အနာဂတ်ဆိပ်ကမ်းအတွက် တည်ဆောက်ရမည့် အုတ်ချပ် ၇ ခု

port-of-rotterdam-international

ပြောင်းလဲမှု၏ ခြေလှမ်းနှင့်အဟန့်အတား၊ တားဆီးနှောက်ယှက်မှု အရေအတွက်များ တိုးပွားလာဆဲဖြစ်သည်။ COVID-19 ကပ်ရောဂါလည်း ဖြစ်ပွားနေပြီး စီးပွားရေး ပြန်လည်ထူထောင်ကောင်းမွန်လာမည့် လမ်းကြောင်းကို ကျွန်ုပ်တို့ စဉ်းစားရန်လိုသည်။ ထို့အပြင် စွမ်းအင်ပြောင်းလဲခြင်း၊ တီထွင်စွမ်းသစ်မှု၊ ဒီဂျစ်တယ်စနစ်ပြောင်းလဲခြင်း၊ ကုန်သွယ်မှုပုံစံ ပြောင်းလဲခြင်းနှင့် အခြားပြောင်းလဲမှုများကိုလည်း ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်သည်။

ပြောင်းလဲမှုတွေနဲ့ ဟန့်တားနှောက်ယှက်နေသောပတ်ဝန်းကျင်တစ်ခုမှာ အနာဂတ်အတွက် သင့်ဆိပ်ကမ်းကို ပြင်ဆင်မှုများ ပြုလုပ်မယ်ဆိုရင် ဘယ်ကနေ စလုပ်မှာလဲ  

ရှေးအစဉ်အဆက်ကတည်းက ဆိပ်ကမ်းများသည် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်များတွင် အရေးပါသော နေရာများ ဖြစ်သည်။ အဆိုပါထောက်ပံ့မှုကွင်းဆက်များ ပိုမိုလျင်မြန်သည်။ လိုသလိုပြောင်းလဲနိုင်လာပြီး၊ တုန့်ပြန်မှုကောင်းလာသည်နှင့်အမျှ ဆိပ်ကမ်းများ၏ အခန်းကဏ္ဍမှာလည်း အသွင်ပြောင်းလဲလာသည်။ ပထဝီအနေအထား တည်နေရာမှာ တစ်ခုတည်းသော အရေးပါသည့် အချက် မဟုတ်တော့ပါ။ သယ်ယူပို့ဆောင်စီးဆင်းမှု၏ အလျင်၊ စွမ်းဆောင်ရည်၊ ယုံကြည်အားထားနိုင်မှုနှင့်အတူ လွယ်လင့်တကူ ကိုင်တွယ်စီမံနိုင်မှုသည်လည်း အလားတူ အရေးပါသည်။

သင်္ဘောတစ်စီး ဆိပ်ကမ်း၌ကပ်ပြီး ကုန်စည်များကို ရှေ့ဆက် ဘယ်လောက်မြန်မြန် ဖြန့်ချိနိုင်မလဲ။

ယနေ့ခေတ် ဆိပ်ကမ်းဆိုသည်မှာ ကုန်စည်ကိုသာ ကိုင်တွယ်သော၊ အချက်အချာကျသော နေရာတစ်ခုသာမကပဲ ဒေတာ အချက်အလက်များကိုလည်း ထိန်းချုပ်ရာ နေရာဖြစ်သည်။ သတင်းအချက်အလက်များသည် shippers နှင့်သင်္ဘောလိုင်းများ၊ ဆိပ်ကမ်းအာဏာပိုင်များ၊ ဆိပ်ကမ်းများ၊ အကောက်ခွန်နှင့် ကြီးကြပ်ရေးအာဏာပိုင်များ စသော အရင်းအမြစ်အသီးသီးမှ ဝင်လာကြသည်။ အချက်အချာကျသောနေရာ တစ်ခုအဖြစ် ဆိပ်ကမ်းတစ်ခု၏ လိုလားချက်သည် ထိုအရင်းအမြစ်အသီးသီးကို ကျွန်တော်တို့ မည်မျှအကောင်းဆုံး ချိတ်ဆက်နိုင်မည့်အပေါ်တွင် မူတည်သည်။ အချက်အလက်စီးဆင်းမှုကို ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်မှုသည် စွမ်းဆောင်ရည်၊ ပွင့်လင်းမြင်သာရှိမှု၊ ကြိုတင်မှန်းဆနိုင်မှုနှင့် စတင်ချိန်မှ ပြီးဆုံးချိန် (lead times) ကိုတိုးတက်စေသည်။ အနာဂတ်၏ ဆိပ်ကမ်းမှာ များပြားလှစွာသော ကွင်းဆက်များအကြား (ထိုအထဲမှ အများစုသည် ဒစ်ဂျစ်တယ်ပြောင်းလဲလာကြပြီးဖြစ်သည်) virtual ဒီဂျစ်တယ် ချိတ်ဆက်မှုတစ်ခု ဖြစ်လာလိမ့်မည်။

မြန်ဆန်သွက်လက်မှု (Agility)  

အနာဂတ်၏ ဆိပ်ကမ်းသည် မြန်ဆန်သွက်လက်သော ဆိပ်ကမ်းတစ်ခုလည်းဖြစ်လိမ့်မည်။ ကုန်စည်စီးဆင်းမှုများသည် အသက်ရှူမှားလောက်သည့် အရှိန်နှုန်းဖြင့် ပြောင်းလဲလျက်ရှိသည်။ ဈေးကွက်များမှာ တရုတ်နှင့် အိန္ဒိယတို့တွင်သာမဟုတ်တော့ပဲ ကမ္ဘာ့အနှံ့ရှိ နေရာဒေသများသို့ ပြောင်းရွှေ့လာပြီး လျင်လျင်မြန်မြန် ဖြန့်ကျက်လာနေသည်။ အချို့ဆိပ်ကမ်းများက ပိုမိုအရေးပါလာကြပြီး အချို့ဆိပ်ကမ်းများမှာ ၎င်းတို့၏ ဝင်ငွေရရှိမှုပုံစံ (revenue model) ကို ပြောင်းလဲရန် ရှုမြင်လာနေသည်။ ရာသီဥတုဖောက်ပြန်ခြင်းအပေါ် အလေးထားမှုများ တိုးပွားလာမှုကြောင့် ရုပ်ကြွင်းလောင်စာနှင့် လောင်စာဆီ အစားထိုး ကုန်ပစ္စည်းကို ဦးတည်လာသည်နှင့်အမျှ ရုပ်ကြွင်းလောင်စာနှင့် လောင်စာဆီများ သိုလှောင်မှုနှင့် သယ်ယူကိုင်တွယ်မှုတွင် ပြောင်းလဲမှုတစ်ခုသို့တွန်းပို့လာမည်။

ကုန်စည်စီးဆင်းမှုတွင် ပြောင်းလဲမှုများသည် အလားအလာရှိသော ပြဿနာတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ကုန်စည်ပစ္စည်းသည် ဆိပ်ကမ်းတစ်ခုမှ တခြားနေရာတစ်ခုသို့ ရိုးရိုးရှင်းရှင်း မရွှေ့ပြောင်းနိုင်ပါ။ သို့သော် Trend (ပြောင်းလဲမှု) အသစ်နှင့် တိုးတက်မှုအသစ်များက (စွမ်းအင်ပြောင်းလဲခြင်း အများစုကို ပြုလုပ်ရန် သို့မဟုတ် အနာဂတ် ဟန်ချက်ညီ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ဒစ်ဂျစ်တယ်ပုံစံ ထောက်ပံ့မှုကွင်းဆက်များတွင် နေရာတစ်နေရာကို ထူထောင်ရန်စသော) အခွင့်အလမ်းအသစ်များ ကိုလည်း ဖန်တီးသည်။ ထိုအခွင့်အလမ်းများအပေါ် အမြတ်ထုတ်ရန် ပထမဦးဆုံး မြန်ဆန်သွက်လက်မှုလိုအပ်ပြီး၊ ထို့နောက် အခွင့်အလမ်းများကို ခွဲခြားသတ်မှတ်ရန် စွမ်းရည်နှင့် ၎င်းတို့အား ဝင်ငွေရရှိမှုပုံစံအသစ် (new revenue model) အဖြစ် ပြောင်းလဲရန်ဖြစ်သည်။

စမတ်ဆိပ်ကမ်း (Smart Ports) 

အနာဂတ်ဆိပ်ကမ်းများသည် စမတ်ဆိပ်ကမ်းများ ဖြစ်လိမ့်မည်။ စမတ်ဆိပ်ကမ်းများသည် ပြောင်းလဲနေသော ကမ္ဘာကြီး၏ လိုအပ်ချက်များကို ထိထိရောက်ရောက် တုန့်ပြန်နိုင်စွမ်းရှိလိမ့်မည်။ ၎င်းတို့သည် အလုံးစုံ ဒစ်ဂျစ်တယ်စနစ်ဖြစ်ပြီး ကာဗွန်ထုတ်လုပ်မှုမရှိသည့် ပုံစံ (climate neutral) ဖြစ်လိမ့်မည်။ ဥပမာအနေဖြင့် ၎င်းတို့အား ကမ်းလွန်လေအားလျှပ်စစ်ဖြင့် စွမ်းအင်ပေးဝေပြီး၊ ကာဗွန်ထုတ်လုပ်မှုမရှိသော သင်္ဘောများ၊ ရေရှည် ဟန်ချက်ညီဖွံ့ဖြိုးမှုရှိသောစက်ရုံများပါ၀င်သည့် ဂေဟစက်ဝန်းတစ်ခုတွင် လုပ်ငန်းလည်ပတ်နေမည်။ အချိန်နှင့်တပြေးညီ အချက်အလက်များ (real-time data) များဖြင့် လုပ်ငန်းလည်ပတ်မှုကို အဆင်ပြေလုံခြုံပြီး ကြိုတင်ခန့်မှန်းစေနိုင်မည့် ဒစ်ဂျစ်တယ်ဆိပ်ကမ်း ဖြစ်လိမ့်မည်။ သင်္ဘောများအတွက် စောင့်ဆိုင်းရသည့်အချိန် မရှိတော့ပါ။ 

အတားအဆီးများ ရပ်ဆိုင်းသွားသည့်အလျောက် သင်္ဘောများ ဝင်ရောက်မှု မြန်ဆန်အကျိုးရှိလာစေသည်။ ပိုမို ပွင့်လင်းမြင်သာမှုများလည်း ရရှိစေသည်။ ပွင့်လင်းမြင်သာမှု၊ ကြိုတင်ခန့်မှန်းနိုင်မှု၊ အကျိုးရှိသော လုပ်ငန်းလည်ပတ်မှုနှင့် ထောက်ပံ့မှုကွင်းဆက်များလည်း ပိုမို ရရှိစေသည်။ Artificial intelligence, blockchain စနစ်နှင့် အင်တာနက်နည်းပညာအများစုကို အသုံးပြုခြင်းဖြင့် ၎င်းဆိပ်ကမ်းများသည် ကာဗွန်ထုတ်လုပ်မှုကို ဖြတ်တောက်ပြီး အချိန်နှင့် ငွေကို သက်သာစေမည်။

ထိုအနာဂတ်သည် သင့်ဆိပ်ကမ်းအတွက် ရှေ့အချိုးအကွေ့တစ်ဝိုက်တွင် ရှိကောင်းနေမည်။ သင်လည်း ရှေ့ဘာဆက်ဖြစ်နိုင်မည်လဲ မှန်းဆနေပေလိမ့်မည်။ သို့သော် ပြောင်းလဲမှု မစနိုင်သေးသော၊ အနာဂတ်မှာ ဝေးကွာနေသေးသော သို့မဟုတ် မရရှိနိုင်သေးသော အခြားဆိပ်ကမ်းများလည်း ရှိနေသေးသည်။ ၎င်းတို့အနေနှင့်လည်း အနာဂတ်အတွက် ဖြစ်ပေါ်နိုင်သည့် အခွင့်အရေးများအတွက် ပြင်ဆင်ထားရန် လိုအပ်သည်။

တည်ဆောက်ရမည့် အုတ်ချပ် ၇ ခု 

အနာဂတ်ဆိပ်ကမ်းများတွင် တည်ဆောက်ရမည့် ထင်ရှားသော အုတ်ချပ် ၇ ခု (ဖွဲ့စည်းပုံနှင့် ဖောက်သည်များ (clients)၊ ပိုင်ဆိုင်မှု၊ အခြေခံအဆောက်အဦ၊ သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်သူများနှင့်ထိတွေ့ဆက်ဆံရေး၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲခြင်း နှင့် တီထွင်ဆန်းသစ်ခြင်း) လိုအပ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ တည်ဆောက်ရမည့် အုတ်ချပ်တစ်ခုစီအတွက် လုပ်ဆောင်ရမည့် အဆင့်များကို ရှင်းလင်းထားသော စက္ကူဖြူစာတမ်းတစ်ခု (White Paper) ကို ကျွန်ုပ်တို့ ဖန်တီးပြုလုပ်ထားခဲ့ပြီးဖြစ်သည်။ လတ်တလော COVID-19 ကြောင့် ဖြစ်လာသော ရိုက်ခတ်မှုများအပြင် စွမ်းအင်ပြောင်းလဲမှုနှင့် ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲခြင်းများကို ဖော်ပြထားသည်။

 

နံပါတ် #၁ - အဖွဲ့အစည်းနှင့် ဖောက်သည်များ (Organisation & Clients)

အနာဂတ်ဆိပ်ကမ်းမှာ အခွင့်အလမ်းများကို စောင့်ဆိုင်းမနေပဲ ရှာဖွေသွားနေမည်ဖြစ်သည်။ ဆိပ်ကမ်းအသုံးပြုသူ မည်သူမဆို (အနည်းငယ်ဖော်ပြရလျှင် ဆိပ်ကမ်းများ၊ စက်ရုံများ၊ shippers များ)နှင့် ထိတွေ့ညှိနှိုင်းပြီး၊ အစိုးရအာဏာပိုင်အဖွဲ့အစည်းများ၊ ဒေသခံနေထိုင်သူများနှင့် အခြားဆိပ်ကမ်းများကဲ့သို့သော ပြင်ပဆက်စပ်အဖွဲ့အစည်းများနှင့်လည်း နီးနီးစပ်စပ်ထိတွေ့မှုရှိမည်။ အခွင့်အလမ်းများကို ခွဲခြားရန်နှင့် ၎င်းတို့ကို ဝင်ငွေရစေသည့်ပုံစံ (model) များအဖြစ် ပြောင်းလဲရန် အရည်အချင်းပြည့်ဝသော ဖွဲ့စည်းပုံတစ်ခု လိုအပ်သည်။ လိုအပ်သော အဖွဲ့အစည်းဆိုသည်မှာ Client များနှင့် အခြားဆက်စပ်အဖွဲ့အစည်းများ၏ လိုအပ်ချက်များနှင့် ပြောင်းလဲနေသည့် ဆန္ဒများအပေါ် တုန့်ပြန်နိုင်စွမ်းရှိသော၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ခေတ်အလိုက်ပြောင်းလဲမှုအသစ်များအပေါ် လက်ခံနိုင်သော၊ တက်ကြွပြီးအဖြေရှာမှုကို အဓိကထားသော (solution oriented) အဖွဲ့ဝင်များပါဝင်သည့် ကိုယ်တိုင်လေ့လာသင်ယူပြီး ကိုယ်တိုင်ဝေဖန်ဆန်းစစ်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ နိုင်ငံတကာကွန်ယက်အတွင်း တက်တက်ကြွကြွပါဝင်နိုင်သော အဖွဲ့အစည်းဖြစ်သည်။ ရှေ့ကိုရှေးရှုသောအဖွဲ့အစည်းတစ်ခုမှာ ပထမအဆင့်အနေဖြင့် ရှင်းလင်းသောအမြင်နှင့် ဗျူဟာတစ်ခု လိုအပ်သည်။

  • အနာဂတ်ကာလတွင် ဆိပ်ကမ်း၏ အခန်းကဏ္ဍ မည်သို့ဖြစ်မည်နည်း။
  • ထို အခန်းကဏ္ဍကို ပြည့်မီအောင် မည်သည့်အရာများလိုအပ်မည်နည်း။

နောက်တစ်ဆင့်မှာ ဖောက်သည် (client)၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ထိုမိတ်ဖက်ကဏ္ဍအသစ်များ ဖွံ့ဖြိုးပြီး အကောင်အထည်ဖော်ရန် ဖြစ်သည်။

ဆိုလိုသည်မှာ အဖွဲ့အစည်းရှိ အဆင့်တိုင်းအတွက် အဓိကပြောင်းလဲမှုများသာမက၊ ဆိပ်ကမ်းများအနေဖြင့် ၎င်းတို့၏ ဆက်စပ်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးများကို ပြန်လည်သတ်မှတ်ရန် ဖြစ်သည်။ မိတ်ဖက်အသစ်များ ပြုလုပ်ဖန်တီးရန် လိုအပ်လာလိမ့်မည်။

 

နံပါတ် #၂ - ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Asset Management)

  ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများသည် မည်သည့် အနာဂတ်ဝင်ငွေရရှိသည့်ပုံစံ (revenue model) အတွက်မဆို အဓိကကျသည်။ အဘယ့်ကြောင့်ဆိုသော် ထို ပိုင်ဆိုင်မှုများအတွက် ကောင်းမွန်သောစီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုမှာ အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။ ထို့အပြင် ဆိပ်ကမ်းများမှ ထိရောက်အကျိုးရှိသော ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ရန် နှင့် ဆိပ်ကမ်းများရှိ ပိုင်ဆိုင်ထားသောအရာများ၏ သက်တမ်းပိုမိုကြာရှည်ခံစေရန် အတွက် ဒေတာများကို အကျိုးရှိရှိအသုံးချနိုင်ခြင်းအပေါ်မူတည်သည်။ ဆိပ်ကမ်းဝန်ဆောင်မှုများတွင် တိုးတက်လာခြင်းနှင့် ငွေကြေးချွေတာနိုင်ခြင်းရလဒ်များက ဖွံ့ဖြိုးမှုအသစ်များတွင် ရင်းနှီးမြုပ်နှံနိုင်သော ငွေကြေးကို ရရှိစေသည်။ Drawings များ၊ မှတ်တမ်းများနှင့် ခေတ်မမီသော စနစ်များတွင် analogue စနစ် သတင်းအချက်အလက်များစွာ ရှိနေသေးသည်။ ခွဲခြမ်းစိတ်ဖြာဝေဖန်မှု (analysis) ပြုလုပ်ရန်အတွက် ထိုသတင်းအချက်အလက်များကို ဒစ်ဂျစ်တယ်အဖြစ်လက်ခံအသုံးပြုနိုင်ရန် အရေးကြီးသည်။ 

ထို့အပြင် အဓိကအနေဖြင့် အနာဂတ်ဆိပ်ကမ်းသည် ဆိပ်ကမ်းအဆောက်အဦးများနှင့် ဆိပ်ခံတံတားများ၏ အချက်အလက်များ၊ ရေမျက်နှာပြင်အနေအထား၊ ရေစီးနှုန်းနှင့် သင်္ဘောများ၏တည်နေရာပြ ကိုသြဒိနိတ်များစသော အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ တက်တက်ကြွကြွ စုဆောင်းရန်လည်း လိုအပ်ပါသည်။ ထိုသို့အချက်အလက်များ စုဆောင်းခြင်းတွင် ကင်မရာနှင့် အာရုံခံ ကိရိယာများ (sensor) တပ်ဆင်ထားသော လူလိုက်ပါထိန်းချုပ်ခြင်းမရှိသော လှေငယ်များလည်း စောင့်ကြပ်ကြည့်ရှုရန်နှင့် စစ်ဆေးရန် ပါဝင်လာနိုင်သည်။ 

ဆိပ်ကမ်း၏ ပိုင်ဆိုင်မှုများမှာလည်း ပိုမိုစမတ် ဖြစ်လာပြီး အင်တာနက်မှတဆင့် ဆက်သွယ်ဆောင်ရွက်ကာ ဆိပ်ကမ်းထိန်းသိမ်းရေးနှင့် ဆိပ်ကမ်းလုပ်ငန်းလည်ပတ်ရေးတွင် ပိုမို အကျိုးရှိ၊ထိရောက်စွာ အထောက်အကူပြုလာသည်။ အချိန်နှင့်တပြေးညီ ရရှိသော အချက်အလက်များ အသုံးပြု၍ ဥပမာအားဖြင့် သင်္ဘောတစ်စီး မည်သည့်နေရာတွင် ကမ်းကပ်နိုင်သည်ကို ဆုံးဖြတ်ပြီး ကုန်တင်ချမှုနှင့် ကုန်စည်ကိုင်တွယ်မှုအတွက် အသင့်တော်ဆုံး ပြုလုပ်နိုင်သည်။ ထို့အပြင် ဆိပ်ခံတံတားများအတွက် ထိန်းသိမ်းရေးလုပ်ငန်းများသည်လည်း စီမံကိန်းပြုလုပ်ရာတွင် ပိုမိုကောင်းမွန်စေသည်။ သို့မဟုတ် သောင်တူးခြင်းကို ပိုမိုအကျိုးရှိလာစေသည်။ တွေးခေါ်မြော်မြင်ကြည့်လျှင် အနာဂတ်ဆိပ်ကမ်းသည် ပြောင်းလဲနေသော အခြေအနေအရပ်ရပ်ကို တန်ပြန်တုန့်ပြန်နိုင်သော ပုံစံဖော်ဆောင်နေပြီး အသုံးပြုနိုင်သော ထပ်တူညီဒစ်ဂျစ်တယ်ပုံစံကို အချက်အလက်များအသုံးပြု၍ ဆောက်လုပ်လာတော့မည်ဖြစ်သည်။

 

နံပါတ် #၃ - အခြေခံအဆောက်အဦ (Infrastructure)

အနာဂတ်ဆိပ်ကမ်းသည် အခြားပင်လယ်ဆိပ်ကမ်းများနှင့် ကုန်စည်များ၏လာရာ/လားရာနေရာ (hinterland) အကြား လျင်မြန်ထိရောက်ကြံ့ခိုင်ပြီး ရေရှည်ဟန်ချက်ညီသော ဆက်သွယ်မှုများလိုအပ်သည်။ ထိုဆက်သွယ်မှုများတွင် ကုန်စည်များ လိုအပ်သောနေရာများသို့ အချိန်မရွေး ရေရှည်ဟန်ချက်ညီစွာ လျင်လျင်မြန်မြန်ရွေ့လျားနိုင်ရန် သယ်ယူပို့ဆောင်ရေးနည်းလမ်းများစွာပါဝင်သည်။ အသုံးပြုသူ user များက ကြိုတင်ခန့်မှန်း စီစဉ်နိုင်ရန်နှင့် သယ်ယူပို့ဆောင်ရေးရွေ့လျားမှုအားလုံးကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆိပ်ကမ်းတွင် စမတ်နည်းစနစ်များ (smart systems) လိုအပ်သည်။ 

Smart traffic က နည်းစနစ်များကို ယာဉ်အသွားအလာကောင်းမွန်စေရန်နှင့် လမ်းကြောင်းကြပ်တည်းမှုမဖြစ်စေရန် ထိန်းချုပ်သည်။ ကျွန်ုပ်တို့တွင် လူပါဝင်ထိန်းချုပ်မှုမလိုသော ဆိပ်ကမ်းများ ရှိနေပြီဖြစ်သည်။ ကုန်သင်္ဘောများနှင့် ကုန်ကားများအတွက် အနာဂတ်လည်း ထိုသို့ဖြစ်လာလိမ့်မည်။ သင်္ဘောများအတွက်လည်း ဆိပ်ကမ်းမှပေးသော အချိန်နှင့်တပြေးညီ အချက်အလက်များရယူ အသုံးချပြီး မှန်ကန်သော ကမ်းကပ်နေရာသို့ ကိုယ်တိုင်လမ်းကြောင်းရှာဖွေသွားလာနိုင်သော လူထိန်းချုပ်ရန်မလိုသောသင်္ဘောများကို မြင်တွေ့လာရန် ကျွန်ုပ်တို့မျှော်လင့်ထားပါသည်။ သို့မဟုတ် ထိန်းချုပ်မဲ့လုပ်ငန်းစဉ်တစ်ခုအတွင်းတွင် ကုန်ကားများမှ အုပ်စုလိုက် သတ်မှတ်လမ်းကြောင်းရွေးချယ်မောင်းနှင်ပြီး ကျန်ကားများကို ဆိပ်ကမ်းများ၊ ဂိတ်များနှင့် ယာဉ်ထိန်းမီးပွင့်များနှင့်ဆက်လက် ထိတွေ့ထားရှိစေနိုင်သည်။ 

ပစ္စည်းများနှင့် လူများရွေ့လျားသွားလာရန်အတွက် ဒရုန်းများ (Drones) ကဲ့သို့သော အလုံးစုံဆန်းသစ်သော သယ်ယူပို့ဆောင်ရေးနည်းလမ်းများ မြင်တွေ့လာရန်လည်း ကျွန်တော်တို့ မျှော်လင့်မိပါသည်။ ဥပမာ ကုန်သေတ္တာများအတွက် (hyperloop) ဥမင်လှိုဏ်မျိုး ဖြစ်သည်။ သင်္ဘောများ၊ ကုန်တင်ချ ကရိန်းများ၊ ရထားများ၊ ကုန်ကားများ၊ ကုန်သေတ္တာများ၊ ပိုင်းလော့သင်္ဘောများ၊ ယာဉ်လမ်းထိန်း မီးပွိုင့်များနှင့် မိုးလေဝသဌာနများအကြား အချိန်နှင့်တပြေးညီ ဆက်သွယ်ဆောင်ရွက်မှုများက လိုအပ်သော ဆုံးဖြတ်ချက်များ၏ အရေအတွက်ကို တိုးပွားလာစေသည်။ လူပုဂ္ဂိုလ်တစ်ဦးတည်းက အခြေအနေအရပ်ရပ်ကို ကြီးကြပ်ရန်မှာ မလွယ်ကူပါ။ ထို့ကြောင့် ထိုဆုံးဖြတ်ချက်များအပေါ် ဖြစ်နိုင်သလောက်အလိုလျောက် အကူအညီရစေရန် တုပဉာဏ်ရည် (Artificial intelligence) လုံးဝလိုအပ်မည်ဖြစ်သည်။ အနာဂတ်ဆိပ်ကမ်းမှာ အတိုင်းအတာတစ်ခုအထိ အလိုလျောက် ဆောင်ရွက်သောဆိပ်ကမ်းတစ်ခု ဖြစ်လိမ့်မည်။

 

နံပါတ် #၄ - သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်ရာဆက်စပ်သူများနှင့် ထိတွေ့ဆက်ဆံမှု (Environment & Stakeholder engagement)

ကျန်းမာသော ဆိပ်ကမ်းတစ်ခုသည် ကျန်းမာသောသဘာဝပတ်ဝန်းကျင်၊ ပြည်သူများ၏သာယာဝပြောမှုနှင့် ဆိပ်ကမ်း၏ ဆက်စပ်အဖွဲ့အစည်းများအကြား ဆက်ဆံရေးအပေါ်တွင်မူတည်ပါသည်။ ဆက်စပ်အဖွဲ့အစည်းများနှင့် ကောင်းမွန်သော ပြောဆိုဆက်ဆံရေးမှာ မရှိမဖြစ်လိုအပ်သည်ဟု ဆိုပြီးဖြစ်ပါသည်။ ဆက်စပ်အဖွဲ့အစည်း (stakeholders) များမှတိုက်ရိုက်မဟုတ်သောပြောဆိုမှုတစ်ခုမှပင် ဆိပ်ကမ်းစွမ်းဆောင်ရည် မည်မျှရှိသည်ကို ပြောပြနိုင်သည်။ 

ကျန်းမာသော ဇီဝမျိုးကွဲများကဲ့သို့သော အခြား အညွှန်းကိန်းများကလည်း ဆိပ်ကမ်းရှိ ရေအရည်အသွေးနှင့် သင်္ဘောနှင့်ဆိပ်ကမ်းလုပ်ငန်းများ မည်သို့လုပ်ဆောင်နေကြောင်း ပြောပြနိုင်သည်။ ကျန်းမာပြီးဆွဲဆောင်မှုရှိသော ပတ်ဝန်းကျင်တစ်ခုသည် ဆိပ်ကမ်းနှင့် ပတ်ဝန်းကျင်ရှိလူသားအားလုံးအတွက် အရေးကြီးသည်။ ၎င်းသည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာတန်ဖိုးများကို မြင့်တက်စေနိုင်ပြီး ရေရှည်ကာလတွင် ဆိပ်ကမ်း ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်မှုကို လုံခြုံစိတ်ချရစေသည်။

နံပါတ် #၅ - စွမ်းအင် (Energy) 

COVID-19 မှ ပြန်လည်ထူထောင်ရန်လမ်းကြောင်းတွင် သန့်စင်သောနည်းပညာများအတွက် စေ့ဆော်ရန်နှင့် မြှင့်တင်ရန်အခွင့်အလမ်းများ ရှိလာလိမ့်မည်။ ၎င်းသည် စွမ်းအင်ပြောင်းလဲမှုကို ဒေသတစ်ခုအဆင့် သာမက အခြား နိုင်ငံများနှင့် ဒေသအသီးသီးတွင်လည်း အရှိန်မြင့်နိုင်လာသည်။ ထိုအချက်မှာ ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသော စွမ်းအင်ပြောင်းလဲမှုကို တွန်းအားပိုမိုတိုးမြင့်စေသည်။ ရာသီဥတုဖောက်ပြန်မှုအပေါ်တုန့်ပြန်မှုများကြောင့် ရုပ်ကြွင်းလောင်စာအတွက် ဝယ်လိုအားကို တဖြည်းဖြည်းနှိမ့်ချရန် မျှော်လင့်ထားပြီး လက်ရှိ ရုပ်ကြွင်းလောင်စာအခြေပြု စီးပွားရေးတွင် အချက်အချာဖြစ်သော ဆိပ်ကမ်းများအတွက် အကျိုးဆက်များ အဓိက ဖြစ်ပေါ်လာနိုင်သည်။ တစ်ချိန်တည်းမှာပင် ဆိပ်ကမ်းနှင့် ဆိပ်ကမ်းအသုံးပြုသူ user များအပေါ်တွင် ကာဗွန်ထုတ်လုပ်မှုလျှော့ချရန်နှင့် ရေရှည်ကာလတွင် ရာသီဥတုအပေါ် ထိခိုက်မှုမရှိသော လုပ်ငန်းလည်ပတ်မှုသို့ ဦးတည်ရန်ဖိအားများလည်း ပိုမိုကြီးမားလာသည်။ 

အနာဂတ်၏ ဆိပ်ကမ်းများသည် လေ၊နေရောင်ခြည်နှင့် ရေ စသည့် သန့်စင်သောစွမ်းအင်ရင်းမြစ်များသို့ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ဇီဝအခြေပြုကုန်ကြမ်းများသို့ စွမ်းအင်ရင်းမြစ်ပြောင်းလဲရန်လည်း ပြုလုပ်လာနိုင်သည်။ သယ်ယူပို့ဆောင်ရေးစနစ်များလည်း ပို၍ လျှပ်စစ်ဓာတ်အားကို အသုံးများလာကြမည်။ လက်ရှိတွင် လျှပ်စစ်ဓာတ်အားသုံးယာဉ်များဖြင့် ခရီးတိုသယ်ယူပို့ဆောင်သွားလာမှု စမ်းသပ်ချက်များကို ကျွန်ုပ်တို့မြင်တွေ့နေရပြီးဖြစ်သည်။ ထိုကဲ့သို့ အစပျိုးမှုများက ကျွန်ုပ်တို့ကို မည်သည့်အရပ်နေရာထံ ခေါ်ဆောင်သွားမည်ကို ရှင်းလင်းစွာမသိနိုင်သော်လည်း ကျွန်ုပ်တို့ပြောနိုင်သည်မှာ ကာဗွန်ထုတ်လုပ်မှုလျှော့ချရန် အဖြေအသစ်များလိုအပ်နေလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် LNG, bio-LNG သို့မဟုတ် hydrogen ကဲ့သို့ လောင်စာများ၊ လေနှင့် နေရောင်ခြည်စွမ်းအင်များသည် ဆိပ်ကမ်းသို့ သန့်စင်သောစွမ်းအင် ဖြည့်တင်းရန်သာမက green hydrogen ထုတ်လွှတ်နိုင်သော အရည်အသွေးလည်းရှိသည်။ သင်္ဘောများ၊ ကုန်ကားများနှင့် စက်ရုံများ အများစုသည် ရာသီဥတုအပေါ်လုံးဝထိခိုက်မှု မရှိသော လုပ်ငန်းလည်ပတ်မှုနိုင်ရန် ရေရှည်ကာလတစ်လျှောက်တွင် green hydrogen သို့ ပြောင်းလဲအသုံးပြုရန် မျှော်လင့်နိုင်သည်။ 

ရာသီဥတုပြောင်းလဲမှုက အခြားအခွင့်အလမ်းများကို ပွင့်လင်းလာစေသည်။ သယ်ယူပို့ဆောင်ရေးနည်းလမ်းအသစ်များအတွက် biofuels, biochemicals နှင့် green hydrogen အစရှိသော ဝယ်လိုအားမြင့်တင်ခြင်းဖြင့် လောင်စာအခြေပြုကုန်ပစ္စည်းစီးဆင်းမှုကို တဖြည်းဖြည်းလျှော့ချလာနိုင်လိမ့်မည်။ အနာဂတ်၏ ဆိပ်ကမ်းအားလုံးသည် စွန့်ပစ်ပစ္စည်းအကြွင်းအကျန်မရှိသော သစ်လွင်သော ဂေဟစက်ဝန်းတစ်ခုရှိ အချက်အချာနေရာများ ဖြစ်လိမ့်မည်။

နံပါတ် #၆ - ဒစ်ဂျစ်တယ် ပြောင်းလဲခြင်း (The Digital Transition) 

စက်ရုံအလုပ်ရုံများဆက်လက် လည်ပတ်နိုင်ရန် နည်းပညာနှင့် ဒစ်ဂျစ်တယ်နည်းလမ်းများအပေါ် မှီခိုနေရခြင်းကို COVID-19 က သက်သေပြသခဲ့ပြီဖြစ်သည်။ ပြောင်းလဲခြင်းလမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာရောက်ရှိနေပြီးဖြစ်သော ဒစ်ဂျစ်တယ်ပြောင်းလဲခြင်းမှာ ပိုမိုအရှိန်ရရှိလာလိမ့်မည် မှာဧကန်ပင်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာသည် စွမ်းဆောင်ရည်တွင် ကြီးမားသောခုန်ပျံကျော်လွှားမှုများပြုလုပ်ရန် အစွမ်းအစ ရှိသည်။ လက်ရှိအချိန်တွင် ပင်လယ်ပြင်မှသယ်ယူပို့ဆောင်သော ကုန်စည်အားလုံးအတွက် စာရွက်စာတမ်း ၂၀၀ ခန့် လိုအပ်ပါသည်။ ဆိပ်ကမ်းများ၊ ကုန်စည်ပို့ဆောင်သူများ၊ ပို့ဆောင်ရေး ကုမ္ပဏီများနှင့် အကောက်ခွန်အာဏာပိုင်များမှ ၂၈ ဖွဲ့ထက်မနည်းသော အဖွဲ့အစည်းများသည် ကုန်စည်များ ၎င်းတို့ပို့ဆောင်သည့်ပန်းတိုင်သို့ရောက်ရှိစေရန်ဒေတာအချက်အလက်များကို အချင်းချင်းဖလှယ်နေကြရသည်။ 

လက်ရှိတွင် ကုန်စည်များ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ သတ်မှတ်ကာလအတိုင်းရောက်ရှိခြင်း မရှိသေးပါ။ သတ်မှတ်ကာလအတိုင်းရောက်ရှိလျှင်ပင် shippers များက ၎င်းတို့၏ တည်နေရာအတိအကျ သို့မဟုတ် မည်သည့်အချိန်တွင် ထုတ်ယူ၍ရနိုင်မည်ကို မသိရှိတတ်ပါ။ အနာဂတ်ဆိပ်ကမ်းတွင် အရေးကြီးအချက်အလက်များသည် မထိရောက်သော ဖလှယ်မှုကြောင့် ဖြစ်ပေါ်သော ကုန်စည်နှောင့်နှေးခြင်းမရှိသည့် ဒစ်ဂျစ်တယ်ဆိပ်ကမ်းများ ဖြစ်ပေါ်စေမည်။ ဒစ်ဂျစ်တယ်နည်းပညာများက user များအနေဖြင့် သက်ဆိုင်ရာအချက်အလက်များကို အချိန်နှင့်တပြေးညီ လက်ရှိဆက်ဆံမှုမရှိသေးသော မိတ်ဖက်အဖွဲ့များ အပါအဝင် ပါဝင်ပတ်သတ်သူအားလုံးဆီသို့ စိတ်ချလုံခြုံသော လုပ်ငန်းစဉ်တစ်ခုဖြင့် ဖြန့်ဝေပေးနိုင်သည်။ ဒစ်ဂျစ်တယ်ပြောင်းလဲခြင်းဖြင့် ရောက်ရှိချိန်များကို ကြိုတင်သိရှိစေပြီး ဆိပ်ကမ်းတွင်ရပ်နားသောအချိန်ကို လျော့ကျစေကာ စောင့်ဆိုင်းချိန်အနည်းဆုံးဖြစ်စေသည်။ 

အချိန်မီ သင်္ဘောသယ်ယူပို့ဆောင်ရေးကြောင့် နှစ်စဉ် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှ ထုတ်လွှတ်သော ကာဗွန်ပမာဏ၏ ၃၅ ရာခိုင်နှုန်းဖြစ်သော ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၂၁.၅ သန်းလျှော့ချစေနိုင်သည်။ ဒစ်ဂျစ်တယ်ပြောင်းလဲခြင်းသည် ဆိပ်ကမ်းနယ်ပယ်တွင်သာ ရပ်တန့်နေသည် မဟုတ်ပါ။ ကျွန်ုပ်တို့ အခြားကွင်းဆက်အစပျိုးမှုများ သို့မဟုတ် ပို့ဆောင်ရေး ကဏ္ဍရှိ ထောက်ပံ့နိုင်မှု၊ ဝယ်လိုအားနှင့် ကိုက်ညီသော အွန်လိုင်းစင်္ကြံများနှင့် ဆက်သွယ်ချိတ်ဆက်မှုများပြုလုပ်ပြီး အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ကြသည်။ သို့မဟုတ် နိုင်ငံအတွင်းနှင့် ကမ္ဘာအဝှမ်းရှိ အခြားဆိပ်ကမ်းများနှင့် ဒစ်ဂျစ်တယ် အဆက်အသွယ်အသစ်များ ပြုလုပ်ပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များဖလှယ်မှု ပိုမိုလွယ်ကူစေရန် ပြုလုပ်နိုင်သည်။

နံပါတ် #၇ - တီထွင်ဆန်းသစ်ခြင်း (Innovation) 

ထိုဖွံ့ဖြိုးတိုးတက်မှုအားလုံးအတွက် အဓိကသော့ချက်မှာ တီထွင်ဆန်းသစ်မှုဖြစ်သည်။ အနာဂတ်တွင် အခြေခံအဆောက်အဦများနှင့် ပိုင်ဆိုင်မှုများ လိုက်လျောညီပြောင်းလဲခြင်း၊ စွမ်းအင်ပြောင်းလဲခြင်းနှင့် ဒစ်ဂျစ်တယ်ပြောင်းလဲခြင်းအတွက် အလွန်အရေးပါသည်။ ပတ်ဝန်းကျင်ရှိ ပြွတ်သိပ်နေသောစက်ရုံများအပါအဝင် ဆိပ်ကမ်းဧရိယာတစ်ခုလုံးကို ပြောင်းလဲမှုများအား လက်ခံနိုင်ပြီး အခွင့်အလမ်းအသစ်များကိုအမြတ်ထုတ်နိုင်ရန် စွမ်းရည်ရှိသော၊ ပွင့်လင်းသော ဂေဟစနစ်တစ်ခုအဖြစ် ပြောင်းလဲရန် လူမှုဘဝဆိုင်ရာ တီထွင်ဆန်းသစ်မှုလိုအပ်သည်။ ထိုလုပ်ငန်းစဉ်တွင် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ဦးဆောင်ဦးရွက်ပြုရန် လိုအပ်သည်။

သို့သော် ဘယ်လိုလုပ်မှာလဲ။

၁။ သင်တန်းကျောင်းများနှင့် သုတေသနတက္ကသိုလ်များ နှင့် အားကောင်းသောမိတ်ဖက်ဆက်ဆံမှုသို့ဝင်ရောက်ခြင်း။
၂။ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး စတင်လုပ်ဆောင်မည့်သူများ၊ တိုးချဲ့မည့်သူများ ကို အားပေးလှုံ့ဆော်ပေးခြင်းနှင့် အကျိုးတူအရင်းအနှီးဖြင့် ထောက်ပံ့ခြင်း။
၃။ ထို လုပ်ငန်းစတင်လုပ်ဆောင်မည့်သူများ၊ တိုးချဲ့မည့်သူများနှင့် စက်ရုံများ၊ ထောက်ပံ့ပို့ဆောင်ရေး (logistics) နှင့် ရေကြောင်းကုမ္ပဏီများ အတူတကွပါဝင်စေရန် တက်ကြွသော အခန်းကဏ္ဍမှပါဝင်ခြင်း။ 

ဤနည်းအားဖြင့် အလားအလာရှိသောတီထွင်ဆန်းသစ်မှုများအတွက် အောင်မြင်မှုအခွင့်အလမ်းများ တိုးတက်စေသည်။ တီထွင်ဆန်းသစ်မှုမှာ သုတေသနနှင့်ဖွံ့ဖြိုးမှု ဆိုသည်ထက်ပိုသည်။ စည်းမျဥ်းစည်းကမ်းများ၊ ငွေကြေး၊ ဈေးကွက်ရှာဖွေခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် လက်ခံမှုများတွင်လည်း တီထွင်ဆန်းသစ်မှုလိုအပ်သည်။ ဆိပ်ကမ်းအာဏာပိုင်သည် ပါဝင်သော သက်ဆိုင်ရာအဖွဲ့အားလုံး ထိထိရောက်ရောက်ပူးပေါင်းလာစေရန် အရေးကြီးသောကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်။ ဤသည်မှာ အလျင်အမြန် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့် ဆက်လက်လိုက်ပါရန် အသေအချာလိုအပ်သည့် အောင်မြင်သော၊ တီထွင်ဆန်းသစ်သော ဂေဟစနစ်အတွက် မှန်ကန်ကောင်းမွန်သောအခြေအနေများထူထောင်ရန် တစ်ကြောင်းတည်းသော လမ်းဖြစ်ပေသည်။

ရေရှည်ဟန်ချက်ညီဖွံ့ဖြိုးသော စီးပွားရေးလုပ်ငန်းများအတွက် အခြေခံအုတ်မြစ်များ 

တည်ဆောက်ရမည့် အုတ်ချပ်အားလုံး၏ အဓိကရှုထောင့်မှာ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသော ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ (Sustainable Development Goals, SCGs) နှင့် ကိုက်ညီနေသည်။ SDGs ရည်မှန်းချက်များအားလုံးမှာ ဆိပ်ကမ်းနှင့် တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်နေပြီး ထိုထဲမှ ၅ ချက်မှာ အထူးသဖြင့် အရေးပါသည်။ တည်ဆောက်ရမည့် အုတ်ချပ် ၇ ခုလုံး ကမ္ဘာ့မြင်ကွင်းအားလုံးတွင် စီးပွားရေးလုပ်ငန်းများ ရေရှည်ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအုတ်မြစ်များ ထူထောင်ပြီး ထို SDGs ရည်မှန်းချက် ၅ ချက်အောင်မြင်ရန် အထောက်အကူပြုသည်။ SDGs ရည်မှန်းချက်များမှာ

  • ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိခြင်း
  • လူတိုင်းလက်လှမ်းမီမှုရှိပြီး သန့်ရှင်းသော စွမ်းအင်ရရှိရေး
  • သင့်တင့်သော အလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှုရရှိရေး
  • စက်မှုလုပ်ငန်း၊တီထွင်ဆန်းသစ်မှုနှင့် အခြေခံအဆောက်အအုံ
  • ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး တို့ဖြစ်သည်။

ယနေ့ပဲ စတင်ပါ 

အခွင့်အလမ်းများမှာ အဆုံးမရှိဘဲ နည်းလမ်းများမှာ အားရကျေနပ်ဖွယ် များသည်။ သင့်ဆိပ်ကမ်းအတွက် အနာဂတ်လမ်းမှန်သည် ဆိပ်ကမ်းအသုံးပြုသူများနှင့် ဆက်စပ်သူများ၊ ဒေသတွင်းရှိစက်ရုံများနှင့် ကုန်စည်စီးဆင်းမှုများ၊ ကုန်စည်လာရာ/လားရာနေရာ (hinterland) ဖွံ့ဖြိုးတိုးတက်မှုများ၊ အစိုးရ၏ မူဝါဒ၊ဥပဒေပြုခြင်းနှင့် စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်းအပါအဝင် အများပြည်သူ၏အမြင် စသော အချက်များစွာအပေါ်တွင် မူတည်သည်။ သို့ဖြစ်ရာ အနာဂတ်၏ ဆိပ်ကမ်းတစ်ခုချင်းစီအတွက် စံချဉ်းကပ်သည့်လမ်းမှန် မရှိပါ။ 

ခြေလှမ်းစိပ်စိပ်နှင့် စတင်ပါ။ ရလဒ်များအပေါ်လေ့လာအကဲဖြတ်ပြီးနောက် နောက်ခြေတစ်လှမ်းလှမ်းမည့်နေရာအတွက် ဆုံးဖြတ်မှုပြုလုပ်ပါ။ အနာဂတ်မှာ ချမှတ်ပြီးသားဖြစ်သောကြောင့် မည်သည့်အရာပဲလုပ်လုပ်၊ တတ်နိုင်သမျှ မြန်မြန်၊ ယနေ့ပဲဖြစ်ဖြစ် စတင်သင့်သည်။ သေချာသည်မှာ Trends များသည် နေရာတစ်ခုမှာ ပုံပြု စတင်ဖြစ်ပြီး နိုင်ငံအနှံ့နှင့် နယ်စပ်များကိုကျော်လွန်သွားနိုင်သည်။ အနှေးနဲ့အမြန် ကမ္ဘာတစ်ဝှမ်းရှိဆိပ်ကမ်းအားလုံးက ဒီနေရာ (ရိုတာဒမ်ဆိပ်ကမ်း)တွင် ဖြစ်ပေါ်လာသော ပြဿနာများကို တွေ့ကြုံဖြေရှင်းရမည်ဖြစ်သည်။ အတွေ့အကြုံ၊ ဗဟုသုတများဖလှယ်ခြင်းဖြင့် Trends များကို အရှိန်မြင့်တင်ရန်နှင့် ကျွန်တော်တို့၏ ကိုယ်ပိုင်အလားအလာများတိုးတက်ရန် ဆုံးဖြတ်နိုင်သည်။ ရိုတာဒမ် ဆိပ်ကမ်းအာဏာပိုင်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်လျှက်ရှိသည်။

Translated by Ko Arkar Phyo, a member of Myanmar Water Portal Translation Community

Original Blog Source: https://www.portofrotterdam.com/en/news-and-press-releases/seven-building-blocks-for-the-port-of-the-future

Lessons to learn from the Festival of Water Forces...
Taninthayi offshore fishing vessels relying only o...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal