ဖွံ့ဖြိုးဆဲကမ္ဘာဆီသို့ ရေနှင့်သက်ဆိုင်သော သုတေသနနှင့် ပညာရေးများ စီးမျောရန်လိုအပ်

Water-Research_

ကမ္ဘာလုံးဆိုင်ရာ ရေအကျပ်အတည်းနှင့် သက်ဆိုင်သည့် အလယ်တန်းလွန်ပညာရေးသည် အများဆုံးလိုအပ်လျက်ရှိသော ဖွံ့ဖြိုးဆဲဆင်းရဲသောနိုင်ငံများထက် ချမ်းသာသောနိုင်ငံများတွင်သာ အဓိကအာရုံစိုက်ခြင်းခံရသည်။ ဤကဲ့သို့အ‌‌ခြေအနေတွင် ရေနှင့်ဆိုင်သောသုတေသနများသည် အမှန်တကယ်အောင်မြင်၍ လက်တွေ့ကျသောဖြေရှင်းနည်းများဆီသို့ ဦးတည်ခြင်းရှိမရှိထက် ထုတ်ဝေသော စာတမ်းနှင့် အခြားသုတေသီများ၏ ကိုးကားဖော်ပြချက် အရေအတွက်များပေါ်တွင်သာ အခြေပြု အကဲဖြတ်ခြင်းခံရလေ့ရှိသည်။

ကနေဒါအခြေစိုက် - ရေ၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂတက္ကသိုလ်မှစာတမ်းများသည် လုံလောက်မှုမရှိသော ရေပေးဝေရေးနှင့် မိလ္လာစနစ် စသည့် ကမ္ဘာ့ထိပ်ဆုံး ၁၀ ချက်ဝင် ပြဿနာများကိုဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွင် ဤအားနည်းချက်များကို မီးမောင်းထိုးမှတ်တမ်းတင်ထားသည်။ 

ရေနှင့်ပတ်သက်သော ပညာရေးလှုပ်ရှားမှုများနှင့် သက်ဆိုင်သည့် ကမ္ဘာ့သတင်းအရင်းအမြစ်မရှိပါ။ရေနှင့်သက်ဆိုင်သော စာပေများ၏ ခေတ်ရေစီးကြောင်းကို ဖော်ထုတ်ရန်အတွက် ထုတ်ဝေသူ ၅၀၀၀ ကျော်မှ ဂျာနယ် ၂၂၈၀၀၊ မဂ္ဂဇင်းများနှင့် အစီရင်ခံစာများအပါအဝင် ဒေတာဘေ့စ်များစွာကို အသုံးပြု၍ သွယ်ဝိုက်သော နည်းစနစ်များဖြင့်ဖော်ထုတ်ခဲ့ရသည်။ ထို့အပြင် အလယ်တန်းလွန် တွင် ရေအရင်းအမြစ်နှင့် ဆက်နွယ်သည့် အစီအစဉ်များလည်းမရှိပါ။ ထို့ကြောင့် ရေနှင့်သက်ဆိုင်သော ဘွဲ့ဒီဂရီများကမ်းလှမ်းထားသည့် ကမ္ဘာ့ ၂၈၀၀၀ သောတက္ကသိုလ်များကို ရှာဖွေရန် အလားတူ အလုပ်မျိုးလိုအပ်သည်။

ကျွန်ုပ်တို့၏အခက်ခဲဆုံး အဆုံးသတ် တွေ့ရှိချက် ရေပြဿနာများ အများဆုံးဖြစ်သည့်နေရာ၌ လေ့ကျင့်မှုနှင့် သုတေသနပြုမှု အနည်းငယ်သာရှိသည်ကိုတွေ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ ရေနှင့်သက်ဆိုင်သောသုတေသနများသည် အနောက်နိုင်ငံ - အထူးသဖြင့်အမေရိကန်နိုင်ငံ၏ - သိပ္ပံနည်းကျ ရလဒ်များ အပေါ်မူတည်သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရေနှင့်သက်ဆိုင်သောသုတေသနကို နိုင်ငံပေါင်း ၈၈ နိုင်ငံတွင် ထုတ်ဝေခဲ့သော်လည်း - ၂၀၁၂ မှ ၂၀၁၇ ကြားကာလအတွင်းထုတ်ဝေခဲ့သော ၁.၂ သန်းသော စာတမ်းများ၏ ၃၃% သည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ဖြစ်သည်။ ရေနှင့်သက်ဆိုင်သောသုတေသနများကို ပုံနှိပ်ထုတ်ဝေသည့် ပညာရေးဂျာနယ်များ၏ ၇၀% ခန့်သည် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများ၌ အခြေပြုထားသည်။ ၂ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင်ဖြစ်သည်။

လူဦးရေတစ်သန်းလျှင် ပုံနှိပ်ထုတ်ဝေမှု အများဆုံးဦးဆောင်ထားသည့် နိုင်ငံ ၁၅ နိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ပါဝင်ပြီး ယင်းမှာ ရေနှင့်သက်ဆိုင်သောသုတေသနများသည် ရေရှားပါးမှုအပေါ် တုန့်ပြန်မှုတစ်ခု အဖြစ်ပေါ်ထွက်လာခြင်း မဟုတ်ဟု ဆိုနိုင်သည်။ သို့သော်လည်း ရေပေးဝေရေးနှင့် မိလ္လာစနစ် စသည့် စီးပွားရေးလုပ်ငန်းများသည် ၂၀၂၀ တွင်အမေရိကန်ဒေါ်လာ ၁ ထရီလီယံ တန်ကြေးရှိလာမည်ဟု ခန့်မှန်းထားကြသည်။

စာတမ်းများ၏ ကိုးကားဖော်ပြချက် ပျမ်းမျှအရေအတွက်သည် ၂၀၁၂ ခုနှစ်တွင် ၂၂ မှ ၂၀၁၇ တွင် ၃ ဦး အထိကျဆင်းသွားသည်။ ဤအချက်က တနည်းအားဖြင့် စာတမ်းထုတ်ဝေမှုသည် အစိုးရမှ ပံ့ပိုးသောမူဝါဒများနှင့်ကိုက်ညီရန် အရည်အသွေးနိမ့်စာတမ်းများကို ရေးသားနေခြင်း သို့မဟုတ် ပညာ‌ရေးနယ်ပယ်တွင် သုတေသနပြုစာတမ်းများ - ထုတ်ဝေနိုင်ခြင်း သို့မဟုတ် ထုတ်ဝေနိုင်မှုမရှိခြင်း စသည့် ဖိအားများတိုးပွားလာမှုကို ထင်ဟပ်စေသည်။ သုတေသီများဆက်လက်ရှင်သန်နိုင်ရန် ၄င်းဖိအားသည် အလွန်အရေးကြီးသော်လည်း ဖွံ့ဖြိုးတိုးတက်မှု ကို‌ရှေးရှုလျှင် ဤအရာသည် အဆင်မပြေနိုင်ပါ။

ဤအတောအတွင်း ရေနှင့်ဆက်နွယ်သော သင်တန်းများပေးသည့် တက္ကသိုလ်အများစုသည် မြောက်အမေရိက၊ ဥရောပနှင့် အာရှဒေသအချို့၌ရှိသည်။ ဆိုးရွားလှသော ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည့် ဆာဟာရတောင်ပိုင်းအာဖရိကတွင် ဘွဲ့လွန်တက္ကသိုလ်အချို့သည် ရေနှင့် ပတ်သက်၍ အသိအမှတ်ပြုအစီအစဉ်များကို ကမ်းလှမ်းသည်။ ထို့အပြင် မြောက်အမေရိကနှင့် ဥရောပရှိတက္ကသိုလ်များတွင် တက်ရောက်နေသည့် ရေရရှိမှု ခက်ခဲသောနိုင်ငံများမှ ကျောင်းသားများသည် ဘွဲ့ရပြီးနောက် အိမ်သို့ မပြန်ကြတော့သဖြင့် ၄င်းတို့တိုင်းပြည်၏ ကျွမ်းကျင်ပညာရှင်လိုအပ်ချက်ကို ဆိုးရွားစွာ မျက်ကွယ်ပြုစေသည်။

ဤအရည်အချင်းပြည့်မီသော ကျောင်းသားများကို ရေကဏ္ဏ တွင်အလုပ်ပြန်လုပ်ရန် အားပေးသည့် မည်သည့်မက်လုံးပေးမှု၊ လုပ်ငန်းစဉ် သို့မဟုတ် အလေ့အကျင့်မဆို မွေးရပ်နိုင်ငံအတွက် အကျိုးရှိနိုင်သည်။ တက္ကသိုလ်များနှင့် ၄င်းတို့၏ ဌာနအဖွဲ့ဝင်များအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သဘောသဘာဝအရ သင်ရိုးညွှန်းတမ်းဒီဇိုင်းနှင့် သင်ကြားမှုပုံစံတို့တွင် ကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ရန်မသင့်လျော်သော်လည်း အချို့သောအချက်အလက်များ မျှဝေခြင်းသည် အလွန်အကျိုးရှိလိမ့်မည်။ တက္ကသိုလ်များ စုပေါင်းထားသောအဖွဲ့သည် ၄င်းအဖွဲ့ဝင်များ၏ အထူးပြုဘာသာရပ် ကျွမ်းကျင်မှုအလိုက် အကြီးစား ရေပိုင်းဆိုင်ရာလေ့လာမှုများ၊ သင်တန်းများ သို့မဟုတ် အစီအစဉ်များကို ကမ်းလှမ်းသင့်သည်။

အခြားအကြံပြုချက်များ - ရေအရင်းအမြစ်နယ်ပယ်တွင် အမျိုးသမီးများ ပိုမိုပါ၀င်ရန် အားပေးတိုက်တွန်းပါ။သုတေသနရှာဖွေတွေ့ရှိချက်များ၊ လေ့လာမှုများနှင့် ဗဟုသုတများကို အသိပညာလိုအပ်နေသော အမှန်တကယ် အသုံးပြုသူများထံသို့ လက်တွေ့ကျသောနည်းလမ်းဖြင့် ပို့ဆောင်နိုင်ရန် ပိုမိုကောင်းမွန်သောနည်းလမ်းများ ရှာဖွေရန်ဖြစ်သည်။

ဆရာနှင့် သင်ကြားမှုအဆင့်များကိုလည်း ဘွဲ့ရပြီးချိန်မှစ၍ မတူညီသောအချိန်ကာလအတွင်းရှိ ယခင်ကျောင်းသားများ၏ အကဲဖြတ်မှုများအဖြစ် အရည်အသွေး၊ အချက်အလက်နှင့် အတွေ့အကြုံပါဝင်မှု၊ သင်ရိုးနှင့်ဆက်စပ်မှု စသည့် ရလဒ်များပေါ်အခြေခံသင့်သည်။

အခြေခံအကျဆုံးအချက် - ရေနှင့်သက်ဆိုင်သောသုတေသနနှင့် ပတ်သက်၍ သုတေသနပြုသူ များစွာအားမောင်းနှင်သည့် ဘွဲ့ရဖို့ရာ စာတမ်းထုတ်ဝေမလား အကျခံမလားဆိုတဲ့ အတွေးအခေါ်ကို ဒုတိယနေရာမှာထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွင် မြေပြင်တကယ့်လက်တွေ့ရလဒ်များ ကိုအသာပေးသော ရေနှင့်သက်ဆိုင်သောပညာရေးအား ဦးစားပေးရမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) သည် ရေပေးဝေရေးနှင့် မိလ္လာစနစ်တိုးတက်စေရန် ရည်မှန်းချက်ပန်းတိုင်များကို ချမှတ်သည်။ သို့ရာတွင် ရေနှင့်ပတ်သက်သော ဖွံ့ဖြိုးရေးရည်မှန်းချက်များ အောင်မြင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပညာရေးဆိုင်ရာ အားနည်းချက်များကို ထိုးထွင်းသိမြင်မှုများလိုအပ်သည်။

Translated by Ko Zaw Lin Htet, a member of Myanmar Water Portal Translation Community.

Sorce: Water Research & Education Needs to Flow Towards Developing World - Inter Press Service


Myanmar: Mandalay Floods - Emergency Plan of Actio...
Myanmar Parliament Approves $180-Million ADB Loan ...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal