မြေအောက်ရေအောင်းလွာထဲသို့ရေငန်တိုးဝင်ခြင်းနှင့်မဟာရန်ကုန် - အပိုင်း ၃

The-Ghyben-Herberg-Principle

ရေချို၊ရေငန် အမျိုးအစား၊အဆင့်ခွဲခြားခြင်း (Grading of Fresh water Salt water)

ရေချိုရေငန်အမျိုးအစားများကို ဇလဘူမိဗေဒဆိုင်ရာနည်းပညာများအရ၊ရေတွင်ပျော်ဝင်နေသောဓါတ်ပစ္စည်း(ဓါတ်ဆား)စုစုပေါင်းပျော်ဝင်မှု့ပမာဏ (Total Dissolved Solid / TDS) ဆားဓါတ်ပါဝင်မှု့အနဲအများ နှင့်ကလိုရိုက်ပျော်ဝင်မှု့အနဲအများအလိုက်(၄)မျိုးခွဲခြားထားပါသည်။

ရေအမျိုးအစား

ဓါတ်ဆားပျော်ဝင်မူ့ပမာဏ

အငန်ဓါတ်(ကလိုရိုက်) ပါဝင်မူ့

ရေချို Fresh water

0 – 1000 TDS mg/l

CL <300mg/l

ငန်ငြိငြိ(ရေ) နဲနဲငန်သောရေBrackish water

1000 – 10,000 TDS mg/l

Cl 300 – 10,000 mg/l

ဆားငန်ရေ Saline water

10,000 – 1000,000 mg/l

Cl > 10,000 mg/l

ဆားငန်ရေ(ပင်လယ်ရေ) Brine (Sea water)

>1000,000 mg/l (Sea water)

Cl >= 19,000 mg/l


ကလိုရိုက်ပျော်ဝင်မှု့အနဲများအလိုက် မြေအောက်ရေငန်နှန်းအနဲ အများခွဲခြားထားခြင်းဖြစ်ပါသည်။ လူတို့၏ လျှာအရသာသည် ရေတွင်ကလိုရိုက်ပျော်ဝင်မှု့(၁၀၀) မိလီဂရမ်/လီတာ ထက်ပိုပါက ငန်သောအရသာကို ခံစားရရှိစေပါသည်။

မြေအောက်(ရေချို) ရေအောင်းလွာထဲသို့ ရေငန်တိုးဝင်လာပါက မြေအောက်ရေ၏ ရေမျက်နှာပြင် (Groundwater Tabel / Level) နိမ့်ကျလာပေမည်။ ရေမျက်နှာပြင်သည် (၁)ပေနိမ့်ကျသွားပါက ရေချို (Fresh water) ရေငန်(Salt water) အလွာနှစ်ခု ကြားရှိရေချို၊ ရေငန်ရောနေသော (brackish with salt water and fresh water mixing) အလွာ၏ မျက်နှာပြင် (Salt water Interface)သည် ပေ(၄၀)အထိ မြင့်တက်လာနှိင် မည်ဖြစ်ပါသည်။ ရေငန်တိုးဝင်ခြင်ကြောင့် ဖြစ်ပေါ်လာသည် မြေအောက်ရေ၊ စက်ရေတွင်းဆိုင်ရာ အခြေအနေကို အောက်ပါပုံဖြင့် ရှင်းပြထားပါသည်။

ရေငန်တိုးဝင်ခြင်းရှိ၊မရှိကိုအောက်ပါအခြေခံအချက်အလက်များကိုတွက်ချက်လေ့လာဆုံးဖြတ်နှိင် ပါသည်။

ရေငန်တိုးဝင်မ၀င်ကြိုတင်သိရှိနှိင်သည့်ဇလဘူမိဗေဒဓါတုဗေဒဆိုင်ရာအခြေခံအချက်အလက်များ

The criteria of saline water influence level

Cl /(HCO3 + HO3) meq/l

Level of Saline Water Influence

<=0.50

There are no saline water influence

0.50 – 1.50

Low saline water influence

1.51 – 3.00

Moderate saline water influence

3.01 – 6.50

High enough saline water influence

6.51 – 15.50

High saline water influence

>15.50

very high saline water influence

ရေငန်သည့်အကြောင်းအရင်းမှာ ပင်လယ်ရေတွင်ပျော်ဝင်နေသောဆားဓါတ် ကြောင့်ဖြစ်ပါသည်။ ပင်လယ်ရေတွင် ကျော်ဝင်နေသည့် ဓါတ်ဆားများ၏ ပါဝင်မူ့က်ု အောက်တွင်ဇယားဖြင့် ပြထားပါသည်။ ဆိုဒီယံ၊ ကလိုရိုက်အပြင် ဆာလ်ဖိတ်ပါတွေ့ရပါက အဆိုပါရေမှာ သောက်သုံး၍ လုံးဝမရနှိင်တောပေ။

MAJOR CHEMICAL CONSTITUENTS OF SEAWATER

ပင်လယ်ရေတွင်ပျော်ဝင်နေသည့်အဓိက ဓါတ်ပစ္စည်းများ

ဓါတ်ပစ္စည်းမျိုးအမည်

ပါဝင်သည့်ရာခိုင်နှန်း

Chloride (ကလိုရိုက်)

၅၅

Sodium (ဆိုဒီယံ)

၃၂

Sulfate (ဆလ်ဖိတ်)

Magnesium (မဂ္ဂနီစီယံ)

Calcium (ကလ်စီယံ)

Potassium (ပိုတက်စီယံ)

ဆိုဒီယံ၊ကလိုရိုက်အပြင် ဆာလ်ဖိတ်ပါတွေ့ရပါက အဆိုပါ ရေမှာသောက်သုံး၍လုံးဝမရနှိင်တောပေ။  

ရေငန်ဝင်ရောက်မှု့ကိုထိမ်းချုပ်နည်းများ

(၁) ရေထုတ်ယူမှု့ထိမ်းချုပ်ရန် - လျော့ချရန် - ပုံစံပြောင်းထုတ်ရန်

(၂) အလှည်ကျရေထုတ်ယူခြင်း။စွမ်းအားမြင့်ရေတင်စက်သုံးမည့်အစားလက်နှိပ်ဒုံကင်ဖြင့်ရေစုတ်ယူခြင်း။

(၃) ရေထုတ်ယူနှန်းကန့်သန့်ပေးခြင်း၊သတ်မှတ်ပေးခြင်း။

(၄) စက်ရုံအလုပ်ရုံသုံးရေစုတ်တင်ခြင်းကိုထိမ်းချုပ်ခြင်း။ မိမိစက်ရေ တွင်း မှရေကို ရွှေထက်နှန်းစမ်းသပ် တွက်ချက်ခြင်းကရရှိသည်အမြင့်ဆုံးေ၇ထွက်နှန်း၏(၆၀% - ၇၅%) အတွင်းသာထုတ်ယူသင့်ပါသည်။

ထိုသို့ ထုတ်ယူခြင်းကို စိတ်ချစွာရေထုတ်ခြင်း။ (Safe Yield)ဟုခေါ်ပါသည်။

ထုတ်ယူရမည့်စနစ်သတ်မှတ်ပေးခြင်း။

(၅) ရေထုတ်ယူမည်နေရာကိုရေအောင်းလွာဒေသရပ်ဝှန်း၏အထက်ပိုင်း နေရာဒေသများသို့ပြောင်းရွေ့စေခြင်း။ Pump Location changing

(၆) ရေငန်ဇုံမှရေငန်ကိုစုတ်ထုတ်၍ပင်လယ်ထဲသို့ပြန်စုတ်ထုတ်ပြစ်ခြင်း။

(၇) မြေအောက်ရေအတားအစီးများပြုလုပ်၍ကာကွယ်ခြင်း။

မဟာရန်ကုန်၏မြေအောက်ရေသုံးသုံးစွဲမှု့အချေအနေ။

(၁၉၈၈)ခုနှစ်မတိုင်ခင်က မဟာရန်ကုန်(၃၃)မြို့နယ်အတွင်းတွင်စက်ရုံအလုပ်ရုံ သုံးစက်ရေတွင်းများ အပါအ၀င် စက်ရေတွင်းပေါင်း (၃)ထောင်ကျော်ရှိခဲ့ပါသည်။ ယခုအခါ စက်ရေတွင်း ပေါင်းနှစ်သိန်းကျော်ရှိနေပါသည်။

မြေအောက် ရေဆိုင်ရာ ဥပဒေမရှိသည့်အတွက် အထိမ်းအကွတ်မရှိပုဂ္ဂလိက စက်ရေတွင်း တူးဖေါ်အသုံးပြုနေသည့်အရေအတွက်က ပိုမိုပြားပါနေသည်။ (မည်သည့်ဌာနကမှ စာရင်းဇယား ကောက်ယူထားခြင်း မရှိသေးပါ။) မဟာရန်ကုန် နယ်နမိတ်အတွင်းနေထိုင်သည့် လူဦးရေအားလုံး အတွက်လိုအပ်သည့် ရေပမာဏ၏ (၄၅ - ၅၀) ရာခိုင်နှန်းကို မြေအောက်ရေမှ ရယူနေရသည့် အနေအထားမှာရှိပါသည်။ ယနေ့ရန်ကုန်မြို့လူဦးရေမှာ (၅.၂၁)သန်း (သန်ကောင်စာရင်း၊၂၀၁၄)ဖြစ်ပါသည်။ (၂၀၁၉)ခုနှစ်တွင်း လူဦးရေ (၆သန်းကျော်၇သန်း) ခန့်ဖြစ်နှိင်ပါမည်။ မဟာရန်ကုန် နယ်နမိတ်အတွင်း(၃၃)မြို့နယ်သို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သောက်သုံးရေဖြန်ဝေပေးနှိင်သည့် ရေမာဏမှာတနေ့လျှင် ရေဂါလံ(၂၀၅)သန်းကို (၂၀၁၈)ခုနှစ်အထိဖြစ်ပါသည်။ ထိုရေဂါလန်သန်း (၂၀၅)သန်းတွင်စည်ပင်သာယာပိုင်စက်ရေတွင်း (၆၄၅)တွင်းကထုတ်ယူနေသည့် ရေဂါလန်သန်း(၂၀) ပါဝင်ပါသေးသည်။ ပုဂ္ဂလိကစက်ရေတွင်းများ ထုတ်ယူနေသည့် မြေအောက်ရေ ပမာဏသည် နေစဉ်ရေဂါလန်သန်း(၁၁၀)ကျော်ဖြစ်နှိင်မည်ဟုခန့်မှန်းပါသည်။

မဟာရန်ကုန်မြို့၏ မြေအောက်ရေကို အထိကဖြည့်တင်းပေးရာ ရပ်ဝန်း၊ ဒေသသည် မဟာရန်ကုန်နယ်နမိတ်၊ မြောက်ဘက်ခြမ်း၊ ပဲခူးရိုမတောင်စွယ် နှင့်မြို့ပြင်နေရာဒေသ များတွင် မြေအောက်ရေစိမ့် ဝင်စီးဆင်းပြီးမြေ အောက်ရေကို ဖြည့်တင်းပေးခြင်းဖြစ်နေပါသည်။ ထို မြေအောက်ရေဖြည့်တင်းပေးသည့်ရပ်ဝန်းဒေသသည် ယခုအခါ တိုးချဲ့မြို့ပြ အိမ်ယာ အဆောက်အဦးများဖြင့် ဖုံးလွမ်းနေပါပြီ။ မဟာရန်ကုန်အတွက် မြေအောက်ရေဖြည့်တင်းပေးရာရပ်ဝန်း သည်မြေအောက်ရေ ထုတ်ယူသုံးပြုရာရပ်ဝန်း ဒေသနှင့်ပိုပိုဝေးကွာနေပါသည်။ မြေအောက်ရေ စိမ့်ဝင်စီးဆင်းချိန်ကာလသည်ပိုမို ကြာမြင့်နေပါမည်။ မြေအောက် ရေထုတ်ယူသည့် ပမာဏနှင့် မြေအောက်

ရေဖြည့်တင်းပေး သည့်ပမာဏမမျှတပါက ထုတ်ယူသည့် ပမာဏသည် ဖြည့်တင်းပေး သည်ပမာဏ ထက်ကျော်လွန်နေပါက မကောင်းသော ဆိုးကျိုးများကို သက်ရောက်စေပါသည်။

အဆိုပါဆိုးကျိုးများကြောင့် မြေအောက်ရေမျက်နှာပြင် နိမ့်ကျလာခြင်း၊ (Lowering of groundwater table) ။ ။ နှစ်ကြာရှည်လာက အနီးပတ်ဝန်းကျင်ရှိ မြေမျက်နှာပြင်များ ကွဲအက်နိမ့်ကျလာခြင်း

(ဘန်ကောက်တွင် ထိုသို့ဖြစ်သဖြင့် မြေအေက်ရေထုတ်ယုမှု့ ကိုတင်းကြပ်စွာထိမ်းချုပ်ထားပါသည်)။ အချို့နေရာများတွင် မြေအောက်ပြန်လည်ဖြည့်တင်းမှု့ နည်းလာပြီး စက်ရေတွင်းများ ရေထွက်နှန်းကျဆင်းလာခြင်း၊ ခမ်း

ချောက်သွားခြင်း။ (ထိုကဲသို့သောအဖြစ်မျိုး ရန်ကုန်မြို့ဝင်တာမီယာအတွင်းပိုင်းတွင် ဖြစ်ခဲ့ဖူးပါသည်။)

ရေငံအတက်အကျရှိ မြစ်ချောင်းများနှင့် နီးစပ်သည့်နေရာများ ၊ဒီရေအတက်အကျရှိသောလှိုင် ၊ပန်းလှိုင် ၊ငမိုးရိပ်၊ ရန်ကုန်မြစ်(ပဲခူးဖြစ်)များနှင်နီးစပ်သည်ရပ်ဝှန်းဒေသများ တွင်မြေအောက်ရေများ ရေငံတိုးဝင်နေသည်ကို အတွေ့ရများပါသည်။ မြေအောက်ရေချိုထဲ သို့ရေငံ(၃% မှ ၄%) တိုးဝင်လျှင်ထို ရေကိုသောက်သုံး၍မဖြစ်ပေ။ (ပင်လယ်ရေကို လူတို့သောက်၍ မရသည့်အကြောင်းအရင်း မှာပင်လယ်ရေတွင် ပျော်ဝင်နေသော ဆားဓါတ်ပမာဏသည် လူ၏သွေးထဲတွင်ရှိသည့်ဓါတ်ဆားပမာဏထက်(၃)ဆကျော်ပိုများနေသောကြောင့်ဖြစ်ပါသည်။

(လူ၏လျှာအရသာသည်ကလိုရိုက်ပျော်ဝင်မှု့(၁၀၀)မိလီဂရမ်/လီတာထက်ပိုပါကငံသောအရသာကိုခံစားရရှိစေပါသည်။) တစ်ပိုင်တစ်နိုင်အိမ်သုံးရေတွင်းများနှင့် စက်ရုံအလုပ်ရုံသုံး စက်ရေတွင်းများများပြားလာခြင်း။ ထိန်းချုပ်မူ့မရှိခြင်း၊ ရေချိုအလွန်အကျွံထုတ်ယူ သုံးစွဲမှုမျာြးေ ကာင့်မဟာရန်ကုန်နယ်နမိတ်၊ လှိုင်သာယာ၊ရျွေပြည်သာ မြို့နယ်အတွင်း ရေငံတိုးဝင်နေပါသည်။ ယနေ့အခါ ရွေပြည်သာမြို့နယ်အတွင်း ရှိမြေအောက်ရေ၊အရည်အသွေးသည် ဒဗလူအိပ်(ခ်ျ)အို၏သောက်သုံးရေအဆင့်သတ်မှတ်ချက်ထက်ပိုမိုနေသည်။ထိုဒေသရှိပြည်သူများသည် သောက်သုံးရေအတွက်ရေသန့်ဘူးဝယ်ယူအသုံးပြုနေရပြီ။မြို့တော်အုပ်ချုပ်ရေးအဖွဲအစည်းကလည်း ထိုဒေသနေပြည်များအားလုံးအတွက်သန့်ရှင်သောသောက်သုံးရေကိုအပြည့်အ၀မဖြန့်ဝေပေးနှိင်သေးပေ။ လှိုင်သာယာရပ်ဝန်း၏ေုမအောက်ရေငန်တိုးဝင်လာသည့်ပုံစံ ၊စာရေးသူနှင့် စာရေးသူ၏ဆရာဦးငွေသိန်း(ကွယ်လွန်)တို့ ရေးသုတေသနပြုထားသည်ကိုအောက်တွင်တွင်ဖေါ်ပြအပ်သည်။

ထိုအပြင်မဟာရန်ကုန်အတွင်း၊မြို့နယ်နေရာအတော်များများ(ဗိုလ်တထောင်၊အလုံ၊ကြည့်မြင်တိုင်အနောက်ဘက်ချမ်း၊လှိုင်မြို့နယ်အနောက်ဘက်ချမ်း(ဘုရင့်နောင်ခမ်းမကြီးအနောက်လက်ချမ်း/မြောက်ဘက်မှသည်တောင်ဘက်ဆီသို့)၊အင်းစိန်ကြို့ကုန်းအိမ်ယာအနောက်ဘက်ချမ်း၊ရွေပြည်သာအနောက်ဘက်ချမ်း) အရပ်ဒေသများတွင်မြေအောက်ရေ၊ငန်စပြုနေပါပြီ။

မြေအောက်ရေချိုသည်စည်စနစ်တကျထိမ်းချုပ်မူ့မရှိပါကရာစုနှစ်အနည်းငယ်အတွင်းရေငံဝင်ရောက်မူပိုမိုများပြန့်နှံလာဖြစ်ပါသည်။ရန်ကုန်မြို့အတွင်းဒီရေအတက်အကျရှိသည့်မြစ်ချောင်းများ ၏ ဘေးဘယ်ညာအရပ် ၊ ရပ်ကွက်များရှိမြေအောက်ရေချို သည်ဒဗလူအိပ်(ခ်ျ)အို၏ သောက်သုံးရေ၊ အရည်အသွေး၊ အဆင့်အတန်း သတ်မှတ်ချက် ထက်ပိုစပြုနေပါသည်။ ပုံတွင်ပြထားပါသည်။

ရေအရည်အသွေး(ဂုဏ်သတ္တိများ)ဆိုင်ရာအချက်အလက်။ ။ သန့်ရှင်းကောင်းမွှန်သောသောက်သုံး

ရေသည်လူသားအားလုံး၏ကျန်းမာရေးနှင့်သန့်ရှင်းသောပတ်ဝန်းကျင်အတွက်အရေးကြီးသော၊တန်ဘိုးရှိ

သောလဒ်တပါးဖြစ်ပါသည်။ကမ္ဘာပေါ်ရှိလူအများစုသည်မြေအောက်ရေကိုအထိကသောက်သုံးရေအဖြစ်အားထားနေကြရပါသည်။မြေအောက်ရေတွင်ပါဝင်သောဓါတ်ပစ္စည်းများသည်သဘာဝအလျောက်မြေအောက်တွင်တည်ရှိစဉ်ကပြောင်းလွဲမှု့မရှိဟုအများအားဖြင့်နားလည်ထားကြပါသည်။

မြေအောက်ရေ၏အရောင်အဆင်းအနံအရသာ၊အရည်အသွေးသည်ပျော်ဝင်နေသောဓါတ်ပစ္စည်းအရေအတွက်နှင့်ပမာဏ၊အမျိုးအစားနှင့်ပျော်ဝင်နေသည့်အချိန်ကာလနှင့်အပူချိန်တို့အပေါ်တွင်များစွာတည်ပါသည်။ထိုနောက်ပြင်ပဓါတ်ပစ္စည်းများတိုးဝင်လာမှု့၊ှဓါတ်ပြု၊ပြောင်းလွဲမှု့များဖြစ်လာသောအခါအရည်အသွေး၊အနံအရသာ၊အရောင်အဆင်း၊စသည်တို့မှအစပြောင်းလွဲလာပါသည်။ထိုအခါမြေအောက်ရေအောင်းလွာသည်မလိုအပ်သောဓါတ်ပစ္စည်းများကြောင့်၊လည်းကောင်း၊ရောဂါပိုးမွှားတို့ကြောင့်သော်လည်ကောင်းမြေအောက်

ရေညစ်ညမ်းစေပြီးမသန့်မစင်ဖြစ်စေပါသည်။

စက်ရေတွင်းတစ်တွင်းမှရေနှင့်အခြားစက်ရေတွင်းတစ်တွင်းမှရေ၊အရသာအရည်အသွေးမတူကြပေ။(တစ်တွင်းနှင့်တစ်တွင်းနီနေသော်လည်း)မြေအောက်ရေခိုအောင်းနေသောမြေလွှာ၏အတိမ်အနက်နှင့်ဘူမိဗေဒဆိုင်ရာဂုဏ်သတ္တိများ၊မြေအောက်ရေတွင်ပျော်ဝင်နေသည့်ဓါတ်ပစ္စည်းစုစုပေါင်းပမာဏနှင့်အမျိုးအစားများ၊အဆိုပါဓါတ်များပျော်ဝင်နေသောမြေအောက်ရေတွင်ခိုအောင်းနေသည့်အချိန်ကာလ၊မြေအောက်ရေကိုပြန်လည်ဖြည့်တင်းပေးသည့်မိုးရေဖြတ်သန်းစီးဆင်းရာတလျောက်ရှိမြေသား၊ကျောက်သားတို့၏ဓါတ်ဂုဏ်သတ္တိများ၊စသည့်အချက်များကစက်ရေတွင်းတစ်တွင်းခြင်း၏ရေအရေအသွေးကိုအဆုံးအဖြတ်ပေးပါသည်။

မြေအောက်ရေကိုသောက်သုံးရေအဖြစ်အသုံးပြုနေသူများသည်မိမိတို့အိမ်ရှိစက်ရေတွင်းမှထွက်သောရေ၏အထွေထွေဂုဏ်သတ္တိ၊ဓါတုဗေဒဆိုင်ရာဂုဏ်သတ္တိများနှင့်ဓါတ်ပျော်ဝင်မှု့များကိုကမ္ဘာကျန်းမာရေးအဖွဲ့ (WHO / World Health Organization) ကသတ်မှတ်ထားသော သောက်သုံး ရေအရည်အသွေးအဆင့်အတန်း၊ (Drinking Water Quality Standard) တန်းနှင့်ချိန်ထိုး၍အခြေခံအချက်အလက်များကိုသိထားသင့်ပါသည်။

ရေကောင်းရေသန့်ဆိုသည်မှာ။ ။

(၁) အရောင်အဆင်းအနယ်အနှစ်အနံအရသာတို့ကိုဖြစ်စေသောရုပ်ဝတ္တုများကင်းစင်စေခြင်း။ 

(၂) လူတို့၏စိတ်ရောကိုယ်ပါကျန်းမာမှု့ကိုထိခိုက်စေသောဓာတ်ပစ္စည်းများကင်းစင်စေခြင်း။ 

(၃) လူတို့အားရောဂါရစေသောပိုးမွှားများကင်းစင်စေခြင်း။ စသည့်အရည်အချင်းသုံးရပ်နှင့်ပြည့်စုံသောရေကို ရေကောင်းရေသန့် ဟုခေါ်ပါသည်။

ရေသည်ကမ္ဘာလောကသားအားလုံးအတွက်မရှိမဖြစ်အခြေခံအလိုအပ်ဆုံးသောအရာဖြစ်ပါသည်။

ထိုကြောင့်မြေအောက်ရေကိုအဆိပ်အတောက်၊ရောဂါပိုးပွားများပျော်ဝင်ညစ်ညမ်းမှု့မရှိအောင်၊ရေငံတိုးဝင်ခြင်းမရှိအောင်၊စဉ်ဆက်မပြတ်ဆက်လက်စောင့်ရှောက်ထိမ်းသိမ်းထားရမည်ဖြစ်ပါသည်။မြေပေါ်မြေအောက်ရေအရင်းအမြစ်မှာသဘာဝအလျောက်ဖြစ်တည်နေသောအရာများဖြစ်ပေသည်။သို့မှသာလူသားအားလုံးအတွက်အလိုအပ်ဆုံးသောသောက်သုံးရေကိုအမြဲရယူသုံးစွဲနှိင်မည်ဖြစ်ပေသည်။

Myint Thein (Groundwater & Wells Consultant @ Author)

Dated on March 31, 2019



မြေအောက်ရေအောင်းလွာထဲသို့ရေငန်တိုးဝင်ခြင်းနှင့်မဟာရန်ကုန် - အပိုင်း ၂

ရေငန် (Salt water)၊ လူ၊ကျွဲနွား၊တရိစ္ဆာန်တို့ မသောက်သုံးနှိင်သောရေ ဖြစ်ပါသည်။ ရှေ့ပြေးစမ်းသပ်နည်းမှာ ထိုရေကိုလျှာဖြင့် အနဲငယ်တို့ကြည့်ပါက လက်ဖခံနျိင်လောက်သည့် ငံသောအရသာကို ရပေါမည်။ အဘယ်ကြောင့် ဆိုသော် ပင်လယ်ရေ၊ ဆားငန်ရေတွင်ပျော်ဝင်နေသောဓါတ်ဆားပမာဏသည် လူသတ္တ၀ါတို့၏  သွေးထဲတွင်ရှိသည့် ဓါတ်ဆားပမာဏ ထ...
https:https://www.myanmarwaterportal.com/news/1257-မြေအောက်ရေအောင်းလွာထဲသို့ရေငန်တိုးဝင်ခြင်းနှင့်မဟာရန်ကုန်-အပိုင်း-၂.html

မြေအောက်ရေအောင်းလွာထဲသို့ရေငန်တိုးဝင်ခြင်းနှင့်မဟာရန်ကုန် - အပိုင်း ၁

စကားဦး။ ရန်ကုန်မြို့တွ င်လွတ်လပ်ရေး မရမှီခေတ်ကာလကစ၍ မြေအောက်ေ ရကိုသုံးစွဲလာခဲ့သည်မှာ ယနေ့ထိဖြစ်ပါ သည်။ ယနေ့ခေတ် အချိန်ကာလများတွင် မဟာရန်ကုန်၊ တိုးချဲ့မြို့သစ်များသည် မြေအောက်ရေကို ရာ နှုန်းပြည့်နီး ပါး မှီခိုအားထား နေရပါသည်။ ဆက်လက်၍ လည်းသုံးစွဲ နေရဦးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အတွင်း ပင်လယ်နှင့် ...
https:https://www.myanmarwaterportal.com/news/1227-မြေအောက်ရေအောင်းလွာထဲသို့ရေငန်တိုးဝင်ခြင်းနှင့်မဟာရန်ကုန်အပိုင်း၁.html
အမှိုက်ကရွှေဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ
News Snapshots: Industry & Economic Development in...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal