Water bus service to resume with new ticket fees

Post-Cover

02 June 2020 - Source: Myanmar Business Today

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်။

The water bus service now halted since September will resume in the second week of June with new ticket fees, according to the water bus service operator Tint Tint Myanmar Company Limited.
The company said it is planning to raise the fees as the service was loss-making when the ticket fee was set at K300. It will come back with a new payment method as it has partnered with KBZ Pay, CB Pay, and Wave Money enabling commuters to buy the ticket with mobile payment services.
The company also said that it will redesign the management of the services as it has evaluated the weakness of the previous management system.
When the service resume, the boats will carry only half of its full capacity and not allow any passenger without a mask.
Tint Tint Myanmar won the bid for the water bus service, Yangon Regional Government's ambitious public transportation system, and test a trial run in October 2017.
Then it has suspended the service since September last year to repair the damage at the jetty occurred during the rainy season, make major repair works to the boats, import more boats for new routes, and built jetty along Ngamoeyeik Creek, and build new payment methods. (Written by Linn Thit)


လက်ရှိတွင် Water Bus ပြေးဆွဲမှုကို ရပ်ဆိုင်းထားလျက်ရှိပြီး ဇွန်လ ဒုတိယအပတ်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကာ ပြန်လည်ပြေးဆွဲရာတွင်လည်း ယာဉ်စီးခကို ယခင်နှုန်းထားအတိုင်းမဟုတ်ဘဲ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း တင့်တင်မြန်မာကုမ္ပဏီမှ သိရသည်။

ယာဉ်စီးခကို ယခင်က လူတစ်ဉီးလျှင် ၃၀၀ကျပ်နှုန်းကောက်ခံ၍ ပြေးဆွဲခဲ့သည့်အတွက် အရှုံးပေါ်ခဲ့ပြီး ယခုပြန်လည်ပြေးဆွဲချိန်တွင် အရှုံးခံ ပြေးဆွဲသွားမည်မဟုတ်ဘဲ သက်သာသည့် စျေးနှုန်းတစ်ခုဖြင့် ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် Water Bus လက်မှတ်များကို KBZ Pay, CB Pay, Wave Money Account များဖြင့် ကြိုတင်၀ယ်ယူနိုင်မည်ဖြစ်သည်။

Water Bus နှင့် ပတ်သက်၍ ယခင်က စီမံခန့်ခွဲမှု အခက်အခဲများရှိခဲ့သည့်အတွက် ယခုအခါတွင် စီမံခန့်ခွဲမှု စနစ်အသစ်များ ပြန်လည်ဖွဲ့စည်းခြင်း ရေးဆွဲခြင်းများ ပြုလုပ်၍ စနစ်တကျ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။

ပြန်လည်ပြေးဆွဲရာတွင် Covid 19 ရောဂါကို ကာကွယ်နိုင်ရန်အတွက် ရေယာဉ်ပေါ်တွင် တင်ဆောင်နိုင်သည့် ခရီးသည်ဉီးရေ၏ ထက်၀က်ကိုသာ တင်ဆောင်မည်ဖြစ်ပြီး လိုက်ပါစီးနှင်းသူများအနေဖြင့် Mask တပ်ဆင်ထားခြင်းမရှိပါက လိုက်ပါစီးနင်းခွင့် ရရှိမည်မဟုတ်ကြောင်း သိရသည်။

ရေကြောင်း သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် ပြေးဆွဲနိုင်ရန်အတွက် တင်ဒါခေါ်ယူခဲ့ရာ တင့်တင်မြန်မာကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ water Bus ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် စတင်ပြေးဆွဲခဲ့သည်။

သို့သော် ၂၀၁၉ခုနှစ် စက်တင်ဘာလမှ စတင်၍ ဆိပ်ကမ်းများတွင် မိုးရာသီ၌ ပျက်စီးမှုများကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီးစားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းများအတွင်း ပြေးဆွဲမည့် ရေယာည်များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်းအတွင်း ဆိပ်ကမ်းများ ဆောက်လုပ်ခွင့်ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်နှင့် ငွေပေးချေသည့် စနစ်အသစ်များ ဆောင်ရွက်ရန်ဟုဆိုကာ ယနေ့အချိန်အထိ ရပ်နားထားလျက်ရှိသည်။ 


The Chronicle of a Groundwater Expert - Interview...
Myanmar to take action against illegal fishing sta...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal