ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ပြီး မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများ လျှပ်တစ်ပြက်ရေကြီးခြင်းကို သတိပြုရန်လို

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ပြီး မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများ လျှပ်တစ်ပြက်ရေကြီးခြင်းကို သတိပြုရန်လို

23 OCT 2020 - Source: Eleven Media Group Co.,Ltd.

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ပြီး မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်သူများ လျှပ်တစ်ပြက် ရေကြီးခြင်းကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအား ကောင်းလာကာ အိန္ဒိယနိုင်ငံ ပါရာဒစ်မြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၀၀ ခန့်၊ ဆာဂါကျွန်း၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၉၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါ ရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၂၇၀ ခန့်နှင့် မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၃၀ ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ မုန်တိုင်းငယ်၏ အမြင့်ဆုံး လေတိုက်နှုန်းသည် တစ်နာရီလျှင် ၃၅ မိုင်နှုန်း ဖြစ်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားကာ အောက်တိုဘာ ၂၃ ရက် မွန်းလွဲ သို့မဟုတ် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို ဆာဂါကျွန်းနှင့် ခီပူပါရာမြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မုန်တိုင်းငယ်အရှိန်ကြောင့် အောက်တိုဘာ ၂၂ ရက် မွန်းလွဲမှ အောက်တိုဘာ ၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်သည် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ခုနစ် ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ရန် မိုးဇလက ထုတ်ပြန်ထားကြောင်း သိရသည်။


Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ...
The company says that waste from pig farm does not...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal