မြို့ပြ ရေဆိုးစွန့်ပစ်ခြင်းစနစ် ကို သဘာဝနှင့် ချိတ်ဆက်ခြင်း

IWA-1 Current centralised vs. future decentralised and NBS based concepts for urban sanitation. Source: F.Masi, A.Rizzo, M.Regelsberger (2018). The role of constructed wetlands in a new circular economy, resource oriented, and ecosystem services paradigm. Journal of Environmental Management.

ဇီဝဓာတု လည်ပတ်မှုများ ပြိုကွဲခြင်း ။ ဤစိန်ခေါ်မှုများကို ကျွန်ုပ်တို့ ကျော်လွှားနိုင်ပါ့မလား။

ဇီဝဓာတုလည်ပတ်မှုဆိုသည်မှာ ဂေဟစနစ်အတွင်း ဓာတုပစ္စည်းများနှင့် မော်လီကျူးများ၏ရွေ့လျားမှုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ ထိုစက်ဝန်းများတွင် ကမ္ဘာပေါ်ရှိ သက်ရှိများ တည်မြဲရန် မရှိမဖြစ်လိုအပ်သော ကာဗွန် ၊ အောက်ဆီဂျင် ၊ နိုက်ထရိုဂျင် ၊ ဖော့စဖောရပ် (စ်) ၊ ဆာလဖာ နှင့် ရေ အစရှိသည့် သံသရာစက်ဝန်းများ ပါဝင်ပါသည်။ သို့ရာတွင် လူသားများ၏ လုပ်ဆောင်ချက်များသည် ဤသဘာဝဖြစ်စဉ်များ အပေါ်တွင် ပြင်းထန်စွာ သက်ရောက်လျက်ရှိပေသည်။ ဥပမာအားဖြင့် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏမြင့်တက်လာမှုသည် ပင်လယ်သမုဒ္ဒရာများတွင် အက်စစ်ပါဝင်မှု ပိုမိုများပြားလာစေခြင်း ၊ သက်ရှိများ၏သဘာဝဖြစ်စဉ်များ ၊ အစာကွင်းဆက်များ အားနှောင့်ယှက်ခြင်း ၊ ရေအရင်းအမြစ်များအား လျော့ကျစေခြင်း နှင့် အခြားသော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

နိုက်ထရိုဂျင် လည်ပတ်မှုများ ( Nitrogen cycles )ပျက်စီးရခြင်းအကြောင်း

သီးနှံအထွက်တိုးရန်အတွက် စိုက်ပျိုးမြေများတွင် နိုက်ထရိုဂျင် (N2) ဓာတ်မြေသြဇာများ လွန်ကဲစွာ အသုံးပြုခြင်းသည် မြေဆီလွှာအာဟာရဓာတ် လွန်ကဲမှုကို ဖြစ်ပေါ်စေနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် တိုးပွားလာသောလူဦးရေအတွက် စိုက်ပျိုးမြေပမာဏမလုံလောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

ဖော့စဖောရပ် (စ်) လည်ပတ်မှုများ ( Phosphorous cycles ) ပျက်စီးရခြင်းအကြောင်း

ဖော့စဖောရပ် (စ်) ပေါများရာနေရာများရှိ မိုင်းတွင်း (mine industry) များမှ အမြောက်အမြားထွက်ရှိလာသော ဖော့စဖိတ် (phosphates) များအား ရေတွင်းရေကန်များ ၊ မြစ်ချောင်းအင်းအိုင်များ နှင့် ပင်လယ်သမုဒ္ဒများအတွင်းသို့ စွန့်ပစ်မှုများကြောင့် ဖော့စဖောရပ် (စ်) လည်ပတ်မှု (Phosphorous cycles) ပျက်စီးခြင်းအပေါ်တွင် များစွာသက်ရောက်မှုများ ရှိနေပေသည်။ ထို့အပြင် ကျွန်ုပ်တို့လူသားများ၏ လုပ်ဆောင်ချက်များကြောင့် ကမ္ဘာပေါ်ရှိ အနည်းငယ်သော ရေချိုအရင်းအမြစ်များအား ညစ်ညမ်းစေသည့်အပြင် ထုတ်ယူသုံးစွဲမှုပမာဏ သည်လည်း တိုးပွားလျက်ရှိနေပါသည်။

ဤကဲ့သို့သော ဇီဝဓာတုစက်ဝန်းများ ပြိုကွဲမှုသည် ဂေဟစနစ်ရေရှည်တည်တံ့မှုကို အနှောင့်အယှက် ဖြစ်စေသည်။ သို့ဖြစ်၍ သဘာဝအရင်းအမြစ်များ ၊ မြေ ၊ ရေ နှင့် အာဟာရဓာတ်များအား" ထုတ်ယူခြင်း ၊ သုံးစွဲခြင်း ၊ စွန့်ထုတ်ခြင်း " ( take, use and dispose ) စနစ်ဖြင့်သာ ဆက်လက်အသုံးပြုနေမှုသည် လူသားများအပါအဝင် ကမ္ဘာ့သက်ရှိများ၏ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရေရှည်တည်တံ့နိုင်မည့် နည်းစနစ်တစ်ခုမဟုတ်ချေ။

ရေဆိုးစွန့်ပစ်ခြင်း နှင့် သဘာဝကို အခြေခံသောဖြေရှင်းချက်များ ( Nature-Based Solutions ) အပြန်အလှန် မည်ကဲ့သို့ အကျိုးပြုကြမည်နည်း ။

လူတို့စွန့်ထုတ်လိုက်သော မိလ္လာအညစ်အကြေးများအား သန့်စင်ပေးသော စနစ်ဖြစ်သည့် ရေဆိုးသန့်စင်ခြင်းစနစ်သည် ဇီဝဓာတုစက်ဝန်းများဖြင့် နီးကပ်စွာ ဆက်နွယ်လျှက်ရှိပါသည်။ ကာဗွန်သည် မိလ္လာအညစ်အကြေးများတွင် အဓိကပါဝင်နေပြီးဆီး နှင့် အခြားသော ရေဆိုးများတွင်လည်း ရာခိုင်နှုန်းအားဖြင့် အတိုင်းအတာတစ်ခုအထိ ပါဝင်နေပါသည်။ ထို့ကြောင့် ရေဆိုးသန့်စင်ရာတွင် အော်ဂဲနစ် (Organic) ပစ္စည်းများအား အပြည့်အဝဖယ်ရှားရန် စွမ်းအင်များ အမြောက်အမြားလိုအပ်သည့်အပြင် ကာဗွန်ပါဝင်မှုများကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များလည်း များစွာ ထွက်နိုင်ပေသည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ပိုမိုထုတ်လွှတ်မှုကို ဖြစ်ပေါ်စေသောကြောင့် ရေဆိုးသန့်စင်ခြင်းစနစ်သည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အပေါ်တွင် များစွာ သက်ရောက်လျှက်ရှိနေသည်။

မြေဆီလွှာအတွင်းရှိ ကာဗွန်သည် မြေဆီလွှာကျန်းမာရေး အတွက် များစွာ အရေးပါပေသည်။ သို့ရာတွင် လွန်ကဲသော စိုက်ပျိုးရေး အလေ့အကျင့်များကြောင့် မြေဆီလွှာအတွင်းရှိ ကာဗွန်ပါဝင်မှုသည် လျော့နည်းသွားနိုင်ပေသည်။ ထို့အပြင်ကာဗွန်သည် ဓာတ်မြေသြဇာများမှ နိုက်ထရိုဂျင် (N2) ရယူစုဆောင်းရန်အတွက် လိုအပ်သော နိုက်ထရိုဂျင် ပြိုကွဲခြင်းဖြစ်စဉ်တွင်လည်း အထောက်အပံ့ ပေးနိုင်ပေသည်။ ထို့ကြောင့် ကာဗွန်ချို့တဲ့ခြင်းသည်လည်း နိုက်ထရိုဂျင် (N2) စက်ဝန်းအပေါ်တွင် သက်ရောက်မှုရှိနေပြန်သည်။

ကျွန်ုပ်တို့သည် ရေဆိုးသန့်စင်ခြင်းလုပ်ငန်းတွင် စက်ရုံကုန်ကျစရိတ်၏ နှစ်ပုံသုံးပုံကို နိုက်ထရိုဂျင် (N2) ပြောင်းလဲမှုဖြစ်စဉ်အတွက် ရင်းနှီးမြုပ်နှံထားရပေသည်။ တစ်နည်းဆိုသော် နိုက်ထရိုဂျင် (N2) ပြောင်းလဲမှုဖြစ်စဉ် ဆိုသည်မှာ ရေဆိုးတွင်ပါဝင်သော အမိုးနီးယား (NH3) မှ နိုက်ထရိတ် (NO3) သို့ ဓာတ်တိုးခြင်းဖြစ်ပြီး နိုက်ထရိတ် (NO3) မှတစ်ဆင့် နိုက်ထရိုဂျင်မော်လီကျူး (N2) အဖြစ်သို့ ပြောင်းလဲပြီး ဓာတ်ငွေ့အဖြစ် လေထုထဲသို့ ထုတ်လွှတ်လိုက်ခြင်း ဖြစ်ပေသည်။ ထို့နောက်တွင် စွမ်းအင်များစွာလိုအပ်သော Haber-Bosch ဓာတ်ပြုခြင်းနည်းအားဖြင့် နိုက်ထရိုဂျင်မော်လီကျူး (N2) မှ နိုက်ထရိတ် (NO3) အဖြစ်သို့ တစ်ဖန်ပြန်လည် ဓာတ်လျှော့ခြင်းဖြင့် အစာထုတ်လုပ်မှုအတွက် လိုအပ်သော ဓာတ်မြေသြဇာများ ထုတ်လုပ်နိုင်ပေသည်။
ပုံ - ၂ ။ ရေဆိုးသန့်စင်ခြင်း နှင့် ဓာတ်မြေသြဇာထုတ်လုပ်ခြင်း ရှိ နိုက်ထရိုဂျင်စက်ဝန်း
  • ရေဆိုးတွင်ပါဝင်သော အမိုးနီးယား (NH3)မှ ဓာတ်မြေသြဇာများထုတ်လုပ်ရန် လိုအပ်သော အမိုးနီးယား (NH3) အဖြစ် နိုက်ထရိုဂျင်စက်ဝန်းမှတစ်ဆင့် ပြောင်းလဲရန် အဘယ်ကြောင့် စွမ်းအင် နှင့် ငွေကြေးအများအပြားသုံးစွဲရသနည်း။
  • ရေဆိုးပိုက်အဆုံးတွင် အညစ်အကြေးများ နှင့် အခြားကောင်းသော အရာများအား အတူတကွရောနှောစေခြင်း သည် မှန်ကန်ပါရဲ့လား။
  • ရေဆိုးစီမံရေးတွင် ကျွန်ုပ်တို့၏ အမြင်ကို သုံးစွဲပြီးသည်နှင့်ပြန်လည်လှည့်မကြည့်ခြင်း
  • ̏ Flush and Forget ˝ ပုံစံမှ ပိုမိုကောင်းမွန်သော ရေရှည်တည်တံ့နိုင်မည့် ပုံစံသစ်တစ်ခုသို့ မပြောင်းလဲသင့်ပေဘူးလား။

ပထမဆုံးအနေဖြင့် ရေဆိုးအား တန်ဖိုးပြန်လည်ရရှိနိုင်သည့် ဈေးကွက်ထုတ်ကုန်များ ဖြစ်သော ဓာတ်မြေသြဇာများ ၊ ဇီဝပလတ်စတစ်များ နှင့် ဇီဝလောင်စာများ အဖြစ်သို့ လွယ်ကူစွာ ပြောင်းလဲပေးနိုင်သည့် ဓာတုပစ္စည်းများအား သယ်ဆောင်လာသော အရာများနှင့် အခြားသော လုပ်ငန်းဆောင်တာများတွင် ပြန်လည်အသုံးပြုရန် ရေအရင်းအမြစ်တစ်ခု အနေဖြင့် မြင်ယောင်ကြည့်ရန် လိုအပ်ပေသည်။ ရေရှည်တွင်လည်း စိတ်ချရပြီး အားကောင်းသော စွမ်းဆောင်ရည်များ ထိန်းသိမ်းထားနိုင်သည့်အပြင် ရေဆိုးသန့်စင်ခြင်း ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်မည့် နည်းပညာများအား အလေးပေးရန်လိုအပ်ပေသည်။ အထက်ပါဖြစ်စဉ်နှစ်ခုလုံး အတွက် သဘာဝအခြေပြု ဖြေရှင်းချက်များ (Nature-Based Solutions, NBS) သည် ကုန်ကျစရိတ် နှင့် ကာဗွန်ခြေရာအား လျှော့ချရေးတွင်လည်းကောင်း ၊ သဘာဝအရင်းအမြစ်များ၏ အကျိုးသက်ရောက်မှုကို မြှင့်တင်ရန်အတွက်လည်းကောင်း အလားအလားကောင်းတစ်ခုအနေဖြင့် ပေါ်ထွက်လာပေသည်။

သဘာဝအခြေပြု ဖြေရှင်းချက်များ သည် စီးပွားရေးလည်ပတ်မှု ၊ အရင်းအမြစ်အခြေပြုမှု ၊ စိမ်းလန်းသော အခြေခံအဆောက်အအုံ နှင့် ဂေဟစနစ်ဝန်ဆောင်မှုတို့ကို ကမ္ဘာတစ်ဝန်းရှိ ရေဆိုးစနစ်နှင့် ချိတ်ဆက်ပေးသည့် သဘောတရားဖြစ်ပေသည်။ ဥရောပကော်မရှင် သုတေသန နှင့် ဆန်းသစ်တီထွင်မှုဌာန(the European Commission R&I Department) အရ NBS ဆိုသည်မှာငွေကြေးကုန်ကျသက်သာသော သဘာဝပတ်ဝန်းကျင် လူနေမှုနှင့် စီးပွားရေး အကျိုးအမြတ်များကိုထောက်ပံ့ပေးသော သဘာဝတရား လွှမ်းမိုးသည့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများ၏ ဖြေရှင်းချက် တစ်ခုဖြစ်သည်။ ဤ ဖြေရှင်းချက်များသည် မတူကွဲပြားမှုများ၊ သဘာဝ အင်္ဂါရပ်များ၊ ဖြစ်စဉ်များကို လူမှုပတ်ဝန်းကျင်အတွင်းသို့ ပိုမို ကောင်းမွန်သော စနစ်တစ်ခုကို ယူဆောင်လာပေးသည်။

ရေသုံးစွဲခြင်းဆိုင်ရာ မြို့ပြစီမံကိန်း ရေးဆွဲသူများသည် ရေဆိုးတိုက်ရိုက် စွန့်ထုတ်ခြင်းအား အလေးပေးသောစနစ်မှ ရေအရင်းအမြစ်အသစ်နှင့် အာဟာရဓာတ်များကို ပြန်လည်ဖြည့်တင်း ရရှိစေနိုင်သည့် သဘာဝအခြေခံသောဖြေရှင်းချက်များကို အများပြည်သူအပန်းဖြေနေရာများ ၊ အဆောက်အအုံများ၏ အတွင်းအပြင် နံရံများပေါ်တွင် လည်းကောင်း အမိုးများပေါ်တွင် လည်းကောင်း ဖန်တီးနိုင်ပေသည်။ ထို့အပြင် စိုစွတ်မြေများအတွက်ရည်ညွှန်းသော သန့်စင်စနစ်သည် အပင်ငွေ့ပျံခြင်း ၊ တောရိုင်းတိရစ္ဆာန်စားကျက်မြေများနှင့် ဂေဟစနစ်လည်ပတ်မှုများကို အထောက်အကူပြုနိုင်ပေသည်။ ထို့ကြောင့် မြို့ပြအပူချိန်လျှော့ချခြင်း ၊ ရေသိုလှောင်မှု နှင့် စီမံခန့်ခွဲမှု ၊ ရှုမြော်ခင်းနှင့် စိမ်းလန်းသော ပတ်ဝန်းကျင်တည်ဆောက်ရေး တို့ကိုလည်း ဖန်တီးပေးနိုင်ပေသည်။
Current centralised vs. future decentralised and NBS based concepts for urban sanitation.
အောက်ပါဇယားသည် သဘာဝ အခြေခံဖြေရှင်းချက်များအား အကောင်အထည်ဖော် ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချို့သော အချက်များ နှင့် ကောင်းကျိုးများကို ဖော်ပြထားသည်။
ရေပြန်လည်အသုံးပြုခြင်း - ဒေသအလိုက် အပန်းဖြေဆိုင်ရာ လုပ်ငန်းများတွင် ပြန်လည်အသုံးချရန် ရေဆိုးသန့်စင်ခြင်း။ 
- မိုးရေခံခြင်း ၊ သန့်စင်ခြင်း နှင့် သိုလှောင်ခြင်း ။ ရေပြန်လည်အသုံးပြုရန် ကပ်ငြိနေသော အညစ်အကြေးများအား သန့်စင်ခြင်း။
- ဘက်စုံသုံးစွဲရေးအတွက် သင့်တော်သော အဆင့်ထိ ပိုးသတ်ခြင်း။ ပြန်လည်အသုံးပြုရန်အတွက် ကျန်ရှိနေသော သန့်စင်ပြီးရေများကို တစ်ဆင့်ပြန်လည်သန့်စင်ခြင်း။
ဇီဝဓာတ်မျာပြန်လည်ရယူခြင်း - သဘာဝအခြေပြု ဖြေရှင်းချက်များ အဖြစ် မွေးမြူရေးလုပ်ငန်းများတွင် ကြိုတင်ကုသပေးခြင်း   (ရောဂါသယ်ဆောင်သောပိုးမွှားများနှင့်အန္တရာယ်ဖြစ်စေနိုင်သော အရာမျာအား လျှော့ချခြင်း။) 
- မိလ္လာအညစ်အကြေးများမှ လောင်စာ ထုတ်ယူခြင်း။
- ဇီဝစက်ရုံများတွင် ပြန်လည်အသုံးပြုရန် ရေညှိများအား မွေးမြူခြင်း နှင့် ရိတ်သိမ်းခြင်း။
စွမ်းအင်ထုတ်လုပ်ခြင်း - ပြန်လည်မွမ်းမံခြင်းအဆင့်အနေဖြင့် အောက်စီဂျင်မလိုအပ်သော ဓာတ်ပေါင်းဖိုများတွင် သဘာဝအခြေပြု ဖြေရှင်းချက်များ အသုံးပြုခြင်း။ 
- ဇီဝလောင်စာထုတ်လုပ်မှုတွင် အသုံးပြုခြင်း။
- ရေဆိုးစုဆောင်းခြင်း ၊ အပူပြန်လည်ရယူခြင်း နှင့် သန့်စင်ခြင်း။
ဂေဟစနစ်ထောက်ပံ့ဝန်ဆောင်မှုများ - ရေရှည်တည်တံ့သော ရေနုတ်မြောင်းစနစ်ကို အခြေခံ၍ မိုးရေသိုလှောင်ရေး နှင့် အပန်းဖြေခြင်း နှင့် စိုစွတ်မြေဂေဟစနစ်များအတွက် ဘက်စုံသုံး သန့်စင်ပြီးရေများအား အသုံးပြုခြင်း။
- ဂေဟစနစ်ဝန်ဆောင်မှုများအဖြစ် အဆော က်အဦးများတွင် စိမ်းလန်းသော အမိုး၊ နံရံများ နှင့် အပန်းဖြေနေရာမျာဖြစ်သော ပန်းခြံများ တည်ဆောက်ခြင်း ၊ စားကျက်မြေများတွင် သဘာဝနည်းဖြင့် အစာထုတ်လုပ်မှုများအား ထောက်ပံ့ခြင်းဖြင့် စိမ်းလန်းမြေများ ပြန်လည်ပေါ်ထွက်လာစေခြင်း။

ရေသိုလှောင်ခြင်း သဘောတရားသည် ရေကြီးရေလျှံမှု အန္တရာယ်ကို လျှော့ချပေး နိုင်ရုံမက သဘာဝဒြပ်ပေါင်း၊ ဇီဝဓာတ်များ အပြင် ရေနေသတ္တဝါများနှင့် လူများကို ကင်ဆာဖြစ်စေနိုင်သော အရာများ ထွက်ပေါ်ခြင်းကို ပိတ်ပင်တားဆီးပေးနိုင်သည့်အတွက် မြို့ပြတွင် NBS များအား အကျိုးရှိစွာ အသုံးပြုရန် နယ်ပယ်များစွာ ရှိနေပေသည်။ ယင်းတို့မှာ

  • မြို့၏ရေသိုလှောင်နိုင်စွမ်းကို တိုးမြှင့်ခြင်း
  • တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝ မျိုးကွဲများအား တိုးပွားစေခြင်း
  • သီးနှံအထွက်တိုးပြီး နေချင့်စဖွယ် နေရာများ ဖန်တီးခြင်း
  • လေထုညစ်ညမ်းမှု လျှော့ချခြင်း
  • ရာသီဥတုပြောင်းလဲခြင်းနှင့်အညီ မြို့ပြများကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးခြင်း တို့ဖြစ်ပေသည်။

ထို့ကြောင့် NBS သဘောတရားသည် မြို့ပြ စီမံကိန်း လုပ်ငန်းစဉ်တိုင်းတွင် အခြေခံ ဗျူဟာတစ်ခု ဖြစ်လာပေသည်။ NBS များသည် ပြုပြင်ထိန်းသိမ်းမှုနှင့် စက်ယန္တရားလည်ပတ်ခြင်း စရိတ် နည်းသောကြောင့် နေရာတိုင်းတွင် အလွယ်တကူ အသုံးပြုနိုင်ပေသည်။ သို့ရာတွင် ဤစနစ်ကို အကောင်အထည် ဖော်ရန် လူနေမှုစနစ်ပုံစံ ပြောင်းလဲခြင်းများ လိုအပ်ပေသည်။

အချုပ်အားဖြင့်ဆိုသော် အထက်ပါအချက်များအား အခြေခံ၍ စိမ်းလန်းသော မြို့ပြတစ်ခု ပေါ်ထွက်လာရန်ပြုပြင်ပြောင်းလဲခြင်းများ ပြုလပ်သင့်ပေတော့သည်။


Translated by Thandar from Yangon Technological University 

Source: "Integrating Nature into Urban Sanitation Services" - International Water Association

Myanmar Water Journal - December 2019
မြေအောက်မိုးရေလှောင်ကန်စီမံကိန်း
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal