“အားလုံးပါဝင်အသုံးပြုနိုင်သော ရေပေးဝေ‌‌ရေးနှင့် မိလ္လာစနစ်” သည် ကျွန်ုပ်တို့အားလုံးအတွက် အရေးကြီးကြောင်း COVID-19 က သတိပေးခေါင်း‌လောင်း ထိုးလိုက်ချေပြီ။”

“အားလုံးပါဝင်အသုံးပြုနိုင်သော ရေပေးဝေ‌‌ရေးနှင့် မိလ္လာစနစ်” သည် ကျွန်ုပ်တို့အားလုံးအတွက် အရေးကြီးကြောင်း COVID-19 က သတိပေးခေါင်း‌လောင်း ထိုးလိုက်ချေပြီ။” Discoloured-groundwater-near-Kanpur-IndiaPhoto: Neil Palmer / IWMI

Deepa Joshi, Gender, Youth and Inclusion Lead Specialist, IWMI

Alan Nicol, Strategic Program Director – Water, Growth and Inclusion, IWMI

COVID-19 ကပ်ရောဂါကူးစက်မှု မြင့်တက်လာသည်နှင့်အမျှ ရောဂါကူးစက်မှုကို အထိရောက်ဆုံး ကြိုတင်ကာကွယ်မှုအနေဖြင့် လက်ဆေးရန် ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ သတိပေးနှိုးဆော်ခံ‌နေရပါသည်။

ဤစာကို ဖတ်နေသူ အများစုမှာ ၎င်းအကြံ‌ပေးနှိုးဆော်ချက်ကို လိုက်နာကြမည်ဆိုတာ သေချာပါသည်။ သို့သော် သန့်ရှင်းသောရေကို သက်သက်သာသာ ဝယ်ယူမရရှိနိုင်သောသူများ အတွက် ကျွန်ုပ်တို့ စဉ်းစားကြည့်ကြပါစို့။ လက်ရှိအခြေအနေသည် သန်းနှင့်ချီသောအမေ့လျော့ခံ ထိခိုက်လွယ်လူတန်းစားများအဖို့ ၎င်းတို့တစ်ဦးတစ်ယောက်ချင်းစီအတွက် အန္တရာယ်များနိုင်‌သည့်အပြင် ပို၍အရေးကြီးသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အပူတပြင်းရုန်းကန် ကြိုးစားနေကြသည့် ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ခြင်းစသည့် လူထုကျန်းမာရေး ဘေးအန္တရာယ်ဖြစ်နိုင်ချေ ကိုပါ မီးမှောင်းထိုးပြနေပါသည်။

အိန္ဒိယအနောက်ပိုင်းရှိ မဟာရာရှ်ထရာ (Maharashtra) ပြည်နယ် သည် လက်ရှိ အိန္ဒိယတစ်နိုင်ငံလုံးတွင် COVID-19 ဖြစ်ပွားမှု အများဆုံး အဖြစ် မှတ်ယူရရှိသည့်အပြင် ထိုပြည်နယ်တွင် ဝင်‌‌‌ငွေနည်းပါးသော ဆင်ခြေဖုံးတွင် အခြေချ‌နေထိုင်သူ အမြောက်အများ တည်ရှိနေပါသည်။ (စကားချပ်။ ဤမူရင်းဆောင်းပါးသည် မတ်လ ၂၀ ရက်နေ့ ၂၀၂၀ တွင်ရေးသားခဲ့ခြင်းဖြစ်သဖြင့် ဖော်ပြပါ အချက်အလက်မှာ လက်ရှိအခြေအနေနှင့် ကွာခြားနိုင်ပါသည်။) ၎င်းနေရာများတွင် ရေ ကို လုံးဝနီးပါးမရရှိသဖြင့် ထိုအမေ့လျော့ခံလူတန်းစားအများစုသည်မကြာခဏလက်ဆေးရန် ရေအလုံအလောက်မရှိနိုင်သည်မှာ သေချာသလောက်ရှိပါသည်။

အိန္ဒိယထိပ်တန်း သတင်းစာ "Indian Express" တွင် ၎င်းနေရာရှိ လူအတော်များများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ အကြံပေးထားသောCOVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများကို ကျင့်သုံးရန် အနေအထား မရှိသည်ကို အလေးပေးတင်ပြထားသော ဆောင်းပါးတစ်ပုဒ်ကို ရေးသားထုတ်ဝေခဲ့ပါသည်။ ၎င်းဆောင်းပါးသည် တဲအိမ်ပေါင်း ၄၀၀၀ နီးပါးရှိသည့် ဂျနတာ နဂါး (Janata Nagar) ဆင်‌ခြေဖုံးရပ်ကွက် ရှိ ၃ မီတာ (၁၀ ပေဝန်းကျင်) ပတ်လည် အခန်းလေးတွင် ‌နေထိုင်သော မိသားစု ၅ ဦးကို အခြေခံ၍ ရေးသားထားပါသည်။

"ကျွန်မတို့လက်တွေ ကို မကြာခဏဆေးရမယ်။ ဟုတ်လား" ဟု ကလေး ၃ ယောက်အမေက ပြောပါသည်။ "တစ်ခါတစ်လေမှာတောင် ကျွန်မတို့တွေ ရေမချိုးဘဲနဲ ဟင်းချက်ဖို့အတွက် ရေချန်ထားရတယ်ရှင့်" ဟုသူမက ဆက်ပြောပါသည်။

ဤကဲ့သို့ သန့်ရှင်းသောရေ ကို မရရှိသော ဆိုးရွားလွန်းလှသည့် အကြပ်အတည်းများ ကို ကမ္ဘာ့တစ်ဝှမ်းရှိ ၇၄၈ သန်းသောလူများက ရင်ဆိုင်နေကြရပါသည်။

ယခု(၂၀၂၀) ခုနှစ် ကမ္ဘာ့ရေနေ့ တွင် ဤအခြေခံဝန်ဆောင်မှုကို လူအများစုအား မဖြည့်ဆည်းပေးနိုင်သည့် ကမ္ဘာလုံးဆိုင်ရာပျက်ကွက်မှုသည် လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ပိုမိုထင်ရှားလာခဲ့ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤကဲ့သို့ အရေးပါသောအရင်းအမြစ်ကို တူညီမျှတစွာ ရယူမသုံးစွဲနိုင်ပါက ကမ္ဘာလုံးဆိုင်ရာလူထုကျန်းမာရေးကို များစွာ ဆက်စပ်သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။ အဆင်းရဲဆုံးသောအမေ့လျော့ခံလူတန်းစားများသည် အစိုးရ(သို့မဟုတ်)ပုဂ္ဂလိက မှ ‌ပေးဝေသော သန့်ရှင်းသောရေကိုရရှိသူတို့ထက် (ကမ္ဘာ့မြောက်ခြမ်း (Global North) တွင်နေထိုင်သူများအပါအဝင်)အချိုးအဆမတန် ပိုပေးရပြီး သန့်ရှင်းလုံလောက်မှုမရှိသောရေကိုပင် အသုံးပြုနေရခြင်းသည်မှာ မဖြစ်သင့်တော့ချေ။

လက်ဆေးချင်သည့်အခါတိုင်း အချိန်မရွေးလက်ထဆေးနိုင်သည့် ကျွန်ုပ်တို့အဖို့ အထက်ပါအခြင်းအရာသည် ကျွန်ုပ်တို့အား အလွန်အမင်းအခွင့်ကံကောင်းသူများ ဖြစ်ကြောင်းကို သတိပေးရုံသာမကအိမ်သုံးရေ မြင့်တက်လာသည်နှင့်အမျှ (အောက်ဘက်အကျိုးဆက်- စွန့်ပစ်ရေထုတ်လွှတ်မှု) နှင့် (အပေါ်ဘက်အကျိုးဆက် - စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများအတွက် ရေအသုံးလိုအပ်ချက်များနှင့် အပြိုင် ရေအသုံးလိုအပ်လာမှု) တို့ကိုလည်း ဖြစ်ပေါ်စေလာနိုင်ပါသည်။ "Indian Express" သတင်းစာပါ ဆောင်းပါးတွင်ပါရှိသည့် မိသားစုကဲ့သို့ မြို့ကြီးများတွင် နေထိုင် တိုးပွားလျက်ရှိသော အဆင်းရဲဆုံးနှင့်အထိခိုက်လွယ်ဆုံးလူတန်းစားများကို ထောက်ပံ့ရန် ကျေးလက်နှင့်မြို့ပြ ပထဝီဝင်အနေအထားများ၊ အစားအစာနှင့်အာဟာရဖူလုံမှု၊ ဗဟိုအုပ်ချုပ်ရေးနှင့် အလှမ်းကွာသောနေရာများကိုပါ ဖြန့်ကျက်နိုင်သည့် "အားလုံးပါဝင်သည့် ဘက်ပေါင်းစုံသော ရေဖူလုံမှု"ကို ပိုမိုအရေးပေးဖြေရှင်းသော မူဝါဒဆိုင်ရာ တုန့်ပြန်ချက်များ လိုအပ်ပါသည်။

ဤအရာသည် အလွန်ရှုပ်ထွေးသည့် မူဝါဒရေးရာပြဿနာများဖြစ်သည်။ သို့သော် မဖြေရှင်းပါက အနာဂတ်တွင် ၎င်းအတွက် ပိုမိုပေးဆပ်ရလိမ့်မည်ဖြစ်သည်။ ထို့အပြင် ယခုကဲ့သို့ သတိပေးလိုက်သော နောက်ထပ် ကပ်ရောဂါ ကိုလည်း ကျွန်ုပ်တို့ သေချာပေါက် မလိုချင်တာအမှန်ပင်။ အပြည်ပြည်ဆိုင်ရာ ရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဌာန (International Water Management Institute (IWMI))တွင်"အားလုံးပါဝင်အသုံးပြုနိုင်ခြင်း" သည် ရေနှင့်စားနပ်ရိက္ခာဖူလုံမှု နှင့် ကျွန်ုပ်တို့အားလုံး၏ ကျန်းမာရေးနှင့်ချမ်းသာသုခ တို့အတွက် အလွန်အရေးကြီးကြောင်းကိုသိရှိလိုက်ရပါသည်။


Translated by Ma Win Thiri Lwin, a member of Myanmar Water Portal Translation Community

Source: COVID-19 is a deadly reminder that inclusive water supply and sanitation matters for all of us - IWMI


Myanmar — Flooding Hits Kayin State
New bridge infrastructure planned in Ayeyarwady, S...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal