မြစ်အထက်ပိုင်းရှိရေအားလျှပ်စစ်ထုတ်လုပ်သောဆည်များ၏ဒဏ်ကိုခံနေရသောကမ်းရိုးတန်းဂေဟစနစ်များ
ဆန်ဒီရေဂိုတက္ကသိုလ်ရှိ ဆန်ဒီရေဂိုတက္ကသိုလ် Riverside နှင့် Scripps အဏ္ဏဝါဗေဒဌာနမှ သုတေသီများကကုန်းတွင်းပိုင်းမြစ်များပေါ်တွင် တည်ဆောက်ထားသောဆည်များ သည် ကမ်းရိုးတန်းနှင့် မြစ်၀ရှိ ကျက်စားရာနေရာများ အပေါ်တွင် ဆိုးရွာသော အကျိုးသက်ရောက် မှုများ ရှိနေသည်ကို ရှာဖွေတွေ့ရှိ ထားသည်။
သုတေသီများသည် ပစိဖိတ်ကမ်းရိုးတန်းရှိ မက္ကဆီကိုပြည်နယ် Sinaloa နှင့် Nayarit တွင်ရှိ ဆည်များတည်ဆောက်ထားသော မြစ်နှစ်စင်းနှင့် အတားအဆီးမရှိသော မြစ်နှစ်စင်း စုစုပေါင်း မြစ်လေးစင်း၏ မြစ်အောက်ဖက် ဂေဟစနစ်များကို ခွဲခြမ်းစိတ်ဖြာလေလာခဲ့ကြသည်။ ၎င်းတို့သည် မုန်တိုင်းများ၊ စီးပွားဖြစ်ငါးဖမ်းနေသည့် နေရာများနှင့် မြေအောက်ကာဗွန်သိုလှောင်မှု များကို ကာကွယ် ပေးသောဒီရေတောများကဲ့သို့ အရေးကြီးသည့် ဂေဟစနစ်များ အပါအ၀င် ရေကာများ ပိတ်၍ တည်ဆောက်ထားသောမြစ်များ၏အ၀တွင်ကမ်းရိုးတန်းဆုတ်ယုတ်နေမှုကိုသိသိသာသာတွေ့ရှိခဲ့သည်။
လက်ရှိလေ့လာနေသောမြစ်များသည်ပေါ်ထွန်းပြီးသောမြေများကို တစ်ပြိုင်နက် ဖြတ်သန်းကြပြီးကမ်းရိုးတန်း ပင်လယ်ကွေ့စနစ်အဖြစ်သို့စီးဆင်းသွားသည်။ Santiago နှင့် Fuerte မြစ်များပေါ်တွင် ထိုဒေသအတွက်ရေအားလျှပ်စစ်ထုတ်ပေးသည့်ဆည်များ တည်ဆောက်ထားပြီးထိုမြစ်များ စီးဆင်းမှု၏ ၉၅ ရာခိုင်နှုန်းကို ထိန်းသိမ်း ထားသည်။ ဤအတောအတွင်း San Pedro နှင့် Acaponeta မြစ်များသည် လွတ်လပ်စွာ စီးဆင်းနေသော မြစ်များဖြစ်ပြီး မြစ်များ၏ ၇၅ရာနှုန်း ကျော်သည်အတားအဆီးမရှိဘဲ ကျန်ရှိနေသည်။
နှစ်စဉ်နှစ်တိုင်း Fuerte နှင့် Santiago မြစ်များတလျှောက်ရှိ အနည်တန်ချိန် ၁ သန်းကျော်သည် ဆည်များတွင်ပိတ်မိနေသောကြောင့် မြစ်၀များတွင် ကမ်းရိုးတန်းဆုတ်ယုတ်မှုကို ဖြစ်ပေါ်လာစေသည်။ ဤအနည်အနှစ်များသည် ပုံမှန်အားဖြင့်မြစ်ဝများသို့ ရောက်သွားပြီးကမ်းရိုးတန်းတလျှောက် စုဆောင်းပြီး ဒီရေတောများကဲ့သို့ဂေဟစနစ်များကြီးထွားလာနိုင်သည်။ မြစ်များပေါ်တွင်ဆည်များ တည်ဆောက်ထားသောကြောင့် Fuerte နှင့် Santiago မြစ်များသည် နှစ်စဉ်ကမ်းခြေမြေ အမေရိကန်ဘောလုံးကွင်း ၄၀ခန့်ရှိသည့် ၂၁ဟက်တာအထိဆုံး ရှုံးခဲ့သည်။ SanPedro နှင့် Acaponeta မြစ်၀များရှိ ကမ်းရိုးတန်းများသည် ဆုတ်ယုတ်ခြင်းမရှိဘဲ တည်ငြိမ်မှုရှိနေခြင်း သို့မဟုတ်တစ်ချိန်တည်း အနည်ထိုင်မှုကို ပင်ပြသခဲ့သည်။
ကမ်းရိုးတန်းဆုတ်ယုတ်မှုသည် ဒေသအပေါ် စီးပွားရေးကျယ်ပြန့်သော အကျိုးသက်ရောက်မှုများဖြစ်စေပြီး ငါးဖမ်းနေရာများဆုံးရှုံးခြင်း၊ မုန်တိုင်များမှ ကမ်းရိုးတန်းအား ကာကွယ်မှုကိုလျှော့ချခြင်း၊ ဇီ၀မျိုးကွဲများ လျော့နည်းလာခြင်း၊ အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခြင်းနှင့် ယခင်က ကမ်းခြေအနည်များတွင် သိုလှောင်ထားသောကာဗွန်များ ထုတ်လွှတ်မှု တိုးများလာခြင်းတို့ဖြစ်သည်။ သုတေသီများသည် ၎င်းဆုံးရှုံးမှုများ၏စီးပွားရေး အကျိုးဆက်များကို နှစ်စဉ်ဒေါ်လာ ၁၀ သန်းကျော်ဟု သတ်မှတ်ခဲ့သည်။ ဒေါ်လာ ၁.၃ သန်းမှာဒေသတွင်းငါးလုပ်ငန်း၏သဘာဝအရင်းအနှီးမှ ဖြစ်သည်။
"ဆည်တည်ဆောက်ခြင်းနှင့် ပတ်သတ်၍ ပေါ်ထွက်လာသောအကျိုးကျေးဇူးများနှင့် ဆည်တည်ဆောက်ခြင်းကြောင့် ဒေသခံများ၏အသက်မွေး၀မ်းကျောင်းမှု အပေါ်ဖြစ်ပေါ်စေမည့်ရေရှည်အကျိုးဆက်များကိုချိန်ဆတွက်ချက်ရန် လိုအပ်သည်" ဟုစာတမ်း၏ တွဲဖက်စာရေးဆရာနှင့် Scripps မှပါမောက္ခ Octavio Aburto-Oropeza ကဆိုသည်။Translated by Htay Htay Aung, a member of Myanmar Water Portal Translation Community.
Source: https://news.ucr.edu/articles/2019/03/13/coastal-ecosystems-suffer-upriver-hydroelectric-dams