ရေရှည်တည်တံ့ ခိုင်မြဲသည့် မြို့ပြရေဆိုးသန့်စင်မှုအတွက် အရေးပါသော အချက် (၄) ချက်
Success for the world's urbanization hotspots depends on matching sanitation services to city realities.
ကမ္ဘာ့မြို့ပြဖွံ့ဖြိုးတိုးတက်မှု နေရာများအတွက် အောင်မြင်မှုသည် မြို့၏မှန်ကန်သော တိုးတက်မှုများ၊ သန့်ရှင်းရေး ၀န်ဆောင်မှုများနှင့် ကိုက်ညီမှုပေါ်တွင် မူတည်သည်။
အချို့သော မြို့ပြအခြေခံ အဆောက်အအုံဆိုင်ရာ ဆုံးဖြတ်ချက်များသည် ရေဆိုးစွန့်ထုတ်မှု ကွန်ယက်ကို ဒီဇိုင်းဆွဲသကဲ့သို့ပင် မြို့ပြအနာဂတ်အတွက် လွှမ်းမိုးမှုရှိသည်။ တစ်ခါ တည်ဆောက်ပြီးလျှင်, အစားထိုး သို့မဟုတ် ပြန်လည် ပြောင်းလဲဖို့ ဖြစ်နိုင်ချေ မရှိပါ။ မြို့၏သန့်ရှင်းရေးအတွက် မည်သို့ စီမံကိန်းများ ရေးဆွဲထားခြင်းသည် ပြည်သူ့ကျန်းမာရေး၊ နေထိုင်မှုအရည်အသွေး၊ သဘာဝပတ်ဝန်းကျင်ကျန်းမာရေး၊ သဘာဝ ဘေးအန္တရာယ်ဒဏ်ခံနိုင်မှု၊ ရာသီဥတုသင်္ကေတများ၊ ငွေကြေးများနှင့် ဆယ်စုနှစ်များစွာ၊ ရာစုနှစ်များစွာအထိ လွှမ်းမိုးမှု သက်ရောက်နိုင်သည်။
ထိုသို့ဖြစ်လင့်ကစား သန့်ရှင်းရေး စနစ်များသည် မကြာခဏ ဆွေးနွေးမှု သို့မဟုတ် ဆန်းသစ်သော တွေးခေါ်မှု အနည်းငယ်သာ ရရှိလေ့ရှိသည်။ အချို့မြို့ကြီးများသည် မည်သို့ သန့်ရှင်းရေးစီမံကိန်း ရေးဆွဲမှုက မြို့ပြ စီးပွားရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲမှု အတွက် အကျိုးကျေးဇူးများ ဦးတည် စေနိုင်ပုံကို သရုပ်ပြနေကြသည်။
အဘူဒါဘီမြို့ရှိ ကမ္ဘာ့မြို့ပြဖိုရမ်၌ တမြို့လုံးအားလုံးပါ၀င်သည့် ဗုဒ္ဓဟူးနေ့တိုင်း သန့်ရှင်းရေးဆိုင်ရာဆိုင်ရာ အစီအစဉ်မှ ဦးဆောင်၍ ရေရှည်တည်တံ့ခိုင်မြဲသည့် မြို့ပြသန့်ရှင်းမှုဆိုင်ရာ အတွေ့အကြုံများမှတစ်ဆင့် မြို့ပြစင်တာများတိုးချဲ့ခြင်းတွင် လိုအပ်သော သန့်ရှင်းရေးစီမံကိန်းအတွက် အခြေခံမူအချို့ကို ရေးဆွဲခဲ့ကြသည်။
အောက်ပါအချက်များမှာ မြို့ပြစင်တာများ တိုးချဲ့ရာတွင် ရေရှည်တည်တံ့သည့် သန့်ရှင်းရေးစီမံကိန်းအတွက် အခြေခံမူများဖြစ်သည်။
Plan for long-term functioning
"ရေရှည် ဆောင်ရွက်နိုင်မှု အတွက် စီမံကိန်းရေးဆွဲပါ"
မြို့ပြသန့်ရှင်းရေး စနစ်အသစ်များ ဖြစ်သည့် သမာရိုးကျစနစ် နှင့် ဆန်းသစ် တီထွင်မှုစနစ်များ နှစ်အနည်းငယ် အတွင်းကျရှုံးခြင်းသည် အထူးအဆန်း မဟုတ်ပါ။ ဖြစ်နိုင်သည်မှာ အသုံးပြုသည့် စနစ်(ပစ္စည်း)သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် ရာသီဥတုအခြေအနေနှင့် မကိုက်ညီခြင်း၊ လူဦးရေတိုးပွားလာခြင်း သို့မဟုတ် မြေယာအသုံးပြုမှု ပြောင်းလဲခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ထိုနည်းတူစွာပင် ဒေသတွင်းတွင် ထိုစနစ်ကို မည်သို့လည်ပတ် ထိန်းသိမ်းရမည်ကို မည်သူမှကောင်းးစွာ မသိရှိခြင်းကြောင့် သို့မဟုတ် ထိုအလုပ်များ ဆောင်ရွက်ရန် ပြတ်သားသော လုပ်ပိုင်ခွင့်နှင့် အထောက်အထား အရင်းအမြစ်များ ရှိသည့် အေဂျင်စီများ မရှိခြင်းကြောင့်ဖြစ်နိုင်သည်။
မတူကွဲပြားသော ရေအိမ် အမျိုးအစားကို မျှော်လင့်ထားသည့် အိမ်ထောင်စုများ၌လည်း ရေအိမ်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းတို့နှင့် ပတ်သက်၍ အလွန်ခက်ခဲသော သို့မဟုတ် ဈေးကြီးသော လိုအပ်ချက်များကြောင့် ပြသာနာရှိနိုင်သည်။ စွန့်ပစ်အညစ်အကြေးအတွင်းရှိ အာဟာရများကို စိုက်ပျိုးရေး သွင်းအားစုများအနေဖြင့် ပြန်လည်အသုံးပြုရန် ဒီဇိုင်းရေးဆွဲသည့် စနစ်များတွင် လယ်သမားများသည် ပြန်လည်အသုံးချမည့် ထုတ်ကုန်များ၏ ဘေးကင်းမှု၊ ထိရောက်မှု သို့မဟုတ် အကျိုးရှိမှုများနှင့် ပတ်သက်၍ ယုံကြည်နိုင်မည် မဟုတ်ပေ။
ဤကဲ့သို့သော အတားအဆီးမျိုးကို များသောအားဖြင့် ကြိုတင်မှန်းဆပြီး ရှောင်ရှားနိုင်သည်။ ဖြေရှင်းချက်၏ အရေးကြီးသော ကဏ္ဍမှာ အသုံးပြုသူများနှင့် အခြားသက်ဆိုင်သူများနှင့် ကျွမ်းကျင်ပညာရှင်များအား စီမံကိန်းရေးဆွဲခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်းတွင် ပါ၀င်စေရန်ဖြစ်သည်။ အခြားတစ်ခုမှာ ကျန်းမာရေးနှင့် စက်ပစ္စည်းများအတွက် သန့်ရှင်းရေး၏ တရားဝင်အရေးပါမှုကို ဘဏ္ဍာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်များမှလည်းအနည်းဆုံး အာရုံစိုက်ရန် ဖြစ်သည်။
Don't lock out future sustainability upgrades
"အနာဂတ် ရေရှည်တည်တံ့ခိုင်မြဲသော အဆင့်မြှင့်တင်မှုများအား မတားဆီးပါနှင့်"
ရေရှည်တည်တံ့သော မျှော်မှန်းချက်များမှာ အစဉ်အမြဲပြောင်းလဲနေသည်။ စီးပွားရေး လည်ပတ်မှု စဉ်းစားခြင်းသည် နားလည်လွယ်လာပြီး လူစွန့်ထုတ် အညစ်အကြေးများကို သန့်ရှင်းသက်သာသော စိုက်ပျိုးရေးသွင်းအားစု၊ စားနပ်ရိက္ခာဖူလုံရေး၊ အသက်မွေး ၀မ်းကျောင်းမှု၊ နေထိုင်မှု၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်မှု၊ အာဟာရများကိုတိုးမြှင့်ခြင်းတို့၏ အရင်းအမြစ်အဖြစ် ပို၍မြင်လာခြင်း ခံရပြီး အတိုချုပ်အားဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) ကို အထောက်အကူပြုလာသည်။
သို့သော် အစိုင်အခဲ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုမှုကဲ့သို့ပင် ရေနှင့်စွန့်ပစ်ပစ္စည်းမှ အရင်းအမြစ်များ ပြန်လည်အသုံးပြုခြင်းသည် သီးခြားသုံးသပ်ကြည့်သောအခါ ပို၍ အသုံး၀င်ပြီး ပိုမိုလက်တွေ့ကျသည်။
မြို့ပြသန့်ရှင်းမှုအတွက် ပုံမှန် လုပ်ရိုးလုပ်စဉ် ဖြစ်သော အသင့်သုံးပုံစံသည် အိမ်တွင်း၊ စီးပွားဖြစ်နှင့် စက်မှုလုပ်ငန်းသုံး ရေဆိုးများနှင့် မိုးရေများကို စုဆောင်းစေပြီး ပင်မရေဆိုးသန့်စင်စက်ရုံသို့ အတူရော၍ စီးဆင်းပေးသည့် ကျယ်ပြန့်သော မြေအောက်ပိုက်ကွန်ယက်များ အဖြစ်ဆက်လက်တည်ရှိသည်။ ၎င်းသည် အထူးသဖြင့် လုံခြုံစိတ်ချရသော အရင်းအမြစ်များကို ပြန်လည် ထူထောင်ရန် အတွက် မသင့်တော်သည့်အပြင် အရင်းအမြစ် ခွဲခြာခြင်းကို ပြန်လည်ပြင်ဆင်ရန်လည်း မဖြစ်နိုင်ပါ။ အရင်းအမြစ်ခွဲခြားခြင်းကို အစကတည်းက တည်ဆောက်လျှင် ပိုကောင်းပြီး ကုန်ကျစရိတ်သက်သာနိုင်သည်။
ဥပမာကောင်းတစ်ခုမှာ ဂျာမနီ၊ ဟမ်းဘတ်တွင်ရှိသော Jenfelder Au ရပ်ကွက်အသစ်ဖြစ်သည်။ လူနေအဆောက်အအုံများတွင် ရေဆိုး (အဝတ်လျှော်ခြင်း၊ ရေချိုးခန်း၊ မီးဖိုချောင်စသည်ဖြင့်) နှင့်မိလ္လာရေဆိုး (အိမ်သာများမှ)ကို ဗဟိုမှခွဲဝေထားသော သန့်စင်စက်ရုံများတွင် ခွဲခြားစုဆောင်းပြီး သန့်စင်ရန်ခွင့်ပြုထားသည်။ မိလ္လာရေဆိုးကို အခြားအော်ဂဲနစ် စွန့်ပစ်ပစ္စည်းများနှင့် ရောနှောပြီး ပေါင်းစပ်အပူနှင့် စွမ်းအင်စက်ရုံအတွက် ဇီဝဓာတ်ငွေ့လောင်စာ ထုတ်လုပ်သည်။ ထို့အပြင်မိုးရေကို ရေတံခွန်နှင့်ရေကန်စနစ်သို့ စုဆောင်းစီးဆင်းစေခြင်းဖြင့် သန့်စင်သည်၊ ဆိုလိုသည်မှာ ၎င်းသည်သဘာဝပတ်ဝန်းကျင်သို့ ပြန်လည်စီးဆင်း၍ ရေကြီးခြင်းများကို လျော့နည်းစေရန် ကူညီနိုင်သည်။ အနာဂတ်တွင် သန့်စင်ထားသော ရေဆိုးများကို အိမ်သာများနှင့် အခြားအလားတူအသုံးပြုရန် အတွက် အိမ်များသို့ပြန်ပို့နိုင်ပေမည်။
ထပ်မံ၍မှတ်သားထိုက်သည်မှာ မကြာမီတွင် တရားဝင်စတင်ရန် SEI မှတီထွင်ထားသော REVAMP ကိရိယာဖြစ်သည်။ REVAMPသည် မြို့ကြီးများအား သန့်ရှင်းရေးနှင့် အခြားအော်ဂဲနစ် စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သည့် အလားအလာရှိသော အရင်းအမြစ်များကိုတွက်ချက်ရန်ကူညီပေးသည့်အပြင် သန့်ရှင်းရေးစီမံကိန်းများအတွက် များစွာသော သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးသည်။
Conventional isn't always best
"သမာရိုးကျခြင်းသည် အမြဲတမ်းအကောင်းဆုံးမဟုတ်ပါ"
အိမ်တိုင်းနှင့် စီးပွားရေးလုပ်ငန်းတိုင်းတွင်ရှိသော အိမ်သာများနှင့် ဆက်သွယ်ထားသော ပင်မရေဆိုးစနစ်များကို မြို့ပြအိမ်ရာသန့်ရှင်းရေး၏ အကောင်းဆုံးစံချိန်စနစ်အဖြစ် အချိန်ကြာမြင့်စွာကတည်းက မြင်တွေ့ခဲ့ရသည်။ မှန်ပါသည်၊ ထိုစနစ်များတွင် များသောအားဖြင့် စီးပွားရေးနှင့် အကျိုးရှိစွာ အသုံးချနိုင်သည့် အတိုင်းအတာများ ရှိသော်လည်း အမြဲတမ်းတော့ မဟုတ်နိုင်ပါ။ အခြားပုံစံများသည်လည်း ပိုမိုသင့်လျော်ပြီး စီမံခန့်ခွဲရန်ပိုမိုလွယ်ကူပြီး စျေးသက်သာနိုင်သည်။
ပင်မရေဆိုးထိန်းချုပ်မှုစနစ်၏ အားနည်းချက်မှာ များစွာသော အရင်းအနှီးများ လိုအပ်ခြင်းဖြစ်သည်။ အထူးသဖြင့် နေထိုင်သူများသည် မြင့်မားသော ၀န်ဆောင်မှု အခကြေးငွေများ ပေးရန် မလွယ်ကူသည့် အချိန်တွင်ဖြစ်သည်။
နောက်ထပ်တစ်ခုမှာ စနစ်များကိုတစ်ခါ ချမှတ်လိုက်ပြီးသည်နှင့် ၎င်းတို့အား ပြောင်းလဲရန် မလွယ်ကူခြင်း ဖြစ်သည်။ အရှိန်အဟုန်နှင့် တိုးတက်နေသော မြို့ကြီးများတွင် ပြောင်းလဲမှုသည် ပုံသေဖြစ်သည်။ လူဦးရေ ဖွဲ့စည်းပုံနှင့် သိပ်သည်းမှု၊ မြေအသုံးချမှုနှင့် ရေအရင်းအမြစ် လိုအပ်ချက်ကို ယှဉ်ပြိုင်ရန် လိုအပ်ချက်အားလုံးသည် ပြောင်းလဲနိုင်သည်။ သမားရိုးကျ၊ ဗဟိုစနစ်တစ်ခုတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အတော်အတန် စိန်ခေါ်မှုများ ရှိနိုင်သည်။ မြို့ပြမဆန်သော နေရာများသည် စနစ်တကျနှင့် ကြိုတင်ခန့်မှန်းတွက်ချက်မှု မရှိသော မြို့ပြအဖြစ်သို့ ရောက်ရှိနေပါက လိုအပ်ချက်အသစ်သည် ပင်မစွန့်ပစ်ရေသန့်စက်ရုံအား အလွန်အကျွံဝန်ပိစေနိုင်သည်၊ ဆိုလိုသည်မှာ စွန့်ပစ်ပစ္စည်းများကို ပြန်မထုတ်မီ ထိရောက်စွာ သန့်ရှင်းစင်ကြယ်မှုမရှိခြင်း သို့မဟုတ် အခြားပင်မရေဆိုး သန့်စင်စက်ရုံ တည်ဆောက်ရန် လိုအပ်လာခြင်းတို့ဖြစ်သည်။
ရေသယ်ဆောင်သည့် စနစ်များသည် များစွာသော စိတ်ချရသော ရေသန့်ရရှိရေး အပေါ်လည်း မှီတည်သည်။ နောင်လာမည့် ဆယ်စုနှစ် များစွာအတွင်း စီးဆင်းနေသော ရေဆိုးများကို မြို့ကြီးတိုင်းတွင် သန့်စင်ရန် မတတ်နိုင်ပေ။
ဤစိန်ခေါ်မှုများအတွက် စိတ်၀င်စားဖွယ်ကောင်းသော တုံ့ပြန်မှုတစ်ခုမှာ ဘိုလီးဗီးယားရှိ Montero စည်ပင်သာယာဖြစ်ပြီး ၎င်းတို့တွင် အညစ်အကြေး စွန့်ပစ်မှုစနစ် ဖြေရှင်းချက်များနှင့် နည်းပညာဆိုင်ရာ ဖြစ်နိုင်ခြေပေါ် မူတည်၍ ပင်မရေဆိုး စီမံခန့်ခွဲမှုနှင့် မတူညီသော ကိုယ်တိုင်ရေဆိုး သန့်ရှင်းရေးစနစ်များတွင် ဆက်လက် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်များ ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်မြို့လုံးရှိလူတိုင်းအတွက် လက်လှမ်းမီနိုင်ရန် အလားအလာရှိသည်။
Don't make sanitation services a source of inequality
"သန့်ရှင်းရေး ၀န်ဆောင်မှုများကို မညီမျှမှု၏ အရင်းအမြစ်တစ်ခုအဖြစ် မထားပါနဲ့"
အရှိန်အဟုန်နှင့် တိုးတက်နေသော မြို့ကြီးများ (သို့) ရပ်ကွက်များတွင် ဗဟိုရေးဆိုးသန့်စင်စနစ်၊ ကိုယ်တိုင်ရေဆိုးသန့်ရှင်းရေးစနစ် နှင့် off-grid သန့်ရှင်းခြင်းစနစ် စသည်ဖြင့် မည်သည့်စနစ်က အကောင်းဆုံးဖြစ်သည်ကို သတ်မှတ်ညွှန်ကြားပေးရန် ခွင့်ပြုသင့်သည်။ သို့သော် ၀န်ဆောင်မှုပေးခြင်းသည် တန်းတူမျှတသင့်သည်။ ဥပမာအားဖြင့် ဆီနီဂေါနိုင်ငံ၊ ဒါကာတွင် ၂၀၁၂ ခုနှစ် လေ့လာမှုအရ တွေ့ရှိခဲ့ရသည့် ကိုယ်တိုင်ရေဆိုးသန့်စင်သည့် အိမ်ထောင်စုများ (လူစွန့်ထုတ် အညစ်အကြေး စုဆောင်းခြင်း ၀န်ဆောင်မှုများကို ရရှိထားသူများ) သည်မိလ္လာအတွက် အိမ်ထောင်စုတစ်စုလျှင် ရေဆိုးပိုက်ဆက်သွယ်ထားသော အိမ်ထောင်စုများထက် ကုန်ကျစရိတ် ၅ဆ ပိုမိုပေးရသည်။ တစ်ချိန်တည်းမှာပင်၊ ရေဆိုးလိုင်းဆက်သွယ်ထားသော ၀န်ဆောင်မှုများပေးရန် ကုန်ကျစရိတ်၏ ၉၆ ရာခိုင်နှုန်းခန့်သည် ၁၃ ရာခိုင်နှုန်းခန့်သော ကိုယ်တိုင်ရေဆိုး သန့်ရှင်းရေးစနစ်သုံး ပြည်သူများထက် အစိုးရမှ ထောက်ပံ့ခြင်းခံရသည်။
အသုံးပြုသူများ အားလုံးသည် ကိုယ်တိုင်ရေဆိုးသန့်ရှင်းရေးစနစ်သုံးသူများဖြစ်စေ သို့မဟုတ် ရေဆိုးစွန့်ပစ်ရေး စနစ်များဖြင့် ဆက်သွယ်ထားသူများ ဖြစ်စေ ထိုသူများ အားလုံးသည် လက်ဆေးခြင်း၊ သန့်ရှင်းခြင်း၊ အနံ့လျော့နည်းစေခြင်းနှင့် ရောဂါပိုးလျော့နည်းစေရေး အတွက် သန့်ရှင်းသော အိမ်သာများကို မျှော်လင့်ပိုင်ခွင့် ရှိသည်။ အလားတူစွာ ၀န်ဆောင်မှု ကွင်းဆက်တစ်လျှောက်ရှိ တွင်းအိမ်သာနှင့် မိလ္လာကန်များ သို့မဟုတ် ၀န်ဆောင်မှုတွင် ပါ၀င်သည့် ၀န်ထမ်းများအနေဖြင့်လည်း အသုံးပြုမှုနှင့် ပြုပြင်ထိန်းသိမ်းရေးများတွင် သူတို့အတွက် လိုအပ်သော ဘေးကင်း လုံခြုံမှုဆိုင်ရာ ပစ္စည်းကိရိယာများနှင့် သင့်လျော်သော လစာရှိသင့်သည်။
အများပြည်သူသုံး နှင့် အဖွဲ့အစည်းဆိုင်ရာ အိမ်သာများနှင့် ပတ်သက်၍ သူတို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမရှိဘဲ ကိုယ်ပိုင်လုံခြုံမှု ရှိစေရန်၊ သန့်ရှင်းသော အဆောက်အအုံများကို အသုံးချနိုင်ခွင့် ရှိသည်။
ဤအရာများအားလုံးသည် ဒီဇိုင်း၊ ရန်ပုံငွေ၊ ထိရောက်သောအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ စသည့်သန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်း တစ်လျှောက်တွင် များစွာအရေးပါပေသည်။
Translated by Ma Soe Thinzar Than, a member of Myanmar Water Portal Translation Community
Source: Four pointers for sustainable urban sanitation - Stockholm Environment Institute (SEI)