ရေ၊ ရာသီ၊ မြန်မာပြည်

56_20200707-085552_1

ကမ္ဘာ့ရာသီဥတုပြောင်းလွဲလာမူ့သည် (၂၀၁၀)ခုနှစ်ဝှန်းကျင်ကစ၍ သိသိသာသာပြောင်းလွဲလာသည် အပူချိန်ပျမ်းမျှ (၃) ဒီဂရီ ဆဲလ်ဆီးရပ်စ်ခန့် အနေအထားမှာရှိနေပြီ။ မိုးရွာသွန်းမူ့သည်လည်း မမှန်ကန်၊မမျှတတော့၊ မိုးများသည့်နေရာမိုးများ၊ မိုးခေါင်သည့်နေရာမိုးခေါင်၊ မိုးခေါင်‌တော့ရေရှား၊ မိုးများသည့်နေရာရေလျှံ စသည့်တို့ကိုကြုံတွေ့နေရသည်။ အင်္ဂလိပ်စကားပုံတခုကလို "Miss fortune never come alone" ဘေးဒုက္ခ၊ကံကြမ္မာသည် တစ်ခုတဲ့မလာ၊စုပြုံလာမည့်သဘောဖြစ်၏။  

နိုင်ငံတော်တော်များများ တွင်ရာသီဥတုပြောင်းလွဲမူ့ကြောင့် ဖြစ်ပျက်နေသည့်ပြဿနာမျိုးစုံဖြင့် ရင်ဆိုင်နေကြရသည်။ ပညာရှင်များကနည်းလမ်းအမျိုးမျိုးဖြင့်သတိပေးနေကြသော်လည်း နိုင်ငံတော်အစိုးရများက လိုက်ပါဆောင်ရွက်နိုင်စွမ်းနည်းလွန်းနေခဲ့သည်။ မြန်မာပြည်လည်းထို့အတူပင်။ 

တနှစ်ထက်တနှစ်တိုး၍တိုး၍ ရာသီဥတုပြောင်းလဲမှုပြင်းထန်လာခြင်းက လူမှုအဖွဲ့အစည်းများ လူနေမူ့အဆောက်အဦ၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာ၊ သောက်သုံးရေ၊စိုက်ပျိုးရေအပေါ် ဘက်ပေါင်းစုံကဆိုးကျိုးများသက်ရောက်နေသည်။ 

ထို့ကြောင့်လည်း ကမ္ဘာကြီးသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့်ရေအရင်းအမြစ်များ ယိုယွင်းပျက်စီးလာခြင်းကိုရင်ဆိုင်နေရပြီ။

(၁၉၉ဝ) ခုနှစ်မှ (၂၀၁၉) ခုနှစ်အထိ ပင်လယ်ရေမျက်နှာပြင်သည် (၆) စင်တီမီတာပိုမိုမြင့်တက်လာသည်ဟု မှတ်တမ်းများ၌ဖေါ်ပြကြသည်။ သက္ကရာဇ် (၂၁ဝဝ) တွင် (၅ဝ) စင်တီမီတာထိမြင့်တက် လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

ကျေးလက်ဒေသများ၊ အထူးသဖြင့် အပူပိုင်းဇုံဒေသမြန်မာပြည်အလယ်ပိုင်းတွင် သောက်သုံးရေ၊ စိုက်ပျိုးရေ၊ ကျွဲ၊နွားတရိစ္ဆာန်သောက်သုံးရေများရရှိရေး ခက်ခဲလာ၏၊ သမရိုးကြရေရရှိနေသည့် ရေအရင်းအမြစ်များလျော့နည်းလာသည်၊ ခမ်းခြောက်လာသည်။

လူနေထူထပ်သော ရန်ကုန်၊ မန္တလေး၊ တောင်ကြီးစသည့် မြို့ကြီးများမှာလည်း ရေကြီး၊ ရေလျံ၊ မြောင်းပိတ်ချောင်းပိတ်ဖြစ်နေကြတယ်။ မြို့ပြလူနေအဆောက်အဦတွေများလာသည်နှင့်အမျှ မိုးရေများမြေကြီးထဲသို့စိမ့်ဝင်ရန် မြေသားဧရိယာနဲလာသဖြင့်ရေစိမ့်ဝင်မူ့မရှိသလောက်ဖြစ်ပြီး မြေပေါ်ရေစီးဆင်း‌ရေပိုမိုများလာသည်၊ မြို့လယ်လမ်းများ၊ မြောင်းများရေလျံကုန်၏။ ‌ရေများတော်တော်နှင့်နိမ့်ရာကမြင့်ရာသို့မစီးဆင်း၊‌ ရေအီးနေသည်။ ပညာရပ်အခေါ် (water logging) ဖြစ်သည်ဆို၏။ မြို့ပြဝှန်းကျင်ရှိ မြေအောက်ရေသည်လည်း ရေဝင်၊ရေထွက် (Recharge and discharge) မမျှတော့။

ယခင်ကမြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကြီးကြီး မားမားရင်ဆိုင်ရခြင်းမရှိဘဲ နွေ၊ မိုး၊ ဆောင်း၊ ဥတုသုံးလီသမမျှတစွာ လည်ပတ်နေခဲ့သည်။ ယခုကာလကစ ရှေ့တလျှောက်အခြေအနေများ အားလုံးပြောင်းလဲနေ၏။ နွေ၊မိုးဆောင်းမပီပြင်တော့ပြီ၊ ဤသည်ကို ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ လေ့လာသူများ၊ စာရေးသူများကမြန်မာနိုင်ငံအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ချိန်ရောက်လာသောကြောင့် သတင်းမီဒီယာများမှာ ရေးသားနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝမှု၌ ကမ္ဘာ့ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်သော်လည်း မြေပေါ်မြေအောက်ရေအရင်းအမြစ်များသည် ရာနှန်းပြည့်ရေအရည်အသွေးမကောင်းတော့ပါ။ ပတ်ဝှန်းကျင်နှင့် သယံဇာတထုတ်လုပ်သည့်လုပ်ငန်းများ၏ စွန့်ပစ်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုးးများကြောင့်ဖြစ်သည်။

ယနေကာလ၌ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုးဆုံးထိခိုက်ခံစားနေရသည့် ကမ္ဘာ့နိုင်ငံများထဲတွင် ဒုတိယနေရာ၌ရပ်တည်နေသည်ဟုသတ်မှတ်ထားကြပြီ။

သက္ကရာဇ်(၂၀၁၀)၌ အပူချိန်သည် (၄၇.၂)ဒီဂရီစင်တီဂရိပ်အထိ ပူခဲ့၏။ ဤအခြေအနေအရ၊ သက္ကရာစ် (၂၀၅၀)ဝန်းကျင်၌ အပူချိန်သည်(၁.၃ - ၂.၇) °C အတွင်းမြင့်တက်လာနိုင်မည်။ မိုးရေချိန်သည်လည်းမမှန်၊ မိုးရေးချိန်လက္မ(၄၀)ပုံမှန်ရွာသွန်းနေသည့်မြန်မာပြည်အလယ်ပိုင်း၊အပူပိုင်းဇုံဒေသတွင် မိုးရေချိန်လက္မ (၃၅)ဝှန်းကျင်ဖြစ်နေပြီ။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ထိန်းချုပ်ဖို့၊ တိုက်ဖျက်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ဆွေးနွေးပွဲများ၊ ညီလာခံများပြုလုပ်ခဲ့ကြသည်။ သို့သော်လည်းလက်တွေ့လိုက်နာဆောင်ရွက်မှုများ နည်းပါးလွန်းသောကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို မတိုက်ဖျက်နိုင်သည့်အပြင် ထိန်းချုပ်ဟန့်တားမှုကိုပင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။ မြန်မာပြည်လည်းထို့အတူပင်။ ဒီပုတ်ထဲပဲ၊ဒီပဲဘဲပေါ့။

သောက်သုံးရေရှားပါးခက်ခဲသည့် အရပ်ဒေသများ၌ ရေပင်ရေရင်းအသစ်များ၊ နေရာသစ်များ မရှာပေးနိုင်သေး၊ ရေကားနှင့်ရေပေးဝေတဲ့၊ ဆူလွယ်နှပ်လွယ်၊ အဆင်ကမတက်သေး။

ရေရှည်စီမံကိန်းအနေနှင့်လူထုအားပါ ပါဝင်၍သစ်ပင်များပြန်စိုက်ရမည်။ ဆည်မြောင်းကန်ချောင်းတို့ကို ဆည်သင့်တာဆည်၊ ပြင်သင့်တာပြင်၊ ဖေါ်သင့်တာဖေါ်၊အစစ လုပ်ဆောင်ကြရမည်သာ၊ လုပ်ချိန်ရှိပါသေးသည်။

မြန်မာနိုင်ငံအတွက် ရေမြေသည်အဓိကဖြစ်၏။ အဘယ်ကြောင့်နည်း၊ စိုက်ပျိုးရေးကိုလက်မလွတ်နိုင်သေး၊စိုက်ပျိုးရေးကို အခြေခံစီပွားရှာသည့်နိုင်ငံဖြစ်၏။ ရေရရှိရေးနှင့်၊ မြေယာကောင်းမွန်စေရေးဦးစားပေးရမည်။ အဘယ်ကြောင်းနည်း၊ ပထဝီအနေအထားနှင့်ရာသီဥတုကွဲပြားခြားနားသည့် နေရာဒေသများသည် ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုးများကို မတူကွဲပြားစွာတွေ့ကြုံခံစားရခြင်းကြောင့်ဖြစ်သည်။

မြန်မာပြည်အထက်ပိုင်းရှိ အင်တော်ကြီးအိုင်သည် ယခုနှစ်၌ရာသီဥတုမြောင်းလွဲမူ့ဒဏ်ကို အဆိုးဝါးဆုံးစတင်ခံစားရသည်ဖြစ်၏။ စံချိန်တင်ရေခန်းခြောက်ရသည့်အကြောင်းအရင်းမှာ (၂၀၁၉) မိုးရာသီတွင် မိုးရွာသွန်းမှုနည်းခြင်း၊ မိုးရွာသည့်ရက် နည်းခြင်း၊ အိုင်ပတ်လည်းရှိ ရေဝေရေလဲဒေသများ ပျက်စီးလာခြင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းများကြောင့်ဖြစ်သည်။ (၂၀၁၉)ခုနှစ်၌ မိုးရွာသွန်းမူ့သည် (၄၇.၄၄)လက္မသာရှိသဖြင့် ပုံမှန်ရွာသွန်းမြဲထက်လက္မ(၂၀)ခန့်ကျဆင်းသွား၏။ အကျိုးအဆက်အနေနှင့်အင်းတော်ကြီးအင်းသည် ပင်လယ်ရေမြင်နှာပြင်အထက်ပေ (၅၄၀)တွင်ရှိပြီး၊ (၂၀၁၇)ခုနှစ်၌အိုင်ရေမျက်နှာပြင်အမြင့်သည် (၂.၆)မီတာရှိခဲ့ရာမှ (၂၀၂၀)၌ (၀.၅၀)မီတာကျဆင်းသွား၏။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းရှိ အင်လေးကန်သည် လွန်ခဲ့သော(၅)နှစ်ကျော်ကစတင်ကာ နှစ်စဥ်နွေရာသီရောက်တိုင်း အင်းရေခမ်းခြောက်လာနေသည်။ ဒီနှစ်သည်အဆိုးဆုံးဟုဆိုရမည်။ ရှေးခေတ်ရှမ်းစောဘွားလက်ထက်နှစ်ပေါင်း(၆၀၀)ကျော်ကဆောက်လုပ်ခဲ့သည့် ရေသွယ်မြောင်း၊အမြင့်ပေ(၂၀)ခန့်ရှိ တာရိုးအစိတ်တခုပေါ်လာသည်ကို တောင်းကြီးသတင်းဌာနဌာနခွဲက ဇွန်လ(၂၉)ရက်နေ့ကပုံနှင့်တကွဖေါ်ပြရေးသားထားသည်။ ဤပြရုပ်ကရာသီဥတုပြောင်းလွဲလာမူ့ကြောင့် အင်းအိုင်၊‌ရေလှောင်ကန်များက ရေမည်မျှလျော့နဲသွားသည်ကိုပြသနေ၏။

ထိုအတူ လူတို့တည်ဆောက်ထားသည့် ဆည်များသည် အခြေအနေနှစ်မျိုးနှင့်တွေ့ကြုံနေရသည်။ မိုးနဲရပ်ဝှန်းဒေသရှိ ဆည်များသည် မိုးခေါင်သဖြင့်ရေဝင်နည်းကုန်၏။ ထိုဒေသရှိ အချို့သောဆည်တို့သည် ရေတဝက်တပျက်သာ၊ အချို့ဆည်များမှာဆည်‌ရေမပေးနိုင်တော့။ မိုးများပြင်းထန်စွာရွာသွန်းသည့်အရပ်ဒေသရှိ အချို့သောဆည်များသည် များပြားသောမိုးရေချိန်ကြောင့် စီးဝင်လာသည့်ရေကို သိုလှောင်နိုင်သည့်ပမာဏထက် ပိုလွန်းသဖြင့် မထိမ်းနိုင်ဘဲလျံကျ၊ တာကျိုးဖြစ်ကုန်ကြ၏။ ပြုပြင်ရန်နည်းပညာ၊ အချိန်၊ ငွေ၊ လူအားများစွာလိုအပ်မည်။

စိုက်ပျိုးရေဖြင့် ရေပေးဝေနိုင်သည့်မြေအောက်‌ရေပေါများရာအရပ်၊ မုံရွာယင်းမပင်ဒေသ၌လည်း တွင်းအရေအတွက်၊ တနှစ်ထက်တနှစ်များများလာကာ ရေထွက်နှုန်းကျဆင်းနေပြီ၊ သောက်သုံးရေတွင်းများသည် နွေအခါရေထွက်နှုန်းကျဆင်းနေပြီ၊ မြေအောက်ရေဥပဒေကလည်း ဘယ်စီနေမှန်းမသိ အချိန်မှီ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ပါက အကျိုးမယုတ်နိုင်သေးပေ။

ဥတုရာသီပြောင်းလွဲမူ့က စဥ်ဆက်မပြတ်ဖြစ်နေသည့်အတွက် စိုက်ပျိုး‌ရေး၊ထွက်ကုန်များလျော့ကျလာသည်၊ နိုင်ငံအတွက် စားနပ်ရိက္ခာအခက်အခဲများဖြစ်လာမည်။စိုက်ပျိုးသီးနှံ့နှင့်စားသောက်လုပ်များ အဓိကထွက်ရာမြစ်ဝကျွန်းပေါ်ဒေသသည် ရာသီဥတုပြောင်းလွဲမူ့ကြောင့်ဖြစ်ပေါ်သည့် ပင်လယ်ရေမြင့်တက်ခြင်း၊ မုန်တိုင်များခဏခဏကျရောက်ခြင်း၊ သောက်သုံးရေ၊အရည်အသွေးများယိုယွင်းလာခြင်း၊ ထုတ်ကုန်ပစ္စည်းများအရည်အသွေးလျော့ကျလာမှုများ ကြုံတွေ့ကြရမည်။

စိုက်ပျိုးချိန်၊ စိုက်ပျိုးနည်းစနစ်နှင့်သီးနှံပြောင်းလဲခြင်းများ ပြုလုပ်ရမည်။ စိုက်ပျိုးရေးသုတေသနကနည်းပညာဖြန့်ဝေပေးသည်။

ယခုနှစ် (၂၀၂၀) မှာ မိုးရွာသွန်းမူ့ပိုမိုနည်းလာမည်၊ မိုးနောက်ကျမည်၊ မိုးခေါင်နိုင်မည်စသည်ဖြင့် မိုးလေဝသကလည်း ခန့်မှန်းထား၏။ စိုက်ပျိုးရေရရှိမူ့နည်းမည်၊သမရိုးကျစိုက်ပျိုး‌ရေးအတွက် ရေအခက်ခဲရှိမည်။ ထို့ကြောင့် ရာသီဥတုပြောင်းလွဲလာမူ့ကိုအခြေခံ၍ ရေလိုအပ်ချက်နည်းပြီး အရပ်ဒေသကိုက်ညီမည့် ပျိုးစပါးများကိုတိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းစနစ်သစ်ကို အသုံးပြုကြရန် မြန်မာ့တောင်သူကြီးများဂျာနယ်က ရေးသားတိုက်တွန်းထားသည်။

ရေလေလွင့်ဆုံးရှုံးမှုနည်းသော ရေပေးဝေနည်းနှင့် စိုက်ပျိုးနည်းစနစ်များကိုအသုံးပြုသင့်သည်။

အစက်ချရေပေးသည့်စနစ်မျိုးကိုအသုံးပြုရမည်။ ရေသည်စိုက်ပျိုးမြေ၊ မြေဆီမြေလွာများကောင်းမွန်စေရေးအဓိကဖြစ်၏။ စိုက်ပျိုးပင်များရှင်သန်မူ့ကို အားပေးသည်။ သို့ပါ၍ ယခုကဲ့သို့ရာသီဥတုပြောင်းလွဲလာသည့်ကာလတလျှောက် ရေကိုထိန်းထိန်းသိမ်းသိမ်းသုံးစွဲရေးသည် အရေးကြီးသည်။

သောက်သုံးရေကဏ္ဍမှာလည်း မိုးရေ၊ဆည်မြောင်းကန်ချောင်းနှင့် ရေတွင်း၊စက်ရေတွင်းများက ရေကိုနည်းမျိုးစုံနှင့်ရယူသုံးစွဲနေကြရာ ယခုလိုရာသီဥတုပြောင်းလွဲမူ့ကြောင့် အပြည့်အဝရေမရကြ‌တော့ပေ။ မိုးခေါင်ရင်မိုးရေလှောင်ပြီး မိုး‌ရေအသုံးပြုရေလည်းအဆင်ပြေ၊ စက်ရေတွင်းတွေလည်းရေထွက်နည်း၊‌ ရေခမ်း၊ ရေအရည်အသွေးတွေလည်း ကျဆင်းလာပြီ။

ကန်ရေ၊တွင်းရေမရသည့် ကျေးရွာများကသဲချောင်းထဲဆင်း၊ လက်ယက်တွင်းတူး၊ရေရယူနေကြရ၏။ ယခုနှစ်တွင်းပိုပိုဆိုးလာသည်။ ပြောင်းလွဲလာသောရာသီဥတုဒဏ်ကို သိသိသာသာခံစားလာရသည်။

သမရိုးကျရေရှာဖွေ၊ရယူသုံးစွဲနည်းများသည် ခက်ခဲလာ၏။ တူးရိုးတူးစဥ်ရေတွင်းများ ရေထွက်ကျဆင်းလာသည်။ မိုးရွာသွန်းမူ့မမှန်၊မိုးခေါင်သဖြင့် မြေအောက်ရေပြန်လည်ဖြည့်တင်းမူ့လျော့နည်းလာခြင်းဖြစ်သည်။

သဲချောင်းထဲ၌ လက်နှင့်ယက်လို့ထွက်လာသည့်ရေသည် လူတစု တနေ့သာခပ်ယူရသည်။ လက်တံရှည်အုပ်မှုတ်ခွက်များဖြင့် ခပ်ယူရ၏၊ ခပ်လိုက်ပြိုလိုက်နှင့် တနေကုန်စောင့်ရသည်။

ဤသဲချောင်းများတွင် လက်နဲ့ယက်ပြီးရေရယူနေရမည့်အစား စက်နဲတူးပြီးရေရယူနိုင်ပါမည်။ နည်းပညာများရှိပါ၏၊ တိုးတက်သောနိုင်ငံများ၌ အသုံးပြုကြသည်။မြန်မာပြည်အလယ်ပိုင်း၊ အပူပိုင်းဇုံဒေသရှိ ကျေးရွာများအတွက် ပြောင်းလဲလာမည့်ကာလအတွင်း ခမ်းခြောက်နိုင်မူ့နည်းသော ရေပင်ရင်းတခုဖြစ်မည်ဟု စာရေးသူယုံကြည်သည်။ 

ထုတ်ယူနည်းသည်လည်း ခက်ခက်ခဲခဲမဟုတ်၊ သဲချောင်းထဲရှိရေစိုစွတ်နေသောသဲအထူ၊ ရေစိမ့်ထွက်နှန်းတို့ကိုလေ့လာသိရှိရပါမည်၊ တွင်းအကျယ်သည်(၅)ပေမှ(၁၀)အထိကျယ်နိုင်ပါသည်၊ ကျောက်ဂွေ(သို့) သံချောင်းရောကျောက်ဂွေ(သို့) သံဂွေများချပြီးတူးရသည်၊ တူးလိုက်တစ်ဂွေချလိုက်လုပ်ရသည်။ နောက်ဆုံးအဆင့်တွင်ကျောက်ဂွေကိုဖေါက်ပြီး ရေဝင်ပေါက်များဖေါက်ထားသည့် ဂျီအိုင်ပိုက်ကိုအလျားလိုက်ရိုက်ထည့်ရသည်။ အနဲဆုံး(၃)ပေခန့်ရိုက်ထဲ့သင့်သည်။ ပိုက်ထဲရှိသဲများကိုလည်းရေနှင့်အတူစင်အောင်လုပ်ရမည်။ သတိထားရမည့်အချက်မှာ ရေစိုသဲ၏ပြိုကျနှန်း (Slope stability of sand) ကိုသတိထားရမည်။ ရေတွင်းအမြင့်ကိုမိုးတွင်းချောင်းရေ၊ ရေကြီးရေလျံသည့် အချိန်အမြင့်ဆုံးအမှတ်ထက်(၃)ပေအနဲဆုံးမြှင့်ထားရမည်။ သို့မှသာနွေ၊မိုးဆောင်းကာလမရွေး၊ရေပိုက်၊ရေတင်ကိရိယာများတပ်ဆင်ရယူသုံးစွဲနိုင်မည်။ ရေထွက်နှန်းကောင်းရင်ကောင်းသလို၊ ရွာနီးချောက်စပ်ကကျေးလက်နေပြည်သူများ သောက်သုံးရေအတွက်စိတ်အေးရမှာပေါ့။

သိနားလည်သည့်အစိုးရ ရေပေးဝေရေးဌာန၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊ ပုဂ္ဂလိကပြင်ပ၊ ပညာရှင်များဖြင့်တည်ဆောက်၍ရပါသည်။ ရေစုဆောင်းရယူသောတွင်းကျယ် (Collector well / Radial well) ဟုခေါ်ကြသည်။ တည်ဆောက်သည့်နည်းပညာကို သီးခြား‌ရေးသားပါဦးမည်။

အောက်ပါကဗျာလေးနဲ့နိဂုံးချုပ်ပါ၏။

မြန်မာပြည်သူပြည်သားအပေါင်း‌ရေဒုက္ခဘေးကကင်းဝေးကြပါစေ။

မောင်ကျေး‌ရေ (ဦးမြင့်သိန်း) ၂၀၂၀- ခုနှစ်၊ဇူလိုင်လ(၇)ရက်။ 


မိုးရွာသွန်းမှုနည်းပါးပြီး ကန်ရေအနည်းငယ်သာ ရရှိခြင...
Union Minister U Thant Sin Maung inspects Nyaungdo...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal