ရေနှင့် ရာသီဥတု ပြောင်းလဲမှု - ကမ္ဘာ့ရေများနေ့ အထိမ်းအမှတ် ၂၀၂၀

Water-and-Climate-Change

ရေ ဆိုသည်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို လူ့အဖွဲ့အစည်း နှင့် သဘာ၀ပတ်၀န်းကျင်ထံသယ်ယူပို့ဆောင်ပေးတဲ့ ကြားခံတစ်ခုဖြစ်သည်။ ရေကို ရေရှည်စီမံခန့်ခွဲ့နိုင်ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းနိုင်သည့် အရေးကြီးသော အစိတ်အပိုင်းအဖြစ် ပါ၀င်နေပါသည်။


ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့နေရာဒေသ အသီးသီးမှာ ဖိအားပေါင်းများစွာနဲ့အတူ ရေအရင်းအမြစ်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကို စိန်ခေါ်နေပြီ။ ထို့အပြင် ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုအပါအ၀င် ရေနှင့်သက်ဆိုင်ရာ အစွန်းရောက်ဖြစ်စဥ်များကိုလည်း ရာသီဥတုပြောင်းလဲမှုမှာ အရှိန်မြှင့်တင်ပေးလျက်ရှိသည်။

  ရေရရှိနိုင်မှုသည်လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များပြားလာမှုကြောင့် အာမခံ၍မရတော့ချေ။ ထိုရာသီဥတုပြောင်းလဲမှု ဖြစ်စဥ်တိုးပွားလာမှုသည် ရေကိုဂရုထားနေရသော နေရာ‌‌‌ဒေသတွင် သည်းခံနိုင်မှု မရှိနိုင်လောက်သည့် အခြေအနေအထိဖြစ်ပေါ်စေပြီး ရေပြဿနာမရှိသေးသည့်နေရာမှာလည်း အလားတူ ဒုက္ခဖြစ်ပေါ်ဖို့ရာ ဖန်တီးလျက်ရှိသည်။ ရေနှင့်ဆက်နွယ်နေသည့် ဘေးအန္တရာယ်များသည်လည်း အကြိမ်ကြိမ်အခါခါ နှင့် ပိုမိုပြင်းထန်လို့ နေပါသည်။ အစားအစာဘေးကင်းလုံခြုံမှု၊ ကျန်းမာရေး၊ မြို့ပြကျေးလက်နေရာချထားမှု၊ စွမ်းအင်ထုတ်ယူမှု၊ စက်မှုလုပ်ငန်းဆိုင်ရာတိုးတက်မှု၊ စီးပွားရေးဆိုင်ရာအရှိန်အဟုန်မြင့်တင်ခြင်း နှင့် ဂေဟစနစ် ရှင်သန်နေထိုင်ခြင်းများသည် ရေကို အမှီပြုနေရခြင်းကြောင့်လည်း ရာသီဥတုပြောင်းလဲကြောင့်ကျရောက်လာမည့် ဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့ရာ အားနည်းနေပေဦးမည်။

ဒါကြောင့်လည်း ရေ ကို အရေးကြီးသောအခန်းကဏ္ဍတွင် ပါ၀င်ပတ်သက်နိုင်ရန်၊ ညှိနှိုင်းဆောင်ရွက်ဖို့ရန် အတွက် ၂၀၃၀ ရေရှည်တည်တံ့ရန်လုပ်ငန်းစဥ် (2030 SDGs Agenda)၊ ရာသီဥတု ပြောင်းလဲမှု ထိန်းသိမ်းရေး ပါရီ သဘောတူ စာချုပ် (Paris Agreement)ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးဒဏ်လျော့ပါးရေး စန်ဒိုင်း စည်းမျဥ်းဘောင် (Sendai Framework) တို့တွင် ရာသီဥတု နှင့်ချိတ်ဆက်သူ (Climate Connector) ဖြစ်လာသည်။
ဆိုလိုသည်မှာ ကမ္ဘာ့ရာသီဥတု၊ ရေရှည်ဖွံဖြိုး တိုးတက်ရေး နှင့် သဘာဝ ဘေးဒဏ်လျော့ပါးရေး လုပ်ငန်းစဥ်များတွင် ဥတုပြောင်းလဲခြင်း အကြောင်းအရာများနှင့် ပက်သတ်ပြီး အချိတ်အဆက် သဘောရှိလာသည်။ ထို့အပြင် ရေအပေါ်ထားသော အမြင်ကို အခြေတည်ပြီး ထိုးထွင်သိမြင်မှု၊ သဘောထားအမြင်နှင့် ငွေကြေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ သည်လည်း အပြန်အလှန်အကျိုးရှိကာ အခြားအခက်အခဲများကို ဖြေရှင်းမည့်ရွေးချယ်မှုများကိုလည်း ကူညီပံပိုးပေးရာရောက်ပေးမည်။
လိုက်လျောညီထွေရှိခြင်း နှင့် လျော့ပါးစေခြင်း များသည် ရေကိုဆက်နွယ်လျက် ရာသီဥတုပြောင်းလဲမှုဖြစ်စဥ် နည်းပါးလာရန်နှင့် စီမံနိုင်ဖို့ရန်အတွက် အစပ်အဟပ်တည့်လှသည့် မဟာဗျူဟာ ဖြစ်ပေသည်။

ထိုရာသီဥတုပြောင်းလဲမှုကိုလိုက်လျောညီထွေရှိခြင်းသည် (စိုက်ပျိုးရေး နှင့် စက်မှုလုပ်ငန်း အတွက် ရေဒုက္ခဖြေလျှော့ခြင်း၊ ရေကြီးခြင်းကာကွယ်ဖို့ရန်ကာ)ရေစီမံခန့်ခွဲခြင်းအတွက်လည်း အရေးကြီးနေချိန်မှာ ထိုရေစီမံခန့်ခွဲခြင်းသည် ရာသီဥတုလျော့ပါးစေရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှာပါ၀င်လာပါသည်။ ရေသုံးစွဲမှုတိုင်းတာနိုင်ခြင်းသည် ဖန်လုံအိမ်အာနိသင်ဖြစ်ပေါ်စေသော ဓာတ်ငွေ့ ကိုလျော့ချနိုင်ခြင်းကဲ့သို့သောစွမ်းအင်သုံးစွဲမှုလျှော့ချရေး အတွက်လည်း တိုက်ရိုက်သက်ရောက်နေသည်။ ရေ၀ပ်ဒေသထိန်းသိမ်းခြင်း၊ သဘာ၀နှင့်ဆက်နွယ်ဖြေရှင်းမှုများ နှင့် စိုက်ပျိုးမြေထိန်းသိမ်းခြင်းစသည့်ရှိ အခန်းကဏ္ဍများတွင်လည်း ရေကိုစီမံနိုင်လျှင် မြေဆီလွှာနှင့် သက်ရှိဧရိယာ အရေအတွက်အချိုးအဆပမာဏ ကိုထောက်ပံ့ပေးနိုင်ပေမည်။ တိုးတက်လာသော စွန့်ပစ်ရေသန့်စင်နိုင်ခြင်းသည်လည်း ပြန်လည်ရရှိနိုင်သော စွမ်းအင် ထုတ်လုပ်နိုင်ပြီး ဖန်လုံအိမ်အာနိသင်ဖြစ်ပေါ်စေသော ဓာတ်ငွေ့ ကိုလျော့ချနိုင်သည်။  

ရာသီဥတုပြောင်းလဲမှုကို ရေနဲ့ဖြေရှင်းဖို့လိုသော်ြငားလည်း အတိအကျလုပ်ဆောင်ရမယ့် အချက်များကိုမှု အရေရာရာ ပြောပြ၍မရသေးချေ။
ရာသီဥတု ပြောင်းလဲမှု ထိန်းသိမ်းရေး ပါရီ သဘောတူ စာချုပ် တွင် နိုင်ငံအလိုက်ခွဲ‌‌ေ၀ပါ၀င်ပတ်သက်မှုတွင် မူ၀ါဒချမှတ်ထုတ်ပြန်ချက် သို့မဟုတ် ကျယ်ပြန့်သောဗျူဟာများ (ရာသီဥတုနှင့်လိုက်လျောညီထွေရှိဖို့ရာ) အရ ရေ၏အရေးပါမှုကို အသိအမှတ်ပြုကြသည်။ သို့သော် တချို့သော ပါ၀◌င်ပတ်သက်မှုသည်သာ အမှန်တကယ် သေချာတိကျသော ရေနှင့်ဆိုင်ရာ ပြင်ဆင်မှုကို ရည်ရွယ်ထားသည်။ နိုင်ငံအလိုက်ခွဲ‌ေ၀ပါ၀င်ပတ်သက်မှု၏လုပ်ဆောင်ချက်များတွင် ရေ အရေးပါမှုအသိအမှတ်ပြုသော်လည်း အနည်းငယ်သာ မှာ ၄င်းနှင့်သက်ဆိုင်သော လုပ်ဆောင်ချက်များမှ ကျသင့်ငွေများကို ထည့်သွင်းပြီး အနည်းမျှသော အဖွဲ့အစည်းများသာ ရေနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို အဆိုပြုချက်များတွင် ထည့်သွင်းစဥ်းစားကြသည်။ လိုက်လျောညီထွေရှိခြင်းနှင့် လျော့ပါးစေခြင်း အခွင့်အလန်းများကြား ရှင်းလင်းသေချာသော ပေါင်းစပ်မှုများ ကို လက်တွေ့ မတွေ့ရှိရပေ။
ရေအတွက် ငွေကြေးအထောက်အပံ့ရောက်ရှိရန် ဥတုရန်ပုံငွေသည် အခွင့်အလမ်း ကောင်းတစ်ရပ် ဖြစ်သည်
အစိုးရဌာနမှာ လက်ရှိအချိန်တွင် ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ ရေပေး‌ေ၀မှုနှင့်ရေဆိုးနုတ်စနစ်များကို ပိုမိုသတိမူပြီး ငွေကြေးဖြည့်တည်မှုအားနည်းသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာရန်ပုံငွေများရှိနေသော်လည်း လျော့ပါးသက်သာရေးအတွက်သာြဖစ်နေပြီး ရေနှင့်စပ်လျဥ်းပြီး လိုက်လျောညီထွေဖြစ်ရေး အတွက် ကြား၀င်လုပ်ဆောင်ချက်များ မရှိသေးပေ။ သို့သော်လည်း ရင်းနှီးမြုံ့နှံသူတွေ မျက်စိကျလောက်စရာဖွယ် လက်တွေ့ကျကျ၊ စနစ်ကျကျ ပေါင်းစပ်ကာ လိုက်လျောညီထွေရှိဖို့ရန်၊ လျော့ပါးဖို့ရန် လုပ်ဆောင်ချက် အတွက်ကာ အခွင့်အလမ်းကောင်းတွေကို ရှိလာပါပြီ။ ဒါ့အပြင် ဒီလုပ်ဆောင်ချက်အမျိုးမျိုးသည် လူတစ်ဦး တစ်ယောက်အတွက် အလုပ်အကိုင်အခွင့်အလမ်း၊ လူထု ကျန်းမားရေးတိုးတက်စေခြင်း၊ ဆင်းရဲမှုလျော့ပါးခြင်း၊ ကျားမတန်းတူဆက်ဆံရေးတိုးပွားစေခြင်း နှင့် လူနေအဆင့်အတန်း မြင့်မားခြင်းစသည့် အကျိုးတူအခွင့်အလမ်းများကို ပေါ်ပေါက်စေပါသည်။ ရင်းနှီးမြုံ့နှံသူအတွက်လည်း "ဘဏ်များမှလုပ်ဆောင်နိုင်စွမ်း" (Bankability) ဆိုသည်ကိုလည်း မြှင့်တင်ပေးရာရောက်ပါသည်။
လိုက်လျောညီထွေဖြစ်ခြင်းနှင့် လျော့ပါးသက်သာစေခြင်း ကို အားထားခြင်းသည် ရေကိုအားပြုပြီး ဖြစ်ပေါ်နိုင်သော သုံးထပ်ကွမ်း စီမံချက် ဖြစ်ပေသည်။
ပထမတစ်ချက်မှာ ရေရှည်ရေအရင်းအမြစ်စီမံခန့်ခွဲရေး နှင့် ဘေးကင်းသော သောက်သုံးရေနှင့် ရေဆိုးနုတ်မြောင်းရရှိဖို့ရာ လူ့အခွင့်အရေး အတွက် အကျိုးပြုစေသည်။ ဒုတိယ တစ်ချက်မှာ ထူးခြားလွန်ကဲရာသီဥတုပြောင်းလဲမှုအခြေအနေများ၏ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်စေမှုများကို ဖြေရှင်းပေးသည်။ တတိယတစ်ချက်မှာ ရေရှည်ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဥ်များ ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်၍သော်လည်းကောင်း ဖြည့်ဆည်းပေးနိုင်သည်။

Translated by Kyaw Nyunt Linn



World Meteorological Day
Call for Proposals Stronger Partnerships: Local I...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal