မြန်မာပြည်ရှိ “ကကြိုးသွယ်နေသောမြစ်များ” Dancing Rivers -အာကာသသို့ရွေ့ပြောင်းသွားသောမြေပုံထုတ်ခြင်းများ

Sei-Dancing-River-1 ဧရာဝတီမြစ်တွင်မြစ်ကမ်းပါးတိုက်စားခြင်း (ဓာတ်ပုံ၊ Rajesh Daniel / SEI)

ရေကြီးရေလျှံခြင်း ရေတိုက်စားခြင်းနှင့်မြေပြိုခြင်း အပါအဝင် မြစ်အသွင်အပြင် ပြောင်းလဲမှု များသည် ဂေဟစနစ်အသွင် ကျက်စားရာနေရာများအပြင် မြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်သော လူများ၏အသက်အိုးအိမ်နှင့် အသက်မွေးဝမ်းကြောင်း ကိစ္စရပ်များ အပေါ်တွင် အကျိုးသက်ရောက်မှု ရှိနေပါသည်။ SERVIR-Mekongသည် မြန်မာ့လူ့အဖွဲ့အစည်းများနှင့် အသိုင်းအဝိုင်းများအား စိန်ခေါ်မှု များကိုပိုမိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်စေရန် ဂြိုလ်တုအခြေအပြုစောင့်ကြည်ရေးကိရိယာများကိုအသုံးပြုနေပါသည်။

၂၀၁၈ခုနှစ် မြန်မာပြည်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူ၃၁ဦးသေဆုံးပြီး လူဦးရေ သုံးသိန်းကျော်အားရွှေ့ပြောင်းနေရာချထားပေးခဲ့ရသည်။ ဒေသတွင်းရေလွှမ်းမိုးမှုကြောင့်ဖြစ်ပေါ်လာသော ဤကဲ့သိုသဘာ၀ဘေးအန္တရာယ်များသည် မြစ်အသွင်အပြင်ပြောင်းလဲမှု၏အခန်းကဏ္ဍကြောင့်ဟု ဆိုနိုင်သည်။မြန်မာပြည်တွင်းရှိ မြစ်စနစ်များကိုပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှုရရှိစေရန်အလို့ငှာ SERVIR-Mekongနှင့် Stockholm Environment Institute (SEI) သည် "ကကြိုးသွယ်နေသောမြစ်များ" (Dancing Rivers) ဟုခေါ်သောရာသီအလိုက် မြစ်အသွင်အပြင် ဆိုင်ရာစောင့် ကြည့်လေ့လာခြင်းနှင့် သတိပေးစနစ်ကိုအကောင်အထည်ဖေါ်လျက်ရှိပါသည်။

မြန်မာပြည်တွင်အထူးသဖြင့် မုတ်သုံရာသီအချိန်၌ မြစ်ကမ်းပါးတိုက်စားမှု ပြိုကျမှုများမကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ဤကဲ့သို့အကြောင်းအရင်းများသည် မြစ်ကြောင်းတစ်လျှောက်တွင် လူများအခြေချနေထိုင်သော အဆောက်အအုံများအား ပြောင်းရွှေ့စေသည့်အပြင်အသက်မွေးဝမ်းကြောင်းပြုသော စိုက်ပျိုးမြေများအားဆုံးရှုံးစေပါသည်။ မကြာမီနှစ်များအတွင်း တိုးပွားလာသော မိုင်းတူးခြင်းလုပ်ငန်း များကလည်း နေရာပြောင်းရွှေ့ရခြင်း စိုက်ပျိုးမြေများဆုံးရှုံးရခြင်း ပိုမိုတွန်းအားပေးနေသည်။ နေရာ တစ်ခုတွင်ခေတ္တနေထိုင်ရန်သို့မဟုတ် နေရာသစ်ခုအားပြောင်းရွှေ့အခြေချနေထိုင်ရန် ဆုံးဖြတ်ချရခြင်းမှာမြစ်ကြောင်း တစ်လျှောက်တွင် နေထိုင်သောလူများအတွက် ခက်ခဲရှည်လျားလှသောမေးခွန်းများဖြစ်ပါသည်။ ဤကဲ့သို့ ခေတ္တပြောင်းရွှေ့ခြင်းသို့မဟုတ်ကြိမ်ဖန်များစွာ နေရာရွှေ့ခြင်းကြောင့်မြစ်ကြောင်း တစ်လျှောက်တွင်နေထိုင်သူများသည် ရေအလုံအလောက်မရရှိခြင်း၊ မြေဩဇာကြွယ်၀သော စိုက်ပျိုးမြေများတွင်မလုပ်ကိုင်နိုင်ခြင်း၊ ပြောင်းရွှေ့သောနေရာသစ်များတွင်နေထိုင်ရန် အဆောက်အအုံများမဖြစ်မနေ ဆောက်လုပ်ရခြင်းကြောင့် စုဆောင်းငွေများလျော့နည်းသွားခြင်းအစရှိသောအခက်အခဲများကိုကြုံတွေ့ ရသည်။

မြစ်စနစ်များကို စီမံခန့်ခွဲရသော မြန်မာနိုင်ငံ၏ အမျိုးသားရေးအစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးရေးဦးစီးဌာန (DWIR) သည်နိုင်ငံအတွင်းရှိ ကီလိုမီတာပေါင်းထောင်ချီသော မြစ်များအသွင် ပြောင်းလဲမှုကိုစောင့်ကြည့်ရန် လူ့အရင်းအမြစ်၊ ဘဏ္ဍာရေးနှင့် နည်းပညာ အရင်းအမြစ်များလိုအပ်သည့် ကြီးမားခက်ခဲသော စိန်ခေါ်မှုတစ်ရပ်ကို ရပ်ဆိုင်နေရသည်။

ဧရာဝတီတိုင်းနှင့်၎င်းဆက်စက်သောဒေသများတွင်မုတ်သုန်မိုးနည်းပါးခြင်းနှင့်မိုးရွာသွန်းခြင်း(CHIRPS မိုးရွာသွန်းမှုအချက်အလက်များအပေါ် အခြေခံ၍)
 

စောင့်ကြည့်ရေးယန္တရား တိုးတက်ရန်နှင့် သတိပေးစနစ်တည်ဆောက်ရန် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ 

ဤမြစ်ကြောင်းစီမံခန့်ခွဲမှုအသိပညာကွာဟချက်ကိုဖြေရှင်းပေးရန်အမေရိကန်ပြည်ထောင်စုအပြည်ပြည်ဆိုင်ရာဖွံဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)နှင့်အမျိုးသားလေကြောင်းနှင့်အာကာသအုပ်ချုပ်ရေး (NASA) တို့ကြားပူးတွဲဆောင်ရွက်မှုဖြစ်သည့်SERVIR-Mekong သည်"ကကြိုးသွယ်မြစ်များ" (Dancing Rivers) ဟုခေါ်သော ရာသီအလိုက်မြစ်အသွင်အပြင်ဆိုင်ရာ စောင့်ကြည့်လေ့လာခြင်းနှင့် သတိပေးစနစ်ကို အကောင်အထည်ဖေါ်လျက်ရှိပါသည်။Asian Disaster Preparedness Center နှင့် SEI ပါ၀င်သော SERVIR-Mekong အဖွဲ့အစည်းသည်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးရေးဦးစီးဌာနနှင့် အတူ မြစ်ကမ်းပါးကာကွယ်ထိန်းသိမ်းမှုနှင့် ပတ်သက်သောအချက်အလက်များကိုအစီအစဥ်ရေးဆွဲပေးရန်နှင့် ဆုံးဖြတ်ချက်ပေးရန် လုပ်ဆောင်လျက်ရှိပါသည်။
Activity - Insert animated GIF to HTML

အသုံးပြုသူများ၏လိုအပ်ချက်များကိုသိရှိရန်နှင့် ခြုံငုံဝန်ဆောင်မှုစီမံကိန်းရေးဆွဲရာတွင် တစ်စုတစ်စည်းအားဖြည့်ဆည်းပေးရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးရေးဦးစီးဌာနမှ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအရာရှိများ၊အစိုးရအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပြည်တွင်းပြည်ပမှ NGOများ ပူးပေါင်း၍လိုအပ်ချက်များ အကဲဖြတ်ဆွေးနွေးပွဲတစ်ခု ကို၂၀၁၉ခုနှစ် မေလ၁၆ရက်နေ့တွင်ပြုလုပ်ခဲ့သည်။ 

လိုအပ်ချက်များအကဲဖြတ်ဆွေးနွေးပွဲတွင်ပါ၀င်သူများကအဆိုပြုထားသည့်ကိရိယာ၏လုပ်ငန်းလည်ပတ်မှုနှင့်အသုံးပြုမှုကိုဆွေးနွေးနေကြစဥ် (ဓာတ်ပုံ၊ Rajesh Daniel / SEI)

ဆွေးနွေးပွဲတွင်(၁)လက်ရှိစောင့်ကြည့် လေ့လာရေးယန္တရားများကို ဖော်ထုတ်ခြင်းအားဖြင့် အသုံးပြုသူလိုအပ်ချက်များကို သိရှိခြင်း (၂)အကြီးစားတိုက်စားခြင်းပို့ချခြင်းများကို သရုပ်ဖော်ခြင်းဖြင့် အမျိုးမျိုးသောအဖွဲ့အစည်းများမှ အလားအလာရှိသည့် လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုမှုကိုဖော်ထုတ်ခြင်းတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။ လက်ရှိစောင့်ကြည့်ကြီးကြပ်ရေးယန္တရားသည် အောက်ခြေမှအထက်သို့ချဉ်းကပ်မှုဖြင့် လိုက်ပြီးဒေသခံအဖွဲ့အစည်းများ သို့မဟုတ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးရေးရုံးခွဲများသည် ဒေသဆိုင်ရာအစိုးရများနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံဖြိုးရေးဦးစီးဌာန သို့တိုက်စားခြင်း၏ပြင်းထန်မှုကို သိရှိစေရန်မီးမောင်းထိုးပြရမည်။ ထို့နောက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံဖြိုးရေးဦးစီးဌာနသည် နောက်ထပ် အကဲဖြတ်စစ်ဆေးမှုများပြုလုပ်ပြီး မြစ်ကာကွယ်ရေးအစီအမံများအတွက် ရန်ပုံငွေအရင်းအမြစ်များကို ဖော်ထုတ်ရန် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရနှင့်အတူ လုပ်ဆောင်ရမည်။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံဖြိုးရေးစီမံကိန်းနှင့်သုတေသနဌာနမှ ဒါရိုက်တာဦးအောင်မျိုးခိုင်က "ဆွေးနွေးပွဲကရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးရေးဦးစီးဌာန သာမကဘဲအခြားအဖွဲ့အစည်းများစွာ ပါ၀င်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ကြီးမားသော မြစ်များတစ်လျှောက်တွင် နေထိုင်သောဒေသခံပြည်သူများအတွက် အကျိုးရှိသည်" ဟုပြောကြားခဲ့သည်။ 

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးရေးဦးစီးဌာနအပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(GAD)နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(IWUMD)ကိုလည်း အလားအလာရှိသောသုံးပြုသူများအဖြစ် သတ်မှတ်ခံခဲ့ရပြီး မြစ်အသွင်အပြင်ပြောင်းလဲမှုကြောင့် ပေါ်ထွန်းလာသော ၎င်းတို့၏မြေဧရိယာသစ်များအား စိုက်ပျိုးရေးအတွက်အသုံးပြုရန်ခွဲခြားသတ်မှတ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြစ်ကမ်းနံဘေးရှိသဲတူးဖော်ခြင်းအတွက် ခွင့်ပြုချက်များကိုထုတ်ပေးရာတွင် တိုက်စားပို့ချသောမြေပုံများကို အသုံးပြုပြီး ၎င်းအတွက်သင့်လျော်သောနေရာများကိုဆုံးဖြတ်နိုင်သည်။ မြစ်ကမ်းပါးတိုက်စားမှုကြောင့် ထိခိုက်ခံစားရသောရပ်ရွာများအား ကူညီကယ်ဆယ်ပေးရန် သို့မဟုတ်ပြောင်းရွှေ့ရန် လိုအပ်သည့်အခါဌာနသုံးခုမှ၀င်ရောက်ကူညီရမည်။

မြန်မာနိုင်ငံရှိလက်ရှိမြစ်ကမ်းပါးတိုက်စားမှုစောင့်ကြည့်လေ့လာရေးယန္တရားအတွက်အောက်ခြေမှအထက်သို့သတင်းအချက်အလက်စီးဆင်းမှုကိုပြသည်မြေပုံ (မူရင်: Karthi Matheswaran / SEI)
 

 

ကကြိုးသွယ်မြစ်များကို မိတ်ဆက်ခြင်း - မြစ်အသွင်အပြင်ပြောင်းလဲခြင်းကို စောင့်ကြည့်လေ့လာသော စနစ်

ဆွေးနွေးပွဲအတွင်း SERVIR-Mekong သည် ဆက်နွယ်သူများကို ဖြစ်နိုင်ချေရှိသောအသုံးချ မှုများကိုသိလာစေရန် ၁၉၈၅ခုနှစ်မှ၂၀၁၈ခုနှစ်ထိ နှစ်ပေါင်းများစွာပါ၀င်သည့် Remote Sensing ဒေတာများကိုအသုံးပြုပြီး ဧရာဝတီမြစ်၏ အဓိကအစိတ်အပိုင်းများတစ်လျှောက်တွင် ဖြစ်ပေါ်သော တိုက်စားပို့ချမှုမြေပုံများနှင့် မြစ်အသွင်အပြင်ပြောင်းလဲမှုများကိုတင်ပြခဲ့သည်။

"ဒီကိရိယာကဆုံးဖြတ်ချက်ချသူတွေကိုဧရာဝတီမြစ်တစ်လျှောက်မှာရှိတဲ့မြစ်တွေရဲ့အသွင်ပြောင်းလဲမှုကနေ အန္တရာယ်ရှိတဲ့ နေရာတွေကို ပိုနားလည်လာအောင် ကူညီပေးမှာပါ။ ဒါကြောင့် ဒေသခံတွေ ရေကြောင်းသွားလာမှုနဲ့ ဂေဟစနစ်အသွင် ကျက်စားရာနေရာတွေ အပေါ်ဆိုးကျိုး သက် ရောက်မှုတွေကို လျှော့ချနိုင်မှာဖြစ်တယ်" ဟု SEI မှ SERVIR-Mekong Hydrologist ဒေါက်တာ Thanapon Piman က ပြောကြားခဲ့သည်။

အသုံးပြုသူများ၏လိုအပ်ချက်များနှင့်လက်ရှိထည့်သွင်းစဥ်စားနိုင်မည့်အချက်အလက်အပေါ် အခြေခံ၍ SERVIR-Mekongသည် မိုးတိမ်ဖုံးလွှမ်းမှုကြောင့် လုံလောက်သောဒေတာ လွှမ်းခြုံမှု မရရှိခြင်းကို ကျော်လွှားနိုင်ရန်အတွက် ရာသီအလိုက်စောင့်ကြည့်လေ့လာခြင်းအတွက် ကွဲပြားခြားနားသောဂြိုလ်တု ပလက်ဖောင်းများပေါင်းစည်းခြင်း ပါဝင်စေရန်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးရေးဦးစီးဌာနနှင့် အတူကကြိုးသွယ်မြစ်များကို အကောင်အထည်ဖေါ်ပါလိမ့်မည်။ SERVIR-Mekongသည် ရေရှည်တွင် ဤကိရိယာ၏ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး၊ ကိရိယာတန်ဆာပလာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်း လည်ပတ်ရေးအတွက်အသုံးချခြင်းဆိုင်ရာသင်တန်းများကိုပြုလုပ်ရန်စီစဉ်ထားသည်။

၁၉၈၅ခုနှစ်မှ၂၀၁၈ခုနှစ်ထိ နှစ်ပေါင်းများစွာပါ၀င်သည့် Remote Sensing ဒေတာများကိုအသုံးပြုပြီးမြစ်အသွင်အပြင်ပြောင်းလဲသည်နေရာများကိုပြသည့်ကြိုတင်ခန့်မှန်းတွက်ချက်မှုများ (မူရင်: Karthi Matheswaran / SEI)
Translated by Htay Htay Aung, a member of the Myanmar Water Portal Translation Community. 

သတင်းအချက်အလက် သည် အနာဂတ်ရေ (New Water): မည်သူမျှ ...
Vacancy Announcement - Junior Legal Consultant (Pa...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal