သန့်ရှင်းသောသောက်သုံးရေနှင့် မိလ္လာစနစ် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့မှတဆင့် ဘိုကလေးမြို့နယ်ရှိဒေသခံများ၏ လူနေမှုဘဝများတိုးတက်ပြောင်းလဲလာ
- အခြေခံပညာဉီးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန နှင့် လီယန်အိဒ် (Lien AID) တို့မှ ပြည်သူလူထုစီမံခန့်ခွဲသော ရေရရှိရေးအစီအစဉ်မှတစ်ဆင့် အကောင်အထည်ဖော်ခဲ့သော ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဝန်ဆောင်မှုများအားကျေးရွာ ၅ ရွာမှ ဒေသခံ ရပ်မိရပ်ဖများနှင့် ကျောင်း ၂ ကျောင်းမှ ကျောင်းအုပ်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
- လူဉီးရေ ၃၈၃၃ဦး တို့သည် ခြောက်သွေ့ရာသီတွင် အဆင်ပြေချောမွေ့ပြီး တန်ဖိုးသင့်တင့်စွာဖြင့် သောက်သုံးရေလုံလောက်စွာရရှိနေပြီဖြစ်သည်။
- ကျောင်းသား၊ကျောင်းသူပေါင်း ၁၆၈ ဉီးတို့သည် စာသင်ချိန်ပိုမိုရရှိပြီး ကျောင်းတွင်း သန့်ရှင်းသော အဆင့်မီအိမ်သာ ၊ လက်သန့်စင်ရေးအသုံးအဆောင်များ နှင့် ရေပေးဝေမှုတို့မှတစ်ဆင့် တစ်ကိုယ်ရေ သန့်ရှင်းမှု အလေ့အကျင့်များ ဖြစ်ထွန်းလာကြသည်။
- လီယန်အိဒ်၏ ပြည်သူလူထုစီမံခန့်ခွဲသော ရေရရှိရေး အစီစဉ်မှ ၂၀၂၀ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးရှိ မြိုနယ် ၅ မြို့နယ်မှ ကျေးရွာလူထု ၂၅,၀၀၀ နှင့် ကျောင်းသားပေါင်း ၂၀၀၀ တို့အား အကျိုးပြုရန် မျှော်မှန်းထားသည်။
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၉ ၊ ဧရာဝတီတိုင်းဒေသကြီး ။။ ဘိုကလေးမြို့နယ်ရှိကျေးရွာ ၅ ရွာ ဖြစ်သည့် ကွန်ပင်၊ လှေလုံးကွဲ၊ မငဲ့ကြီး၊ မရဲ့ရွာသစ်၊ နှင့် သဲချောင်း ကျေးရွာတို့သည် Lien AID (လီယန်အိဒ်)၏ ပြည်သူလူထုစီမံခန့်ခွဲသော ရေရရှိရေး အစီစဉ်မှတစ်ဆင့် အကောင်အထည်ဖော်ခဲ့ကြသော ကျေးရွာရေရရှိရေး ဝန်ဆောင်မှုကို ယနေ့တွင် ဘိုကလေးမြို့နယ် မြို့တော် ခန်းမ၌ လွှဲပြောင်းရယူခဲ့ပါသည်။ ထို့အပြင်လှေလုံးကွဲကျေးရွာ နှင့်မငဲ့ကြီးကျေးရွာရှိ စာသင်ကျောင်း ၂ ကျောင်းတွင် အကောင်အထည်ဖော်ခဲ့သော ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး ဝန်ဆောင်မှုများအား ကျေးရွာကျောင်းအုပ်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ၏ Deputy Chief of Mission and Counsellor ၊ ဘိုကလေး မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ၊ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးဉီးစီးဌာန နှင့် လီယန်အိဒ် (Lien AID)မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ နှင့် ဒို့ရေ ဟီးရိုးများ တက်ရောက်ခဲ့ကြပါသည်။
လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ၏ Deputy Chief of Mission and Counsellor ဖြစ်သူ Mr David Liang က "လီယန်အိဒ်၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၊ ဘိုကလေးမြို့နယ် အခြေခံပညာဉီးစီးဌာန တို့နဲ့ ပူးပေါင်းပြီး ကျေးရွာ ၅ ရွာမှာရှိတဲ့ အိမ်ထောင်စုများနဲ့ ကျေးရွာ ၂ ရွာမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သန့်ရှင်းတဲ့သောက်သုံးရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ် ဖြစ်ထွန်းရေး အတွက် အခုလို ပူးပေါင်းလုပ်ဆောင်ခွင့်ရတာ ကျွန်တော်တို့ အရမ်းကို ဝမ်းသာပါတယ်။ ဒါက ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လူနေမှုဘဝတိုးတက်စေရေးမှာ အထောက်အကူပြုမှာဖြစ်ပါတယ်။ စင်ကာပူ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ရဲ့အောက်မှာရှိတဲ့ ပူးတွဲငွေကြေးထောက်ပံ့မှုကနေ စင်ကာပူအနေနဲ့ ကုလသမဂ္ဂ ၂၀၃၀ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ကတိကဝတ်ပြု အကောင်အထည်ဖော်လျက်ရှိတယ်ဆိုတာကို ကိုယ်စားပြုတာဖြစ်ပြီး အထူးသဖြင့် ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင် နံပါတ် ၆ ဖြစ်တဲ့ အားလုံးအတွက် သန့်ရှင်းသော သောက်သုံးရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ်ကို အဓိကထားလုပ်ဆောင်ခြင်းဖြစ်ပါတယ်။"ဟု ဆိုသည်။
အကောင်အထည်ဖော်ဆောင်ရွက်ထားသော ပြည်သူလူထုရေရရှိရေးဝန်ဆောင်မှုများသည် ခြောက်သွေ့ရာသီတွင် ရေရှားပါးမှုဒဏ်လျော့ပါးသွားစေပြီး ရွာ ၅ ရွာရှိ အိမ်ထောင်စုပေါင်း ၇၇၃ စု၏ရေသိုလှောင်ထားရန်လိုအပ်မှုလည်း လျော့ကျစေမည်ဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူပေါင်း ၁၆၈ ဉီးတို့သည်လည်း စာသင်ချိန်အတွင်း သောက်သုံးရေ ခပ်စရာမလိုတော့ဘဲ ကျောင်းတွင်း သန့်ရှင်း စိတ်ချရသော မိလ္လာစနစ်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေ့အကျင့် ရစေ မည်ဖြစ်ပါသည်။
၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် လီယန်အိဒ်သည် ဧရာဝတီတိုင်းဒေသကြီးတွင် သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ် ဝန်ဆောင်မှုများ အကောင်အထည်ဖော်နိုင်ရန် ဒေသတွင်း တက်ကြွစွာပါဝင်အားဖြည့်သူများအား တွန်းအားပေးရန်နှင့် ၎င်းတို့၏ ဒေသတွင် ရေအရင်းအမြစ်များ စီမံခန့်ခွဲနိုင်စေရန် ပြည်သူလူထု စီမံခန့်ခွဲသော ရေရရှိရေး အစီအစဉ်ကို မိတ်ဆက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၃၅ ရွာမှ လူဦးရေ ၂၅၀၀၀ ကျော် နှင့် ကျေးရွာကျောင်းပေါင်း ၂၀ မှ ကျောင်းသားပေါင်း ၂၀၀၀ ကျော်တို့အား အကျိုးပြုမည်ဖြစ်သည်။
ပြည်သူလူထု စီမံခန့်ခွဲသော ရေရရှိရေး အစီစဉ်အပြင် လီယန်အိဒ်သည်ဒေသတွင်း ပြည်သူလူထု ကျန်းမာရေးနှင့် လူနေမှုဘဝတိုးတက်စေရေး၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ်ဝန်ဆောင်မှုများ အရည်အသွေးတိုးတက်လာပြီး ရေရှည်တည်တံ့စေရန် နှင့် စိတ်ချရသောတစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်များ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်း စေရေးအတွက်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အဆင့် ပါဝင်သင့်သူများအား စုစည်းပံ့ပိုးရေး စီမံကိန်းများနှင့် ဦးဆောင်ဦးရွက်မှုများကို လုပ်ဆောင်လျက်ရှိသည်။
Lien AID (လီယန်အိဒ်) အကြောင်း
Lien AID (လီယန်အိဒ်) ကို ၂၀၀၆ ခုနှစ်တွင် အမြတ်အစွန်းအတွက်မဟုတ်သော non-profit အဖွဲ့အစည်းတစ်ခု အဖြစ် တည်ထောင်ခဲ့ပြီး အာရှဒေသအတွင်းရှိ အခက်အခဲကြုံတွေ့နေရသော ပြည်သူလူထုများအတွက် အခြေခံအကျဆုံး သန့်ရှင်းသောရေနှင့် ကောင်းမွန်သော ပတ်ဝန်းကျင်သန့်ရှင့်ရေးစနစ်တို့ကို တိုးတက်ကောင်းမွန်စွာရရှိအောင် လုပ်ဆောင် ပေးခြင်းဖြင့် ကျန်းမာရေးနှင့်လူမှုဘဝများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်သည်။ ဒေသတွင်း ရေကောင်း ရေသန့်နှင့် စနစ်ကျသောပတ်ဝန်းကျင်သန့်ရှင်းရေးစနစ် တိုးတက်ကောင်းမွန်အောင် ပူးပေါင်းလုပ်ဆောင်လျက်ရှိသော၊ဦးဆောင်လုပ်ကိုင်နေသော ဒေသခံခေါင်းဆောင်များနှင့် ကျွမ်းကျင်ပညာရှင်များကို ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရန် စုစည်း ပေးသူအနေဖြင့်လည်းကောင်း၊ အားဖြည့်ကူညီသူအနေဖြင့်လည်းကောင်း Lien AID (လီယန်အိဒ်) မှ လုပ်ဆောင် လျက်ရှိပါသည်။
၂၀၁၆ ခုနှစ်မှစ၍ Lien AID အနေဖြင့် မြန်မာအစိုးရ၊ အခြားအမြတ်အစွန်းအတွက်မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအကျိုးပြုအဖွဲ့အစည်းများ၊ ရပ်ရွာခေါင်းဆောင်များအပါအဝင် အလွှာအသီးသီးတွင်ရှိသောသူများအားလုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအတွက် သန်ရှင်းသောရေနှင့် စနစ်ကျ သော ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ်များရရှိနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
ကြူကြူသင်း
Senior Account Executive
RICE Communications
M: +95 9 425 294 606
E: This email address is being protected from spambots. You need JavaScript enabled to view it.
ဇင်မောင်ထွန်း
Senior Account Executive
RICE Communications
M: +95 9 266 005 004
E: This email address is being protected from spambots. You need JavaScript enabled to view it.