေ အတွက် တွန်းအားဖြစ်ပေမဲ့ သတိမမူမိကြတဲ့ အဓိက အချက်ကတော့ အစားအသောက်ဖူလုံရေး နဲ့ အာဟာရပြည့်ဝမှု တို့ပါပဲ။ Read more...


မြစ်တစ်စင်း၏ ငိုကြွေးသံ - ရာသီဥတု ပြောင်းလဲခြင်းကြောင့် ကျွန်ုပ်တို့၏ ရေအရင်းအမြစ်များအပေါ် သက်ရောက်မှု (Translated by Ma Khaing Chan Myae Thu) 

Source: IWA
ဧပြီလဟာ ဂျာမနီနိုင်ငံတွင် အမြဲတမ်းလိုလို အစိုစွတ်ဆုံးလ ဖြစ်ပါတယ်။ ဒီနှစ်မှာ ဂျာမနီနိုင်ငံဟာ ပုံမှန်မိုးရေချိန်ရဲ့ ၅% သာ မိုးရေရရှိခဲ့ပြီး၊ နိုင်ငံရဲ့ အရေးပါဆုံး ရေကြောင်းကုန်သွယ်မှုပြုလုပ်ရာ မြစ်ဖြစ်တဲ့ ရိုင်းမြစ်ဟာလည်း ခမ်းခြောက်လုနီးနီး ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့(၂)နှစ်က အလားသဏ္ဏန်တူတဲ့ မိုးခေါင်တဲ့ကာလတွေဟာကုန်သွယ်ရေးသင်္ဘော တွေရဲ့ ကူးသန်းသွားလာမှုတွေကို အပြည့်အဝ ဒုက္ခပေးခဲ့ပါတယ်။ ရိုင်းမြစ်ဟာ ဥရောပတိုက်ရဲ့ အရေးပါဆုံး စက်မှုလုပ်ငန်းများပြုလုပ်တဲ့ဇုန်ကို ဖြတ်သန်း စီးဆန်းနေသော မြစ်တစ်စင်း ဖြစ်တယ်။ ရိုင်းမြစ်ရဲ့ ရေလမ်းကြောင်း ပြတ်တောက်မှုသည် ကုန်ကြမ်းများအား စောင့်ဆိုင်းနေသော စက်ရုံ၊ ကုမ္မဏီများအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိခဲ့ပါတယ်။ Read more...

ရာသီဥတုပြောင်းလဲမှုကိုခုခံဖို့ သီရိလင်္ကာအတွက် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဖြေရှင်းချက်များ (Translated by Ko Htet Aung Kyaw) 

Source: IWA
သီရိလင်္ကာနိုင်ငံသည် တောင်အာရှရှိ မြေဆီဩဇာကောင်းမွန်သည့် အပူပိုင်းဒေသကျွန်းတကျွန်းဖြစ်သည်။ ရာသီဥတု၊ မြေဆီကောင်းမွန်ခြင်းနှင့် ရေအရင်းအမြစ်ရရှိမှုသည် စိုက်ပျိုးရေးကဏ္ဍကို နိုင်ငံစီးပွားရေးအတွက် အရေးပါကြီးစိုးသည့်ကဏ္ဍတရပ်ဖြစ်စေသည်။ နိုင်ငံ့ဂျီဒီပီ (စုစုပေါင်းပြည်တွင်းထုတ်ကုန်) ၏(၇) ရာခိုင်နှုန်းနှင့် အလုပ်အကိုင်များ၏ (၂၅) ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကဏ္ဍမှဖြစ်ပေသည်။ အဓိကစိုက်ပျိုးသည့် သီးနှံမှာ ဆန်စပါးဖြစ်သည်။ ဤကျွန်းနိုင်ငံကို ၎င်း၏ စိုက်ခင်းစိုက်ပျိုးရေးနှင့် ပေါကြွယ်ဝသည့် အသီးအရွက်၊ သစ်သီးဝလံများနှင့် ယှဉ်တွဲကာသိကြသည်။ ကျေးလက်ဒေသတွင် နေထိုင်ကြသူများ၏ (၈၀) ရာခိုင်နှုန်းကျော်သည် ယနေ့ကာလမှာပင် စိုက်ပျိုးရေးကဏ္ဍကို အားထားနေရသည်။ Read more...

ရေကိုမျှမျှတတရရှိအသုံးပြုနိုင်ခြင်းသည် အဘယ်ကြောင့် အရေးကြီးကြောင်းနှင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကိုဗစ်-၁၉ က သက်သေပြ (Translated by Ma Htet Htet Linn) 

Source: SEI

သန့်ရှင်းသောရေကို ရရှိအသုံးပြုနိုင်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရရှိအသုံးပြုနိုင်ရန် မရှိမဖြစ်လိုအပ်သည်။ ဤလိုအပ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ထိရောက်သော‌ရေစီမံကိန်းရေးဆွဲခြင်းက ကျွန်ုပ်တို့အား ကူညီနိုင်ပေလိမ့်မည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးများနှင့် ဒေသ အသီးသီးကို ခြိမ်းခြောက်နေသောကြောင့် ‌ ရောဂါပြန့်ပွားမှုကို ကာကွယ်ရန်အတွက် အားလုံးပါဝင်လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်တစ်ခုမှာ လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ခန့် မကြာခဏ ဆေးကြောပေးခြင်းပင်ဖြစ်သည်။ Read more...


ရာသီဥတုနှင့်ဆက်နွယ်သည့် လုံခြုံရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ခံနိုင်ရည်တည်ဆောက်ခြင်း (Translated by Ko Kyaw Wai Thwin) 

Source: SEI

ရာသီဥတုကြောင့်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များသည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအပေါ် မည်သို့သက်ရောက်မှုရှိသနည်း။ ရာသီဥတုနှင့်သက်ဆိုင်သော လုံခြုံရေးအန္တရာယ်များကို လျော့ပါးစေရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသော အချက်များကားအဘယ်နည်း။ စတော့ဟုမ်းရာသီဥတုလုံခြုံရေးဗဟို မှစီစဉ်သော ပြပွဲတစ်ခုသည် ဤမေးခွန်းများကို ဖြေဆိုရန်အတွက် နိုင်ငံတကာစပီကာ ၄ ခုကိုစုရုံးခဲ့သည်။ Read more...


ရေအခန်းကဏ္ဍတွင် လူမှုသိပ္ပံ၏ အရေးပါမှု - ဆွဲဆောင် စည်းရုံးခြင်း ၏ နိယာမ (Translated by Ko Kyaw Nyunt Linn) 

လူသားတို့၏ တစ်စတစ်စ တိုးတက် ပြောင်းလဲလာမှုနှင့် ရုန်းကန်ရှင်သန်နေထိုင်ဖို့ရာ ဆန်းသစ်တီထွင်လာမှု သည် ရေအရင်းအမြစ်များ ထိရောက်စွာစီမံခန့်ခွဲရန် အတွက် အလွန်ပင် အရေးပါသည်။ စက်ရုံအလုပ်ရုံများမှ ရေနှင့်သက်ဆိုင်ပြီး ထိရောက်သော စနစ်ကို လုပ်ဆောင်ရန် လိုအပ်လျှင် ဘာလို့ နည်းပညာအသစ် ကို ကျင့်သုံးဖို့ရာ လက်တွန့်နေကြသနည်း။ အဘယ်ကြောင့် နည်းပညာသစ်များစွာ တစ်နေ့တစ်ခြားပေါ်ပေါက်ထွက်ပေါ်နေသော်လည်း အောင်မြင်စွာလူအများ ကျင့်သုံးစေဖို့ရာ ခက်ခဲသနည်း။ Read more...


နိုင်ငံတကာရှိ ပညာရှင်များနှင့် ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်၌ ရေဘက်ဆိုင်ရာ လေ့လာရေး ဘာသာရပ် "Water Studies" အား အထူးကျွမ်းကျင်မှုစင်တာ တစ်ခုအဖြစ် လာမည့် ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေ (Translated by Ma Thandar) 

ရန်ကုန်တက္ကသိုလ်၌ ပထမဦးဆုံး သဘာဝသိပ္ပံနှင့် လူမှုရေးသိပ္ပံ ပေါင်းစပ်သင်ကြားပေးမည့် ရေဘက်ဆိုင်ရာလေ့လာခြင်း "Water Studies" ဟုခေါ်သော ဘွဲ့ကြိုသင်တန်းတစ်ခု ဖွင့်လှစ်တော့မည့် အကြောင်းကို သင်သိပါသလား။ ဤသို့ဆိုလျှင် ရေဘက်ဆိုင်ရာလေ့လာခြင်း "Water Studies" ဆိုတာဘာလဲ။ မည်သည့်သင်ရိုးတွေပါဝင်မလဲ ဆိုတာအခြေခံရှင်းပြပါရစေ။ Read more...


ရေကြီးရေလျှံမှုများကို ကိုယ်တိုင်တက်ကြွစွာ ဦးဆောင်ဖြေရှင်းနေသော ဒေသခံခေါင်းဆောင်တစ်ဦး (Translated by Ma Thinzar Mon) 

ခေါင်းဆောင်မှုစွမ်းရည်ဆိုတာဟာ မိမိနှင့်အများလိုလားတဲ့ ပန်းတိုင်တစ်ခုအတွက် ခံယူချက်ခိုင်ခိုင်မာမာချမှတ်ပြီး ဘယ်လိုအခက်အခဲကြုံကြုံ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင် ကိုယ်တိုင်တက်တက်ကြွကြွ ဦးဆောင်နိုင်တဲ့ အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ခေါင်းဆောင်မှုရဲ့ အဓိပ္ပာယ်ကို ရှည်ရှည်ဝေးဝေးဆက်ဖွင့်နေမယ့်အစား တကယ့်လက်တွေ့မှာရှိနေတဲ့ ဥပမာကောင်းတစ်ခုအကြောင်းကို ဝေမျှပေးချင်ပါတယ်။ Read more...


Join The Webinar "Flood Management from Various Pe...
More Myanmar dams are running dry ahead of summer ...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal