ရန်ကုန်တက္ကသိုလ်နှင့် နိုင်ငံတကာမှပညာရှင်များပူးပေါင်းကာ အသစ်ဖွင့်လှစ်မည့် "Water Studies" ဘွဲ့ကြိုသင်တန်းအတွက် သင်ရိုးညွှန်းတမ်း တိုင်ပင်ရေးဆွဲ

ရန်ကုန်တက္ကသိုလ်နှင့် နိုင်ငံတကာမှပညာရှင်များပူးပေါင်းကာ အသစ်ဖွင့်လှစ်မည့် "Water Studies" ဘွဲ့ကြိုသင်တန်းအတွက် သင်ရိုးညွှန်းတမ်း တိုင်ပင်ရေးဆွဲ
"Water Studies" ဘွဲ့ကြိုသင်တန်းအတွက် သင်ရိုးညွှန်းတမ်းကို ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများ၊ဆရာဆရာမများနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ နိုင်ငံတကာပညာရှင်များပူးပေါင်း၍ တိုင်ပင်ရေးဆွဲခဲ့သည်။

ဤသင်တန်းမှ ထိရောက်သောသုတေသနများ၊ သင်ကြားနည်းစနစ်များ၊ မူဝါဒဆန်းစစ် အကောင်အထည်ဖော်မှုများနှင့် သက်ဆိုင်ရာမိတ်ဖက်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် သဘာဝသယံဇာတနှင့် ရေ အရင်းအမြစ်စီမံခန့်ခွဲမှု ရှုထောင့်ပေါင်းစုံအတွက် အဆင့်မြင့်ပညာရေးနယ်ပယ်တစ်ခု တစ်ခုပေါ်ပေါက်လာစေရန် ရည်မှန်းထားကြသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၈ခုနှစ်စက်တင်ဘာလ၈ရက်နေ့တွင် ကျင်းပခဲ့သည့် ရန်ကုန်တက္ကသိုလ်ပြုပြင်မွန်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ နိဂုံးချုပ်အမှာစကားတွင် ဥပဒေဆိုင်ရာ ပညာရပ်များ နှင့် ရေနှင့်သက်ဆိုင်ရာ ("Water Studies") ပညာရပ်များအား တိုးတက်ပြန့်ပွားစေရန် အလေးထားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ 

သို့ဖြစ်၍ "NUFFIC Orange Knowledge Program" ၏ပံ့ပိုးမှုဖြင့် "Water Studies" ဘွဲ့ကြိုသင်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းအတွက် ငါးရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပြီး ရေဘက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြည်တွင်းပြည်ပ ပညာရှင်များက ၎င်းတို့၏ အတွေ့အကြုံများနှင့် ကျွမ်းကျင်ပညာရပ်များကို ဆွေးနွေးဝေမျှခဲ့ကြသည်။


သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းအတွက် အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကျင်းပရန် စီစဉ်ထားပြီး ယခုပထမဆွေးနွေးပွဲတွင် ဘွဲ့ကြိုသင်တန်းနှင့်ကိုက်ညီမည့် သင်ရိုးများကို တိုင်ပင်ရေးဆွဲခဲ့ကာ လာမည့်မေလတွင်ကျင်းပမည့် ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် သင်ရိုးမာတိကာအသေးစိတ်ကိုဆက်လက်ရေးဆွဲပြီး အပြီးသတ်သင်ရိုးညွှန်းတမ်းတစ်ခု ပေါ်ထွက်လာစေရန် ကြိုးပမ်းကြမည်ဖြစ်သည်။ 

အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ပါမောက္ခဒေါက်တာစိမ်းလဲ့အေးမှ"Water Studies" ဘွဲ့ကြိုသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို ဉီးစွာရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဖိတ်ကြားထားသော ပြည်တွင်း ရေဘက်ဆိုင်ရာ ဝါရင့်ပညာရှင်များက မြန်မာနိုင်ငံ၏ရေနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခန်းကဏ္ဍတို့တွင်ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ ယင်းတို့နှင့်ဆက်စပ်သည့် အကြံပြုချက်များနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုအခြေအနေများကို ဆွေးနွေးဝေမျှခဲ့သည်။ ထို့အပြင် The Water Agencyမှ မြန်မာနိုင်ငံအတွင်းရှိ အစိုးရဌာနများ၊ NGOများ၊ Private companyများနှင့် တက္ကသိုလ်များ အားလုံးပေါင်းအခု၂၀တို့ထံမှ လုပ်အားလိုအပ်ချက် နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မှုအခြေအနေများ အပေါ် စစ်တမ်းကောက်ယူထားသည့် ရလဒ်များကို တင်ပြခဲ့သည်။


ဆက်လက်၍ ဒုတိယနေ့တွင် နိုင်ငံတကာမှပညာရှင်များက သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ၎င်းတို့ပါဝင်ပံ့ပိုးပေးနိုင်မည့် သက်ဆိုင်ရာနယ်ပယ်အသီးသီးကို ဖော်ပြဆွေးနွေးခဲ့ကြရာ Vrije Universiteit Amsterdam (VU Amsterdam) မှ Dr. Denyse Snelder က သမားရိုးကျသင်ကြားနည်းစနစ်များဖြင့် မထိရောက်နိုင်သည့် သင်ယူမှုရလဒ်များအား ထိထိရောက်ရောက်ဖြစ်စေမည့် စနစ်သစ်များကို တီထွင်ကြံဆရသည့် လုပ်ငန်းဆောင်တာ (constructive alignment) နှင့်ပက်သက်၍ အတွေ့အကြုံများကို ဆွေးနွေးဝေမျှခဲ့သည်။

ကျန်ရက်များတွင် လက်ရှိမြန်မာနိုင်ငံ၏ရေနှင့်သဘာဝပတ်ဝန်းဆိုင်ရာအခြေအနေများကိုသုံးသပ်ပြီး"Water Studies" ဘွဲ့ကြိုသင်တန်းအတွက်သင့်လျော်မည့်သင်ရိုးများကို ရွေးချယ်ကာ အခြေခံသင်ရိုး(foundation course)၊ အဓိကသင်ရိုး (core course) နှင့် ရွေးချယ်နိုင်သောသင်ရိုး(elective course)ဟူ၍ ယေဘုယအနေဖြင့် သုံးပိုင်းခွဲခြားရေးဆွဲခဲ့ကြသည်။

ဆွေးနွေးပွဲ၏နောက်ဆုံးငါးရက်မြောက်နေ့တွင် မြန်မာနိုင်ငံ၏ရေဘက်ဆိုင်ရာ အခန်းကဏ္ဍများတွင် လက်တွေ့လုပ်ကိုင်နေကြသော ပညာရှင်များအား ထပ်ဆောင်းဖိတ်ကြားကာသင်ရိုးညွှန်းတမ်းအား ပိုမိုပြည့်စုံစေရန် အကြံဉာဏ်များတောင်းခံခဲ့သည်။ ထို့နောက် မေလတွင် သင်ရိုးမာတိကာအသေးစိတ်ကို ဆက်လက်ရေးဆွဲပြီး ရန်ကုန်တက္ကသိုလ်၏ အခြားသောဌာနများနှင့် ချိတ်ဆက်ကာ ပြည့်စုံကောင်းမွန်သည့် သင်ရိုးညွှန်းတမ်းတစ်ခု ပေါ်ပေါက်လာစေရန် ဆက်လက်ကြိုးပမ်းကြမည်ဖြစ်ကြောင်း အသိပေးပြောကြားပြီးနောက် အလုပ်ရုံဆွေးနွေးပွဲအား အောင်မြင်စွာပိတ်သိမ်းခဲ့သည်။

- ဘာသာပြန် (Thinzar Mon)


Related Posts 

...
1
4

University of Yangon collaborating with international experts to establish a new Centre of Excellence on Water Studies - Myanmar Water Portal

Do you have any idea when you first hear about the water studies? I am sure that you will be willing to know what the water studies is. So, let me introduce the general term of the water studies.Our State Counselor wants not only a center of excelle
...
2

State Counsellor emphasizes the importance of water studies at Yangon University - Myanmar Water Portal

3 Sep 18 - Myanmar State Counsellor Office (Official Facebook Page) -  State Counsellor Daw Aung San Suu Kyi has urged the university's authorities to promote the law and water studies at the university in the conclusion of the meeting
...
 

Netherlands grant to support Water Education - Myanmar Water Portal

The University of Yangon (UY), the Vrije Universiteit Amsterdam (VU) and the Water Agency (TWA) have recently received a grant for a new project to support water education in Myanmar. The project is part of the Orange Knowledge Programme of Nuffic
Exports of fisheries products slow to a crawl
ကာဗွန်လျော့ချနိုင်မည့် စီးပွားရေးကိုအားပေးသော အမျှ...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal