Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်နှင့် အခြားသောအလှူရှင်များ ပူးပေါင်းကာ လပွတ္တာမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသော ပင်လယ်ကမ်းနီးကျေးရွာအချို့အား သောက်သုံးရေများ သွားရောက်လှူဒါန်း

PC2

14 May 2020 - Source: Eleven Media Group

Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်နှင့် လပွတ္တာမြို့ရှိ ကရုဏာမျက်ဝန်း ပရဟိတအဖွဲ့၊ နှလုံးလှလူငယ်များ ပရဟိတအဖွဲ့တို့ပူးပေါင်းကာ စေတနာရှင်များ ကူညီပံ့ပိုးမှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသော ပင်လယ်ကမ်းနီးကျေးရွာများဖြစ်သည့် ဒေါင့်ကြီးကုန်းကျေးရွာနှင့် ချစ်တီးကုန်းကျေးရွာတို့အား မေလ ၁၄ ရက်နေ့က စက်လှေများဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။


လပွတ္တာမြို့ရှိ သောက်သုံးရေအနည်းငယ် ကျန်ရှိနေသေးသော မိုးရေလှောင်ကန်များမှ သောက်သုံးရေများကို မော်တော်ယာဉ်များဖြင့် သယ်ယူကာ ယင်းမှတဆင့် စက်လှေများဖြင့် ထပ်မံသယ်ယူ၍ သောက်သုံးရေရှားပါးပြတ်လပ်နေသည့် ဒေါင့်ကြီးကုန်းကျေးရွာနှင့် ချစ်တီးကုန်းကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်နှင့် ပရဟိတလူငယ်များပူးပေါင်းကာ အလှူရှင်များဖြစ်ကြသည့် ဦးလှသိန်း၊ ဒေါ်စန်းခ (အိအိစံ ဆန်ရောင်းဝယ်ရေး)မှ ပံ့ပိုးမှုဖြင့် ရေဂါလံ ၄၀၀၀ ကျော်အား သွားရောက်လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။ 


" ရေက မြို့ပေါ်မှာတောင် အတော်ကို ဝယ်ရခက်နေပြီ၊ ရွာတွေဖက်က ပိုဆိုးတာပေါ့ အဆိုးဆုံးက ရေလမ်းခရီးနဲ့ သွားရတဲ့ရွာတွေ ကုန်းလမ်းခရီးက အလှူရှင်နည်းနည်းရှိသေးသလို သွားလာရ လွယ်ကူတော့ လှူရတာ အဆင်ပြေတယ် ရေလမ်းခရီးရွာတွေကျတော့ မလွယ်လှဘူး နေ့တိုင်း အကူညီတောင်းတဲ့ ရွာတွေက များများလာတယ် လှူပေးရင်းနဲ့ မနိုင်ဘူးဖြစ်လာကြရတယ်၊ အခုလို သွားရောက်ကူညီလှူဒါန်းနိုင်အောင် ဝိုင်းဝန်ကူညီပေးကြတဲ့ အလှူရှင်တွေကိုပါ မေတ္တာပို့ပါတယ်၊ မိုးမရွာမချင်းကတော့ သူတို့တွေ ခက်ခဲနေဦးမှာပါပဲ" ဟု Eleven Media Group နှင့် ရေလှူဒါန်းမှုအစီအစဉ်အား ဦးဆောင်သွားရောက် လှူဒါန်းပေးခဲ့သူ ကရုဏာမျက်ဝန်းပရဟိတအဖွဲ့မှ ဆရာတော် ရှင်ပညာလောကမှ မိန့်သည်။ 


Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ လပွတ္တာမြို့နယ်တွင် ကုန်းကြီးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ ရွေးစုစည်းကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ စလူဆိပ်ကျေးရွာ၊ ပြင်ကနုကုန်းကျေးရွာ ငပုတောမြို့နယ်တွင်၊ မကျီးချိုင်ကျေးရွာ၊ ကုန်းသာယာကျေးရွာ၊ ဘိုကလေးမြို့နယ်တွင် ချောင်းဗြဲကြီးကျေးရွာ၊ သမစိတ္တကျေးရွာ၊ ခြောက်ဂငယ်ကျေးရွာ၊ လိပ်သောင်ရေကျော်ကျေးရွာ၊ လမုအုပ်ကလေးကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လမုတပင်ကျေးရွာ၊ သစ်နီဇွဲကျေးရွာ၊ ကန်စုကျေးရွာ၊ ငပုတောမြို့နယ်တွင် ဘီလူးချောင်း ကျေးရွာတို့တွင် မြေသားနှင့် ကျောက်သားရေလှောင်ကန်များ တူးဖော်လှူဒါန်းပေးထားခဲ့ပြီး သာပေါင်းမြို့နယ်တွင် မြတောင်ညိုဒေသတွင် စက်ရေတွင်းတစ်တွင်းအား တူးဖော်လှူဒါန်းပေးထားနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လဲ သောက်သုံးရေရှားပါးပြတ်လပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းပေးနေမှုသာမကဘဲ ကံဆိပ်ကျေးရွာနှင့် ကန့်ဘလာကျေးရွာတို့တွင် ကျေးရွာအတွင်း နေအိမ်များအရောက် ရေပိုက်များသွယ်ယူပေးကာ သောက်သုံးရေဖြန့်ဖြူးပေးခြင်းများကိုပါ လှူဒါန်းပေးထားကြောင်း သိရသည်။ 


နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone...
State-owned pontoon jetty to be built in Kawthoung
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal