ရေရှားပါးပြတ်လပ်လာခြင်းနှင့်အတူ အချိန်ပြည့်ရေပေးဝေရေးစနစ်မှ အချိန်အကန့်အသတ်ဖြင့် ရေပေးဝေရေးစနစ်သို့ ပြောင်းလဲလာသော မြို့ပြများ

12_20200701-042809_1

သင်ဟာ ၂၄ နာရီ ၇ရက် အချိန်ပြည့် သောက်သုံးရေ အမြဲရရှိနေတဲ့ မြို့တစ်မြို့မှာ နေထိုင်ပါသလား။ ဒါဆိုလျှင်ဖြင့် သင်ဟာ ကံကောင်းသူတစ်ယောက်ဖြစ်ပါတယ်။

ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်း ကြုံတွေ့နေရသည့် တူညီသောအရာဖြစ်လာသည်မှာ မြို့ပြအများစုသည် ရေပြတ်တောက်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ရေရရှိနိုင်မှုသည် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်မှု၊ ဖွံ့ဖြိုးမှုအတွက် ကြီးမားသောစိန်ခေါ်မှုထဲမှ တစ်ခုဟု သတ်မှတ်လာခဲ့ကြသည်။ နိုင်ငံတကာ သတင်းခေါင်းစီးများတွင် ပါဝင်လာသည်မှာ Chennai (India) နှင့် Cape Town (South Africa) ဒေသများတွင် ဆိုးရွားစွာရေပြတ်တောက်မှုအကြောင်းအရာများ ဖြစ်သည်။ အလွန်ဆိုးရွားသော ရေပြတ်တောက်မှုသည် မြို့ပြများကို ချဉ်းကပ်လာနေပြီး ကမ္ဘာတစ်ဝှမ်းရှိ သန်း ၁,၂၀၀ သော လူဦးရေ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံမှာ ၎င်းတို့၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် ရေအရင်းအမြစ် လုံလောက်စွာ မရှိသော နေရာများတွင် နေထိုင်နေကြပြီး သန်း ၅၀၀ သော လူဦးရေမှာလည်း ၎င်းအခြေအနေသို့ ရောက်ရှိလာနိုင်သည့် အခြေအနေဖြစ်နေလေသည်။

ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးများတွင် ရေကို နေ့စဉ်နေ့တိုင်း မရရှိနိုင်ဘဲ သန့်ရှင်းသောရေရရှိနိုင်မှုမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံကြားတွင် ကျယ်ပြန့်စွာ ကွာခြားသေးသည်။ ရေမရရှိသောသူများမှာ ရေပေးဝေသည့်/ရေထွက်ပေါက် ပိုက်ခေါင်းနေရာတွင် တန်းစီစောင့်ဆိုင်းရန်လိုအပ်ပြီး ထို့သို့စောင့်ဆိုင်းရမှုမှာ ရေရရှိမည့် အနီးဆုံးနေ့ကိုပင် မသိရှိနိုင်ဘဲ စောင့်ဆိုင်းရခြင်း ဖြစ်သည်။ သန်း ၁,၀၀၀ ခန့်သော လူဦးရေမှာ ပိုက်လိုင်းသွယ်တန်းစနစ်ဖြင့် ရေပေးဝေမှုမှ ရေရရှိပြီး ၎င်းရေကို တစ်နေ့လျှင် ၂၄ နာရီထက်နည်းသော အချိန်တွင်သာ ရေရရှိနိုင်ကြသည်။ ထို့သို့သော ရေပေးဝေရေးစနစ်မှာ အချိန်ပိုင်း (အချိန်အကန့်အသတ်ဖြင့်) ရေပေးဝေစနစ်ဖြစ်သည်။

အချိန်အကန့်အသတ်ဖြင့်ရေပေးဝေရေးစနစ်သည် ပိုက်လိုင်းသွယ်တန်းစနစ်ဖြင့် ရေပေးဝေရာတွင် ကျယ်ပြန့်စွာအသုံးပြုကြသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မြို့ပြများသာမက ကျေးလက်များတွင်ပါ ကျင့်သုံးကြသည်။ ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ အဆိုအရ၂၀၂၅ ခုနှစ်တွင် သန်း ၁,၈၀၀သော လူဦးရေမှာ ရေလုံးဝရှားပါးသော နိုင်ငံများတွင် နေထိုင်ရနိုင်ပြီး ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံမှာ ရေမလုံလောက်သည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။ ထိုအကြောင်းခြင်းရာတို့၏အရင်းအမြစ်မှာ ကမ္ဘာနှင့်ချီ၍ ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများဖြစ်သော ရာသီဥတုပြောင်းလဲမှု၊ လူဦးရေတိုးပွားလာမှု၊ ခေတ်ရေစီးကြောင်းအရ မြို့ပြအဖြစ်ပေါ်ထွန်းပြောင်းလဲလာမှုများ နှင့် လူသားတို့၏ အပြုအမူများတို့ပင် ဖြစ်သည်။

အချိန်အကန့်အသတ်ဖြင့် ရေပေးဝေရေးစနစ်ကို ကျင့်သုံးရစေသည့် အကြောင်းအရင်းများသည် ရုပ်ပိုင်းဆိုင်ရာ ရေရှားပါးမှု (လူသားနှင့် ဂေဟစနစ်တို့၏ လိုအပ်ချက်များအားလုံးကို လုံလုံလောက်လောက်ဖြည့်ဆည်းပေးနိုင်မည့် ရေပမာဏ မရှိခြင်း) မှ နိုင်ငံရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ သဘာဝအရ (မိုးခေါင်ခြင်း၊ မတော်တဆညစ်ညမ်းမှုများ၊ ငလျင်များ) နှင့် နည်းပညာဆိုင်ရာ အကြောင်းခြင်းရာ များအထိ မတူကွဲပြားစွာ ပါဝင်နေပြီး ရေမလုံမလောက်မှုကို ပိုမိုများပြားလာစေရန် ပံ့ပိုးပေးနေလေသည်။ ထိုကဲ့သို့ အခြေအနေကြောင့် ရေနှင့်ဆိုင်ရာ ပြဿနာများကို ဘက်ပေါင်းစုံချဉ်းကပ်မှု ပုံစံ (ရေနှင့် သက်ဆိုင်သည့် ပညာရပ်များဘက်မှသာမက နိုင်ငံရေး၊ စီးပွားရေးစသည့် နယ်ပယ်များမှပါ ပါဝင်သည့်/၎င်းနယ်ပယ်များကို ထည့်သွင်းစဉ်းစားထားသည့်) ဖြင့် ဖြေရှင်းရန် လိုအပ်နေခြင်း ဖြစ်သည်။ အောက်ပါပုံတွင် အချိန်အကန့်အသတ်နှင့် ရေပေးဝေရေးစနစ် ဖြစ်ပေါ်လာရခြင်း၏ အဓိကရင်းမြစ်ကို ဖော်ပြထားသည်။

 
0
 Advanced issue found
 

အချိန်အကန့်အသတ်ဖြင့် ရေပေးဝေမှုစနစ်၏ ပြဿနာများကို ဖြေရှင်းရန်အတွက် အလျင်လိုနေရခြင်းသည် ယနေ့ခေတ်စိန်ခေါ်မှုများ ရှုပ်ထွေးလာခြင်းကြောင့်သာမကပဲ ထိုပြဿနာများမှာ အသစ်သစ်သော အမြင်၊ ချဉ်းကပ်နည်းများ၊ စုပေါင်းဆောင်ရွက်မှုများ၊ ငွေလုံးငွေရင်းများ၊ ရင်းမြစ်မြှုပ်နှံမှုများစသည့် ရှုထောင့်ပေါင်းစုံမှ အရေးကြီးသည့်အရာများ လိုအပ်သောကြောင့် ဖြစ်သည်။ သေချာခိုင်မာမှုရှိပြီး စဉ်ဆက်မပြတ်ဖြန့်ဝေသည့် ရေပေးဝေရေးစနစ်သို့ ကူးပြောင်းနိုင်ခြင်းသည် အထက်ပါ အချိန်အကန့်အသတ်ဖြင့် ရေပေးဝေမှုစနစ် ကို နောက်ပြန်လှည့်၍ ရေရှည်တည်တံ့စွာ ရရှိနိုင်မည့် ရေပေးဝေမှုလမ်းကြောင်းဆီ ပြန်လည်ရောက်ရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

International Water Association (IWA), Intermittent Water Supply (IWS), Singapore ၏ ဥက္ကဌဖြစ်သူ Bambos Charalambous မှ အရွေ့တစ်ခုကို ပြောင်းလဲမှုမှာ အလွန်အရေးကြီးသည်ဟု ဆိုသည်။ " အချိန်အကန့်အသတ်ဖြင့် ရေပေးဝေရေးစနစ်မှ အချိန်ပြည့် ရေပေးဝေရေးစနစ်သို့ ပြောင်းလဲမှုမှာ လွယ်ကူသော ကိစ္စတစ်ရပ်မဟုတ်ဘဲ ပိုမိုတိုးတက်ကောင်းမွန်သည့် လည်ပတ်မှုများနှင့် တည်ဆောက်တပ်ဆင်ခြင်းတို့ ပေါင်းစပ်ထားသည့် ငွေကုန်ကြေးကျ ထိရောက်မှုရှိစေရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထိုချဉ်းကပ်ခြင်းမှာ တိကျသေချာသည့် အချက်အလက်များ၊ ကောင်းမွန်သော နည်းပညာဆိုင်ရာ မော်ဒယ်များ၊ စီမံခန့်ခွဲမှု နည်းစနစ်ကောင်းများ ကျင့်သုံးခြင်း တို့အပေါ် အခြေခံရန် လိုအပ်ပြီး စီးပွားရေးဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ထိရောက်မှုနှင့် ဆက်စပ်ကာ အမျိုးမျိုးသော ရွေးချယ်စရာ နည်းလမ်းများထဲမှ ငွေကုန်ကြေးကျ ထိရောက်မှုအရှိဆုံး နည်းလမ်းကို ရှာဖွေဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်သစ်စီမံခန့်ခွဲမှုစနစ်များ, လုပ်ငန်းစဉ်များ, စက်ကိရိယာများပါဝင်တဲ့ ရေပေးဝေရေးစနစ်တစ်ခုကို စွမ်းဆောင်နိုင်မှု၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ဖြင့် လည်ပတ်စေနိုင်ဖို့ ဖော်ဆောင်ရန်မှာ အလွန် အရေးကြီးပါတယ်။"

အချိန်အကန့်အသတ်ဖြင့် ရေပေးဝေရေးစနစ်၏ ဖြန့်ဝေရေးကွန်ယက်များကို စီမံခန့်ခွဲလည်ပတ်ရာတွင် ကြုံတွေ့ရသည့် ပြဿနာများနှင့် အချိန်ပြည့် ရေပေးဝေရေးစနစ်သို့ ပြောင်းလဲရာတွင် ကြုံတွေ့ရမည့် အဓိကစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်မှာ IWA IWS Specialist Group (IWSSG) ၏ အဓိကရည်ရွယ်ချက်များဖြစ်သည်။ IWS Specialist Group ၏ လုပ်ငန်းတာဝန်များမှာ အချိန်အကန့်အသတ်ဖြင့် ရေပေးဝေရေးစနစ်ကို ဦးတည်စေသည့် အဓိက အကြောင်းအရင်းများကို ပိုမိုနားလည်၍ အချိန်အကန့်အသတ်ဖြင့် ရေပေးဝေရေးစနစ်လည်ပတ်ရာတွင် ရိုးရှင်းပြီး လက်တွေ့ကျသည့် ဖြေရှင်းနည်းများပံ့ပိုးပေးနိုင်ရန်နှင့် အချိန်အကန့်အသတ်ဖြင့် ရေပေးဝေရေးစနစ်မှ အချိန်ပြည့် ရေပေးဝေရေးစနစ်သို့ ရေရှည်တည်တံ့ခိုင်မြဲမှုရှိသည့် အခြေအနေဖြင့် ပြောင်းလဲနိုင်ခဲ့သည့် ဖြစ်ရပ်များကို မှတ်တမ်းရယူရန် ဖြစ်သည်။

IWA Specialist Groups အကြောင်းအကျဉ်းဖော်ပြချက်

ရေနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍတွင် ဆန်းသစ်တီထွင်မှုရှိသော သိပ္ပံဆိုင်ရာနှင့် နည်းပညာဆိုင်ရာ အကြောင်းအရာများ ရေးသားဖော်ဆောင်သည်။ နိုင်ငံပေါင်း ၁၃၀ကျော်မှ IWAအဖွဲ့ဝင်များဖြင့် နိုင်ငံတကာချိတ်ဆက်ခြင်း၊ သတင်းအချက်အလက်နှင့် ကျွမ်းကျင်မှုများ မျှဝေခြင်းတို့ကို ဖော်ဆောင်လျက်ရှိသည်။ 

Translated by Ma Ei Thinzar Myo, a member of Myanmar Water Portal Translation Community.

Sorce: Running Out of Water: Cities shifting from 24×7 to intermittent water supplyInternational Water Association


5 Ayeyawady dolphins found dead in 6 months along ...
Riverside worries for Dala residents
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal