အမှိုက်ကရွှေဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ
Original Article from Water, Land and Ecosystem (WLE) Website
မိလ္လာစီးပွားရေးလုပ်ငန်းလို့ ပြောလိုက်ရင် အားသွန် ခွန်စိုက် လုပ်ချင်စရာ စီးပွားရေး လုပ်ငန်းတစ်ခုလို့ မြင်မိချင်မှ မြင်မိကြမှာပါ။ ဒါပေမဲ့ သင်ဟာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို လျစ်လျူရှုထားတဲ့ စီးပွားရေးဆိုရင်တော့ နောက်လာမဲ့ စီးပွားရေး အခွင့်အရေးကြီးကို လက်လွှတ်ရတော့မှာပါ။ ပြီးတော့ ကြီးမားလာနေတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းတွေကို ဖြေရှင်းဖို့ အခွင့်အရေးကိုလည်း မမြင်မိပဲ ဖြစ်ပါလိမ့်မယ်။
ဒီတစ်ပတ်မှာ Earth Overshoot Day ကျရောက်မှာဖြစ်ပြီး ကမ္ဘာ့လူဦးရေဟာ ၈ ဘီလီယံ ထိတိုးပွားလာနေပါတယ်။ လူဦးရေတိုးတက်လာတာနဲ့အမျှ အစားအသောက် ထုတ်လုပ်ခြင်း၊ စီးပွားရေးလုပ်ငန်း၊ လူနေအိမ်တွေကနေ အော်ဂဲနစ် အညစ်ကြေးတွေ များပြားစွာ စွန့်ပစ်နေကြပါတယ်။ အော်ဂဲနစ် အညစ်အကြေးရဲ့ ထူးခြားချက်တွေကတော့ သူကျွန်တော်တို့ရဲ့ စီးပွားရေးကို တိုးတက်စေနိုင်တဲ့ စွမ်းအင် ၊ ကျွန်တော်တို့ အစားအသောက်တွေကို စိုက်ပျိုးနိုင်မဲ့ အဟာရဓာတ်တွေ၊ ရေဓာတ်တွေ ကြွယ်ဝနေတာပဲ ဖြစ်ပါတယ်။ လိမ္မာပါးနပ်၊ အကွက်မြင်တဲ့ စီးပွားရေး တွေအတွက်ကတော့ ဒီ အော်ဂဲနစ် အညစ်အကြေးတွေဟာ ချမ်းသာ ကြွယ်ဝ စေနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ပြည့်နေပါတယ်။
လူမှုလုပ်ငန်းရှင်တွေနဲ့ အစိုးရတွေအတွက်တော့" အမှိုက်ကရွှေဖြစ်" ဆိုတဲ့ စီးပွားရေး အကြံညဏ်ဟာ ၀င်ငွေ အရင်းအမြစ်တစ်ခု ဖြစ်နိုင်တဲ့ အပြင် လူမှုရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့လည်း ကူညီနိုင်ပါတယ်။ လက်ရှိအခြေနေမှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ စွန့်ပစ်ပစ္စည်းတွေကြောင့် သောက်ရေညစ်ညမ်းမှု၊ မြေဖို့လုပ်ငန်းတွေမှာ အလျှံအပယ်အသုံးပြုမှု၊ မိလ္လာကန် ပြည့်လျှံမှု၊ အများပြည်သူပိုင်နေရာ ညစ်ညမ်းမှုတွေ ဖြစ်စေပါတယ်။ တစ်ခါတစ်ရံ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့မှုကြောင့် လေထုညစ်ညမ်းမှုတွေ ကာဘွန်ထုတ်လွှတ်မှုတွေ ဖြစ်စေပါတယ်။ များပြားလာနေတဲ့ မြို့ပြနေရာတွေမှာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဟာ လိုအပ်တာထက်ကို ပိုလိုအပ်နေပါပြီ။ တစ်ရိပ်ရိပ် တက်နေတဲ့ အစားအစာလိုအပ်ချက်၊ ရေအရင်းအမြစ်ဆုံးရှုံးမှုတွေကြောင့် ကမ္ဘာတစ်ဝန်းက တောင်သူတွေဟာ လယ်ယာတွေကို ရေပေးနိုင်ဖို့ ရုန်းကန်နေရပါတယ်။ အာရှ၊ အာဖရိက နဲ့ အခြားနေရာတွေမှာရေအများစုက စွန့်ပစ်ရေဆိုးတွေအဖြစ်နဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေပါတယ်။
ဒါဆိုတော့ ဒီပြဿနာတွေကိုလည်း ဖြေရှင်းရင်း ငွေကြေးလည်း ရှာနိုင်မဲ့ အလုပ်မျိုး မလုပ်ချင်ကြဘူးလား? သုတေတန လုပ်ငန်းတွေကို နှစ်များစွာ အတူတကွ လုပ်ဆောင်ပြီးတဲ့နောက် WLE နဲ့ International Water Management Institute (IWMI) က သိပ္ပံပညာရှင်တွေရဲ့ သုတေသန စာအုပ်အသစ် " Resource Recovery from Waste" ဟာ လက်တွေ့ အမှန်တစ်ကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အခြေခံပြီး ဒီစီးပွားရေးလုပ်ငန်း အခွင့်အလမ်းတွေကို ပြုစုထားပါတယ်။ ဒီအခွင့်အလမ်းတွေဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပဲ ဖြစ်ဖြစ် အများပြည်သူပိုင်လုပ်ငန်းတွေအတွက်ပဲ ဖြစ်ဖြစ် လုပ်ငန်းအရွယ်အစား ပြောင်းလဲနိုင်ပြီး အသစ်တီထွင် တိုးချဲ့ လုပ်ကိုင်ဖို့ အဆင်သင့်ပါပဲ။
အခုချိန်မှာ သမားရိုးကျ စွန့်ပစ်ပစ္စည်း လုပ်ငန်း တွေဟာ ငွေကြေးထောက်ပံ့မှုတွေကို မှီခိုနေရပေမဲ့ ဒီ စီးပွားရေးလုပ်ငန်းပုံစံ အသစ်တွေဆီမှာ ကုန်ကျစရိတ် ပြန်ကာမိဖို့ အပြင် အမြတ်အစွန်းရနိုင်ခြေပါရှိနေပါတယ်။ စပိန်ကနေ သီရိလင်္ကာ ၊ မက္ကဆီကို ကနေ မော်ရိုကိုထိ ဒီစီးပွားရေးလုပ်ငန်းပုံစံတွေ ရှိနေပြီး ကုန်ကျငွေတွေလည်း ပြန်ကာမိနေပါပြီ။
ဒီမြေဆွေးတွေကို အာဟာရဓာတ်ကြွယ်ဝတဲ့ မြေသြဇာတွေဖြစ်လာစေဖို့ အသုံးပြုပြီး၊ သဘာပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့ အန္တရာယ်ရှိတဲ့ စွန့်ပစ်အညစ်အကြေးပမာဏကို လျှော့ချပေးပါတယ်။
ဒီမှာတော့ အမှိုက်ကရွှေဖြစ်စေနိုင်မဲ့ အလားအလာရှိတဲ့ နည်းလမ်းလေးခုပါ
၁။ အညစ်အကြေးဖယ်ရှားခြင်း - ကမ္ဘာ့လူဦးရေ အများစုက ရေဆွဲ အိမ်သာ မရှိကြပါဘူး၊ ကျင်းတူးရေအိမ်တွေကိုပဲ သုံးပါတယ်။ ကျင်းပြည့်သွားတာနဲ့ အညစ်အကြေးတွေကို ကိုယ့်အိမ်နောက်ဖေး၊ ဒါမှမဟုတ် နီးစပ်ရာ ပတ်ဝန်းကျင်မှာပဲ စွန့်ပစ်ကြပါတယ်။ ဒါကြောင့် အညစ်အကြေးဖယ်ရှားဖို့ ဈေးကွက်ရှိလာပါပြီ၊ အထူးသဖြင့် အစိုးရအနေနဲ့ ကျန်းမာရေး နဲ့ စီးပွားရေး အရ အကျိုးအမြတ်ကို မြင်နိုင်ပါတယ်။ ဒါကို Bangladesh မှာလိုပဲ အခကြေးငွေယူစနစ်နဲ့ လုပ်မယ်ဆိုရင်၊ ကုမ္ပဏီတွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ဇီဝဓာတ်ငွေ့ သို့မဟုတ် မြေဆွေးအဖြစ် သန့်စင်ပေးတဲ့ စက်ရုံတွေဆီ ပြန်လည်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒီစွန့်ပစ် အညစ်အကြေးတွေကနေ ၀င်ငွေရနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီး ရှိပါတယ်။
၂။ မြေသြဇာတောင့် - စုဆောင်းပြီးတာနဲ့ ဒီစွန့်ပစ်အညစ်အကြေးတွေကို စိုက်ပျိုးရေးအတွက် အန္တရာယ်မရှိတဲ့ မြေသြဇာတောင့်တွေအဖြစ် ပြောင်းလဲဖို့က အကုန်အကျသိပ်မများပါဘူး။ အခြား အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများဖြင့် ရောစပ်ခြင်းအားဖြင့် ဒီဖြစ်စဉ်ကနေ သီးနှံထုတ်လုပ်မှုမြင့်တက်စေပြီး၊မြေကြီးထဲကို မြေဆီလွှာနဲ့ ကာဘွန်ဓာတ်ငွေ့ပြန်လည်ရောက်ရှိစေနိုင်တဲ့ မြေသြဇာကိုထုတ်လုပ်နိုင်ပြီး စွန့်ပစ်ပစ္စည်းကိုလည်းလျှော့ချပေးနိုင်ပါတယ်။ အာဖရိက က သုတေတီတွေက ဈေးနှုန်းချိုသာပြီး အဆီအနှစ်ပြည့်ဝတဲ့မြေသြဇာ ထုတ်လုပ်ဖို့နည်းလမ်းတွေကို သုတေသနပြုလုပ်နေပါတယ်။ စီးပွားရေးလုပ်ငန်းသစ်တွေအများကြီးအတွက် အဆင့်သင့်ဖြစ်ပါပဲ။
၃။ ဇီဝဓာတ်ငွေ့ - စက်ရုံတွေ၊ သားသတ်ရုံတွေ၊ စားသောက်ဆိုင်တွေ နဲ့ လူထုကြီးက အစားအသောက်အကြွင်းအကျန်တွေကို နေ့တိုင်းစွန့်ပစ်နေပါတယ်။ ဒီအော်ဂဲနစ် စွန့်ပစ်ပစ္စည်းတွေကို "bio-digester" စက် အသုံးပြုပြီး ဇီဝ ဓာတ်ငွေ့ အဖြစ်ပြောင်းလဲနိုင်ပါတယ်။ ဒီစက်ဟာ ဈေးနှုန်းချိုသာတဲ့ အတွက် အစားအသောက် ထုတ်လုပ်သူတွေဆီ သူတို့သုံးစွဲတဲ့ စွမ်းအင်အတွက် ရောင်းချနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းအနေနဲ့စက်ကို တပ်ဆင်ပြီး ထွက်ရှိလာတဲ့ ဇီဝဓာတ်ငွေ့ကို ပြန်လည်ရောင်းချနိုင်ပါတယ်။ ဒီလုပ်ငန်းကို Bangalore မှာ စတင်နေပြီဖြစ်ပါတယ်။
၎။ ကျေနပ်လောက်စရာ သန့်ရှင်းတဲ့ စွန့်ပစ်ရေ - မသန့်စင်ထားတဲ့ ရေဆိုးတွေဟာ လူတွေနဲ့ ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိပေမဲ့ ဒီရေတွေဟာ အသုံးမပြုရသေးတဲ့ အရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။ ရေဆိုးသန့်စင်တဲ့ နည်းပညာတွေဟာ ဈေးနှုန်းသက်သာလာပြီး၊ စီးပွားရေးလုပ်ငန်းတွေ၊ မြို့တွေဟာ စွန့်ပစ်ရေဆိုးတွေကို ပြန်လည်သန့်စင်ပြီး တောင်သူတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို ရောင်းချနိုင်ပါတယ်။ အီဂျစ်နဲ့ တူနီးရှားမှာ ပြန်လည်သန့်စင်ထားတဲ့ ရေတွေကို မက်မွန်၊ သံလွင် နဲ့ သံပရာပင်တွေအတွက် ရေသွင်းဖို့ အသုံးပြုနေပါတယ်။
ကျွန်တော်တို့ရဲ့ သုတေသနတွေဟာ ဒီစီးပွားရေးလုပ်ငန်းတွေရဲ့ ကွင်းဆက်တန်ဘိုး၊ မြတ်စွန်းနိုင်ခြေ၊ ဆုံးရှုံးနိုင်ခြေ နဲ့ လုပ်ထုံးလုပ်နည်း တွေကို တွက်ချက်ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ "အမှိုက်က ရွှေဖြစ်" ဆိုတဲ့ စီးပွားရေးလုပ်ငန်းများဟာ လိမ္မာ ပါးနပ်တဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ၊ အစိုးရ ပုဂ္ဂလိက ပူးတွဲလုပ်ငန်းတွေ အနေနဲ့ အသုံးပြုဖို့ အဆင်သင့် ဖြစ်နေပါပြီ။ကမ္ဘာ့လူဦးရေ များပြားလာတာနဲ့ အမျှ စွန့်ပစ်ပစ္စည်းပမာဏကလည်း မြင့်တက်လာနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ စွန့်ပစ်ပစ္စည်းတွေကို မဖြုန်းတီးသင့်ပါဘူး။ တစ်ဖြည်းဖြည်းနဲ့ စီးပွားရေးလုပ်ငန်းတွေ အစိုးရ အဖွဲ့အစည်းတွေဟာ စွန့်ပစ်ရေဆိုးတွေ စွန့်ပစ်အစားအသောက်တွေ နဲ့ မိလ္လာ တို့ရဲ့ အမြတ်အစွန်းဖြစ်နိုင်ခြေ ကို သတိပြုမိလာပါပြီ။ သင်ရာ ဒီအခွင့်အရေးထဲ ခြေစုံ ပစ်ဝင်လိုက်ဖို့ အဆင်သင့်ပဲလား?
Originally published as an Op-Ed on GreenBiz, republished here with minor edits. Based on the book Resource Recovery from Waste, available for download or hard-copy purchase.
IWMI/WLE scientists Miriam Otoo and Pay Drechsel edited Resource Recovery from Waste, drawing from IWMI/WLE, EAWAG, CEWAS, WHO and other research on creating business opportunities from Resource Recovery and Reuse (RRR).
Thrive blog is a space for independent thought and aims to stimulate discussion among sustainable agriculture researchers and the public. Blogs are facilitated by the CGIAR Research Program on Water, Land and Ecosystems (WLE) but reflect the opinions and information of the authors only and not necessarily those of WLE and its donors or partners. WLE and partners are supported by CGIAR Trust Fund Donors, including: ACIAR, DFID, DGIS, SDC, and others.