အင်းလေးကန်တွင် ဘက်ထရီရှော့ တိုက်ငါးဖမ်းခြင်းများ ပိုမိုဆိုးရွားနေသဖြင့် ထိန်းသိမ်းပေးစေလိုကြောင်း ဒေသခံများပြောကြား

အင်းလေးကန်တွင် ဘက်ထရီရှော့ တိုက်ငါးဖမ်းခြင်းများ ပိုမိုဆိုးရွားနေသဖြင့် ထိန်းသိမ်းပေးစေလိုကြောင်း ဒေသခံများပြောကြား ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ကို တွေ့ရစဉ်

21 June 2020 - Source: Eleven Media Group Co.,Ltd.

ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းများ ပိုမိုဆိုးရွားနေသဖြင့် ထိန်းသိမ်းပေးစေလိုကြောင်း အင်းလေးကန်တွင်နေထိုင်သည့် ဒေသခံများက ပြောကြားသည်။

အင်းလေးကန် အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းရှိ ရေစပ်ကျေးရွာများတွင် ညဘက်မှောင်ချိန် ဘက်ထရီရှော့တိုက် ငါးဖမ်းခြင်းများ ယခုနောက်ပိုင်း ပိုမိုဆိုးရွားနေပြီးမူးယစ်ဆေးဝါး စိတ်ကြွ ဆေးပြားများလည်း များပြားလာနေကြောင်း၊ ဘက်ထရီရှော့တိုက် ငါးဖမ်းခြင်းနှင့် ဆေးပြားကိစ္စများကို ထိန်း သိမ်းဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက ပြောကြားသည်။

အင်းလေးကန် အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းအပြင် အင်းတောင်ဘက်တို့တွင် ဘက်ထရီရှော့တိုက် ငါးဖမ်းခြင်း၊ ညဘက်တွင် ငါးခိုးဖမ်းခြင်းကို တားမြစ်ပေးစေလိုကြောင်း ဒေသခံများက ဆိုသည်။

"ဘက်ထရီရှော့နဲ့ ဆေးပြားကိစ္စတွေ မပျောက်တဲ့အပြင် ပိုတောင်ဆိုးလာသေးတယ်။ ရုံးမှာသွားပြောတာ အသက်တစ်ချောင်း အပို မပါဘူးလေ။ ညဘက်စက်နဲ့ မီးထွန်းပြီးရှာနေတာ တော်တော်ဆိုးရွားတယ်။ ဆေးပြားကိစ္စကလည်း ရွာမှာတော်တော်လေးကို ဆိုးတာ၊ သတင်းပေးလည်း မဖမ်းနိုင်ဘူးဖြစ်နေတာ" ဟု မိုင်းသောက်အင်းကျေးရွာမှ ကိုနိုင်ဝင်းက ပြောကြားသည်။

အဆိုပါ အင်းလေးကန်ထိန်းသိမ်းရေး ကိစ္စရပ်များသည် ဥပဒေအရ အုပ်ချုပ်ရေးအ ဖွဲ့က ဆောင်ရွက်ရမည့်ကိစ္စများ ဖြစ်ကြောင်း၊ အင်းလေးကန် ဒေသထိန်းသိမ်းကာကွယ်ရေး ဥပဒေထွက်ရှိထားသော်လည်း ရက်ပေါင်း ၉၀ အတွင်း အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးသဖြင့် ဥပဒေထွက်ပြီးဘာမှ လုပ် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

"အင်းထဲအနှံ့ပဲ ရေရှိတဲ့ နေရာတိုင်းဖြစ် နေတာ။ အဓိကတော့ ကျေးရွာအစပ်တွေပေ့ါ။ နေရာတိုင်းရှိတယ်။ တောင်ပိုင်းမှာလည်း ရှိ တယ်။ မထိန်းနိုင်ဘူးဆိုတာ အလုပ်မလုပ်ကြ လို့ပေ့ါ။ ဥပဒေလုပ်သေးတယ်။ ကိုဗစ်နဲ့ ဘာနဲ့ ဆိုတော့ မလုပ်နိုင်တော့ဘူး၊ တာဝန်ယူလုပ် နိုင်တဲ့သူ မရှိဘူးဖြစ်နေတယ်။ စီမံချက်လည်း အရင်က လုပ်သေးတယ်။ ပြည်သူမပါဘဲတော့ မရဘူး။ ရပ်ကျေးလောက်နဲ့ လုပ်လို့တော့ဘာ မှ မထူးဘူး။ ပြည်သူပါမှကို ရမယ်လေ"ဟု ညောင်ရွှေဒေသခံ ကိုမြတ်မင်းစိုးက ပြောကြားသည်။

ဘက်ထရီရှော့တိုက်ခြင်းကြောင့် ခရမ်းချဉ်ပင်များ၏ အမြစ်များကိုပါ ထိခိုက်မှုရှိပြီး ရေခြံလုပ်ငန်းကိုပင် ထိခိုက်မှုဖြစ်စေသော ကြောင့် ခြံကိုစောင့်အိပ်ရခြင်းရှိကြောင်း သိရ သည်။ အင်းလေးကန်တွင် ခရမ်းချဉ်အများ ဆုံးစိုက်ပျိုးသောရွာများမှာ အနောက်ဘက် အခြမ်းမှ ကေလာ ၊ ငါးဖယ်ချောင်း၊ ကြေးစား ကုန်း၊ မြွေပွေး၊ ပွဲစားကုန်းတို့ ဖြစ်ပြီး နေရာအနှံ့တွင် ဘက်ထရီရှော့တိုက်မှု များပြားနေကြောင်းသိရသည်။

ဘတ်ထရီရှော့တိုက်နည်းဖြင့် ငါးဖမ်းရာတွင် ငါးသယံဇာတအမြောက်အမြား ပျက်စီးဆုံးရှုံးသည့်အပြင် မသေဆုံးဘဲကျန်လျှင်လည်း မျိုးမပွားနိုင်တော့ခြင်း၊ ကောင်းကျိုးပြု ဇီဝအင်းဆက်များစွာ သေကျေပျက်စီးခြင်းနှင့် ရှားပါးငါးမျိုးစိတ်များ (ဥပမာ- ငါးဖိန်းဒေသ မျိုးရင်း) မျိုးတုန်းသွားခြင်း အန္တရာယ်များကြုံ တွေ့လာရသည့်အပြင် မိမိကိုယ်ကို ရှော့တိုက် မိလျှင်လည်း ဟော်မုန်းပျက်စီးခြင်းကြောင့် အကြောအရွတ်ဆိုင်ရာ ကျန်းမာရေးပြဿ နာများ ရင်ဆိုင်ကြုံတွေ့နိုင်သဖြင့် အင်းလေး ကန်အတွင်း ဘက်ထရီရှော့တိုက်ငါးဖမ်းနည်း ပပျောက်လာစေရန် ဌာနပေါင်းစုံအဘက် ဘက်က ပူးပေါင်းဆောင်ရွက်ရန် လိုသည့်အ ပြင် ဒေသခံများကိုယ်တိုင် ပါဝင်လာစေသော နည်းဖြင့် ပညာပေးလုပ်ငန်းများ အစဉ်တစိုက် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သစ်တောဦး စီးဌာန သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောဌာနမှ သိရသည်။

အင်းလေးကန်အတွင်းရှိသော ဇီဝမျိုးစုံမျိုးကွဲများမှာ နို့တိုက်သတ္တဝါ မျိုးစိတ် ကိုးမျိုး၊ ကုန်းနေရေနေသတ္တဝါ ၂၆ မျိုး၊ ငှက်မျိုးစိတ် ၃၅၆ မျိုး၊ လိပ်ပြာမျိုးစိတ် ၉၄ မျိုး၊ ခရုမျိုးစိတ် ၁၂ မျိုး၊ ငါးမျိုးစိတ် ၅၇ မျိုး တို့ဖြစ်ပြီး အပင်မျိုးစိတ်များအဖြစ် သစ်မျိုးစိတ် ၁၀၈ မျိုး၊ ဝါးမျိုးစိတ် ၁၁ မျိုး၊ သစ်ခွမျိုးစိတ် ၁၈၄ မျိုး၊ ဆေးဖက်ဝင်ပင် ၅၂၇ မျိုး၊ ရေညှိရေမှော် ၁၂ မျိုးတို့ရှိကြောင်း သိရသည်။


Erosion prevention work for Nga Moe Yeik creek to ...
Denmark supports mangrove restoration in Myanmar
Comment for this post has been locked by admin.
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal