ရာသီဥတုနှင့်ဆက်နွယ်သည့် လုံခြုံရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ခံနိုင်ရည်တည်ဆောက်ခြင်း

Picture တောင်ဆူဒန်ရှိ Sobat မြစ်။ ဓာတ်ပုံ - Owen Fuller / Flickr

ရာသီဥတုကြောင့်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များသည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအပေါ် မည်သို့သက်ရောက်မှုရှိသနည်း။ ရာသီဥတုနှင့်သက်ဆိုင်သော လုံခြုံရေးအန္တရာယ်များကို လျော့ပါးစေရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသော အချက်များကားအဘယ်နည်း။ စတော့ဟုမ်းရာသီဥတုလုံခြုံရေးဗဟို မှစီစဉ်သော ပြပွဲတစ်ခုသည် ဤမေးခွန်းများကို ဖြေဆိုရန်အတွက် နိုင်ငံတကာစပီကာ ၄ ခုကိုစုရုံးခဲ့သည်။

Aina Virginia Bituin Eriksson မှရေးသားသည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် ရာသီဥတုပြောင်းလဲမှုများ နှင့်တကွ ပိုမိုများပြားလာသော ရာသီဥတုနှင့်ဆက်စပ်သည့် သဘာဝဘေးဒဏ်များ မှတစ်ဆင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများသည် ပိုမိုပြင်းထန်လာပါသည်။ ထိုသို့သော ပြောင်းလဲမှုများသည် လူမှုအသိုင်းအဝိုင်းများနှင့် တိုင်းနယ်ပြည်နယ်များ၏ လုံခြုံရေးကို စိန်ခေါ်မှုများဖြစ်စေပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အခြေအနေများပိုမိုဆိုးရွားလာနိုင်သည်။ ရေ၏အရေးပါမှုသည် ကျန်းမာရေးဂေဟစနစ်နှင့် လူ့သာယာဝပြောမှုအတွက် တည်ငြိမ်သော လူ့အဖွဲ့အစည်းများတည်ဆောက်ရာတွင် အဓိကသော့ချက် ဖြစ်သည်။

၂၀၁၉ခုနှစ် ကမ္ဘာ့ရေအပတ်တွင် စတော့ဟုမ်းရာသီဥတုလုံခြုံရေးဗဟိုမှ ရာသီဥတုကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များသည် လူသားလုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်းပြသရန် စပီကာ(Climate Security Hub) ကို ဟောပြောသူ(၄)ဦးအား စုရုံးခဲ့သည်။ ကွဲပြားခြားနားသောနိုင်ငံလေးနိုင်ငံမှ သတင်းစကားများမှာ ထပ်တူကျပါသည်။ ရာသီဥတုလုံခြုံမှုသည် ဒေသခံ ခံနိုင်ရည်ရှိမှုအပေါ်တွင် အရေးကြီးသော ရှုထောင့်ပေါင်းစုံများမှ မှီခိုသည်။ထို့အပြင် ရာသီဥတုမလုံခြုံမှုကို လျှော့ချခြင်းတွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုကို များစွာလိုအပ်သည်။

ရာသီဥတုပြောင်းလဲခြင်းသည် ရေလွှမ်းမိုးမှုနှင့် မိုးခေါင်ရေရှားမှုကိုတိုးပွားစေသည်

တောင်ဆူဒန်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရာသီဥတုနှင့်ဆက်နွယ်သော လုံခြုံရေးအန္တရာယ်များ မြင့်တက်လာသည်။တောင်ဆူဒန်၏အဓိကရေအရင်းအမြစ်မှာ မိုးရေချိန်ဖြစ်ပြီး အကြီးဆုံးမြစ်များဖြစ်သော Sobat ၊ the White Nile နှင့် Bhar al-Ghazal အပါအဝင်မြစ်များစွာသည် နိုင်ငံတစ်ဝန်းလုံးကို ထောက်ပံ့ပေးနေသည်။Alier Oka ဟုခေါ်သော တောင်ဆူဒန်၏ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ လက်ထောက်သည် မိုးရွာသွန်းနှုန်း အလွန်မြင့်မားသော်လည်း သိုလှောင်မှုမရှိခြင်း၊ မလုံလောက်သော သန့်ရှင်းရေးနှင့် မလုံလောက်သော အစိုးရရန်ပုံငွေများကြောင့် တောင်ပိုင်းဆူဒန် လူဦးရေအတွက် သန့်ရှင်းသော ရေထောက်ပံ့မှု သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ရှင်းပြခဲ့သည်။ မိုးရွာသွန်းမှုတိုးများလာခြင်းကြောင့် ရေစီမံခန့်ခွဲမှု ပိုမိုရှုပ်ထွေးလာသည်။ ရလဒ်အားဖြင့် ရေလွှမ်းမိုးမှုများ၊ မြေပြိုခြင်းများနှင့် မိုးခေါင်ခြင်းများဖြစ်ပေါ်လာပြီး ၎င်းတို့သည် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် စီးပွားရေးကျဆင်းမှု နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေခြင်းတို့ကြောင့်ခံနိုင်ရည်အားနည်းလာစေသည်။
ဤစိန်ခေါ်မှုများကြောင့် တောင်ဆူဒန်ရှိရေသည် မမျှတစွာဖြန့်ဝေနေပြီး ကျေးလက်တောရွာသားများနှင့် လယ်သမားများအကြား ဖြစ်ပွားနေသော ပဋိပက္ခများကို ပိုမိုဆိုးရွားစေသည်။ ရေကိုရှာဖွေခြင်းသည် ပြည်သူလူထုအသိုင်းအဝိုင်း များကိုရွေ့ပြောင်းစေခြင်း၊ အရင်းအမြစ်များအတွက် ယှဉ်ပြိုင်ခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသို့ ဦးတည်စေသည်။

အုပ်ချုပ်မှုအားနည်းခြင်း၊ အခြေခံအဆောက်အအုံ မလုံလောက်ခြင်းနှင့် ထိခိုက်လွယ်သော အဖွဲ့အစည်းများသည် အချို့သောနိုင်ငံများအား ရေနှင့်ရာသီဥတုနှင့်သက်ဆိုင်သော လုံခြုံရေးအန္တရာယ်များကို အထူးသဖြင့် အားနည်းစေသည်

ရေနှင့်သက်ဆိုင်သော အနာဂတ်ရေစိန်ခေါ်မှုများ၏ ပထဝီဝင်ဆိုင်ရာလေ့လာမှုအရ ရေနှင့်သက်ဆိုင်သော ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်မှုအများဆုံးသော ဒေသများသည် အာဖရိကနှင့် အာရှတွင်တည်ရှိနေပေသည်။ ထိုလေ့လာမှုကိုရည်ညွှန်းပြီး နယ်သာလန်နိုင်ငံ၊ အခြေခံအဆောက်အအုံနှင့် ရေစီမံခန့်ခွဲမှု ဝန်ကြီးဌာန၊ ရေ၊ မြေဆီလွှာနှင့်ရေကြောင်းရေးရာ ဒါရိုက်တာ ဒေါက်တာအဲလစ်ဇဘက်ဗန်ဒွိုက်က ရာသီဥတုနှင့်ဆက်နွယ်သော လုံခြုံရေးအန္တရာယ်များသည် ရှုပ်ထွေးပြီး အခြေအနေပေါ်မူတည်ကြောင်း ပြောကြားခဲ့သည်။သို့သော်လည်း ဖြစ်ရပ်အများစုသည် ချက်ချင်းလုပ်ဆောင်ရန်နှင့် လိုက်လျောညီထွေသော ချဉ်းကပ်မှုဖြင့် ရေရှည်စီမံကိန်းရေးဆွဲရန် လိုအပ်ပေသည်။သို့သော် ရေရှည်စီမံကိန်းရေးဆွဲခြင်းတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအသိုင်းအဝိုင်းအတွက် ဆွဲဆောင်မှုအားနည်းနေသေးသည်။ထို့ကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ခံနိုင်ရည်တည်ဆောက်ခြင်းသည် အကြပ်အတည်းနှစ်ခုနှင့် ကြုံတွေ့နေရသည်။ ပဋိပက္ခ နှင့် လုံခြုံမှုကင်းမဲ့ခြင်းဆိုသည်မှာ ရာသီဥတုကြောင့်ဖြစ်ပေါ်လာသော အန္တရာယ်များကို ဖြေရှင်းရန်နှင့် လျှော့ချရန် စွမ်းရည်မရှိခြင်းကို ဆိုလိုသည်။ တစ်ချိန်တည်းမှာပင် လုံခြုံမှုကင်းမဲ့ခြင်းကြောင့် ဒေသခံများသည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို ပိုမိုခံစားနေရသည်။

ဂရပ်ဖစ် - အနာဂတ်ရေနှင့်ပတ်သက်သောစိန်ခေါ်မှုများ၏ပထဝီဝင်ပုံ။

ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရန် ရေရှည်မဟာဗျူဟာများ တည်ရှိပြီးဖြစ်သောဒေသများတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခသည် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေးအတွက် မဟာဗျူဟာများကို များစွာထိခိုက်နေစေသည်

Food4Humanity Yemen ကိုတည်ထောင်သူ Muna Luqman နှင့် ပါလက်စတိုင်း ရေအာဏာပိုင်အဖွဲ့၏ အကြီးအကဲဟောင်း ၀န်ကြီးဒေါက်တာ Shaddad Al-Attili တို့သည် အပြည်ပြည်ဆိုင်ရာပဋိပက္ခများအတွင်း ရေကို လက်နက်အဖြစ်အသုံးချခြင်း ဥပမာများနှင့် စပ်လျဉ်း၍ အပြင်းအထန်ပြောဆိုခဲ့ကြသည်။ရေအခြေခံအဆောက်အဦးများ၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် လမ်းများကို မကြာခဏပစ်မှတ်ထားလေ့ရှိပြီး၊ စစ်ရေးအရ အကျိုးအမြတ်ထက် နိုင်ငံရေးအကျိုးသက်ရောက်မှုအတွက် ပိုမိုများပြားသော အရပ်သားများကို ထိခိုက်စေသည်။လွမ်မန်ကရှင်းပြသည်မှာ ရေစုပ်စက်များပျက်စီးခြင်းသည် ယီမင်ရှိကျေးရွာများစွာကို ရေမရရှိခြင်း၊ အသက်မွေးဝမ်းကျောင်းထောင်ပေါင်းများစွာကို ထိခိုက်စေခြင်း၊ မိန်းကလေးများ ကျောင်းတွင်ကျောင်းတက်ခြင်းကို အနှောက်အယှက်ဖြစ်စေခြင်းနှင့် ကျန်းမာရေးပြဿနာများဖြစ်စေခြင်းတို့အပေါ်တွင် များစွာ သက်ရောက်နေကြောင်း ရှင်းပြခဲ့သည်။ပါလက်စတိုင်းတွင် ရေလှောင်ကန်သည် ဖျက်ဆီးခံရပြီး ၎င်းသည်ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းကို ထိခိုက်စေသည်။အဆိုးရွားဆုံးသောအချက်မှာ စစ်ပွဲများတွင် ရေကိုရေရှည်အကျိုးသက်ရောက်မှု ဖြစ်စေခြင်းဖြစ်ပြီး ဥပမာအားဖြင့် မသန့်ရှင်းသောမိလ္လာစနစ်ဖြင့် ရောဂါပြန့်ပွားခြင်းဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ အကြမ်းဖက်မှုများမှသည် ၀မ်းပျက်ဝမ်းလျှောရောဂါကြောင့် ငါးနှစ်အောက်ကလေးများသည် သေဆုံးရန်အကြိမ် ၂၀ နီးပါးပိုများသည်ဟု ယူနီဆက်မှ ၂၀၁၀ ပြည့်နှစ် ရေအောက်မီးဘေးအစီရင်ခံစာတွင် ဖော်ပြထားခဲ့သည်။

ရာသီဥတုနှင့်သက်ဆိုင်သော လုံခြုံရေးအန္တရာယ်များကို ခံနိုင်ရည်ရှိစေရန် တက်ကြွသော၊ နိုင်ငံရေးခေါင်းဆောင်မှုလိုအပ်သည်

ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန် နိုင်ငံရေးအလိုဆန္ဒမရှိခြင်း အတားအဆီးတစ်ခုဖြစ်နေသည်။ ဆွီဒင်နိုင်ငံခြားရေး၀န်ကြီး Inger Buxton က ရာသီဥတုပြောင်းလဲခြင်း၏ လုံခြုံရေးအပေါ် သက်ရောက်မှုများကို ဥပမာများဖြင့် အသိအမြင်မြှင့်တင်ရန် အကြံပြုခဲ့သည်။သို့သော် သူမက အသိပညာပေးမြှင့်တင်ရေးတစ်ခုတည်းသည် အဆုံးသတ်မဖြစ်နိုင်ကြောင်းမှတ်ချက်ပြုခဲ့သည်။

အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းသည် ဤအန္တရာယ်များကို NDCs ရှိ ဖွံ့ဖြိုးရေးနှင့်ရာသီဥတုလိုက်လျောညီထွေဖြစ်စေရေး အစီအစဉ်များ၊ ရာသီဥတုပြောင်းလဲမှု၏ မတည်မငြိမ်ဖြစ်စေသော သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့်ခံနိုင်ရည်ရှိမှုကို ထောက်ပံ့ပေးသော ဖွံ့ဖြိုးရေးနှင့် ရာသီဥတု လိုက်လျောညီထွေဖြစ်အောင် စီမံခြင်းအစီအစဉ်များမှတစ်ဆင့် ဖြေရှင်းရမည်။ဤကိရိယာများနှင့် အဖွဲ့အစည်းများသည် ပုံမှန်လေ့ကျင့်မှုများတွင် ရာသီဥတုနှင့် ဆက်စပ်သောလုံခြုံရေးအန္တရာယ်များ၊ပြဿနာအပါအဝင် စတင်ရန်လိုအပ်သည်။ ဒေါက်တာ Shaddad Al-Attili က အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကို လိုက်နာခြင်းသည် ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ဘေးကင်းမလုံခြုံမှုကို လျော့ပါးစေရန် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ဒေါက်တာ Shaddad Al-Attili က ဆက်လက်ပြီး "ကျွန်တော်တို့ရဲ့ ၁.၅ ဒီဂရီ ကတိကဝတ်ပြုမှုရဲ့ အနှစ်သာရကို မေ့သွားပြီး ဒီပစ်မှတ်ကို ဟန့်တားတဲ့သူတွေကို တာ၀ န်ယူမှုမပြုရဘူးဆိုရင် ဒါကပျက်စီးမှုကို ဖြစ်စေလိမ့်မယ်။ " ဟု ပြောကြားခဲ့သည်။


Translated by Kyaw Wai Thwin 

Source: Building resilience while tackling climate-related security challenges - Stockholm Environment Institute

Myanmar cracks down on illegal fishing in Myeik
Clarify Your Water with Drumstick Seeds
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal