သတင်းအချက်အလက် သည် အနာဂတ်ရေ (New Water): မည်သူမျှ မကျန်ခဲ့စေရန်နှင့် ရေရှည်ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက် ၆ ရရှိနိုင်စေရန် သတင်းအချက်အလက် တော်လှန်ရေး

Photo Cover

ကမ္ဘာ့နိုင်ငံများ ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် အလျောက် "ရေသည် လောင်စာဆီအသစ်ဖြစ်သည်"ဟူသည့် ဆိုစမှတ်ပင် ရှေ့ ထောင်စုနှစ် များ တွင် ပေါ်ထွက်လာခဲ့သည်။ "သတင်းအချက်အလက်သည် လောင်စာဆီအသစ်ဖြစ်သည်"ဟု ပြောစမှတ်စကားသည်လည်း အလားတူပင် ဖြစ်သည်။ ယခုအချိန်သည် တိုးပွားလာသော သတင်းအချက်အလက်၏ဈေးကွက်တန်ဖိုးကို ကမ္ဘာ့ ဒစ်ဂျစ်တယ်စီးပွားရေး တွင် သုံးသပ်နိုင်ရန်ဖြစ်သည်။

အကယ်၍ သတင်းအချက်အလက်ကိုသာ ရေ အသစ်အဖြစ် တွေးဆမည် ဆိုပါက ရေအရင်းအမြစ်များကို ရေရှည် စီမံခန့်ခွဲစေနိုင်မှု၊ ရေကို ပိုမို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်မှု နှင့် အဆုံးစွန် မည်သူမျှ နောက်ကောက်မကျန်ခဲ့စေရန် ဒီမိုကရေစီနည်းကျ ဘေးကင်းစိတ်ချရသော သောက်သုံးရေ နှင့် သန့်ရှင်းရေး ရရှိ မှု တို့ ဖြစ်ပေါ်လာစေရန် အထောက်အကူ ပြု အတွေးများ ရစေနိုင်ပါမည်။

၁၉၉၃ တွင် ရေချို ၏ အရေးပါမှု နှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ရေချို အရင်းအမြစ် စီမံ ထိန်းသိမ်း ခြင်း တို့ကို အာရုံစိုက် စေလိုသော ရည်ရွယ်ချက်ဖြင့် UN က ကမ္ဘာ့ရေနေ့ အဖြစ် မတ်လ ၂၂ ရက်နေ့ကို သတ်မှတ်ပေးခဲ့သည်။

" မည်သူ့မျှ မချန်ခဲ့ " ဆိုသည့် ၂၀၁၉ခုနှစ် ဆိုရိုး (theme) သည်လည်း လူ့အခွင့်အရေးဆိုင်ရာ နှင့် ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ဥပဒေသများ (A/RES/64/292 and A/RES/70/169 Resolutions)[1] နှင့် တိုက်ရိုက်ချိတ်ဆက်နေပြီး နိုင်ငံရေးအရ လည်း "အားလုံး အတွက် ရေနှင့်သန့်ရှင်းမှု လက်လှမ်းမီစေနိုင်မှု နှင့် ရေရှည်ဖွံဖြိုးနိုင်စေမည့် စီမံခန့်ခွဲမှု များကို သေချာစေရမည်" ဟုဆိုသည့် "စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် ၆" နှင့် ဆက်စပ်နေသည်။

အဆိုပါနေ့သည် ရေ အပေါ် ပေါ့ပေါ့တန်တန် ထားသည့် ကျွန်ုပ်တို့၏ သဘောထားများကို ရပ်ပြီး ပြန်လည် သုံးသပ် စဉ်းစားရန် နေ့တစ်နေ့ ဖြစ်သည်။

ထိုနေ့ဟာ ကမ္ဘာပေါ်က အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ် ဒုက္ခသည်၊ ဒေသခံ တိုင်းရင်သား၊ မသန်စွမ်းနှင့်အခြားသော သူတွေ ဘာကြောင့် နောက်ချန်ထားရစ် ခံ ခဲ့ ရသလဲ ဆိုတာနဲ့ ဘေးကင်းစိတ်ချရတဲ့ ရေနှင့် သန့်ရှင်းရေး မရ ရှိသည့် သန်းထောင်ပေါင်းများစွာသော လူများ ၏ နေရာက မည့်သို့ရှိနေမလဲ ဆိုသည်ကို စဉ်းစားရန်အတွက် နေ့တစ်နေ့လည်း ဖြစ်ပါသည်။

၂၀၁၉ ကုလ သမဂ္ဂ ကမ္ဘာ့ရေ ဖွံဖြိုးတိုးတက်မှု အစီရင်ခံစာ အရ - အကယ်၍ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမှု နှင့် ကမ္ဘာ့ရေအရင်းအမြစ်များ အပေါ် ရေရှည်မစီမံနိုင်သော ဖိအားများ ဆက်လက် ပေးနေမည် ဆိုပါက ၂၀၅၀ ခုနှစ်တွင် ကမ္ဘာ တဝှမ်း ပြည်တွင်းဖြစ် ပစ္စည်းများ၏ ၄၅ ရာနှုန်း နှင့် ကမ္ဘာတစ်ဝှမ်း ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ၏ ၄၀ ရာနှုန်း များအား ထိခိုက် စေလာမှာ ဖြစ်ပါသည်။

နယ်စွန် နယ်ဖျား နှင့် ဆင်းရဲ သော လူထု များ မှာ ဤဒဏ်ကို မမျှ မတ ပိုမို ခံစား ရနိုင်ပြီး မညီမျှမှု များကို ပိုမို ဆွဲဆန့်ကာ ပိုမို ဆိုးရွားလာစေ နိုင်ပါသည်။

လက်ရှိ ရေ ဆိုင်ရာ ဦးတည်ချက်များက အနာဂတ်အတွက် အရောင်အဆင်း မဲ့ ပုံဖော် နေသော်လည်း အကောင်းဘက်ကို မျှော်လင့်နိုင်သော အကြောင်းပြချက် များလည်း ရှိပါသေးသည်။

ရေ အရင်းအမြစ် များကို အမြော်အမြင်ရှိစွာ နှင့် တာဝန်ရှိစွာ စီမံခန့်ခွဲ ခြင်းဖြင့် ရေ နှင့် သန့်ရှင်းမှု ဆိုင်ရာ ရည်မှန်းချက် (SDG 6) ကို ရရှိနိုင်စေရန် ၊ မည်သူမျှ မကျန်ရစ်စေဖို့ အတွက် အတားအဆီးများ ကိုကျော်ဖြတ်ပြီး ချဥ်းကပ်နည်း အသစ်များကို ရှာဖွေလာမှု၊ သတိထားလာမှု များ မြင့်တက်လာပါသည်။

မည်သို့ဆိုစေကာမူ ထို ချဥ်းကပ်နည်းများ ရရှိစေဖို့ အတွက် လည်း ကျွန်ုပ်တို့ အတွက် စိတ်ချပြီး အချိန်အခါသင့် အချက်အလက် ကြမ်းများ ကို အတက် အကျ ဖြစ်စဉ်များ အလိုက် မျက်ခြေမပြတ် စောင့်ကြည့် ထားဖို့လိုအပ်ပါသည်။ ထို့အပြင် ကျွန်ုပ် တို့ လက်ရှိ ဆုံးဖြတ်ချက် ချ နေ သည့် နည်းလမ်းများလည်း ပြောင်းလဲ ရမည်ဖြစ်ပါသည်။
Hassan Aboelnga, speaking at the session “Hydrological Observation Data and Services for Good Governance” at World Water Week 2018

ယနေ့ခေတ်မှာ နိုင်ငံများစွာ ၏ ရေ ဆိုင်ရာ အချက်အလက်တွေဟာ ဆုံးဖြတ်ချက်ချနိုင်စေရန် အသုံးဝင်သည့် အခြေခံ အချက်များဖြစ်သော စုံလင်မှု ၊ လက်လှမ်းမှီမှု၊ အသုံးချနိုင်မှု များ ရရန် အများကြီးလိုအပ်နေပါသေးသည်။ ၆၀ ရာခိုင်နှုန်းနီးပါးသော နိုင်ငံများမှာ SDG6 ၏ ညွှန်းကိန်း ၄ ခု ထက်ပိုသော အချက်အလက်များ မရှိပဲ ၆ ရာခိုင်နှုန်း လောက်သာ ကမ္ဘာ့ SDG6 ညွှန်းကိန်း ၈ခု အထက် အစီရင်ခံပေးပို့ထားပြီး၊ အသိဉာဏ် ကွာဟ မှုကြီးမားစွာ ရှိနေခြင်းအား ထောက်ပြနေပါသည်။ [2]

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း နှင့် ယူနီဆက်ဖ် တို့၏ ပူးပေါင်းစောင့်ကြည့်ရေး အစီအစဥ် အရ ၉၆ နိုင်ငံသာ ( ကမ္ဘာ့ လူဦးရေ ၏ ၃၅ရာခိုင်နှုန်း ကိုယ်စားပြု ) ဘေးကင်းစိတ်ချ စွာ စီမံထားသည့် ရေ အတွက် အစီရင်ခံထားပြီး ၊ စုစုပေါင်း ၈၄နိုင်ငံသာ (ကမ္ဘာ့လူဦးရေ၏ ၄၈ ရာခိုင်နှုန်း ကိုယ်စားပြု) ဘေးကင်းစိတ်ချစွာ သန့်ရှင်းရေး အတွက် စီမံ ခြင်း အတွက် အစီရင်ခံ ခဲ့ကြောင်းသိရသည်။

သတင်း အချက်အလက် လက်လှမ်းမှီနိုင်မှု မှာ လုံလောက်ပြည့်စုံပြီး ထိန်းသိမ်း ထားနိုင်ရန် ရေ ကို စီမံခန့်ခွဲ သည့် အမြင်များကို ပြောင်းလဲ သွားစေနိုင်ပါသည်၊ အမူအကျင့် ပြောင်းလဲခြင်း၊ တီထွင် ဖန်တီးမှု နှိုးဆော်အားပေးခြင်း၊ မြစ်ဝကျွန်းပေါ် နှင့် မြစ်ဝှမ်း ဒေသ နိုင်ငံများ နှင့် ဆက်ဆံရေးကို ပိုမို လေးနက် လာစေ ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။

အောက်ဖော်ပြပါ ပုံ တွင် သတင်းအချက်အလက် သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားသော အပြောင်းအလဲ ဖြစ်ပုံကို မြို့ပြနှင့် ကျေးလက်ဒေသ ကွဲပြားမှု ကြီးမားစွာရှိခြင်းကြောင့်သာမက ဘေးကင်းစိတ်ချ ရသော ရေနှင့် သန့်ရှင်းရေးဆိုင်ရာ SDG ရည်မှန်းချက်များ ၂၀၃၀ ခုနှစ် အမှီ ရရှိနိုင်စေရန် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (MDGs) များ မှ အခြေခံ ရေ ဝန်ဆောင်မှုများ ကို ကျွန်ုပ်တို့ လက်ရှိ ရည်မှန်းချက်ချပုံ များ အရ ဥပမာ ကောင်း တခု အဖြစ် မြင်နိုင်ပါသည်။

အထူးသဖြင့် ကျွန်ုပ်တို့ လုပ်ငန်းများကို လက်ရှိအတိုင်း ဆက်လက်လည်ပတ်နေပါက ကျွန်ုပ်တို့သည် SDG 6 ရည်မှန်းချက် အား ရောက်ရှိစေမည့် လမ်းကြောင်းပေါ် မရှိနေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ရေ စုပေါင်း အစီရင်ခံစာ က ဖော်ပြနေပါသည်။[3]

၂၀၃၀ တွင် သန်းနှင့်ချီသော လူများ ချန်ရစ် ခံ ထား ရမည်ကို ကျွန်ုပ်တို့ ဧကန် တွေ့မြင်ရနိုင်ပါသည်။ ကမ္ဘာ တဝှမ်း လူသန်းပေါင်းများစွာ မှာ လွန်ခဲ့သည့် နှစ်များတွင် ရေ ရရှိလာခဲ့သော်လည်း အခြား များစွာသော လူများ မှာလည်း ရေပြတ်လတ် ရှားပါးမှု ဆက်လက်ခံစားနေရဆဲ ဖြစ်ပါသည်။

ရေဆိုင်ရာ အဆင့်မြင့်ခုံအဖွဲ့ က ရေ ကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် များစွာသော ဆွေးနွေးအကြံပြုချက်တွေ ကို "အစက်တိုင်း အကျုံးဝင်" ခေါင်းစဉ်ဖြင့် အစီရင်ခံစာ တခုကို မနှစ်က ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထဲမှ တစ်ခုမှာ ကမ္ဘာ့ရေ အချက်အလက်များ ပဏာမ ခြေလှမ်း ဖြစ်ပါသည်။ ဤ ပဏာမ သည် အဓိက အားဖြင့် အဖွဲ့အစည်း များနှင့် အစိုးရများ ကို ကုန်ကျစားရိတ် နှင့် ရှုပ်ထွေးမှု လျော့ကျစေမည့် အချက်အလက် အခြေခံဆုံးဖြတ်ချက်ချခြင်း အတွက် လိုအပ်သည့် ရေရရှိမှု ဆိုင်ရာ အချက်အလက် များကို တိုးမြှင့်ရရှိစေရန် ရည်ရွယ်ပါသည်။

အောက်ပါပုံတွင် ဤ ပဏာမခြေလှမ်းမှ ထုတ်ပေးသည့် အဓိက မဏ္ဍိုင် သုံးရပ်ပါရှိသည်၊ စားရိတ်ထိရောက်သည့် ရေ အချက်အလက် ရရှိနိုင်မှုကို တိုးတက်စေရန် နည်းဥပဒေ၊ တီထွင်ဆန်းသစ်မှု နှင့် သဟဇာတ ဖြစ်မှု တို့ဖြစ်သည်။
Figure on high level outputs of the World Water Data Initiative.

အဲလ်ဘတ် အိုင်းစတိုင်း က "ကျွန်ုပ်တို့ တည်ဆောက်ခဲ့တဲ့ အခု ကမ္ဘာကြီးဟာ ကျွန်ုပ်တို့ အတွေး ဖြစ်စဉ်တွေ လုပ်ငန်းစဉ်တွေ သာ ဖြစ်ပါတယ်။ ဒီ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကျွန်ုပ်တို့ အတွေးတွေကို မပြောင်းပဲ မဖြစ်နိုင်ပါဘူး" ဟုရေးခဲ့ပါသည်။

သတင်း အချက်အလက် မျှဝေခြင်းသည် ကောင်းမွန်သည့် ရေ စီမံခန့်ခွဲမှု အောင်မြင်ရေးအတွက် အခရာကျပါသည်။

သတင်းအချက်အလက် မျှဝေခြင်းတွင် အတားအစီးတွေဖြစ်စေသည့် ဥပဒေဆိုင်ရာ တားမြစ်ချက်များ၊ ဉာဏဆိုင်ရာ ပိုင်ဆိုင်မှု၊ ကိုယ်ရေး ကိုယ်တာ နှင့် ပိုင်ဆိုင်မှု အလားအလာ များနှင့် ဆိုင်သော ယူဆချက်များ ကို သိထားခြင်း ဟာ အရေးကြီးပါသည်။ မည်သို့ဆိုစေကာမူ ပြည်သူ့ ကဏ္ဍတွင် အချက်အလက်များ ပွင့်လင်းစွာရရှိစေရန် ဖိအားပေးထားပါသည်။ သတင်းအချက်အလက် ပွင့်လင်းမှုသည် ကောင်းမွန်သော အစိုးရကိုမောင်းနှင်ခြင်း၊ အစိုးရနှင့် ပြည်သူလူထု ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ပိုမို ထိရောက်စေခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု နှင့် ပွင့်လင်းမြင်သာမှု ပိုမိုရရှိစေခြင်းတို့အတွက် အရေးပါသည်။

ထို့အပြင် ပွင့်လင်းသော အချက်အလက်များက ပြည်သူ့ အင်အားဖြည့်ဆည်းပေးခြင်း အတွက်လည်း လမ်းဖွင့်ပေးနိုင်ပါသည်။ ယူနီဆက်ဖ် အဆိုအရ ကျေးလက်ဒေသ အုပ်စုများတွင် အချိန်ပြည့်တောက်လျောက် စောင့်ကြည့်ခြင်းက ဇင်ဘာဘွေ နိုင်ငံ တွင် လိုအပ်သည့် WASH ဝန်ဆောင်မှုများ ရရှိစေခဲ့သည်။

သတင်းအချက်အလက်များ အပြည့်အစုံမရှိသော်လည်း ပြင်ဆင်တည်းဖြတ်ခြင်း ဆုံးဖြတ်ချက်ချခြင်းများ ပြုလုပ်နိုင်ရန် အသုံးချ နည်းလမ်းများကို ကျွန်ုပ်တို့ စဉ်းစားရပါမည်၊ လူအများစု နှင့် အဖွဲ့အစည်းအများစု မှာ ကြီးမားသော သတင်းအချက်အလက် အရေအတွက်များ ကို ထိရောက်စွာ အသုံးချရန် ခက်ခဲ နိုင်ပါသည်။

အကျိုးဆက် အနေဖြင့် - သတင်းအချက်အလက် များကို အသုံးချခြင်း ၊ ၎င်းတို့ကိုအသုံးပြု၍ ဆုံးဖြတ်ချက်ချ ခြင်းများအတွက် နည်းလမ်းများကို အလွန်အမင်း အရေးတကြီး လိုအပ်လာပါသည် (ကြီးမားသော သတင်းအချက်အလက်များ ကို အသုံးချနိုင်မည့် အဖွဲ့အစည်းနှင့်လူများ အပါအဝင်)။

 

ရေအချက်အလက်များ ရရှိနိုင်မှု ကို ပိုမိုတိုးတက်စေမည့် နည်းလမ်းသစ်များ ကိုရှာဖွေဖော်ထုတ်ဖို့ အရေးကြီးသည်၊ မည်သူမျှ မကျန်ရစ်ခဲ့စေဖို့ အတွက် တောက်လျောက် အာရုံစိုက်ခံရနိုင်စေရန် ပြည်သူ့ကဏ္ဍ၊ သီးသန့်ကဏ္ဍများ၊ နည်းပညာ အဖွဲ့အစည်းများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ ပြည်သူ့ အဖွဲ့အစည်းများ နှင့် မဟာမိတ်ဖွဲ့စည်းကာ သတင်းအချက်အလက် လစ်ဟာမှုများကို ဖြည့်ဆည်းရန်အရေးကြီးသည်။

ပွင့်လင်းသော လုပ်ဆောင်ချက်များ နည်းစနစ်များ ရရှိစေရန် အရည်အသွေးပြည့် ပုံစံများ နှင့် အုပ်ချုပ်မှု စနစ်ကောင်းများ ပြေပြစ်စွာ စီးနင်းစေနိုင် ရန် သတင်းအချက်အလက် အသစ်များ ကို ရှိပြီးသား သတင်းအချက်အလက်များ နှင့် ဆက်စပ် လုပ်ဆောင်နိုင်ရန် အလွန်အရေးကြီး သည်။

ခေတ်မှီနည်းပညာများ နှင့် ထောင်တက်လာသည့် ရေ နည်းပညာ အတွက် ကြီးမားကျယ်ပြန့်သည့် အခွင့်အလမ်းများ ရှိနေသည်မှာ ရှင်းလင်းလှသည်။

၎င်းက ရေကိုအသုံးချမှုများ၊ မညီမျှမှုများ လျော့ကျရေး၊ ဆုံးဖြတ်ချက်ချရာတွင် ဖြစ်လေ့ရှိသည့် လူ့သဘောအရ ဘက်လိုက်ခြင်းများ နှင့်အမှားများ၊ လုပ်ငန်းဆောင်တာ စားစရိတ်များ လျော့ကျခြင်းများ၊ အရေးတကြီး ဆုံးဖြတ်ချက်များ အတွက် သုံးရသည့် အချိန် လျော့ကျသွားခြင်းများ၊ အတွက် ပိုမို အကောင်းမြင်မှုများကို ယူဆောင်ပေးလာပြီး ရေရှည် တည်တံ့ခိုင်မြဲမည့် ရေနှင့်သန့်ရှင်းမှုဆိုင်ရာ စီမံခန့်ခွဲမှုများရရှိစေနိုင်ဖို့ သေချာစေနိုင်ပါတော့မည်။

အချက်အလက်များ ပိုမိုသိလိုပါက Stockholm World Water Week 2018 မှ သတင်းအချက်အလက် အတွက် အုပ်ချုပ်မှုကောင်း များ အကြောင်းဆွေးနွေးမှု ရလာဒ်များ အကြောင်း ဆွေးနွေးပါ။
Translated by Ma Tin San Khine - a member of Myanmar Water Portal Translation Community. 
Source: International Water Association - Data is the new water: Data revolution to ensure no one is left behind and achieve SDG 6
China ‘ready to share Mekong data’ as down stream ...
မြန်မာပြည်ရှိ “ကကြိုးသွယ်နေသောမြစ်များ” Dancing Ri...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal