လူမှုသိပ္ပံမှ အသစ်သစ်သော နည်းပညာများကို ရင်းနှီးကျွမ်း၀င်ပြီး ကျင့်သုံးလာရန် ဘယ်လိုကူညီဖြေရှင်းနိုင်သလဲ

လူသားတို့၏ တစ်စတစ်စ တိုးတက် ပြောင်းလဲလာမှုနှင့် ရုန်းကန်ရှင်သန်နေထိုင်ဖို့ရာ ဆန်းသစ်တီထွင်လာမှု သည် ရေအရင်းအမြစ်များ ထိရောက်စွာစီမံခန့်ခွဲရန် အတွက် အလွန်ပင် အရေးပါသည်။ စက်ရုံအလုပ်ရုံများမှ ရေနှင့်သက်ဆိုင်ပြီး ထိရောက်သော စနစ်ကို လုပ်ဆောင်ရန် လိုအပ်လျှင် ဘာလို့ နည်းပညာအသစ် ကို ကျင့်သုံးဖို့ရာ လက်တွန့်နေကြသနည်း။ အဘယ်ကြောင့် နည်းပညာသစ်များစွာ တစ်နေ့တစ်ခြားပေါ်ပေါက်ထွက်ပေါ်နေသော်လည်း အောင်မြင်စွာလူအများ ကျင့်သုံးစေဖို့ရာ ခက်ခဲသနည်း။

အပြင်ပန်းအရကြည့်မယ်ဆိုလျှင် ဆန်းသစ်တီထွင်မှု ရေအခန်းကဏ္ဍမှာ ကျင့်သုံးမှုနှောင့်နှေးနေမှုကို အပြစ်တင်ရန် လွယ်ကူသည်။ အစိုးရမှကြီးလေးစွာချမှတ်ထားသော အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစဥ်များနှင့် ချိန်ညှိရန် ခက်ခဲသည်။ သုတေသနအတွက် အရင်းအနှီး(Capital) နှင့် အထူးပြုနေရာများ ရရှိဖို့ရန်လည်း ခက်ခဲသည်။ တိုက်တွန်းပြန်ကြားချက် လုပ်ငန်းစဥ်များလည်း တင်းကြပ်သည်။ သဘာ၀နှင့် ကျန်းမာရေး စမ်းသပ် လုပ်ဆောင်ရေး လမ်းစဥ်များမှာလည်း ရှည်လျားပြီး အသေးစိတ်လှ သည်။

သို့သော်လည်း အများပြည်သူအတွက် ဆုံးဖြတ်ပေးပိုင်ခွင့်ရှိသူများဖြစ်ကြသော အခြေခံ၀န်ဆောင်မှုလုပ်ငန်းများ၏ဥက္ကဌ၊ ဘုတ်အဖွဲ့၀င်များ၊ မြို့တော်ကောင်စီများနှင့် ကြည့်ကြပ်သူအဖွဲ့အစည်းများ တို့သည် ရေနှင့်သက်ဆိုင်သော ဒစ်ဂျစ်တယ်လ်နည်းပညာဆန်းသစ်တီထွင်မှုများအပေါ် သံသယရှိနေကြပြီး ရန်လိုမှုအနေဖြင့် တုံ့ပြန်မှုများပါ ရှိနေသည်။ ဆန်းသစ်တီထွင်ပုံ၏ပြန့်ပွားမှု (The Diffusion of Innovation – DOI) လူမှုသိပ္ပံဆိုင်ရာ ပုံစံတစ်ရပ်သည် ဆန်းသစ်သော စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ်ပေါက်လက်ခံလာဖို့ အတွက် ပိုမိုအားပေးဖို့ရန် နှင့် ထိုဆန်းသစ်မှု၏အမြင်သစ်များ ဆင်းသက်လာပုံတို့ကို သေချာရှင်းလင်းပြနိုင်သည်။

DOI ပုံစံသည် ၁၉၆၂ ခုနှစ်တွင် E.M Rogers မှ ပြုလုပ်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် Malcolm Gladwell ၏စာအုပ် The Tipping Point မှ နာမည်ကျော်လာသည်။ ၎င်းသည် လူထုတစ်ရပ်မှ ဆန်းသစ်မှုကို ကျင့်သုံးရခြင်းအပေါ် ထားရှိသော အမြင်သည် လူထုစနစ် (သို့မဟုတ်) လူအများကြားတွင် မည်သို့ပြန့်နှံနေသည် ဆိုသည်ကို ဖော်ပြသည်။ (ပုံပါဂရပ်တွင်ကြည့်ပါ)

ရေနှင့်သက်ဆိုင်သော နည်းပညာများ ကျင့်သုံးဖို့ရန် အလွယ်ကူဆုံး ရာခိုင်နှုန်းမှာ ဆန်းသစ်ပြောင်းလဲသူ (Innovators) များဖြစ်သည်။ စိတ်ပျက်စရာ မနှစ်မြို့စရာများရှိလာဖို့ အလားအလာ ရှိရင်တောင်မှ အသစ်သစ်သော အတွေးအစများ၊ စမ်းသပ်မှုများ ကိုလေ့လာစူးစမ်းလိုကြသူများဟု ဆိုနိုင်သည်။ နောက်ထပ်မှာ အမြော်အမြင်ရှိသော ကနဦးကျင့်သုံးသူ (Early Adopters) များဖြစ်သည်။ ထိုသူတို့သည် ဘ၀နေထိုင်မှုပုံစံ တိုးတက်ဖို့ရာ မျက်ချေမပျက် ရှာဖွေနေပြီး၊ ဆန်းသစ်ပြောင်းလဲသူ (Innovators) များထံမှ အကြံဥာဏ်နည်းပညာအသစ်များ ၏ အသိပေးချက်၊ ညွှန်းဆိုချက်များကို လက်ခံလေ့လာကျင့်သုံးသူများဖြစ်သည်။ သမရိုးကျလုပ်ဆောင်ချက်လမ်းစဥ်များပြောင်းလဲရန်အတွက် ကောင်စီအဖွဲ့၀င်များမှ တိုက်တွန်းလျှင် ဖော်ပြပါ မျဥ်းကွေးလမ်းစဥ် အတိုင်း ဖြစ်လာမည်။

ရေနှင့်သက်ဆိုင်ရာဒစ်ဂျစ်တယ်စနစ်အတွက် နားလည်သဘောပေါက်ကျင့်သုံးလာဖို့ရန် အဓိကလုပ်ဆောင်ရမည့် ရင်ကြားစေ့မှုအပိုင်းသည် "The Chasm"မှ စတင်ရမည်ဖြစ်သည်။ ပုံပါအတိုင်းကြီးမားသော ကွာဟချက် (The Chasm) ကို ဖြတ်ကျော်ရန် လူအများစုအတွက် အကောင်းဆုံးသော ရလဒ်များကို ချပြပြီး လိုအပ်သော ဖြေရှင်းချက် ကိုဖော်ပြရန်မှာ အရေးပါသည်။ ရေနှင့်သက်ဆိုင်ရာ ကျွမ်းကျင်လုပ်ကိုင်နေသူများမှာလည်း ဒီဂျစ်တယ်စနစ်လိုမျိုး ဆန်းသစ်တီထွင်ထားသော နည်းပညာများကို စီစစ်ဆုံးဖြတ်ချက်ပေးနိုင်သူများ ကို နည်းပညာအသစ်အပေါ်နားလည်ရန် စည်းရုံးရမည်။

အစောပိုင်းကျင့်သုံးသူအများစု (Early Majority) သည် လက်တွေ့ကျသူများဖြစ်သည်။ ထိုလူအများစု သည် မိမိမကျင့်သုံးမီ ဆန်းသစ်သူများ နှင့် ကနဦးကျင့်သုံးသူ လူနည်းစုများ၏ တုံ့ပြန်မှုများအပေါ် မူတည်ပြီး နည်းပညာနှင့် အတွေးအသစ်များအပေါ် သုံးသပ်ကာ ကျင့်သုံးကြသူများဖြစ်သည်။ အလားတူကဲ့သို့ အရေးပါသော လူအများစုဖြစ်သည့် နှောင်းပိုင်းကျင့်သုံးသူအများစု (Late Majority) သည် ၎င်းတို့အပေါ် ကျရောက်လာနိုင်သော အန္တရာယ် နှင့် ဈေးနှုန်း အခက်အခဲများမရှိမှသာ နည်းပညာအသစ်များကို သုံးစွဲကျင့်သုံးမည့်သူများဖြစ်သည်။

သတိပြုရမည်မှာ ထိုအပိုင်းသည် ရေအသုံး၀န်ဆောင်လုပ်ငန်းနှင့် ကြည့်ကြပ်သူအဖွဲ့အစည်းများ၏ စိတ်နေစိတ်ထားနှင့် တူညီလုနီးပါးရှိသည်။

မျဥ်းကွေး၏ အဖျားပိုင်းတွင် အချိန်အတော်ကြာမှ အတွေးအမြင်အသစ်ကို ကျင့်သုံးသူများဖြစ်သည်။ စိတ်မပါသော လက်တွန့်နေသူ အဖွဲ့ (Laggards) သည် ဆန်းသစ်တီထွင်မှု၏ ဘယ် အကျိုးရလဒ်များကိုမဆို သံသယထားသူဖြစ်သည်။ ထို့နောက် အယုံအကြည်ကင်းမဲ့သူ (Sceptics) များမှာ အခြားသူများမှ နည်းပညာအတွေးအသစ်များကို ကျင့်သုံးသည့်တိုင်အောင် သံသယရှိစွာဖြင့် ငြင်းပယ်နေသူများဖြစ်သည်။ ကာကွယ်ဆေးထိုးရမယ့် နည်းပညာမျိုး မိတ်ဆက်ပေးသည့်ကိစ္စမျိုးဆိုလျှင်၊ ထိုအဖွဲရှိ တစ်စုံတစ်ယောက်က အစွန်းဆုံးအတိုက်အခံ လုပ်နေသူမရှိလျှင် ထိုအဖွဲ့နှစ်ဖွဲ့ကို လျစ်လျူရှုထားနိုင်သည်။

ထိုလူ့အဖွဲ့အစည်း အပိုင်းလိုက်တစ်ခုချင်းစီတွင် ထိရောက်စွာ သတင်းအချက်အလက်မျှဝေရန်လိုအပ်သည်။ ရေနှင့်သက်ဆိုင်သူမှန်သမျှကို တန်းတူ တစ်ပြေးညီတည်း အချက်အလက်မျှဝေရန်မဖြစ်နိုင်ပေ။ နည်းပညာအသစ် ကျင့်သုံးနိုင်ရန်အတွက် အထောက်အပံ့များရှာမှီးနိုင်ရန်နှင့် သက်ဆိုင်ရာ လူထုလှုပ်ရှားမှုများ တည်ဆောက် လှုံ့ဆော်ရန် လမ်းညွှန်ချက်များ ဖန်တီးမှု လိုအပ်သည်။
ကွာဟချက်ကိုပေါင်းကူးရန် ထိုလမ်းညွှန်ချက်များသည် နာမည်ကြီး ဆန်းသစ်တီထွင်သူများ နှင့် ကနဦးကျင့်သုံးသူများ ထံမှ အကူအညီရရှိရန် အထောက်အကူပေးမည်။ သို့သော် ဖြန့်ဝေမှုဗျူဟာအများစုသည် ကနဦးနှင့် နှောင်းပိုင်းလူအများစု (Early & Late Majority) ၏ ယုံကြည်မှု ရရှိရန်သာ အာရုံထားကြသည်။
ဆုံးဖြတ်ပိုင်းခွင့်ရှိသူများသည်လည်း ဒစ်ဂျစ်တယ်လ်စနစ်ကို စီစစ်ရာတွင်လည်း လုပ်သင့် မလုပ်သင့်ဆိုသည့် လမ်းကြောင်းနှစ်ခုသာ အခြေခံဆုံးဖြတ်ကြသည်။ ယင်းစနစ်သည် ဘေးအန္တရာယ်ရှိနိုင်သလား၊ နိုင်ငံရေးရည်မှန်းချက်နှင့်ဆက်နွယ်နေသလား၊ တည်မြဲခိုင်မြဲပါ့မလား၊ ရှိရင်းအခြေအနေတစ်ရပ်အတွက်အဆင်ပြေပါ့မလား တို့လိုမျိုးစဥ်းစားဆုံးဖြတ်ကြသည်။ ၎င်းသည်လည်း အမှန်တကယ် တိုးတက်ပြောင်းလဲအတွက် သဘာ၀တုန့်ပြန်မှု တစ်ရပ်ဖြစ်သည်။ အသေးစိတ်စဥ်းစားထားသော ဖြန့်‌ ဝေခြင်းဗျူဟာသည် အိပ်မက်ဆန်ဆန်နည်းပညာမျိုးကိုကျင့်သုံးဖို့ လက်တွန့်နေကြသူများကို လှုံဆော်နိုင်ပါသည်။
ရေကျွမ်းကျင်လုပ်ကိုင်သူများကို အတွေးအမြင်သစ် တစ်ရပ်ကျင့်သုံးရန် တိုက်တွန်းနှိုးဆော်မှုသည် စက်မှုထွန်းကားမှု နှင့် ဖွံဖြိုးဆဲနိုင်ငံများကြား ယှဥ်ပြိုင်သည့် ပြဿနာမဟုတ်သည်ကို သတိပြုကြပါ။ မဖွံဖြိုးသေးသော နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု နည်းသော နိုင်ငံရှိ ရေအဖွဲ့အစည်းများသည် အလုပ်နည်းနည်းနှင့်ရလဒ်ကောင်းထွက်နိုင်သော၊ သွက်လက်မြန်ဆန်သော ဒစ်ဂျစ်တယ်လ် ဆန်းသစ်မှုနှင့်အတူ ဖွံဖြိုးပြီးအခြေအနေသို့ ဖြတ်ကျော်လွှားဖို့ရန် အခြေအနေပိုကောင်းပါသည်။

ဤသို့လုပ်ဆောင်သည့်တိုင် ကျွန်တော်တို့ ခေါင်းဆောင်များ၏ နည်းပညာအသစ်များ အပေါ် သုံးသပ်သော အမူအကျင့် နှင့် အတွေးအခေါ်များကို ပြောင်းလဲရန် တိုက်တွန်းနှိုးဆော်မှုမှမရှိလျှင် တိုးတက်ဖို့ရာ မဖြစ်နိုင်ပေ။ ကွာဟမှု (The Chasm) ကို ဖြတ်ကျော်ပြီး လူအများအပြားထံ ရောက်ရှိသွားရန် နည်းမျိုးစုံရှိသည်။

ပထမ တစ်ချက်မှာ ၀က်စ်ဆိုဒ်မှ တစ်ဆင့် နည်းပညာအကြောင်း သတင်းမျှဝေပေးရန် ဖြစ်သည်။ နောက်တစ်ချက်မှာ ပါ၀င်လုပ်ဆောင်ရေးချဥ်းကပ်မှုကို အတုယူကာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူပါ၀င်လာစေရန် အသေးအကြီး တွေ့ဆုံပွဲများ စီမံကာ နည်းပညာ၏တန်ဖိုးအပေါ် ကျင့်သုံးရန် ဖြစ်သည်။ ကျွန်တော်တို့ကလည်း သိပ္ပံဆိုင်ရာနှင့်နည်းပညာ၏ရိုးရှင်းမှုကို စစ်ဆေးမှု(Test)၊ ကနဦးစတင်မှု (pilot)၊ အစမ်းနမူနာ (Demo) နှင့် ပုံစံတူအခြေအနေလေ့လာမှုများ (Case Studies) များဖြင့် အဖြေပေးနိုင်သည်။ မိမိ၏သုံးစွဲသူပရိသတ်များသဖွယ်ရှိနေသော ဆုံးဖြတ်ပိုင်ခွင်ရှိသူ၏ လိုအပ်ချက်နှင့် တန်ဖိုးများကို ဆန်းသစ်တီထွင်မှုက မည့်သို့ထိန်းသိမ်းဆောင်ရွက်နိုင်သည်ကို အမြဲ အထူးပြုရှင်းလင်းဖော်ထုတ်ပြသင့်သည်။

နောက်ဆုံးအနေဖြင့် ရှေးရိုး ထုတ်ကုန်၊ ၀န်ဆောင်မှု၊ စနစ်တို့တွင် ဆန်းသစ်တီထွင်မှုသည် မည်သို့ နေရာယူအစားထိုးနိုင်ကြောင်း နှင့် အခြားသူများအတွက်မည်သို့ အကျိုးထူးစေသည်ကို ဖော်ပြသင့်သည်

ရေနှင့်သက်ဆိုင်သော ဆန်းသစ်တီထွင်မှုတစ်ရပ်ကို စဥ်းစားကြည့်ကြစို့။ ခေတ်မှီရေမီတာတိုင်းတာမှုအခြေခံအဆောက်အအုံ (Advanced Metering Infrastructure – AMI) သည်အများပြည်သူသုံးရေ၀န်ဆောင်မှုလုပ်ငန်းတွင် ကွာဟမှုကို ကျော်ဖြတ်ကာ (Cross the Chasm) အကြောက်တရားနှင့် ယူဆချက်အမှားများရှိနေသည့်အခက်အခဲကို ဖြတ်ကျော်နိုင်ခဲ့သည်။ မည်သို့လုပ်လိုက်သနည်း။ ရိုးရှင်းသော သုံးချက်ဖြင့်လုပ်ဆောင်လိုက်သည်

  1. ပိုမိုတိကျပြီးခေတ်နှင့်တစ်ပြေးညီရှိမှုကို ထောက်ပံ့ပေးနိုင်သော AMI ကိုယုံကြည်စိတ်ချရမှုအပေါ် မီးမောင်းထိုးပြခြင်း
  2. AMI စနစ်အသုံးပြုကာ သတင်းအချက်အလက်ဖြင့် ၀ယ်ယူသူများကို သုံးစွဲစေရန်လုပ်ပိုင်ခွင့်ပေးခြင်း
  3. AMI အသုံးပြုခြင်းကြောင့် မည့်သို့အကျိုးဖြစ်ထွန်းကြောင်း အများပြည်သူသိရှိရန်ဆောင်ရွက်ခြင်း
ထိုနည်းတူ အခြားသော ဒီဂျစ်တယ်လ်နည်းပညာများကို စတင်မိတ်ဆက်ပေးရာတွင် အသုံးနိုင် သည်

ရေလောကတွင် ရေရှည်မတည်မြဲသော တွန်းအားတစ်ရပ်မှာ စက်မှုလုပ်ငန်းများအများစုက သံသယရှိမှု၊ ပြောင်းလဲမှုကို မလိုလားမှုများနှင့်အတူ ဆက်လက်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ အလားအလာရှိသော နည်းပညာများကို ရေကျွမ်းကျင်လုပ်ကိုင်သူများ ငြင်းလေ၊ ရေရှည်အောင်မြင်မှု၊လုံခြုံစိတ်ချရမှုအတွက်သေချာရန် အခက်အခဲရှိလေ ဖြစ်သည်။

ရေအခန်းကဏ္ဍတွင် ဆန်းသစ်တီထွင်မှုသည် တွေ့ကြုံလာရမှာဖြစ်ပြီး နောက်ပြန်လှည့်မရသည်မှာ အသေအချာပင်။ နောက်ကျကျန်ရစ်မှာထက်စာရင် သင်၏စိတ်နေစိတ်ထား၊ အလုပ်ခွင်၊ အဖွဲ့အစည်းတို့ ခေတ်သစ် ဆန်းသစ်တီထွင်မှုများကို မည့်သို့ကျင့်သုံးဆောင်ရွက်မည်၊ မည်သို့ပြောင်းလဲပြင်ဆင်မှုမြန်ဆန်နိုင်မည်ကို မေးခွန်းထုတ်ရမည်ဖြစ်သည်။