မြစ်တစ်စင်း၏ ငိုကြွေးသံ - ရာသီဥတု ပြောင်းလဲခြင်းကြောင့် ကျွန်ုပ်တို့၏ ရေအရင်းအမြစ်များအပေါ် သက်ရောက်မှု

1

ဧပြီလဟာ ဂျာမနီနိုင်ငံတွင် အမြဲတမ်းလိုလို အစိုစွတ်ဆုံးလ ဖြစ်ပါတယ်။ ဒီနှစ်မှာ ဂျာမနီနိုင်ငံဟာ ပုံမှန်မိုးရေချိန်ရဲ့ ၅% သာ မိုးရေရရှိခဲ့ပြီး၊ နိုင်ငံရဲ့ အရေးပါဆုံး ရေကြောင်းကုန်သွယ်မှုပြုလုပ်ရာ မြစ်ဖြစ်တဲ့ ရိုင်းမြစ်ဟာလည်း ခမ်းခြောက်လုနီးနီး ဖြစ်ခဲ့တယ်။

လွန်ခဲ့တဲ့(၂)နှစ်က အလားသဏ္ဏန်တူတဲ့ မိုးခေါင်တဲ့ကာလတွေဟာကုန်သွယ်ရေးသင်္ဘော တွေရဲ့ ကူးသန်းသွားလာမှုတွေကို အပြည့်အဝ ဒုက္ခပေးခဲ့ပါတယ်။ ရိုင်းမြစ်ဟာ ဥရောပတိုက်ရဲ့ အရေးပါဆုံး စက်မှုလုပ်ငန်းများပြုလုပ်တဲ့ဇုန်ကို ဖြတ်သန်း စီးဆန်းနေသော မြစ်တစ်စင်း ဖြစ်တယ်။ ရိုင်းမြစ်ရဲ့ ရေလမ်းကြောင်း ပြတ်တောက်မှုသည် ကုန်ကြမ်းများအား စောင့်ဆိုင်းနေသော စက်ရုံ၊ ကုမ္မဏီများအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိခဲ့ပါတယ်။ အနာဂတ်မှာ ဒီလို အဖြစ်မျိုးတွေ မကြုံတွေ့စေရန်အတွက် စီးပွားရေးလုပ်ငန်းအများစုဟာ အခြားသော သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းတွေမှာ ရင်းနှီးမြှုပ်နှံ့ဖို့ အတွက် ဖိအားပေးခြင်း ခံခဲ့ရပါတယ်။

ရိုင်းမြစ်သည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပြင် ၎င်းမြစ်ဝှမ်းပေါ်မှာနေထိုင်တဲ့လူပေါင်းသန်း (၆၀)ခန့်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူပြုတဲ့ မြစ်ဖြစ်ပါတယ်။ ထို့အပြင် ပြင်သစ်နှင့်နယ်သာလန်နယ်စပ် မြို့များအား ရေထောက်ပံ့ပေးနေသော မြစ်တစ်စင်း ဖြစ်ပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှု နှင့် ကျွန်ုပ်တို့၏ ရေ ရရှိနိုင်မှု 

မြစ်ရေတွေဟာ မိုးရေကြောင့် သော်လည်းကောင်း၊ အနီးအနားရှိ စမ်းချောင်းတွေမှ လည်းကောင်း၊ ရေခဲမြစ် အရည်ပျော်ခြင်း မှသော်လည်းကောင်း ဖြစ်ပေါ်လာတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲမြစ်ရေတွေဟာ မြစ်ထဲကို ဝင်ရောက်လာမှု နည်းလာသလို ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အနာဂတ်အတွက် ရင်လေးဖွယ်ရာပဲ ဖြစ်ပါတယ်။ ထိုကဲ့သို မြစ်ရဲ့ ရေမျက်နှာပြင် နိမ့်ကျလာခြင်းဟာ လူသားအားလုံးရဲ့ သောက်သုံးရေ ထောက်ပံ့မှုအတွက် သက်ရောက်မှု ရှိနေမလား။

မြစ်ရေရဲ့ ပြောင်းလဲလာမှုဟာ အန္တရာယ်ကို ကြိုတင်သတိပေးချက်တစ်ခု ဖြစ်နေမလား။ အထက်မှာ ဖော်ပြခဲ့သလို မိုးခေါင်မှု ဒါမှမဟုတ် ပုံမှန်မဟုတ်သော မိုးရွာသွန်းခြင်းတွေ ဖြစ်ပွားမှုဟာလူသားများနှင့် သဘာဝ အပေါ်တွင် ပတ်ဝန်းကျင် ညစ်ညမ်းစေခြင်းကို ဖြစ်ပေါ် စေပါတယ်။ ပုံမှန်မဟုတ်သော မိုးရွာသွန်းခြင်းကြောင့် ရေဆိုးမြောင်းများ ပြည့်လျှံပြီး ပတ်ဝန်းကျင် ညစ်ညမ်းစေခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဘရာဇီး နိုင်ငံမှာ အရေးပေါ် ရေဘေးကပ်ဆိုက်မှုတွေဖြစ်တဲ့ အလွန်အမင်းမိုးခေါင်မှုနှင့်လုံလောက်သော ရေသိုလှောင်မှုများမရှိခြင်းကြောင့် ဘရာဇီး ပြည်သူပြည်သားများအတွက် လုံလောက်သော သောက်သုံးရေသန့် ရရှိဖို့အတွက်ကို အလွန်ဝေးတဲ့ နေရာကနေ ရေကို သယ်ယူပို့ဆောင်ခဲ့ ရပါတယ်။ AVK မှာဆိုရင် ကျွန်ုပ်တို့ဟာgate valves များကို အသုံးပြုပြီး စီမံကိန်းကို အဆင့်မြှင့်တင်ဖို့ ကူညီခဲ့ကြပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဘရာဇီးနိုင်ငံကဲ့သို့ ရာသီဥတုပြောင်းလဲ ခြင်းနှင့် ၎င်း၏အကျိုးဆက်များကို ပြုပြင်ပြောင်းလဲရန် အတွက်ရာသီဥတုပြောင်းလဲခြင်းတွေ ဘာကြောင့်ဖြစ်ပေါ်လာသလဲ ဆိုတာကို ရှာဖွေရမယ်။ ရေ၏ အခန်းကဏ္ဏကိုလည်း ထည့်သွင်း စဉ်းစားရမယ်။ ဒါဟာ တကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဏ ဖြစ်ပါတယ်။ 

ရာသီဥတုပြောင်းလဲခြင်းကို သင့်တော်သော ရေစီမံခန့်ခွဲမှုများဖြင့် တိုက်ထုတ်ခြင်း

ရေနှင့်ရေဆိုးရေညစ်တွေကို ကိုင်တွယ်ဖြေရှင်းခြင်းဟာ စွမ်းအင်အမြောက်အမြားသုံးစွဲရပြီး ယေဘုယျ အားဖြင့် စည်ပင်သာယာ၏ စွမ်းအင်ကုန်ကျစရိတ်ထဲမှာ ၃၀-၅၀% ကုန်ကျနေပါတယ်။ ရေဆိုးရေညစ်ဆိုတာက စက်ရုံအလုပ်ရုံများမှ စွန့်ပစ်လိုက်သော စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တယ်။

ဒါပေမယ့် စွန့်ပစ်ပစ္စည်း တွေကို စွန့်ပစ်ပစ္စည်းအဖြစ် မစဉ်းစားခဲ့ရင်ရော။

ဒါဟာ မေးစရာတောင် မလိုပါဘူး၊ ကျွန်ုပ်တို့မှာ ရေစက်ဝန်းလည်ပတ်မှုကို စွမ်းအင်စုအဖြစ် ပြောင်းလဲခြင်းဖြင့် အဖိုးတန်တဲ့ စွမ်းအင်တွေကို ထိန်းသိမ်းပြီး မလိုအပ်သော ကာဗွန်ထုတ်လွှတ်ခြင်းများ လျော့ချနိုင်သော ပြီးပြည့်စုံသည့် နည်းလမ်းကောင်းများ ရှိနေပါတယ်။ မြောက်များလှစွာသော ရေအသုံးချမှု နည်းလမ်းများသည်လည်း သဘာဝတရား၏ အကျိုးအတွက် စဉ်းစားပေးခြင်းဖြစ်သည်။

တကယ်တော့ အကောင်းဆုံး စွမ်းအင်ဆိုတာ လုံးဝ အသုံးမပြုထားတဲ့ စွမ်းအင်ဖြစ်ပါတယ်။ တိုတိုပြောရရင် ရေဟာ ပြဿနာတစ်ခုမဟုတ်ပါဘူး။ ရေဟာ ဖြေရှင်းဖို့ အစိတ်အပိုင်း တစ်ခုပါ။

ရိုင်းမြစ်လို ရေအရင်းအမြစ် ကျဆင်းမှုများအား ဘယ်လိုဖြေရှင်းကြမလဲ။

သဘာဝအရင်းအမြစ်များအား အလွဲသုံးစားပြုခြင်းနှင့် စွန့်ပစ်ပစ္စည်း ဖြစ်ပေါ်မှုများ 

လွန်ခဲ့တဲ့ နှစ် (၅၀) က ဥရောပတိုက်ရဲ့ ရေဆိုးစွန့်ပစ်တဲ့ မြစ်လို့ လူသိများတဲ့ ရိုင်းမြစ်ဟာသူ့ရဲ့ ရေစီးဆင်းခြင်းမှာ ဓာတုဗေဒအပိုင်းအစတွေ ပါဝင်မှုကို မပြုပြင်မထိန်းသိမ်းပဲ ထားရှိခဲ့ပါတယ်။ ကြိုတင် ပြင်ဆင်မှုတော်တော်များများဟာ အဲ့ကတည်းက လုပ်ခဲ့တာဖြစ်ပြီး အခုထိလည်း လုပ်ဆောင်ဖို့ ကျန်ရှိနေပါသေးတယ်။ သောက်သုံးရေကို မြစ်ရေဆီမှ အဓိကအသုံးပြုမယ့် သောက်သုံးရေ ကုမ္ပဏီများ ဖြစ်တဲ့ RIWA သည် မြစ်ရေထဲမှ မလိုအပ်သော အရာများပါရှိလာမှုကို ဖယ်ရှားဖို့ တဖြည်းဖြည်း ပိုမိုခက်ခဲလာသလို၊ ရေသန့်ကို သုံးစွဲနေသူများထံသို့ သန့်ရှင်းကောင်းမွန်သော ရေ အရည်အသွေး ပေးနိုင်ရင် ပိုမို ခက်ခဲလာပါတယ်။

ဂျာမနီနိုင်ငံတွင် မသန့်စင်ပဲစွန့်ထုတ်လိုက်သည့်ရေဆိုးပမာဏ မသိတဲ့အတွက်ကြောင့် ကျွန်ုပ်တို့ဟာ နေ့စဥ်မလိုအပ်ပဲသဘာ၀ကို ညစ်ညမ်းစေပါတယ်၊ ကောင်းမွန်တဲ့အခွင့်အရေးအချို့ကိုလည်း တစ်ချိန်တည်းမှာ လက်လွှတ်လိုက်ရပါတယ်။ ကမ္ဘာ တစ်ဝှမ်းတွင် ရေဆိုးများရဲ့ ၂၀ ရာခိုင်နှုန်း သာ သန့်စင်ပြီးမှ စွန့်ပစ်ကြပါသည်။ ဆိုလိုတာက ကျွန်ုပ်တို့ စွန့်ပစ်လိုက်သော ရေဆိုးများရဲ့ ၈၀ ရာခိုင်နှုန်း တွင် ပိုးသတ်ဆေးများ၊ ဆေးဝါးသုံးပစ္စည်းများ၊ အသုံးမပြုသင့်သော ဆေးဝါးများ၊ ဓာတုစွန့်ပစ် ပစ္စည်းများနှင့် အခြားအရာများပါရှိခြင်းကြောင့် သဘာဝရေစက်ဝန်းအား ညစ်ညမ်းမှုများ ဖြစ်ပေါ်စေပါတယ်။

တိုးတက်မှု အနည်းငယ်သာ ရှိသော်လည်း ကျွန်ုပ်တို့ရဲ့ မြို့ပြများနှင့် လူမှုရပ်ဝန်းအတွက် ရေကိုကိုင်တွယ်မည့် နည်းလမ်း များအား စဉ်းစားရန်လိုအပ်နေပါသည်။ ကျွန်ုပ်တို့မှာ ရေနှင့်စွန့်ပစ်ရေ စီမံခန့်ခွဲမှုအတွက်အခိုင်အမာ သက်သေပြုပြီးသော နည်းပညာ များရှိပြီးဖြစ်တယ်။ ထို့ကြောင့် ကျွန်ုပ်တို့ရဲ့ အင်အားများကို ရေနှင့် ရေဆိုးရေညစ်များ စီမံခန့်ခွဲမှုအပေါ် အာရုံပြုသင့်ပါတယ်။ 

(AVK ဆိုသည်မှာ သူတို့၏ ဘဝတစ်ခုလုံးကို မြှုပ်နှံထားသူဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ AVK သည် အခြေခံနည်းဗျူဟာများဖြစ်သည့် ဆန်းသစ်တီထွင်ခြင်း၊ လုပ်ငန်းများကို အရိုးရှင်းဆုံး လုပ်ဆောင်ခြင်းများ၊ ဈေးကွက်နှင့် အနီးစပ်ဆုံး နေထိုင်ခြင်းနှင့် စားသုံးသူများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒများ အပေါ် အာရုံစိုက်ခြင်း အပေါ် ယုံကြည်ထားကြသည်။)

Translated by Ma Khaing Chan Myae Thu, a member of Myanmar Water Portal Translation Community.

Original Blog Source: https://iwa-network.org/cry-me-a-river-how-climate-changes-affect-our-access-to-water/


Most Hit Myanmar Water Portal's Editorials of the ...
Myanmar’s New Government Needs to Address Failures...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal