ရာသီဥတုပြောင်းလဲလာမှုများက ကမ္ဘာကြီးကိုဘူမိဗေဒသက်တမ်းအရ “ပလိုင်အိုဆင်းယဂ် (Pliocene)” လွန်ခဲ့သောနှစ်(၃)သန်းကျော်ကာလကိုပြန်ပို့နေပြီလား
စကားချီး။ ။ ကျွန်တော်လည်း အခုတလောဆောင်းပါးမရေးဖြစ်တာ တစ်လကျော်နှစ်လခန့်ရှိနေပြီဆိုတာ ကိုယ့်ကိုကိုယ်သတိထားမိလာတယ်။ အဲဒီမရေးဖြစ်ခဲ့တဲ့ရက်တွေမှာကလဲ အခြားသောမြေအောက်ရေဆိုင်ရာအကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဟိုလူနဲ့ပြော၊ဒီလူနဲ့ပြောပေါ့။ ဟိုအတွက်စာရေးပေး၊ ဒီအတွက်စာရေးပေးအပြင် အခုကိုဗစ်ကာလ ခေတ်စားလာတဲ့ဇွန်းမီတင် (Zoom Meeting) နဲ့ ရန်ကုန်မြို့က မြေအောက်ရေအရေးကိစ္ စဆွေးနွေးတဲ့လုပ်ငန်းများ စသည်တို့နဲ့အချိန်ကုန်သွားလို့ပါ။ အချိန်ကုန်သလောက် ရန်ကုန်မြို့မြေအောက်ရေ အရေးအကျိုးရှိနှိင်မည်ဟု ယူဆထားပါ၏။ စကားချီးရှည်ပြီးလိုရာ မရောက်ဖြစ်မည်စိုးသဖြင့်ဒီနေရာမှာစာကြောင်းဖြတ်ပြီး ခေါင်းစဥ်ပါအကြောင်းစပါမည်။
ကျွန်တော်ရေသားသည့်အကြောင်းအရာမှာ ကမ္ဘာကြီးပိုမိုပူနွေးလာခြင်း၊ ရာသီဥတုပြောင်းလွဲလာခြင်းများကြောင့် ကမ္ဘာအနောက်ခြမ်း၊ အာတိတ်ဒေသရှိရေခဲများ လျင်မြန်စွာအရည်ပျော်နေသည့်အကြောင်း မက်ဆာချူးဆက်တက္ကသိုလ်မှ ဘူမိသိပ္ပံပါမောက္ခများဆွေးနွေးချက်များကို မြန်မာလိုဆီလျော်အောင် ပြန်လည်ရေးသာမျှဝေခြင်းပါ။ မူရင်းအာဘော်မပျက်စာအရေးအသား၊ စာသွားစာလာချောမွေ့ပြေပြစ်အောင်ရေးသားထားပါသည်။
အထက်စကားချီ၌ဖေါ်ပြထားသော အကြောင်းအရာကို (၂၀၂၀)ခုနှစ်၊အောက်တိုဘာ(၁)ရက်နေ့ထုတ် (MarketWatch Web page news - 1st Oct 2020 Journal Publish) အင်တာနက်စာမျက်နှာ၏ သတင်းစကားဝိုင်တခု၌ သဘောထားထင်မြင်ချက်အနေနဲ့ ဆွေးနွေးချက်ကိုရေးသားထားခြင်းဖြစ်ပါသည်။
ပင်လယ်ပြင်စစ်တမ်းကောက်ယူသည့် အခြေအနေသုံးသပ်ချက်။ ။ကမ္ဘာကြီး၏အနောက်ဘက်ခြမ်း အထူးပြုလေ့လာရာဒေသတခုဖြစ်တဲ့ အာတိတ်ဒေသကို သိပွံပညာရှင်အများစုသည်အမြဲဘဲ၊ နှစ်စဥ်နှစ်တိုင်းလေ့လာနေကြတယ်။ နှစ်စဥ်စက်တင်ဘာလလယ်ဆိုရင် အာတိတ်သမုဒ္ဒရာ အရွယ်အစားသည် ငယ်ငယ်သွားတာကိုလေ့လာသိရှိလာတယ်။ ဒီနှစ်တိုင်းတာရရှိရထားချက်မှာ (၁.၄၄) မီလီယံစတုရန်းမိုင်[(၃.၇၄) မီလီယံစတုရန်းကီလိုမီတာ] သာရှိတော့သည်လို့ ဖေါ်ပြထားပါသည်။အာတစ်စက်ဝိုင်း (Arctic Circle) ရဲ့မြောက်ဘက်မိုင် (၇၅၀) လောက်ဝေးတဲ့ နော်ဝေနိုင်ငံရဲ့ဆဗလ်ဘတ်ကျွန်းစု (Svalbard archipelago) တွေကိုလေ့လာခဲ့တဲ့အတွေ့အကြုံများအရ ဒီနှစ်နွေကာလသည် အပူချိန် အမြင့်ဆုံးဖြစ်တယ်လိုဖွင့်ဆိုထားပါသည်။ ကောင်းကင်ဂြိုလ်တု စတင်တပ်ဆင်လေ့လာခဲ့သည့်အချိန်ကာလ (၁၉၇၈-ခုနှစ်လောက်) ကစပြီး ယနေ့အထိ(၄၂)နှစ်အတွင်း၊ ဒုတိယအငယ်ဆုံးအရွယ်အစားဖြစ်နေသည်ကို မှတ်တမ်းပုံပြဂရပ်များအရ လေ့လာသိရှိရလို့တယ်လို့ ရေးသားဖေါ်ပြထားပါတယ်။ အောက်မှာပုံပြဂရပ်ဖြင့်ပြထားပါသည်။
ဒီနှစ်ရေခဲပြင်အကျယ်အဝန်းသည် (၄၂)နှစ်အတွင်း အရွယ်အစားပမာဏအသေးဆုံးဖြစ်နေတာကို ပုံပြဂရပ်မှာအနိမ့်ဆုံးမျဥ်းဖြင့်ပြထားသည်။ ဆယ်စုနှစ် လေးခုအတွင်းရှိခဲ့သော ပျမ်းမျှအငယ်ဆုံးထက်ပိုငယ်နေပါသည်။ (ကိုးကား၊ National Snow and Ice Data Center /NSIDC)
ဒေသဆိုင်ရာအစိုးရအချင်းချင်း ရာသီဥတုပြောင်းလွဲလာမူ့အပေါ် မေးမြန်းဆွေးနွေးချက်များအရ လေထုအတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်နေမူ့အဆင့်သည် ရှိရမည့်အဆင့်ထက် အမြဲတန်းပိုမိုမြင့်မားနေကြောင်း (၂၀၂၀)သြဂုတ်လ၌(၄၁၂.၅၅ ppm) ရှိကြောင်းတိုင်းတာရရှိထားကြောင်း ပြောဆိုဆွေးနွေးကြသည်။ ထိုအဆင့်သည် လွန်ခဲ့သောနှစ်(၃)သန်းကာလ [ဘူမိဗေဒသက်တမ်းအရပလိုင်အိုဆင်းယုဂ်(Pliocene Epoch) ကာလ] အတွင်းဖြစ်ခဲ့သည့် ကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်မူ့နှင့် အတူတူဖြစ်သည်ဟုဆိုသည်။
(၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလကလေထုအတွင်း ကျန်းမာရေးအရပုံမှန်ရှိသင့်သည့်ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် (၂၅၀-၄၀၀) ပီပီအမ်နှင့်လေထု၏ပမာဏသည် (၄၀၀-၁၀၀၀) ပီပီအမ်ရှိရမည်ဖြစ်သော်လည်း တကယ်လက်တွေရှိနေသည့်ပမာဏသည် (၁၀၀၀-၂၀၀၀) ပီပီအမ်အတွင်းဖြစ်နေသည်)
ဘူမိသိပ္ပံပညာရှင်များက၊ ကမ္ဘာမြေ၌ဆင်ကဲဆင့်ဖြစ်ပျက်လာတဲ့ ရာသီဥတုဖြစ်စဥ်နှင့် လူ့တို့၏အသက်ရှင်သန်ရေး အခြေအနေကို ဘယ်လိုဖန်တီးနေလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ ကမ္ဘာကြီးကို အသွင်ပြောင်းစေလာသည့် အချက်ကတော့ အာတစ်ဒေသမှာနှစ်စဥ်ပုံမှန်ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလွဲလာမူ့တွေဘဲဖြစ်တယ် ဆိုတာကို အဲဒီအချက်တွေကညွန်ပြနေတယ်။ ကမ္ဘာလုံးဆိုင်ရာဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွတ်မူ့က စဥ်ဆက်မပြတ်တိုး၊ တိုးဖြစ်ပျက်နေခဲ့မယ်၊ ထိုအခြေအနေမှာ ပင်လယ်ရေတွေမြင့်တက်လာမယ်၊ ရာသီဥတုပုံသဏ္ဍန်တွေပြောင်းလဲလာမယ်ဆိုရင် ယနေ့ကမ္ဘာကြီး၏ အခြေအနေရာသီဥတုပုံပန်းသဏ္ဍာန်သည် ပလိုင်အိုဆင်းကဂ်(ကာလ)အခြေအနေ (လွန်ခဲ့သောနှစ်- ၃-သန်းကျော်)ကိုပြန်ရောက်သွားနိုင်သည်ဟု သုံးသပ်ထားပါသည်။
ဖလော်ရီဒါနှင့်ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းချိုင့်ဝှမ်းဒေသသည် ရေအောက်သို့ပြန်ရောက်နိုင်ပြီး၊ အနောက်အလယ်ပိုင်းနှင့် ဂရိတ်လွင်ပြင်တို့တွင် ပြောင်းနှင့် ဂျုံစိုက်ပျိုးနိုင်မည့် ရာသီဥတုမျိုး ပြန်လည်ဖြစ်လာလိမ့်မည်။ အာတိတ်စက်ဝိုင်း၏မြောက်ဘက်မိုင် (၇၅၀)အကွာတွင်တည်ရှိသော နော်ဝေနိုင်ငံရှိ (Svalbard archipelago) ကျွန်းစုသည် ယခုနွေရာသီတွင် စံချိန်တင်အပူဒဏ်ကိုခံစားနေကြရပြီ။
ပလိုင်အိုဆင်းယုဂ်ခေတ်ကအာတိတ်ဒေသအခြေအနေ။ ။ ပလိုင်အိုဆင်းယုဂ် (Pliocene) ခေတ်က အာတိတ်ဒေသမှာဖြစ်ခဲ့သော ကျောက်သားနမူနာတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ကြသည်။ ထိုဒေသမှာယနေ့ ရှရှားနှိင်ငံအရှေ့မြောက်ဘက်ရပ်ဝန်းရှိ (Lake Elgygytgyn) မှာရှိတဲ့ အနယ်ကျကျောက်များဖြစ်ပါသည်။ (၂၀၁၃) ခုနှစ်က သိပ္ပံပညာရှင်အဖွဲ့တဖွဲ့သည် ထိုအချိန်ကာလက အာတိတ်ဒေသ၏ရာသီဥတုကို သိရှိနိုင်ရန်နှင့် လေထုအတွင်းကာဘွန်ဒိုင်အောက်ဆိုက်အဆင့်ကို သိရန်လွန်တွင်းတူးပြီးမြေသား၊ မြေသားကျောက်သားနမူနာထဲရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို စမ်းသပ်လေ့လာကြခြင်းဖြစ်သည်။ ပလိုင်အိုဆင်းကဂ်က အာတိတ်အခြေအနေသည် ယနေ့အာတိတ်ဒေသအခြေအနေနှင့် လွန်စွာကွဲပြားနေကြောင်းသိလာရသည်ဟုဖွင့်ဆိုထားပါသည်။
ယနေ့အာတိတ်ဒေသသည် မြက်များ၊အပင်ငယ်များနှင့်ပန်းပွင့်ကဲ့သို့သော အသီးအရွက်များသာပေါက်ရောက်သည့် လွင်ပြင်ဖြစ်ပြီးသစ်ပင်ကြီးများမရှိပေ။ အဓိကခြားနားချက်မှာ အတိတ်ကာလကအာတိတ်စက်ဝိုင်းအတွင်း ထင်းရူးပင်အမျိုးမျိုးပေါက်ရောက်ခဲ့ကြောင်း၊ သက်ရှိသတ္တဝါများမှီခိုနေနှိင်သောသစ်ပင်များပေါက်ရောက်ခဲ့ကြောင်း ကျောက်ဖြစ်ရုပ်ကျွင်းနမူနာများကပြဆိုထားသည်။ ထိုကာလကအာတိတ်စက်ဝန်းအကျယ်အဝန်းမှာ ယနေ့ရုရှား၏တောင်ဘက်နှင့်အနောက်ဘက်မှသည် Alaska ဒေသအပါအဝင် အာတိတ်သမုဒ္ဒရာကိုဖြတ်ပြီး မြောက်အမေရိကအထိ မိုင်ပေါင်းရာချီကျယ်ဝန်းကြောင်း ဖွင့်ဆိုထားသည်။
ထို့ပြင် ယနေ့ကာလထက်ပိုမိုပူသောကြောင့် ဂရင်းလန်း (Greenland)ရေခဲပြင်လည်းမဖြစ်သေးပေ။ ဂရင်းလန်း၏တောင်ထူထပ်သော အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်၌သာ တစ်နှစ်ပတ်လုံးရေခဲနေသော ရေခဲမြစ်များအနည်းအကျဥ်းသာရှိခဲ့သည်။ ထိုစဥ်ကကမ္ဘာမြေ၌အန္တာတိက (Antarctica)တိုက်ဒေသ၌သာရေခဲနေပြီး ထိုရေခဲပြင်သည် ကျယ်ပြန့်ပြီးအရည်ပျော်လွယ်မှုနည်းသည်။
သမုဒ္ဒရာများသည် ပိုမိုပူနွေးလာပြီး ကမ္ဘာမြောက်ဘက်စက်ဝိုင်းခြမ်းရှိ ရေခဲပြင်ကြီးများမရှိသောကြောင့် ပင်လယ်ရေမျက်နှာပြင်သည်ပေ (၃၀) မှ ပေ (၅၀) ထိရှိနေရာ ယနေ့ကမ္ဘာလုံးဆိုင်ရာမြေမျက်နှာပြင်ထက် ပိုမိုမြင့်မားခဲ့သည်။ ကမ်းရိုးတန်းသည်လည်း လက်ရှိတည်နေရာများထက် ကုန်းတွင်းပိုင်းနှင့်လွန်စွာဝေးကွာနေသည်။ ထိုဒေသသည်ယခုကယ်လီဖိုးနီးယားပြည်နယ်၏ အလယ်ပိုင်းချိုင့်ဝှမ်း၊ဖလော်ရီဒါကျွန်းဆွယ်နှင့် ပင်လယ်ကွေ့ကမ်းရိုးတန်းဒေသများဖြစ်ကြပြီး ထိုဒေသအားလုံးသည် ရေအောက်တွင်ရောက်နေခဲ့ကြသည်။ နယူးယောက်၊ မိုင်ယာမီ၊ လော့စ်အိန်ဂျယ်လိစ်၊ဟူစတန်နှင့်ဆီယက်တဲလ်ကဲ့သို့သော ကမ်းရိုးတန်းမြို့ကြီးများတည်ရှိရာဒေသသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။
ယနေ့အမေရိကန်ပြည်အနောက်ပိုင်းဒေသရှိ တောင်တန်းများပေါ်၌ဖုံးလွမ်းခဲ့သော နှင်းထုများကို ထိုအချိန်ကပူနွေးသောဆောင်းလေက အရည်ပျော်ကြပြီးဒေသကိုရေပေါများစေခဲ့သည်။ သို့သော်ယနေ့အနောက်အလယ်ပိုင်းနှင့် ကြီးမားကျယ်ပြန့်သောလွင်ပြင်သည် ပူပြင်းခြောက်သွေ့နေသဖြင့် ဂျုံပြောင်းတို့စိုက်ပျိုးမဖြစ်နိုင်တဲ့အခြေအနေရောက်နေပါပြီ။
ပလိုင်အိုဆင်းကာလမှာကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့များပြားနေသလား။ ။ ယနေ့ကာလသည်လည်း ပလိုင်အိုဆင်းကာလမှာရှိခဲ့သည့် ကာဘွန်ဒိုင်အောက်ဆိုက်အဆင့်ကိုဘာလို့ရောက်နေရသလဲ။ ထိုအခြေအနေတွေကနောက်နှစ်သန်းများစွာမှာ လူသားမျိုးနွယ်များဆက်လက်ပေါ်ပေါက်ဖို့ ခက်ခဲ့လာမည်။အဘယ်ကြောင့်ဆိုသော် သဘာဝဖြစ်စဥ်များ၌ရုပ်ကျွင်းလောင်စာများကို သုံးစွဲပြီးထွက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့အများအပြားသည် လေထုအတွင်းပြန့်နှံ့နေ၏။ သို့သော် အချို့သောဓါတ်ငွေ့များက လောင်ကျွမ်းသွားကြသည်။ အဓိကဖြစ်စဥ်စနစ်မှာ အယ်ကာလီကြွယ်ဝသော ကျောက်လွာများမှထွက်လာသော ဓါတ်ပစ္စည်းနှင့်ကာဘွန်ဒိုင်အောက်ဆိုက်တို့ပေါင်စပ်ပြီး လေထုအတွင်းပြန့်နှံ့နေခြင်းကြောင့်ဖြစ်၏။ ဤဖြစ်စဥ်ရွေလျားမူ့များသည် ကမ္ဘာ့ရာသီဥတုတို့ချိန်ခွင်လျှာကိုညှိနှိင်းပေးသော အပူအအေးအလိုအလျောက်ညွန်ပြသောကရိယာ (Thermostat) ကဲ့သို့ဖြစ်သည်။
ဖန်လုံအိမ်အာနိသင်သည် အချို့နေရာ၌ မြေမျက်နှာပြင်အပူချိန်ကိုမြင့်တက်စေပြီး အချို့နေရာများတွင် မိုးရွာသွန်းမှုကိုများပြားစေပါသည်။ ဆီလီကာကြွယ်ဝသောကျောက်လွာများကို ရာသီဥတုတိုက်စားစေခြင်းကလည်း ဤသို့သောရာသီဥတုဖေါက်ပြန်နေခြင်းကို တိုးပွားစေ၏။ ကျောက်လွာများကိုရာသီဥတုတိုက်စားခြင်းကပိုမိုမြန်ဆန်လာသည်နှင့်အမျှ လေထုထဲရှိကာဘွန်ဒိုင်အောက်ဆိုက်ကို ပိုမိုဖယ်ထုတ်ပေးသည်ကိုလေ့လာတွေ့ရှိကြသည်။ ဖန်လုံအိမ်အာနိသင်၏စွမ်းအင်သတ္တိသည် လေထုထဲရှိကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်နေအခြေအနေပေါ်မူတည်သည်။
ထိုသို့အပူချိန်မြင့်တက်လာခြင်းနှင့် မိုးရွာသွန်းမူ့များပြားလာသောကာလများ၌ မြေကြီးထဲရှိအချို့သောကျောက်လွာများသည်လည်း ကာဘွန်ဒိုင်အောက်ဆိုက်နှင့်ဓါတ်ပြုမူ့ကြောင့်ပါဝင်သည့် ဓါတ်သတ္တုကျောက်စကျောက်နများသည် အသွင်သစ်၊ပုံံသစ်သို့လျင်မြန်စွာပြောင်းလွဲဖြစ်တည်ကြသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များပြား၊တိုးပွားလာသည်နှင့်အမျှ မြေသားကျောက်သားများ ရာသီဥတုတိုကိစားပို့ချခြင်းနှင့်အတူ ရာသီဥတုအခြေအနေများကလည်း ပိုမိုပြောင်းလွဲလာစေခြင်းဖြစ်၏။
အပူချိန်ကိုထိမ်းချုပ်သည့် အပူထိန်းကိရိယာလုပ်ငန်းဖြစ်စဥ်မှာ- ကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်မူ့နှင့် အပူချိန်မြင့်တက်မြင်တက်မူ့များလာသောအခါ ကျောက်လွာများကိုတိုက်စားချေဖျက်မူ့လည်း ပိုမိုများပြားလာသည်။ လေထဲကကာဘွန်ဒိုင်အောက်ဆိုက်စုပ်ယူမူ့များလည်း ပိုများလာ၏။ အကယ်၍ ကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်မူ့လျော့ကျလာသောအခါ အပူချိန်ပါလျော့ကျလာပြီးအေးလာတယ်။ ကျောက်လွာများကိုရာသီဥတုတိုက်စာချေဖျက်မူ့ကလည်း ကမ္ဘာတဝန်းလျော့နည်းလာ၏။ ဒီဖြစ်စဥ်သည်ကာဘွန်ဒိုင်အောက်ဆိုက်ကိုလျော့ကျစေခြင်းဖြစ်၏။
ရာသီဥတုဒဏ်ကြောင့် အပေါ်ယံမြေလွာထုသည် တဖြေးဖြေးပါးလွာလာသောအခါ ပေါ်ထွက်လာသောသတ္တုကျောက်လွာများတိုက်စားခြေဖျက်ခြင်းဖြစ်စဥ်သည်ပိုမိုမြန်ဆန်လာ၏။ ထိုကာလ၌မြေတွင်လုပ်ရှားမူ့ကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာ့ပင့်တင်တွန်းကန်အားဖြစ်စဥ် (Earth's tectonic processes) ကမြင့်မားသောတောင်စောင်းတောင်တန်းများကို ဖြစ်ပေါ်စေသည်။
ကျောက်လွာများရာသီဥတုတိုက်စားပို့ချခြင်းသည် ဘူမိဗေဒသက်တမ်းအရဖြေးဖြေးခြင်းကြာမြင့်စွာဖြစ်ကျက်သည့် ဖြစ်စဥ်ဖြစ်သည်။ ဥပမာ၊လွန်ခဲ့သောနှစ်သန်းပေါင်း (၆၅) သန်းကလေထုအတွင်းရှိခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက်သည် အစိတ်အပိုင်းပေါင်းတစ်သန်းပုံ၏(၂၀၀၀)နှင့်(၄၀၀၀)ပီပီအမ် (Between 2000 and 400 ppm (part per million) အကြားရှိခဲ့သည်ဟု သိပ္ပံပညာရှင်များကခန့်မှန်းခဲ့ကြသည်။ ထိုပမာဏကိုသဘာဝအလျောက်(၄၀၀)ပီပီအမ်အထိလျော့ကျအောင်နှစ်သန်းပေါင်း(၅၀)ကျော်၊ ပလိုင်အိုဆင်းကာလအထိစောင့်ရသည်ဟုဆိုကြ၏။
ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မူ့အဆင့်ဆင့်ပြောင်းလဲမှုများသည် အလွန်နှေးကွေးသောကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှုန်းသည် ဖြေးဖြေးခြင်းဖြစ်နေသည်။ထို့ကြောင့်ဂေဟစနစ်များတွင် ပြောင်းလဲလာသောရာသီဥတုကိုလိုက်လျောညီထွေရှိအောင် ဖြည်းဖြည်းခြင်းပြုပြင်ပြောင်းလဲရန် နှစ်သန်းပေါင်းများစွာရှိနေခဲ့ခြင်းဖြစ်၏။
ပလိုင်အိုဆင်းကဲ့သို့သောအနာဂတ်တခုပြန်ဖြစ်လာမှာလား။ ။ ယနေ့လူတို့၏လှုပ်ရှားမှုများသည် လေထုထဲမှကာဘွန်ဒိုင်အောက်ဆိုက်ကို လျော့နည်းထုတ်ယူသည့် သဘာဝဖြစ်စဉ်များကိုလွှမ်းမိုးနေသည်။ (၁၇၅၀) ပြည့်နှစ်စက်မှုခေတ်အစတွင် လေထုထဲရှိကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်သည် တစ်သန်းလျှင်အစိတ်အပိုင်း (၂၈၀) (280)ppm) ခန့်ရှိသာခဲ့သည်။ ထိုကာလကရှိခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက်အဆင့်ကို ပြန်ရောက်ရန်နှစ်ပါင်း(၂၀၀)ကျော်အချိန်ကြာမြင့်မည်ဟုသိပ္ပံပညာရှင်မျာကဆန်းစစ်ကြသည်။
ထိုကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်မူ့များပြားလာခြင်းသည် ဒုတိယကမ္ဘာစစ်ကာလကစခဲ့သည်။ တနှစ်လျှင်(၂-၃)ပီပီအမ် (ppm) နှန်းဖြင့်မြင့်မားလာခြင်းဖြစ်သည်။ထိုအကျိုးအဆက်အဖြင့် ကမ္ဘာကြီးပူနွေးမူ့သည်လည်းအကြမ်းအားဖြင့် (၁၈၈၀)နှစ်လွန်ကာလကစခဲ့သည်ဟုဆိုရမည်။ ထိုကာလကစတင်ကာ (၁)ဒီဂရီစင်တီဂရိတ် (၂-ဒီဂရီဖရင်ဟိုက်)ခန့်ဖြင့်ပူနွေးလာခဲ့၏။ ထိုဖြစ်ပျက်မူ့များသည်လွန်ခဲ့သော နှစ်သန်းပေါင်း (၆၅) သန်းနှင့်နှိင်ယှဥ်ပါက အဆပေါင်းများစွာမြန်ဆန်နေသည်။
အာတိတ်ဒေသတွင် အရည်ပျော်သွားသောနှင်းများနှင့် ရေခဲထုများဆုံးရှုံးမှုများသည် ကမ္ဘာကြီးပူနွေးလာခြင်းက (၅) ဒီဂရီစဥ်တီဂရိတ်အထိတိုးများလာခဲ့ခြင်းကြောင့်ဖြစ်သည်။ နွေရာသီကာလတွင်အာတိတ်ပင်လယ်ပြင်၌ ရေခဲလွှမ်းခြုံမှုပမာဏနှင့်အကျယ်အဝန်းသည်လည်း နည်းသည်ထက်နည်းလာပြီဖြစ်၏။ သိပ္ပံပညာရှင်များက လာမည့်ဆယ်စုနှစ်၊နှစ်ခုအတွင်း နွေရာသီကာလ၌အာတိတ်ဒေသသည် ရေခဲလုံးဝရှိနိုင်တော့မည်မဟုတ်ဟု ခန့်မှန်းပြောကြားကြသည်။
ဒါတွေဟာ အာတိတ်ဒေသ၏ဆိုးရွာသော အကျိုးအဆက်တခုသာမကပါဘူး။ နွေရာသီအလွန်ပူပြင်းသော အပူရှိန်ကြောင့်ဂရင်းလန် (Greenland) ကျွန်း၏ရေခဲပြင်ကျယ်ကြီးအရည်ပျော်လာခြင်းကလည်း အထောက်အထားတခုဖြစ်သိပ္ပံပညာရှင်များမှတ်တမ်းတင်ထားကြပါတယ်။ ဒီနှစ်သြဂုတ်လစောစောပိုင်းကနေဒါနိုင်ငံ (Nunavut Territory) ၌ ကမ်းဦးရေတိမ်ပိုင်းမှာရှိတဲ့ ရေခဲထုချပ်ကြီးဟာပင်လယ်ထဲပဲ့ပြိုကျသွားပါတယ်။ အာတိတ်သမုဒ္ဒရာရှိနော်ဝေကျွန်းစုတစ်စုဖြစ်သည့်အာတိတ်ဆိုက်ဘေးရီးယားနှင့်စဗားဘာ့ဒ် (Parts of Arctic Siberia and Svalbard) တို့၏အစိတ်အပိုင်းများသည် ယခုနှစ်နွေရာသီတွင် စံချိန်တင်မြင့်မားသောအပူချိန်သို့ရောက်ရှိခံစားခဲ့ကြသည်။
အကယ်၍ပလိုင်အိုဆင်းအချိန်ကာလ၊ ကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်မူ့ပမာဏအတိုင်း ကမ္ဘာကြီးပြန်လည်ရောက်ရှိပါက ကမ်းရိုးတန်းမြို့များ၊စိုက်ပျိုးရေးလုပ်ငန်းများပေါများသည့်ဒေသများနှင့် လူမှုအသိုင်းအဝိုင်းများစွာအတွက်ရေပေးဝေမှုများသည် လုံးဝကွဲပြားခြားနားသွားလိမ့်မည်။ အနာဂတ်သည်မလွှဲမရှောင်နိုင်သောအခြေအနေနှင့်ရင်ဆိုင်ရမည်။ ရှောင်ရှားနိုင်မည့်နည်းတခုမှာ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအသုံးပြုမှုကိုလျော့ချရန်နှင့် ကမ္ဘာမြေအပူထိန်းကိရိယာကိုလျှော့ချရန်တို့ဖြစ်သည်။ သို့သော် အပူချိန်သည်လုံးဝကျဆင်းသွားခြင်းမည်တော့မဟုတ်ပေ။ လျော့နဲလာမည်သာဖြစ်မည်။ ထိုကိစ္စရပ်များကို မြန်မြန်ဆန်ဆန်အစအဖွဲ့အစည်းများ၊အစီုးရများကလုပ်ဆောင်ရန်လိုအပ်လိမ့်မည်။
(၂၀၂၀) ခုနှစ်၊အောက်တိုဘာလ (၁) ရက်နေ့ကပုံနှိပ်ထုတ်ဝေသော MarketWatch Web page news ၌ မက်ဆာချူးဆက်တက္ကသိုလ်မှဘူမိသိပ္ပံပါမောက္ခ ဂျူလီဘရစ်ဟမ်ဂရက်တီ (Julie Brigham-Grette) နှင့်မက်ဆာချူးဆက်တက္ကသိုလ်မှ ပထဝီဝင်ဌာနကတွဲဖက်ပါမောက္ခ စတိဗ်ပက်ရှ် ( Steve Petsch) တို့၏ "စကားဝိုင်း" " The Conversation" သဘောထားအမြင်ဆွေးနွေးချက်ဖြစ်သည့် "The Arctic hasn't been this warm for 3 million years – and that foreshadows big changes for the rest of the planet" - " အာတိတ်သည်နှစ်ပေါင်း (၃) သန်းအတွင်း ဤကဲ့သို့သောပူနွေးမှုမရှိခဲ့သော်လည်း ကျန်ရှိနေသောကာလများအတွင်း ကမ္ဘာ၏ကြီးမားသောပြောင်းလဲမှုဖြစ်နိုင်ချေများအတွက် ရှေ့ပြေးပုံရိပ်" ဖေါ်ပြချက်များကိုဆီလျော်အောင်ဘာသာပြန်ဆိုသည်။
Myint Thein
Groundwater Expert (Myanmar)
10th Oct 2020