ချင်းတွင်းမြစ်နှင့် နန်းကသည်းချောင်း (မဏိပူရ်မြစ်) တို့တွင် ပြုလုပ်ထားသော ကမ်းပါးထိန်းနံရံများ ပြိုကျပျက်စီးမှုဖြစ်ပေါ်

ချင်းတွင်းမြစ်နှင့် နန်းကသည်းချောင်း (မဏိပူရ်မြစ်) တို့တွင် ပြုလုပ်ထားသော ကမ်းပါးထိန်းနံရံများ ပြိုကျပျက်စီးမှုဖြစ်ပေါ် ကလေးမြို့နယ် မြောက်စည်းကျေးရွာ နန်းကသည်းချောင်း (မဏိပူရ်မြစ်) ကမ်းထိန်းနံရံပြိုကျမှုကို သြဂုတ် ၁၀ ရက် တွေ့ရစဉ် _အောင်သူထွန်း (ကလေး)

11 Aug 2020 - Source: Eleven Media Group Co.,Ltd.

ချင်းတွင်းမြစ်ဘေး မော်လိုက်မြို့နယ် မော်လိုက်ကလေးကျေးရွာတွင် ပြုလုပ်ထား သော ကမ်းပါးထိန်းနံရံနှင့် ကလေးမြို့နယ် မြောက်စည်းကျေးရွာတို့တွင် ပြုလုပ်ထားသော နန်းကသည်းချောင်း (မဏိပူရ်မြစ်) ကမ်း ပါးထိန်းနံရံများ ပြိုကျပျက်စီးမှုဖြစ်ပေါ်လျက် ရှိသည်ဟု သိရသည်။

"သြဂုတ် ၁ ရက်ကတည်းက ပြိုတာလေ။ အစကတည်းက ဒီဇိုင်းတွေ သိပ်မကြိုက်ပါဘူး။ ပထမတစ်နှစ်ကတော့ ရေက အဲဒီလောက်မ ရောက်တော့ အဆင်ပြေတယ်။ အခု ရေက ကမ်းထိန်းနံရံကို ရောက်လာတော့ ပြိုအိကျ သွားတော့တာပေါ့။ အကုန်လုံး ပြိုတာတော့မ ဟုတ်ဘူးပေါ့။ စပြီး တစ်နေရာကနေ စပြိုတာ။ တဖြည်းဖြည်းနဲ့ လိုက်ပြိုတာပေါ့။ ကလေးဝ ရေမြစ်ဖြိုးကတော့ လာကြည့်သွားပြီ။ တိုင်း ဒေသကြီးအစိုးရနဲ့ တိုင်းရေမြစ်ဖြိုးကိုတော့ အကြောင်းကြားထားပါတယ်။ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နဲ့လုပ်ထားတာက။ တစ်နှစ်အကျော် မှာ ပြိုသွားတာပါ။ အခုဟာက ဌာနကလုပ် တာပါ။ အခုတော့ ဘာလုပ်ပေးမယ်ဆိုတာ အကြောင်းမပြန်သေးဘူး။ ရွာဘက်ကလည်း အန္တရာယ်များတော့ အဲဒီတုန်းကလည်း အ ရေးပေါ်ဘတ်ဂျက်တင်ပြီး လုပ်ထားတာ။ ရေ မြစ်ဖြိုးက လုပ်တာတွေနဲ့ သိပ်အဆင်မပြေ ဘူး။ ပြည်ထောင်စုမှာလည်း ပြောထားတယ်။ ပြည်သူ့ငွေစာရင်းကိုလည်း အစည်းအဝေးမှာ တင်ပြထားတယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ကတော့ ဌာနဆိုင်ရာနဲ့ ခေါ်တွေ့ ဖို့ပေါ့။ ဒါတွေက အဆင်မပြေဘူး။ နိုင်ငံတော် ဘတ်ဂျက်တွေ ဆုံးရှုံးနေတာကိုတော့ ဆွေး နွေးဖြစ်တယ်။ ကော်မတီအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးဖြစ်တယ်။ သူတို့ကိုလည်း ပြောတယ်။ ဒါကိုလုပ်မယ်ဆိုရင် အကြိုလေ့ လာမှုတွေကို သေသေချာချာလုပ်။ ဒေသခံတွေ အကြံဉာဏ်နဲ့လုပ်။ သူတို့ကလာရင် အပေါ် က ချပေးလိုက်တာ ဒါပဲ။ ဒီပုံစံပဲ။ ဒီလိုလုပ်ရင် ပဲ ဆိုးသွားမယ့်ပုံစံပြောတာပေါ့။ ဒေသခံတွေ က ဒီလိုဆိုရင် အဆင်မပြေနိုင်ဘူး။ ဒေသခံ တွေက ဒီဒေသရဲ့ရေမြေကို ကောင်းကောင်း သိတာပေါ့။ သူတို့က ပညာရှင်ပေါ့။ ပညာရှင် ဆိုတော့ ဒါမှမလုပ်ရင် မရနိုင်ဘူးဆိုတာပြော တော့ အဲဒီကြားထဲမှာ ပြဿနာဖြစ်တာပါ။ ကိုယ်က ပြောရမယ်။ လွှတ်တော်ကနေ ဆွေး နွေးရတော့မယ်။ ကမ်းထိန်းနံရံတစ်ခုဆိုရင် သိန်းကို ထောင်နဲ့ချီတာလေ" ဟု မော်လိုက်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ချိုချိုက ပြောကြားသည်။

ကလေးမြို့နယ် မြောက်စည်းကျေးရွာ နန်းကသည်းချောင်း (မဏိပူရ်မြစ်) ကမ်းထိန်း နံရံမှာ သြဂုတ် ၈ ရက်က ရေစားခဲ့ပြီး ယခုအခါ ပေ ၅၀ ခန့် ပြိုလျက်ရှိသည်ဟု သိရသည်။

"မြောက်စည်းရွာကတော့ နန်းကသည်း ချောင်းရဲ့ဘေးမှာ ရှိတာပေါ့။ အရင်ကလည်း နန်းကသည်းချောင်းက ရွာကိုရေထိုးခဲ့လို့ ရွှေ့ ပြောင်းခဲ့ရတာတွေ ရှိတာပေါ့။ ၂၀၁၅ ရွေး ကောက်ပွဲပြီး တက်လာတော့ ရွာမှာ နန်းက သည်းချောင်းရေက စားတော့မယ်ဆိုလို့ ကမ်း ထိန်းနံရံလုပ်ပါဦးဆိုလို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်က ပြီးခဲ့တဲ့လက်ထက်က အတည်ပြုသွား တော့ ၂၀၁၆ ခုနှစ်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ခေါင်း စဉ်တစ်ခုက ပြောင်းပြီးတော့ ရေဘေးသင့်ကျေး ရွာဟောင်းတွေမှာကျတဲ့ ဘတ်ဂျက်ကိုမြောက် စည်းကိုရွှေ့ပြောင်းပြီး ကမ်းထိန်းနံရံ အမြန် လုပ်ပေးခဲ့တယ်။ မြောက်စည်းရွာနဲ့ ဒီဇိုင်းနဲ့ လုပ်ရတာမဟုတ်ဘဲ တခြားရွာရဲ့ ဒီဇိုင်း ဘတ် ဂျက်သန်း ၁၅၀ နဲ့လုပ်ခဲ့ရတာဆိုတော့ အဲဒီ ဒီဇိုင်းက ရေအားကို ခုခံနိုင်စွမ်းမရှိဘဲ ရေထဲပါ သွားတယ်။ အဲဒါကိုလုပ်တာက ၂၀၁၇ ထဲမှာ။ နောက်ထပ် ၂၀၁၈ မီနီဘတ်ဂျက်မှာ မေးခွန်း တင်ပြီး ဘတ်ဂျက်ထပ်ရခဲ့တယ်။ တိုင်းဒေသကြီး ဘတ်ဂျက်ကနေ သန်း ၅၀၀ (ဘတ်ဂျက် ကျတာက သန်း ၅၀၀ ပါ၊ တင်ဒါခေါ်တော့ သိန်း ၄၈၅၀၊ ပိုတာက တိုင်းဒေသကြီး ဘတ်ဂျက် ထဲ ပြန်ဝင်သွားတာပါ) နဲ့ ထပ်ရခဲ့တယ်။ စလုပ် ခဲ့တယ်။ လုပ်ခဲ့ပြီး ပြန်ပါသွားမလား စိုးရိမ်ပြီး စောင့်ကြည့်ခဲ့တာ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ဒီ လောက်အထိ တောင့်ခံနိုင်ပြီးတော့ လက်ရှိ အခြေအနေက နန်းကသည်းချောင်းရေက ကမ်းထိန်းနံရံရဲ့ ရွာဦးထိပ်ဘက်က ရေတိုးနေ တော့ နှစ်ခန်းလောက် ပြတ်ကျသွားပြီ။ ရေ ရှည်မှာတော့ ဒေသခံပြည်သူလူထုနဲ့ သေချာ စဉ်းစားပြီးတော့ တကယ်လုပ်ဆောင်သင့်တဲ့ အရာတွေကို စဉ်းစားလုပ်ဆောင်သင့်ပြီလို့ ထင်တယ်။ ကမ်းထိန်းနံရံတွေလုပ်ပြီးတော့ နှစ်တိုင်း ရွာကိုထိုးနေတာကိုပဲ ဘတ်ဂျက်တွေ ဆုံးရှုံး၊ ပြည်သူလူထုမှာလည်း အကာအကွယ်မ ဖြစ်ဘူးဆိုတာတွေ နှစ်တိုင်းဘတ်ဂျက်တောင်း နေမလား၊ ရွာကို ဘေးလွတ်ရာကို ပြောင်းရွှေ့ မလား ဒေသခံကို စကားပြောဖူးတယ်။ ရွာ ဘက်က ရွှေ့ပြောင်းတာကို အားမသန်ဘူး။ ဒါကြောင့် ကမ်းထိန်းနံရံကို တောင်းနေရတာ ပေါ့။ သက်ဆိုင်ရာ ဒေသခံတွေ လွှတ်တော် ကိုယ်စားလှယ်၊ ဌာနတွေနဲ့ဆွေးနွေးပြီး လုပ်ရ မယ့်ကိစ္စပါ။ မနေ့က ရေမြစ်ဖြိုးက ကွင်းဆင်း တယ်။ လောလောဆယ် ရေမကျသေးတော့ လုပ်နိုင်တာ မရှိသေးဘူးပေါ့။ ရေရှည်တွေးပြီး စဉ်းစားပြီးလုပ်ရမယ့်ကိစ္စမှာ ဒေသခံပြည်သူ တွေက အရေးပါတယ်။ ဒီလိုလုပ်မယ်ဆိုပြီး လုပ်လို့ရတဲ့ဟာ မဟုတ်ဘူး။ ဒေသခံ ပြည်သူ က သူတို့ဘယ်လိုလုပ်မှ ဖြစ်မယ်ဆိုတာကို ဒေသခံအသံကို ဌာနအနေနဲ့ သေချာစဉ်းစား လုပ်နိုင်ဖို့။ ဒေသခံအသံ သေချာနားထောင် ပြီး ပေါင်းစပ်လုပ်မှ အဆင်ပြေပါ့မယ်"ဟု က လေးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်သန့်ဝေကျော်က ပြောကြားသည်။

မြောက်စည်းကျေးရွာ နန်းကသည်း ချောင်း (မဏိပူရ်မြစ်) ရေတိုက်စားမှုကြောင့် ၂၀၁၆-၂၀၁၇ ဘတ်ဂျက်တွင် သံခြင်းအခြေ ပြုကျောက်စီမြေထိန်းနံရံ အလျားပေ ၈၄၀ ကို ကျပ် ၁၃၉ သန်းဖြင့် အကုန်အကျခံပြုလုပ်ခဲ့ ပြီး ရေမျောပါပျက်စီးခဲ့သောကြောင့် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ကျပ် ၄၈၅ သန်း အကုန်အကျခံ၍ ပြုလုပ်ပေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"၂၀၁၅ မရောက်ခင်တုန်းက ချောင်းရိုးကမ်းပါးနဲ့က ရေက တစ်ကြောင်းတည်း စီးပါတယ်။ ရွာတောင်ဘက် အိမ်ခြေအချို့ ပါသွား ပြီး မြောက်စည်းရွာသစ်နဲ့ ခုံတိုးမြို့သာကို ပြောင်းကြတယ်။ ကျန်တဲ့သူတွေက ကျောင်း ကန်ဘုရားတွေ နှမြောတော့ ရေကာတာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက လုပ်ခဲ့ကြတာပါ။ ကျေးရွာသူကျေးရွာသား တွေက ဒီရွာကို ဆက်လက်တည်တံ့ခိုင်မြဲ အောင် ရေကာတာကို ထိန်းသိမ်းစောင့်ရှောက် ချင်ပါတယ်။ ရွာကို ရွှေ့ဖို့ပြောင်းဖို့ဆိုတာ မလွယ်ပါဘူး။ မနေ့ကတော့ ရေစားပေါက်ပေါ် ပြီးတော့ ကျေးရွာသူကျေးရွာသားလုပ်အား ပေး ၁၀၀ ကျော်နဲ့ သဲကားတွေတိုက်ပြီးလုပ် ခဲ့ကြပြီး မနေ့ညက အခု တာရိုးကပါသွားပါ တယ်။ အခုဆိုရင် အနောက်ဘက်ဖဲ့ပြီး လှိုက် စားနေတဲ့အနေအထားဆိုတော့ ဒါလေးကိုမပြိုလဲအောင် ထိန်းထားစေချင်ပါတယ်။ တာရိုးကို ၂၀၁၉ ခုနှစ်က လုပ်ခဲ့တာပါ။ ကျေးရွာသူ ကျေးရွာသားများအနေနဲ့ကတော့ မဏိပူရ် မြစ်ရဲ့ရေထိုးမှုကို နိုင်ငံတော်အစိုးရကိုပဲ အား ကိုးရမှာပါ" ဟု မြောက်စည်းကျေးရွာ ရပ်မိရပ်ဖ ဦးဉာဏ်အိုးက ပြောကြားသည်။

အဆိုပါ နန်းကသည်းချောင်း ကမ်းထိန်း နံရံပြိုကျမှုနှင့်ပတ်သက်၍ "လောလောဆယ်တော့ ပေ ၅၀ လောက် ပြိုနေပါတယ်။ ကျွန်တော်တို့ဌာနက အရာရှိတွေနဲ့ လာရောက်ပြီး ကြည့်ရှုခဲ့ပါတယ်။ ဌာနအနေနဲ့ နည်းပညာပံ့ ပိုးမှု သစ်ခက်ချတာတွေလုပ်ခဲ့ပါတယ်။ လက်ရှိအနေအထားက ရေစီးသန်နေတဲ့အတွက်၊ ရေများနေတဲ့အတွက် ကမ်းပါးတိုက်စားတာ သက်သာအောင် နိုင်လွန်ပိုက်နဲ့ ကျောက်နဲ့ ထုပ်ပြီးချမှာပါ။ ရေများနေတဲ့အတွက် အန္တ ရာယ်မဖြစ်အောင် နည်းပညာပံ့ပိုးပြီး လုပ်နေပါတယ်။ ရေနည်းသွားရင်တော့ တိုင်းတာတွက်ချက်ပြီး အထက်အဆင့်ဆင့်ကို တင်ပြသွားမှာ ဖြစ်ပါတယ်"ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးထွန်းထွန်းက ပြောကြားသည်။


Myanmar suspends Manipur hydro project in Chin Sta...
နှစ်စဉ်ရေကြီးရေလျှံမှုနှင့် ပြည်သူများ၏ အကျပ်အတည်း
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal