စွန့်ပစ်ရေထဲတွင် မိုက်ခရိုပလတ်စတစ် ပါဝင်နေမှုအတွက် အဖြေရှာဖွေခြင်း

1200px-Discharge_pipe Photo: UN Environment

ကမ္ဘာကြီးတွင်ပလတ်စတစ် အသုံးပြုမှုတိုးတက်လာသည်နှင့်အညီ ပလတ်စတစ်ထုတ်လုပ်မှုအားလည်း မြင့်တက်လာပါသည်။ အသုံးပြုပြီးစွန့်ပစ်လိုက်သော ပလက်စတစ်အမှိုက်များသည် နည်းလမ်းအမျိုးမျိုးဖြင့် မြစ်၊ချောင်း၊ အင်းအိုင်များမှတစ်ဆင့် သမုဒ္ဒရာအတွင်းသို့ရောက်ရှိသွားကြပါသည်။ ကမ္ဘာအနှံ့ရှိ ရေနှင့် ရေအောက်ကြမ်းပြင်ရှိ အနည်အနှစ်များကို လေ့လာချက်များအရ မိုက်ခရိုပလက်စတစ်များသည် ရေချိုနှင့် ရေငန် သတ္ကလောကများတွင်သာမက မြေကြီးများတွင်ပါ နေရာအနှံ့ပျံ့နှံ့နေသည် ကို တွေ့ရှိရပါသည်။

ယနေ့ခေတ်တွင် ပလတ်စတစ်ထုတ်ကုန်များသည် မရှိမဖြစ် အရေးပါလာသော်လည်း လူသားများအနေဖြင့်ပလတ်စတစ်ထုတ်ကုန်များ၏ နောက်ဆက်တွဲအကျိုးဆက်များဖြစ်သော မိုက်ခရိုပလက်စတစ်ကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ကို ထိခိုက်မှုများနှင့် ကမ္ဘာကြီးပူနွေးလာမှု များကိုထည့်သွင်းစဉ်းစား သင့်ပါသည်။

အချိန်ကြာလာသောအခါ ပလတ်စတစ်ထုတ်ကုန်များသည် သဘာဝ၏တိုက်စားချေဖျက်မှုများကြောင့် သေးငယ်သော အမှုန်များအဖြစ်သို့ပြောင်းလဲသွားပြီး မိုက်ခရိုပလတ်စတစ်များဖြစ်လာပါသည်။ ထိုမိုက်ခရိုပလတ်စတစ်များသည် အရွယ်အစားအားဖြင့် 5mmထက်သေးငယ်လေ့ရှိပါသည်။ အချို့သော မိုက်ခရိုပလတ်စတစ်များသည် သေးငယ်သောအမှုန်များအဖြစ် သဘာဝပါတ်ဝန်းကျင်ကို တိုက်ရိုက်ရောက်ရှိသွားတတ်ပါသည်။ဥပမာအားဖြင့် တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတွင် မိုက်ခရိုပလတ်စတစ်များ ပါဝင်ပါသည်။ ကားမောင်းနေစဉ် ကားတာယာဘီးများ မှထွက်လာသောအမှုန်များ၊ အဝတ်လျှော်စဉ် အဝတ်မှထွက်လာသော အမှုန်များသည်လည်း မိုက်ခရိုပလတ်စတစ်ဖြစ်ပေါ်လာစေသည့် တခြားသောအကြောင်းရင်းများဖြစ်ပါသည်။

စွန့်ပစ်ရေဆိုးများနှင့် ရေချိုတွင် အများဆုံးတွေ့ရှိရသော မိုက်ခရိုပလက်စတစ်အမျိုးအစားမှာ မိုက်ခရိုဖိုက်ဘာ ဖြစ်ပါသည်။ ၎င်း မိုက်ခရိုဖိုက်ဘာများကို zooplankton၊ မြစ်ထဲရှိသတ္တဝါများနှင့် ယောက်သွားများ၏ အစာလမ်းကြောင်းများတွင် တွေ့ရလေ့ရှိသည်။ ထိုအစာလမ်းကြောင်းတွင် မိုက်ခရိုဖိုက်ဘာများစုပြုံကာ ပိတ်ဆို့မှုဖြစ်လေ့ရှိပါသည်။ထို့အပြင် မိုက်ခရိုဖိုက်ဘာများကြောင့် အစာရှားပါးမှုလည်းဖြစ်နိုင်ပါသည်။

"မိုက်ခရိုပလတ်စတစ်များကြောင့် ဖြစ်ပေါ်လာသော ရေညစ်ညမ်းမှုဟာ အလွန်ရှုပ်ထွေးပြီး အခြေအနေပေါင်းစုံကို ထည့်သွင်းစဉ်းစားရဖို့လိုအပ်ပါတယ်။ ဒီပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့အခြေအနေအရပ်ရပ်ကို စီမံရမှာဖြစ်ပါတယ်"လို့ United Nations Environment Programme(UNEP)ရဲ့ စွန့်ပစ်ရေပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်ပြီး စွန့်ပစ်ရေဆိုးထဲမှာပါဝင်တဲ့ မိုက်ခရိုပလက်စတစ်အကြောင်း လေ့လာနေသူတစ်ဦးလည်းဖြစ်တဲ့ Birguy Lamizana ကပြောကြားခဲ့ပါတယ်။ အဆိုပါ စွန့်ပစ်ရေဆိုးတွင်ပါဝင်နေသော မိုက်ခရိုပလက်စတစ်လေ့လာမှုကို သြဂုတ်၂၀၂၀ မှာကျင်းပမယ့် Stockholm World Water Weekမှာသော်လည်းကောင်း၊ ဖေဖော်ဝါရီ 2021 မှာကျင်းပမယ့်United Nations Environment Assemblyမှာသော်လည်းကောင်း မိတ်ဆက်ပြသဖို့စီစဉ်ထားပါသည်။

လက်ရှိတွင် မိုက်ခရိုပလတ်စတစ်ကြောင့် ဖြစ်သော ရေညစ်ညမ်းမှုကိုUNEP နှင့် International Water Management Institute (IWMI) တို့ပူးပေါင်းကာလေ့လာမှုတစ်ခုလုပ်ဆောင်လျက်ရှိပြီး ၎င်းလေ့လာမှုကို စွန့်ပစ်ရေဆိုးများမှ မိုက်ခရိုပလတ်စတစ်နှင့် မိုက်ခရိုဖိုက်ဘာများဖယ်ရှားရန် နည်းပညာများ ရွေးချယ်နိုင်သော အစိတ်အပိုင်းများထောက်ပံ့ပေးခြင်းနှင့် ရရှိနိုင်သောနည်းပညာများကို အကဲဖြတ်ပေးခြင်း ဟု ယာယီအမည်သတ်မှတ်ထားပါသည်။ 

မိုက်ခရိုပလက်စတစ်ညစ်ညမ်းမှုကို ရင်ဆိုင်နိုင်ရန် နည်းလမ်းများ 

တစ်ခါသုံးပလတ်စတစ်များကိုတားမြစ်ခြင်းနှင့်တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတွင် ပါဝင်နေသောမိုက်ခရိုပလက်စတစ်များကို တားမြစ်သည့်နည်းလမ်းများကိုကမ္ဘာ့နိုင်ငံအချို့တွင် စတင်ကျင့်သုံးနေပြီဖြစ်ပါသည်။ လှုပ်ရှားဆောင်ရွက်မှု"Campaigns" များနှင့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချသည့် အလေ့အကျင့်များ မွေးမြူခြင်းတို့သည်လည်း တစ်ခါသုံးပလတ်စတစ်များနှင့် မိုက်ခရိုပလတ်စတစ်များ ပါဝင်နေသောတစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများအသုံးပြုခြင်းကိုလျှော့ချနိုင်စေပါသည်။ အချို့သောပိတ်စဒီဇိုင်းများသည် အဝတ်လျှော်စဉ်ထွက်လာသော မိုက်ခရိုဖိုက်ဘာပမာဏကို လျှော့ချပေးနိုင်သည်။ သို့သော်လည်း အဆိုပါပိတ်စဒီဇိုင်းများသည် ဈေးနှုန်းမြင့်ပေသည်။

"သမုဒ္ဒရာထဲရှိမိုက်ခရိုပလတ်စတစ်များ၏၃၅ရာခိုင်နှုန်းသည် ဓါတုဓါတ်ပေါင်းများပါဝင်သောပိတ်စများဖြင့် ချုပ်လုပ်ထားသော အဝတ်အစားများကိုလျှော်ဖွတ်ခြင်းကြောင့်ဖြစ်ပါတယ်" လို့ International Water Management Institute ရဲ့ ရေအရည်အသွေးညှိနှိုင်းဆောင်ရွက်သူ လည်းဖြစ်ပြီး ဒီမိုက်ခရိုပလက်စတစ်နဲ့ ပါတ်သတ်တဲ့လေ့လာမှုမှာလည်းပါဝင်နေတဲ့ Javier Mateo-Sagasta ကပြောပါတယ်။ "မိုက်ခရိုပလက်စတစ်များကို ရေဆိုးထုတ်မြောင်းများသို့ စွန့်ထုတ်ခြင်းမှသော်လည်းကောင်း၊ ပတ်ဝန်းကျင်သို့ စွန့်ထုတ်ခြင်းမှသော်လည်းကောင်း ကာကွယ်နိုင်ရန်ထိရောက်သော နည်းလမ်းတစ်သွယ်မှာ အိမ်ထောင်စုအဆင့် ရေစွန့်ပစ်ရေးနည်းစနစ်များကို ဖွံ့ဖြိုးတိုးတက်လာအောင်ပြုလုပ်ခြင်းပင် ဖြစ်ပါတယ်။နည်းပညာတွေက ရှိပြီးသားပါ။ ဥပမာအားဖြင့် မိုက်ခရိုပလတ်စတစ်၏ ၉၇%နှုန်းကို ဖယ်ရှားပေးနိုင်သော နည်းပညာက ရှိပြီးသားပါ။" လို့သူကပြောပါတယ်။

"ရေထုထဲသို့ရောက်ရှိလာသော မိုက်ခရိုပလက်စတစ်၏ ၈ဝရာခိုင်နှုန်းထိသည် မြေအရင်းအမြစ်ကြောင့် ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ဟာ ရေထဲမှာပါဝင်နေတဲ့ မိုက်ခရိုပလက်စတစ်များကို ဖယ်ထုတ်နိုင်ရန် ရေစီးဆင်းမှုစီမံခန့်ခွဲရေးကို တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" လို့ Javier Mateo-Sagasta ကပြောပါတယ်။

ရေထုနဲ့မြေထုကို မိုက်ခရိုပလက်စတစ်များမှ ကာကွယ်ခြင်းသည် အရေးကြီးသော ကိစ္စရပ်တစ်ရပ်ဖြစ်ပါသည်။ "ကျွန်တော်တို့ဟာ မြို့တွေကထွက်တဲ့မိုက်ခရိုပလတ်စတစ်တွေကို ကန့်သတ်နိုင်ရန်လည်းကောင်း၊ ရေထုထဲတွင် ရေညစ်ညမ်းမှုများ မြင့်တက်လာခြင်းမှ ကာကွယ်ရန်လည်းကောင်း၊ ထိုညစ်ညမ်းမှုကြောင့် ထိခိုက်သောရေ၏သတ္တဗေဒစနစ်ကို ပြန်လည်ထိန်းသိမ်းရန်လည်းကောင်း၊ လူထုကို ဘေးအန္တရာယ် ကျရောက်မှုကိုမှလျှော့ချနိုင်ရန်လည်းကောင်း နည်းလမ်းများကိုတွက်ထုတ်ပြီး လက်တွေ့အသုံးချနိုင်ဖို့လိုအပ်ပါတယ်"လို့ International Water Management Institute (IWMI)မှ စီးပွါးရေးလည်ပါတ်မှုနှင့် ရေညစ်ညမ်းမှုကိုလေ့လာနေသော Research Group ၏ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပြီး ဤလေ့လာမှုတွင်လည်းပါဝင်နေသော Josiane Nikima ကပြောပါသည်။

"အဆိုပါ ရည်ရွယ်ချက်များကို ပြည့်မှီစေရေးအတွက် အရေးကြီးသော လုပ်ဆောင်ချက်တွေကတော့ ရေဆိုးရေညစ်နဲ့ရေစီးဆင်းမှုကို ရေသန့်စင်ရေးပြုလုပ်ရန်နှင့် ရေဆိုးရွှံ့နွံများကို ကောင်းမွန်တဲ့ စီမံမှုများကို ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ အဆိုပါ ရေသန့်စင်ရေးနည်းလမ်းနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုများကိုမြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန် ဥပဒေအထောက်အပံ့များ၊ ကောင်းမွန်တဲ့နည်းပညာများ၊ ငွေကြေးထောက်ပံ့မှုများ၊ ပညာရေးနှင့် အသိပညာဖြန့်ဝေနိုင်ဖို့လည်းလိုအပ်ပါတယ်" လို့သူမကထပ်ပေါင်းပြောပါသည်။

ဥရောပနဲ့မြောက်အမေရိနိုင်ငံများတွင် နှစ်စဉ် သန်းပေါင်းများစွာသော မိုက်ခရိုပလက်စတစ်တန်ချိန်တို့သည် ရေဆိုးမှထွက်သောရွှံ့နွံများမှတစ်ဆင့် မြေကြီးထဲသို့ ရောက်ရှိနေကြပါသည်။

"ရေဆိုးရေညစ်မှထွက်တဲ့ ရွှံ့နွံအစိုင်အခဲများကို မီးရှို့ဖျက်ဆီးခြင်းက မိုက်ခရိုပလက်စတစ်ကြောင့်ဖြစ်တဲ့ မြေထု ညစ်ညမ်းမှု ကို ရှောင်ရှားနိုင်ပေမယ့် စရိတ်ကြီးတဲ့အပြင် မြေကြီးကို ကောင်းကျိုးပြုတဲ့ အော်ဂဲနစ် အရာတွေကိုပါ ဆုံးရှုံးစေနိုင်ပါတယ်" လို့Nikiema ကပြောပါတယ်။ 

Translated by Ma Yin Mon Aung, a member of Myanmar Water Portal Translation Community

Source: Microplastics in wastewater: towards solutions - UN Environment


A Young Water Engineer Shared Tips and Tricks of s...
ရန်ကုန်မြို့ရှိ မိုးရေစုဆောင်းသော ပုရွက်ဆိတ်များ
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal