လူတိုင်းအတွက် နယ်ခံ ခေါင်းဆောင်မှု

VFET112_039_3500-px-1-1024x683

The 2019 World Water Day is focusing on the huge challenge – to leave no-one-behind.

၂၀၁၉ ကမ္ဘာရေ နေ့သည် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်သည့် "မည်သူမျှနောက်ချန်မထားခဲ့ရေး" အပေါ် ဦးတည်ချက်ထားသည်။

၂၀၁၉ခုနှစ် ၏ကမ္ဘာ့ရေနေ့ လှုပ်ရှားမှုသည် ခြုံငုံမိသည့်လူဦးရေရာခိုင်နှုန်းတိုးပွားစေရန်ရည်ရွယ်သည့် ထောင်စုနှစ်ရည်မှန်းချက် (MDG Goals)မှ လူတိုင်းအပေါ်ထိရောက်မှုရှိစေမည့်(SDGs)သို့ ကူးပြောင်းရာတွင် ထင်ရှားသောကွဲပြားခြားနားချက်တစ်ခုအပေါ် အလေးပေးထားသည်။ တဖက်မှ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အရွေ့များကြောင့် ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ၊ နိုင်ငံဆိုင်ရာ၊ နယ်မြေဆိုင်ရာနှင့် အိမ်ထောင်စုဆိုင်ရာ အမြစ်တွယ်နေသော အဆင့်အတန်းမမျှတမှု များ ကိုအခြေခံကာ WASH အခွင့်အလမ်းများ ညီမျှမှုမရှိခြင်းကြောင့် လူအများတစ်ချို့သည် နောက်ချန်ခြင်းခံခဲ့ရသည်။ (WASH access =water, sanitation and hygiene)

By definition the people who are hard to reach with sustainable services are very hard to reach.

သဘာဝအရ ရေရှည်တည်တံ့ရေး ဝန်ဆောင်မှုများနှင့်အလှမ်းဝေးသောသူများသည် အခွင့်အရေးရရှိရန်ခဲယဉ်းသည်။

ယင်းသည် အင်တိုက်အားတိုက် စုပေါင်းအားထုတ်မှုနှင့် သာပြီးမြောက်နိုင်သည်။ အညွန်းဆိုရသော် နောက်ဆုံးပန်းတိုင် ထိ ရောက်ရှိဖို့ရန်မှာ အတားအဆီးများကို ပူးပေါင်းသံန္နိဌာန်ချကာ တက်ကြွလှုပ်ရှားသူအားလုံး နည်းလမ်းရှာ ကျော်ဖြတ်မှသာ ရနိုင်ပေမည်။ အထူးသဖြင့် ဝေးလံ ခေါင်သီသော နေရာ ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်လွယ်သော ဒေသများ သို့မဟုတ် မြို့နယ် များထဲမှ သီးခြားနယ်မြေများသည် လက်လှမ်းမှီရန်ခက်သဖြင့် ထိုဒေသတွင်နေထိုင်သူများသည် ချန်လှပ်ခံရနိုင်ခြေများလှသည်။ 

ထို့အပြင် အမျိုးဇာတ်ခွဲခြားမှု၊ ဘာသာရေး၊ လူမျိုးရေး၊ အုပ်ချုပ်ရေး အားဖြင့် ခွဲခြားခံရခြင်း သို့မဟုတ် ပြောင်းရွေ့ ခံ များ သို့ မဟုတ် အိမ်ခြေယာမဲ့များ ဖြစ်နေခြင်းကြောင့် ခွဲခြားခံရသူများလည်းပါဝင်သည်။ ကျား/မ ခွဲခြားမှု၊ မသန်စွမ်းမှု၊ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကြောင့် အားနည်းချက် ရှိသူများသည်လည်း ချန်လှပ်ခံရသည်တွင်ပါဝင်နေသည်။ ၎င်းအချက်များသည် တစ်ခုနှင့်တစ်ခု ထပ်လျက်ရှိပြီး စစ်ကူပြုသကဲ့သို့ ဖြစ်စေကာ ဆင်းရဲနွမ်းပါးမှုနှင့် သဘာဝအရင်းအမြစ်ရှားပါးလာမှုတို့ကြောင့် လည်း ပိုမို ဆိုးရွားလာစေသည်။  သို့ဖြစ်၍ နိုင်ငံရေးပိုင်း ရင်းနှီးမြှုပ်နှံမှုများ ကို အတူ တကွမြင့်တင်ပြီး အကောင်အထည်ဖော်နိုင်ရန် နည်းလမ်းများ ရှာကြရမည် ဖြစ်သည်။

"Effective service provision relies upon the collective actions of interdependent stakeholders" – IWA Lisbon Charter

ထိရောက်မှုရှိသောအထောက်အပံ့များသည် ဘက်စုံအလွှာစုံမှပူးပေါင်းပါဝင်မှုပေါ်တွင် များစွာမူတည်ပေသည်။ - IWA Lisbon Charter

ရည်စူးထားသည့် ရေဘက်ဆိုင်ရာ ရေရှည်တည်တံ့ရေးရည်မှန်းချက်များအား ဖော်ဆောင်နေသူများသည် ဝန်ဆောင်မှုလုပ်ငန်းများ၊ တရားဝင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူလူထု အဖွဲ့အစည်း များ ဖြစ်သည်။ သို့ကြောင့်လည်း WaterAid နှင့် IWA အဖွဲ့အစည်းတို့သည် တိုက်ရိုက်ကြားဝင်ဆောင်ရွက်ခြင်းနှင့် ဩဇာလွှမ်းမိုးမှုရှိသောလုပ်ငန်းဆောင်တာများမှ တဆင့် နောက်ချန်ခဲ့ခံရသော သူများအပေါ် အာရုံစိုက်ရန် ကတိကဝတ်ပြုထားသည်။ ရေပေးဝေရေးနှင့် ရေဆိုးနုတ်စနစ်တို့အတွက် လုပ်ငန်းစဥ်များနှင့် တာဝန်ရှိသောအဖွဲ့အစည်းများ၏ အတားအဆီးများနှင့် အခွင့်အလမ်းများကို အနီးကပ် လေ့လာလျက်ရှိသည်။ လက်လှမ်းမီ ရန်ခက်ခဲသော သူများ ထံရောက်ရှိစေရန် ကွဲပြားခြားနားစွာလုပ်ဆောင်ရမည့် အရာများကို သိမြင်ရန် လိုအပ်နေသည်။

"ဘာကီနာ နိုင်ငံ(Burkina) အပါအဝင် အခြားသောအလားတူ နိုင်ငံများတွင် လူ့အခွင့်အရေး သည်WASH အထောက်အပံ့များ တည်ဆောက်ခြင်းထက် များစွာပိုမိုပြီး ခိုင်မာသည့်တိုင်းပြည်စနစ်များဖွံ့ဖြိုးတိုးတက်ရေးကိုရည်ညွှန်းနေကြောင်းအား နားလည်သဘောပေါက်ရန်လိုအပ်သည်" ဟု Burkina Faso နိုင်ငံ IRCအဖွဲ့အစည်း၏ Country Directorတစ်ဦးဖြစ်သူ Mr.Juste Nansiမှပြောကြားခဲ့သည်။"ဤလမ်းညွှန်ချက်သည် စည်းမျဉ်းဘောင်များနှင့် လုပ်ငန်းလည်ပတ်မှုများကို တိုးတက်စေရန် ခိုင်မာသည့်အခွင့်အလမ်းများ အတွက် အထောက်အကူ ဖြစ်စေမည်။ ထို့ပြင် ကဏ္ဍရပ်များတွင်စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း သိသာစွာ အကူညီပေးလိမ့်မည်" ဟုဆက်လက်ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ်မှ စတင်၍ လုံခြုံစိတ်ချရသော သောက်သုံးရေ နှင့် သန့်ရှင်းမှုစနစ် အား လူ့အခွင့်အရေး အဖြစ် အသိအမှတ် ပြုခြင်းခံရသည်။ ဆိုလိုသည်မှာ ၎င်းတို့အား နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့်အညီ ကိုးကား၍ လူ့အခွင့်အရေး အခြေခံမူများ ဖြင့် လမ်းညွှန်မှု ပြုလုပ်ထားခြင်း ဖြစ်သည်။

The principle of equality and non- discrimination is central.

တန်းတူညီမျှခြင်း၏အခြေခံမူဝါဒ နှင့် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် အဓိကကျသည်။

ယင်း မူဝါဒသည် ချန်ရစ်ခံရသော သူများအတွက် ဦးစားပေး ရန် တရားဝင်အခြေခံမူအဖြစ် လည်းကောင်း ကိုယ်ကျင့်တရားပိုင်း အားပေးမှု အဖြစ်လည်းကောင်း ထောက်ပံ့သည်။

"အစိုးရသည် အခွင့်အရေးများ အကောင်အထည် ဖော်ရန် တာဝန်ထမ်းဆောင်ရသူများ ဖြစ် သော်လည်း တိုးတက် မှု၊ ရည်မှန်းချက် များ ပြည့်မြောက်ရန် နှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ပိုင်ခွင့်များ အတွက် ဦးတည်သည့်ဆင့်ကဲဖြစ်စဉ်များကို စောင့်ကြည့်လေ့လာရန်အတွက် သက်ဆိုင်ရာ နယ်ပယ်ရှိ လှုပ်ရှားသူများ ကို မှီခိုအားထားရန်လည်း လိုအပ်ပါသည်" ဟု IWAမှာ အမှုဆောင် ဒါရိုက်တာ တစ်ဦး ဖြစ်သူ ပါမောက္ခ Kala Vairavamorthy မှ ပြောကြားသည်။

" သင့်အနေနဲ့ စိတ်ချရတဲ့ ရေသောက်သုံးသည့်အခါတိုင်းနှင့် သန့်ရှင်းသော ရေဆိုးနုတ်စနစ် အတွက် အထောက်အပံ့များ အသုံးပြုရသည့်အခါတိုင်း တွေးတောရမည်မှာ ၎င်းတို့သည် အထောက်အပံ့သက်သက် မဟုတ်ပဲ သင့်၏ ရပိုင်ခွင့် - သင့်၏ လူအခွင့်အရေးဖြစ်သည်။ ၎င်းအခွင့်အရေးမှာ ကမ္ဘာပေါ်ရှိ သန်းချီသော လူတွေ အတွက် မရရှိနိုင်သေး ပဲ ကျန်ရစ်နေသေးသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာ ဖြင့် အကောင်အထည်ပေါ်လာစေရန် လက်တွေ့ ကျင့်သုံးသူများအားIWAမှ ကူညီနေသည်။" ဟု ပါမောက္ခ Kala Vairavamorthy မှ ဆက်လက်ဖော်ပြသည်။

ယင်း ဥပဒေသနှင့် တရားရေးဆိုင်ရာ အရေးပါမှုအား လက်တွေ့အရေးယူဆောင်ရွက်မှုအဖြစ်ပြောင်းလဲရန် ကြိုးပမ်းရာတွင် IWA နှင့် WaterAidမှ ရေဆိုင်ရာ အသိပညာရှင် အတတ်ပညာ ရှင်များ သည် လူ့အခွင့်အရေး အခြေခံမူ၏ဆိုလိုရင်းအား သိမြင်ပြီးဝန်ဆောင်မှုလုပ်ငန်းများ၊တရားဝင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ဒေသန္တရအစိုးရ စသည့် ရေနှင့် သန့်ရှင်းရေး ဆက်နွယ်နေသော နယ်ပယ်၌ အချို့အရေးယူ လှုပ်ရှားသူများ အတွက် လူအခွင့်အရေးအခြေခံမူ ဆိုလိုရင်းမှ သည် လက်တွေ့ လမ်းညွှန်ချက်အဖြစ် ပြောင်းလဲ ဖွင့်ဆိုရမည်။

အတွေ့အကြုံမှ ပြသသွားသည်မှာ လှုပ်ရှားသူများသည် ယင်းတို့၏ တာဝန်ဝတ္တရားများ ဆင်ခြင် ရန် အခွင့်အရေးရှိသောကြောင့် အလွန်အပြုသဘောဆောင်သည်။ "ကျွန်ုပ်တို့ ၏ တာဝန်များအား ဆင်ခြင်သုံးသပ်နိုင်သည့်အတွက် အမှန်တကယ်ကိုပင် အသိအမြင်ကြွယ်ဝစေပါတယ်။ ကျွန်ုပ်တို့ရဲ့ နေ့စဉ်စိန်ခေါ်မှုများအတွက် ဖြေရှင်းနိုင်ရန် နည်းလမ်းအသစ်များကို တွေးတောဖို့ရာ အခွင့်အရေးတစ်ခုဖြစ်ပါတယ်" ဟု အီသီယိုးပီးယား နိုင်ငံ ဂိုလ်ချာ မြို့ အဖွဲ့ အစည်း ခေါင်းဆောာင်တစ်ဦးဖြစ်သူ Mr,Habtamu Dendea Jara မှ လူ့အခွင့်အရေးသည် ၎င်းအလုပ်အားမည်ကဲ့သို့သက်ရောက်ကြောင်းပြောကြားခဲ့သည်။

What are the specific roles and responsibilities of utilities and regulators? What do they need to know? How can they do their job in a way that helps to fulfill, respect and protect the human rights to water and sanitation?

ဝန်ဆောင်မှုလုပ်ငန်းများနှင့် ထိန်းသိမ်းရေး လုပ်ငန်းများ၏ တာဝန်အခန်းကဏ္ဍများက ဘာဖြစ်မလဲ။ဘာတွေသိဖို့လိုအပ်သလဲ။ ရေနှင့် ရေဆိုးနုတ်စနစ်ဆိုင်ရာ လူ့အခွင့်အရေးကိုကာကွယ်ဖို့ ဖြည့်ဆည်းဖို့နှင့် လေးစားဖို့ ၎င်းတို့ အလုပ်များမှမည်ကဲ့သို့ ကူညီပေးနိုင်မလဲ။

"တရားဝင် ထိန်းသိမ်းရေးအဖွဲ့အစည်းများသည် စောင့်ကြည့်ရန်သာမက သက်ဆိုင်ရာနယ်ပယ်ထိဆင်း၍ အမြန်ဆုံးနှင့်နည်းလမ်းမှန်မှန် အကောင်အထည်ပေါ်ရန် အကောင်းဆုံးအားထုတ် ရမည်။ စနစ်ထဲတွင် ရှင်သန်နေရသောဘဝများအတွက် အချိန်ဖြုန်းသင့်ပေ။ " ဟု အာဂျင်တီးနား နိုင်ငံ Buenos Aires မြို့၏ Regulator ၊ IWA အဖွဲ့ဝင်ဖြစ်သူ Alejo Molinari မှ ပြောထားသည်။ 

ပါဝင် ဆောင်ရွက်ခြင်းသည် လူ့အခွင့်အရေးအတွက် အဓိက ကျသော မူဝါဒနောက်တစ်ခုဖြစ်သည်။ သို့သော် တာဝန်ရှိအစိုးရ(Duty Bearers) သည်ရပိုင်ခွင့်ခံစားထိုက်သူများ (ပြည်သူ)အတွက် ၎င်းတို့အနေဖြင့် တောင်းဆိုချက်မရောက်နိုင်ဟု ယူဆကာ စေ့စပ်ညှိနှိုင်းရန် တွန့်ဆုတ်လေ့ရှိသည်။ လူ့အခွင့်အရေးမူများ ကို အခြား နည်းဖြင့် ချမှတ် သောအခါ တာဝန်ရှိသူများ အနေဖြင့်အမှန်တကယ် မည်ကဲ့သို့ ကူညီနိုင်မည်ကို သိမြင်နိုင်သည်။ အီသီယိုးပီးယားနိုင်ငံ WaterAid မှ Tsehuereda Abrahamသည် လူ့အခွင့်အရေး အခြေခံမူများကို ဝေးလံခေါင်သီသော Gololcha ဒေသမှ ဒေသန္တရ အစိုးရအတွက် ၎င်းတို့ ၏ရှုထောင့်မှ ကြည့်ရှုနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ "အသင်းအဖွဲ့ကိုတည်ထောင်ရာတွင် ပိုမို ကောင်းမွန်သော ပါဝင်ဆောင်ရွက်မှုအား ထည့်သွင်းစဉ်းစားရန်သင်ယူခဲ့ရသည်။ ဒေသခံများသည် ၎င်းတို့သည်စီမံကိန်းကို အမှန်တကယ် ပိုင်ဆိုင်သူများဖြစ်သည်ဟု ခံစားစေခြင်းဖြင့် ပြဿနာဖြေရှင်းရန် ပိုမိုအထောက်အကူပြုပြီး ကျွန်ုပ်တို့ အလုပ်များ တွင် ယုံကြည်မှုနှင့် မျှော်လင့်ချက်အားတိုးမြှင့်စေခဲ့ သည်" ဟု ဒေသခံ အစိုးရအရာရှိများ က ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲမှ ပြောကြားချက်များအရ "လုပ်ဆောင်မှုများတွင် ခေါင်းဆောင်များနှင့် ဩဇာသက်ရောက်မှုရှိသူများနှင့် ထိတွေ့ ဆက်ဆံသည့်အခါကြီးမားသော ကွဲပြားမှုအား ဖြစ်စေသည်။ ခေါင်းဆောင်များမှ အရင်းအမြစ်များ အား ပိုမို ရရှိရန် ကူညီနိုင်ပြိး ဤအလုပ်ရုံဆွေးနွေးပွဲသည် WaterAidမှ WASH အဖွဲ့အစည်း ၊ ISF၊ ရေရှားပါးမှု ပပျောက်ရေး (End Water Poverty)၊ UNICEF၊ RWSN နှင့် Simavi တို့ တီထွင်ခဲ့သော ရပိုင်ခွင့်များ အကောင်အထည်ဖော် ချဥ်းကပ်ရေး (Making Rights Real Approach) အား အခြေခံထားသည်။" ၎င်းသည် ဒေသန္တရာအစိုးရ ဌာနများအတွက် အထူး ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး မည်သူ့ကိုမှနောက်ချန်မထားခဲ့စေရန် ဗဟိုချုပ်ကိုင်မှုလျော့ချရေးစနစ်မှတာဝန်လွှဲအပ်ခြင်း ခံထားရသူများ အတွက်ဖြစ်သည်။

သို့ရာတွင် ဒေသခံ အစိုးရအဖွဲ့အစည်းများသည် အများအားဖြင့် အရင်းအမြစ်နှင့်လုပ်နိုင်စွမ်းရည် မရှိခြင်းကြောင့် ဆိုးဝါးစွာ ကန့်သတ်ခံထားရပြန်သည်။ သို့ဖြစ်၍ ရပိုင်ခွင့်များ အကောင်အထည်ဖော် ချဥ်းကပ်ရေး (Making Rights Real approach)သည် လူတစ်ဦးတိုင်းဆီ လက်လှမ်းမီကာ ဆက်လက် လုပ်ဆောင်နိုင်ရန် အရင်းအမြစ်များနှင့် သက်ရောက်မှု ဩဇာအား မျှဝေရန် နည်းလမ်းရှာ၍ အစိုးရအဖွဲ့အစည်း နှင့် ဒေသန္တရ အစိုးရအားအတူ လက်တွဲခေါ် ရန်ဖြစ်သည်။ယင်း အတွေ့အကြုံများသည် လူ့အခွင့်အရေး မူဘောင်များအား စေ့ဆော်မှုနှင့် လမ်းညွှန်မှုအဖြစ်အသုံးပြုကာ ၂၀၃၀ ခုနှစ် တွင် ရေနှင့် ရေသန့်ရှင်းရေး ရေဆိုးနုတ်စနစ် အား ကမ္ဘာလုံးဆိုင်ရာ ရရှိရေးကြိုးပမ်းမှု၏ ကြီးမားသောစိန်ခေါ်မှုများကို ကူညီဖြေရှင်းရန် ကဏ္ဍအသီးသီးမှ လှုပ်ရှားသူများအား အတူတကွ စုစည်းနိုင်ဖို့ ဖြစ်နိုင်ချေရှိသည် ကို ပြသလိုက်သည်။

IWA အဖွဲ့အစည်း မှ ၀န်ဆောင်မှုလုပ်ငန်းနှင့်စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာ၀န်ထမ်းများအတွက် ရေနှင့် ရေသန့်ရှင်းရေး စနစ် လူ့အခွင့်အရေးနှင့်ပတ်သက်သော လမ်းညွှန်အား အဆင့်မြင့်ပြီး ဖြစ်ကာ WaterAidနှင့်အခြား အဖွဲ့အစည်းများမှ လည်း ဒေသခံအစိုးရအဖွဲ့အစည်းများ အတွက် လူ့အခွင့်အရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ အဆင့်မြင့်ပေးလျက်ရှိသည်။

Translated by Ma Tin San Khine, a member of Myanmar Water Portal Translation Community

Source: Local leadership to leave no-one behind International Water Association


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး - လားရှိ...
Focus on planting trees taking advantage of monsoo...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal