မြစ်အထက်ပိုင်းရှိရေအားလျှပ်စစ်ထုတ်လုပ်သောဆည်များ၏ဒဏ်ကိုခံနေရသောကမ်းရိုးတန်းဂေဟစနစ်များ

Dam-1 မကြာသေးမီကမက္ကဆီကိုနိုင်ငံရှိဆည်ကြီးများတည်ဆောက်မှုနှင့်ဆက်စပ်သည့်ကျယ်ပြောလှသောပတ်ဝန်းကျင်ဆိုင်ရာအကျိုးဆက်များကိုဖော်ကျူးထားသောလေ့လာမှုတစ်ခု

ဆန်ဒီရေဂိုတက္ကသိုလ်ရှိ ဆန်ဒီရေဂိုတက္ကသိုလ် Riverside နှင့် Scripps အဏ္ဏဝါဗေဒဌာနမှ သုတေသီများကကုန်းတွင်းပိုင်းမြစ်များပေါ်တွင် တည်ဆောက်ထားသောဆည်များ သည် ကမ်းရိုးတန်းနှင့် မြစ်၀ရှိ ကျက်စားရာနေရာများ အပေါ်တွင် ဆိုးရွာသော အကျိုးသက်ရောက် မှုများ ရှိနေသည်ကို ရှာဖွေတွေ့ရှိ ထားသည်။

သုတေသီများသည် ပစိဖိတ်ကမ်းရိုးတန်းရှိ မက္ကဆီကိုပြည်နယ် Sinaloa နှင့် Nayarit တွင်ရှိ ဆည်များတည်ဆောက်ထားသော မြစ်နှစ်စင်းနှင့် အတားအဆီးမရှိသော မြစ်နှစ်စင်း စုစုပေါင်း မြစ်လေးစင်း၏ မြစ်အောက်ဖက် ဂေဟစနစ်များကို ခွဲခြမ်းစိတ်ဖြာလေလာခဲ့ကြသည်။ ၎င်းတို့သည် မုန်တိုင်းများ၊ စီးပွားဖြစ်ငါးဖမ်းနေသည့် နေရာများနှင့် မြေအောက်ကာဗွန်သိုလှောင်မှု များကို ကာကွယ် ပေးသောဒီရေတောများကဲ့သို့ အရေးကြီးသည့် ဂေဟစနစ်များ အပါအ၀င် ရေကာများ ပိတ်၍ တည်ဆောက်ထားသောမြစ်များ၏အ၀တွင်ကမ်းရိုးတန်းဆုတ်ယုတ်နေမှုကိုသိသိသာသာတွေ့ရှိခဲ့သည်။

လက်ရှိလေ့လာနေသောမြစ်များသည်ပေါ်ထွန်းပြီးသောမြေများကို တစ်ပြိုင်နက် ဖြတ်သန်းကြပြီးကမ်းရိုးတန်း ပင်လယ်ကွေ့စနစ်အဖြစ်သို့စီးဆင်းသွားသည်။ Santiago နှင့် Fuerte မြစ်များပေါ်တွင် ထိုဒေသအတွက်ရေအားလျှပ်စစ်ထုတ်ပေးသည့်ဆည်များ တည်ဆောက်ထားပြီးထိုမြစ်များ စီးဆင်းမှု၏ ၉၅ ရာခိုင်နှုန်းကို ထိန်းသိမ်း ထားသည်။ ဤအတောအတွင်း San Pedro နှင့် Acaponeta မြစ်များသည် လွတ်လပ်စွာ စီးဆင်းနေသော မြစ်များဖြစ်ပြီး မြစ်များ၏ ၇၅ရာနှုန်း ကျော်သည်အတားအဆီးမရှိဘဲ ကျန်ရှိနေသည်။

နှစ်စဉ်နှစ်တိုင်း Fuerte နှင့် Santiago မြစ်များတလျှောက်ရှိ အနည်တန်ချိန် ၁ သန်းကျော်သည် ဆည်များတွင်ပိတ်မိနေသောကြောင့် မြစ်၀များတွင် ကမ်းရိုးတန်းဆုတ်ယုတ်မှုကို ဖြစ်ပေါ်လာစေသည်။ ဤအနည်အနှစ်များသည် ပုံမှန်အားဖြင့်မြစ်ဝများသို့ ရောက်သွားပြီးကမ်းရိုးတန်းတလျှောက် စုဆောင်းပြီး ဒီရေတောများကဲ့သို့ဂေဟစနစ်များကြီးထွားလာနိုင်သည်။ မြစ်များပေါ်တွင်ဆည်များ တည်ဆောက်ထားသောကြောင့် Fuerte နှင့် Santiago မြစ်များသည် နှစ်စဉ်ကမ်းခြေမြေ အမေရိကန်ဘောလုံးကွင်း ၄၀ခန့်ရှိသည့် ၂၁ဟက်တာအထိဆုံး ရှုံးခဲ့သည်။ SanPedro နှင့် Acaponeta မြစ်၀များရှိ ကမ်းရိုးတန်းများသည် ဆုတ်ယုတ်ခြင်းမရှိဘဲ တည်ငြိမ်မှုရှိနေခြင်း သို့မဟုတ်တစ်ချိန်တည်း အနည်ထိုင်မှုကို ပင်ပြသခဲ့သည်။

လွန်ခဲ့သောအနှစ် ၂၀ ခန့်က ဆည်တည်ဆောက်ခြင်း၏ အကျိုးဆက်ကြောင့် ဆန်ဒီရေဂိုမြစ်ဝတွင် သေဆုံးသွားသောသစ်ပင်စုမျာ (Ezcurra lab / UC Riverside)
UCS Riverside မှစာတမ်း၏ ဦးဆောင်စာရေးဆရာ Exequiel Ezcurra က "မြစ်ချောင်းများ ပေါ်တွင်ဆည်များတည်ဆောက်ထားခြင်းနှင့်ရေစီးဆင်းမှုများကို ထိန်းချုပ်သည့် အလားတူလုပ်ငန်းစဉ် များသည် Mississippi နှင့် Nile မြစ်ဝကျွန်းပေါ်စသည့် ကမ္ဘာ့နေရာအနှံ့ရှိ မြစ်ဝများနှင့်ကမ်းရိုးတန်း များအား ဖျက်ဆီးလျက်ရှိသည်" ဟုဆိုသည်။

ကမ်းရိုးတန်းဆုတ်ယုတ်မှုသည် ဒေသအပေါ် စီးပွားရေးကျယ်ပြန့်သော အကျိုးသက်ရောက်မှုများဖြစ်စေပြီး ငါးဖမ်းနေရာများဆုံးရှုံးခြင်း၊ မုန်တိုင်များမှ ကမ်းရိုးတန်းအား ကာကွယ်မှုကိုလျှော့ချခြင်း၊ ဇီ၀မျိုးကွဲများ လျော့နည်းလာခြင်း၊ အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခြင်းနှင့် ယခင်က ကမ်းခြေအနည်များတွင် သိုလှောင်ထားသောကာဗွန်များ ထုတ်လွှတ်မှု တိုးများလာခြင်းတို့ဖြစ်သည်။ သုတေသီများသည် ၎င်းဆုံးရှုံးမှုများ၏စီးပွားရေး အကျိုးဆက်များကို နှစ်စဉ်ဒေါ်လာ ၁၀ သန်းကျော်ဟု သတ်မှတ်ခဲ့သည်။ ဒေါ်လာ ၁.၃ သန်းမှာဒေသတွင်းငါးလုပ်ငန်း၏သဘာဝအရင်းအနှီးမှ ဖြစ်သည်။ 

"ဆည်တည်ဆောက်ခြင်းနှင့် ပတ်သတ်၍ ပေါ်ထွက်လာသောအကျိုးကျေးဇူးများနှင့် ဆည်တည်ဆောက်ခြင်းကြောင့် ဒေသခံများ၏အသက်မွေး၀မ်းကျောင်းမှု အပေါ်ဖြစ်ပေါ်စေမည့်ရေရှည်အကျိုးဆက်များကိုချိန်ဆတွက်ချက်ရန် လိုအပ်သည်" ဟုစာတမ်း၏ တွဲဖက်စာရေးဆရာနှင့် Scripps မှပါမောက္ခ Octavio Aburto-Oropeza ကဆိုသည်။

ထို့အပြင်၊ ဆန်ဒီရေဂိုတက္ကသိုလ်မှရုက္ခဗေဒပညာရှင် Sula Vanderplank နှင့်စာတမ်းတွဲဖက် ပူးတွဲရေးသူနှစ် ဦး ဖြစ်သည့် UC Riverside မှ Lorena Villanueva တို့က ဤမတည်ငြိမ်မှုသည် ကမ်းရိုးတန်းများရှိဇီ၀မျိုးကွဲများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်ဟုတွေ့ရှိ ခဲ့သည်။ San Pedro နှင့် Acaponeta မြစ်များပေါ်ရှိသဲသောင်များတွင် Fuerte နှင့် Santiago မြစ်များထက်မျိုးစိတ် ပေါကြွယ်ဝမှုများစွာရှိပြီး ရှားပါးသောဒေသပေါက်စွန်ပလွံပင်များ၊ ရှားပါးသောသစ်ခွများနှင့် Bromelia မျိုးစိတ်များသည်ပျက်စီးနေသော မြစ်ဝများမှပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မှ မတွေ့ရသောကြောင့် ထိန်းသိမ်းစောင့်ရှောက်မှုတန်ဖိုးမြင့်မားသည်။

ရေအားလျှပ်စစ်ဆည်များကိုသဘာ၀စွမ်းအင်အရင်းအမြစ်နှင့် လောင်စာများထက်ထုတ်လွှတ်မှုနည်းသောအခြားနည်းလမ်းများထဲမှ တစ်ခုအနေဖြင့်သတ်မှတ်ထားသည်။ သို့သော်ရေအားလျှပ်စစ်စီမံကိန်းသည် ကမ်းရိုးတန်းနှင့် အပူပိုင်းဒေသမြစ်အောက်ပိုင်းရှိ ဒီရေတောများဆုံးရှုံးခြင်းနှင့်မြစ်များမှ ထုတ်ကုန်ထုတ်လုပ်မှုကို ပျက်စီးစေနိုင်သည်။ ထည့်တွက်လေ့မရှိသော ဤဆုံးရှုံးမှုများသည် ဆည်တစ်ခု တည်ဆောက်ခြင်းကြောင့် သိသိသာသာများပြားသော ပတ်၀န်းကျင်ဆိုင်ရာအကျိုးဆက်များကိုပို ၍တိုးလာစေသည်။

"ဒီလေ့လာမှုကရေအားလျှပ်စစ်ဆည်များ၏သဘာဝပတ်ဝန်းကျင်နှင့်စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကိုကမ်းရိုးတန်းတလျှောက်နှင့် မြစ်ဝှမ်းတစ်လျှောက်ရှိ ဂေဟစနစ်များအပေါ်တွင် ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်းထောက်ပြသည် " ဟု Aburto-Oropeza ကဆိုသည်။ "ဒေသတစ်ခုလုံးမှာ ရှိတဲ့ မြစ်အထက်တွင်ဆည်များ တည်ဆောက်ထားခြင်းရဲ့ဆိုးကျိုးတွေကို ငါတို့အပြည့်အဝ ထည့်တွက် စဥ်းစားဖို့လိုတယ် " ဟုလည်းဆိုသည်။
သုတေသနအဖွဲ့ ၀င်များ
Ezcurra, Aburto-Oropeza, Vanderplank နှင့် Villanueva တို့သည်မက္ကဆီကိုနိုင်ငံ World Wildlife Fundမှ E.Barrios ၊ ဆန်ဒီရေဂိုတက္ကသိုလ်မှ Paula Ezcurra ၊ မက္ကဆီကိုနိုင်ငံ Andador Alcantarilla 5 မှ A. Ezcurra၊ ၊ နှင့်မက္ကဆီကိုနိုင်ငံ Bosque de Granados 141 မှ O. Vidal တို့လေ့လာသော သုတေသနကိုပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဤသုတေသနကို UC MEXUS ရှိ David နှင့် Lucile Packard ဖောင်ဒေးရှင်း၊Leona M. နှင့် Harry B. Helmsley Charitable Trust တို့ကငွေကြေးထောက်ပံ့ခဲ့သည်။

Translated by Htay Htay Aung, a member of Myanmar Water Portal Translation Community.

Source: https://news.ucr.edu/articles/2019/03/13/coastal-ecosystems-suffer-upriver-hydroelectric-dams

Potable water, sanitation access improved in Myanm...
Heavy rains cause floods in Wuntho, rescue teams h...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal