Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေစကြိုမြို့နယ် သဲပုံ (အရှေ့) ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းတို့အား ရေဂါလန် ၆၀၀၀ လှူဒါန်း

Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေစကြိုမြို့နယ် သဲပုံ (အရှေ့) ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းတို့အား ရေဂါလန် ၆၀၀၀ လှူဒါန်း Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ သဲပုံ (အရှေ့) ကျေးရွာတွင် ရေလှူဒါန်းပေးနေစဉ်

23 OCT 2020 - Source: Eleven Media Group Co.,Ltd.

Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ သောက်သုံးရေ လိုအပ်နေသည့် ရေစကြိုမြို့နယ် သဲပုံ (အရှေ့) ကျေးရွာ နှင့် ဘုန်းတော်ကြီးကျောင်းတို့အား အောက်တိုဘာ ၂၂ ရက်က ရေဂါလန် ၆၀၀၀ လှူဒါန်း ပေးခဲ့သည်။

ရေစကြိုမြို့နယ် သဲပုံ (အရှေ့) ကျေးရွာမှာ ပြီးခဲ့သည့် နှစ်လခန့်က မိုးအနည်းငယ် ရွာသွန်းသည့်အတွက် မြေသားကန်ရေ အနည်းငယ်ရရှိ၍ သောက်သုံးရေ သုံးစွဲနိုင်ခဲ့သော်လည်း ယခုအခါ မိုးထပ်မံ မရရှိသည့်အတွက် ကန်ရေခန်းခြောက်ပြီး ရေအခက်အခဲ ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group နှင့် စေတနာရှင် များပူးပေါင်း၍ ရေစကြိုမြို့နယ် သဲပုံ (အရှေ့) ကျေးရွာမှ အိမ်ခြေ ၁၁၇ အိမ်အတွက် ရေဂါ လန် ၄၅၀၀၊ ဘုန်းတော်ကြီး ကျောင်းအတွက် ရေဂါလန် ၅၀၀ နှင့် ယာခင်းအတွင်းနေထိုင် သည့် တဲအိမ် ခုနစ်လုံးတို့အ တွက် ရေဂါလန် ၁၀၀၀ လှူဒါန်းပေးခဲ့သည်။

"ပြီးခဲ့တဲ့ ကဆုန်နယုန်လလောက်က ရွာလိုက်တဲ့ မိုးကြောင့် ကန်ရေနည်းနည်းရ တယ်။ အဲဒီကန်ရေပဲ အားထားပြီးသုံးလာတာ အခု တော်သလင်းထဲရောက်တော့ ရေလုံးဝ မရှိတော့ဘူး။ မြေသားကန်ထဲတူးထားတဲ့ စိမ့် တွင်းတွေကနေ ခပ်သေးတယ်။ အဲဒီစက်တွင်း တွေကလည်း ရေလုံးဝ မထွက်တော့ဘူး။ ရွာ စက်တွင်းက ရေငန်ပဲထွက်တော့ ထမင်းချက် ဟင်းချက် သောက်ရေက ကန်ရေ အားထားရ တာ။ ကန်ရေ မရှိတော့ သောက် ရေချက်ရေ ကတော့ အခက်အခဲရှိတယ်"ဟု သဲပုံကျေး ရွာမှ ကိုဇော်မင်းက ပြောကြားသည်။

COVID-19 ကာကွယ်တားဆီးကာလ ဖြစ်သည့်အတွက် သောက်သုံးရေ ဖြန့်ဝေရာတွင် လူစုလူဝေး မဖြစ်စေရန် အလှည့်ကျစနစ်ဖြင့် မက်စ်တပ်၍ ခပ်ယူစေခဲ့ပြီး တစ်အိမ်လျှင် သောက်သုံးရေ ဂါလန် ၄၀ ခန့် ဖြန့်ဝေပေးနိုင် ခဲ့သည်။

"အရင်နှစ်တွေတုန်းကတော့ မိုးဒီလောက် မခေါင်ဘူးဗျ။ ခုလို အောက်တိုဘာလထဲ ကန်ရေခန်းတယ်ဆိုတာ မကြုံဖူးဘူး။ ဒီနှစ်ကတော့ မိုးဦးရော မိုးလယ်ရော မကောင်းဘူး။ ခုမိုးနှောင်းလည်း သိပ်ပြီး မိုးမရွာသေးဘူး။ အဲဒါကြောင့်လည်း ကန်တွေက ရေအလျင်မမီ ဖြစ်ကုန်တာ။ ခုမိုးနှောင်းကောင်းရင်တော့ လာမယ့်နွေဦး ရေရှားတာ သက်သာမှာပေါ့။ မိုးမကောင်းရင်တော့ သောက်ရေ ချက်ရေ အခက်အခဲကြုံနေဦးမှာပဲ "ဟု သဲပုံကျေးရွာမှ ဦးသာဇော်က ပြောကြားသည်။

Eleven Media Group နှင့် စေတနာ ရှင်များပူးပေါင်း၍ ပခုက္ကူနှင့် ညောင်ဦးခရိုင်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများ နွေကာလများတွင် ရေလှူဒါန်းမှုများ နှစ်စဉ်ပြုလုပ်နေပြီး ယခုနှစ်တွင် မိုးခေါင်မှုကြောင့် မိုးနှောင်းကာလရောက်သည်ထိ ရေလှူဒါန်းပေးနေရသည်။

ယခု ၂၀၂၀ ခုနှစ် မိုးကာလတွင် ပခုက္ကူဒေသတစ်ဝိုက် မိုးခေါင်မှု ယခင်ထက် ပိုမိုကြုံတွေ့လာပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း သီးနှံပျက်စီးခြင်း၊ အထွက်နှုန်း သိသာစွာ လျော့ကျခြင်းများကြောင့် တောင်သူများမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။


Fans and pots, plastic and paper – Myanmar’s chang...
ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal