မြစ်ကြီးရတနာ ဧရာဝတီ

Ayeyarwady-Joern မကွေးတိုင်းဒေသကြီး ပခုက္ကူအနီး ဧရာဝတီမြစ်အတွင်း မြင်ကွင်း (ဓာတ်ပုံ - Victoria Milko ၊ Frontier မဂ္ဂဇင်း) ၂၀၁၉ ခုနှစ် မတ်လ ၆ ရက် ဗုဒ္ဓဟူးနေ့

Share this article:

မြန်မာနိုင်ငံ၏ အရေးပါဆုံး သဘာဝသယံဇာတတစ်ခုဖြစ်သော ဧရာဝတီမြစ်ကြီး အတွက် သီးသန့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့အစည်းတစ်ရပ် ထားရှိ ဆောင်ရွက်ပေးရန် အချိန်တန်ပြီဖြစ်ပါသည်။


မြစ်ဆုံကိစ္စ ဖြေရှင်းချက် မဖော်ထုတ်နိုင်သေးခြင်း၊ အပူပိုင်းဒေသ နှင့် မြစ်ဝကျွန်းပေါ်တွင် မြစ်ကမ်းပါး တိုက်စားမှု ကြောင့် လယ်သမားများ စိုးရိမ် ပူပန်နေကြရခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင် မြစ်နှင့် ဆက်စပ်သည့် သဘာဝ သယံဇာတ အရင်းအမြစ်များ လျော့နည်း ကျဆင်းလာနေကြောင်း သတင်းများ ထွက်ပေါ်ခြင်း တို့ကို ဆက်စပ်ကြည့်မည်ဆိုပါက ဧရာဝတီမြစ်ကြီးအတွက် တစ်စုတစ်စည်းတည်း ညှိနှိုင်း ပေါင်းစပ် အုပ်ချုပ်စီမံပေးရန် လိုအပ်ချက်ကို တွေ့မြင်နိုင်ပါသည်။ 

၂၀၁၁ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းများကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဧရာဝတီမြစ်ကြီး၏ ယဉ်ကျေးမှုပိုင်း၊ စီးပွားရေးပိုင်းနှင့် နိုင်ငံရေးပိုင်း အရေးပါမှုကြောင့် ဖြစ်ပါသည်။ ယင်းအရေးပါမှုကို သတိမမူမိဘဲ အမှုမဲ့အမှတ်မဲ့ ဖြစ်နေခြဲ့ကပါသည်။ မြစ်ဆုံဆည်ကိစ္စ ဆွေးနွေးငြင်းခုံမှုများ အရှိန်မြင့်တက်လာသည်နှင့် အမျှ မြန်မာနိုင်ငံ၏ အရေးပါဆုံး သဘာဝသယံဇာတ တစ်ရပ်ဖြစေ် ကြာင်းကို မည်သူမျှ ငြင်းချက်မထုတ်နိုင်သည့် ဧရာဝတီမြစ်ကြီးဆိုင်ရာ ကိစ္စအ၀၀ကို စီမံခန့ခ်ွဲနိုင်မည့် အမြဲတမ်းအဖွဲ့အစည်းတစ်ရပ် တည်ထောင်ထားရှိရန် အချိန်တန်နေပြီ ဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်သည် ဧရာဝတီမြစ်ဝှမ်း ဘက်စုံ စီမံခန့်ခွဲမှု စီမံချက်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေ ထုတ်ပေးခဲ့ပြီး မိမိတို့အားသန်ရာ လုပ်ငန်းအသီးသီးကို သီးခြားစီ လုပ်ဆောင်နေကြသော အလှူရှင် အဖွဲ့ အစည်း အသိုက်အ၀န်းအတွင်း ဧရာဝတီမြစ် စီမံခန့ခ်ွဲမှုအဖွဲ့ တည်ထောင်ရေး မျှော်မှန်းချက်ကို အားပေးမြှင့်တင်နိုင်မည့်အနေအထားကောင်းတွင် ရှိနေပါသည်။ 

ဧရာဝတီမြစ်ကြီးသည် တရုတ်နိုင်ငံ နယ်စပ်အနီး တောင်တန်းများတွင် မြစ်ဖျားခံလျက် တောင်ဘက်သို့ ၂၁၇၇ ကီလိုမီတာ ဖြတ်သန်းစီးဆင်းပြီး ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ်အတွင်း စီးဝင်ပါသည်။ ဧရာဝတီ မြစ်ဝှမ်းမှာ ဧရိယာအကျယ်အ၀န်းအားဖြင့် ၄၁၃,၆၇၄ စတုရန်းကီလိုမီတာ ရှိရာ မြန်မာနိုင်ငံ စုစုပေါင်း နယ်မြေဧရိယာ၏ ၆၁ ရာခိုင်နှုန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၃သန်း ရှိသည့်အနက် ၃၅သန်းမှာ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် မှီတင်းနေထိုင်ကြသူများ ဖြစ်ပါသည်။ ယင်း ၃၅သန်း အနက် အများအပြားမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဧရာဝတီမြစ်ကြီးအပေါ် အမှီပြု၍ အသက်မွေးဝမ်းကျောင်းနေကြခြင်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ကြီးသည် ပင်လယ်တွင်း မစီးဝင်မီ အဓိက မြစ်လက်တက် ၉ခု ဖြာထွက်သွားပြီး မြေသြဇာ အထူးကောင်းမွန်သည့် ကျယ်ပြောသော မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တည်နေပါသည်။ မြစ်ဝကျွန်းပေါ်တွင် မှီတင်းနေထိုင်သူ လူဦးရေ ၆သန်းကျော်ရှိပြီး မြန်မာနိုင်ငံမှ ထွက်ရှိသော စပါး ၆၀% နီးပါးမှာ မြစ်ဝကျွန်းပေါ်တွင် ဧရာဝတီမြစ်ရေကို သွယ်ယူလျက် စိုက်ပျိုးရရှိပါသည်။ 

သိမ်မွေ့သောလုပ်ငန်းတာဝန် 

ဧရာဝတီမြစ်ကြီးကို စနစ်တကျ ကောင်းစွာ စီမံခန့်ခွဲနိုင်ရန် စီမံကိန်းရေးဆွဲသူများနှင့် ဆုံးဖြတ်ချက် ချမှတ်သူများသည် မြစ်ဝှမ်းဒေသ၏ ရှုပ်ထွေးသော ဂေဟစနစ် တန်ဖိုးကို ပိုမိုနားလည်သဘောပေါက်ရန် လိုအပ် မည် ဖြစ်ပါသည်။ မူဝါဒနှင့် စည်းမျဉ်းထိန်းချုပ်ရေး မူဘောင်များ လုံလောက်စွာ ချမှတ်ထားရှိပြီး ချိုးဖောက်ပါက ထိရောက်စွာ အရေးယူရန် အထူးလိုအပ်ပါသည်။ 

ဧရာဝတီမြစ်ဝှမ်းရှိ ရေအရင်းအမြစ်နှင့် အခြား ဆက်စပ် အရင်းအမြစ်များကို ရေရှည်တည်တံ့ အသုံးပြုနိုင်မည့် ဟန်ချက်ညီ ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ရန် စိုက်ပျိုးရေးမှ အစပြုလျက် ဆက်စပ်နေသော လုပ်ငန်းနယ်ပယ်အများတွင် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ပါမည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံတွင် အဓိက စီးပွားရေးကဏ္ဍ ဖြစ်ပါသည်။ တိုးပွားလာသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်မှ ၀င်ငွေ ရရှိရေးတို့အတွက်လည်း စိုက်ပျိုးရေးကိုပင် အားကိုးအားထား ပြုရသဖြင့် နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးရေးမဟာဗျူဟာ ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းရေး မဟာဗျူဟာတို့တွင်လည်း စိုက်ပျိုးရေးသည် အဓိက ကဏ္ဍ တစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေသွင်းစိုက်ပျိုးရေး ပိုမိုမြှင့်တင်လုပ်ဆောင်လာသည်နှင့်အမျှ ဧရာဝတီမြစ်မှ ရေကို ပိုမို၍ သွယ်ယူအသုံးပြုရပါမည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုများ တွေ့မြင်နေရသည့်အပြင် ရေစီးရေလာ ကောင်းမွန်ရေးနှင့် ဆားငန်ရေ ၀င်ရောက်မှုတ့မှိုာ အဓိက စိုးရိမ်ပူပန်ဖွယ်ရာများဖြစ်လာပါသည်။ မြစ်အထက်ပိုင်းတွင် သဲထုတ်ယူခြင်းကြောင့် မြစ်ကမ်းပါးတိုက်စားမှုများလည်း ပိုမိုဖြစ်ပွားနေပါသည်။

ရေသွင်းစိုက်ပျိုးရန် ရေသွယ်ယူအသုံးပြုခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မြစ်မှ သဲထုတ်ယူခြင်း တို့က တစ်ဘက်၊ မြစ်ဝကျွန်းပေါ်တွင် ဆားငန်ရေ မ၀င်ရောက်စေရေးနှင့် ရေရှည် စပါးစိုက်ပျိုးနိုင်ရေးအတွက်မြစ်အတွင်း လုံလောက်သော မြစ်ရေစီးဆင်းမှု ရှိစေရေးက တစ်ဘက် ဟန်ချက်ညီ ဆောင်ရွက်နိုင်ရန်မှာ သိမ်မွေ့သော လုပ်ငန်းတာဝန်ဖြစ်ပါသည်။ အချက်အလက်များကို ပြည့်ပြည့်စုံစုံ စုဆောင်းလျက် နမူနာ ပုံစံများဖြင့် လေ့လာခြင်း အပေါ် အခြေပြုပြီး ဂရုတစိုက် သေချာစွာ စီမံခန့ခ် ရွဲ န် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် မြစေ် ချာင်းအင်းအိုင်များအတွင်းမှ ငါးပုစန်ွဖမ်းယူရရှိသည့် တန်ဖိုးကို ခန့မှ်န်းတွက်ချက် ဖော်ပြရာတွင် များစွာ လျော့နည်းနေသည်ဟု ယူဆရပါသည်။ မြစ်ဝကျွန်းပေါ်နေ ပြည်သူလူထုအတွက် အဓိက အသားဓာတ် အရင်းအမြစ်မှာ ငါးပုစွန်များကို မှီဝဲစားသောက်ခြင်းပင် ဖြစ်ပါသည်။ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်လုံး တွင်လည်း ပြည်သူလူထု နေ့စဉ် မှီဝဲသည့် အာဟာရတွင် ငါးသည် အဓိကနေရာမှ ပါဝင်ပါသည်။ ဆန်စပါးကဲ့သို့ပင် ငါးသည်လည်း ကျေးလက်ပြည်သူလူထု စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေးအတွက် မဏ္ဍိုင်သဖွယ် အားထားရပါသည်။ ငါးမွေးမြူရေး လုပ်ငန်းသည်လည်း လျင်မြန်စွာ ကြီးထွားလျက် ရှိပါသည်။

ဧရာဝတီမြစ်ကြီးသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဓိက လမ်းကြောင်းကြီး တစ်ခုအဖြစ်လည်း အရေးပါသော အခန်းကဏ္ဍ ပါဝင်နေပါသည်။ နယ်မြေဒေသအများအပြားတွင် ပြည်တွင်း မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးသည် ခရီးသွားလာရေးနှင့် ဆက်သွယ်ရေးအတွက် အရေးပါဆုံး နည်းလမ်း တစ်ရပ် ဖြစ်ပါသည်။ ဧရာဝတီမြစ်ရေ အရည်အသွေး ကျဆင်းလာခြင်းကြောင့်လည်း စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိပါသည်။ မြစ်ကြောင်းတစ်လျှောက် မြို့များမှတပါး အခြား ရေညစ်ညမ်းစေသည့် အကြောင်းများ နည်းပါးသော်လည်း စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်မားလာသည်နှင့်အမျှ သတ္တုတွင်းလုပ်ငန်း၊ အကြီးစားစက်မှုလုပ်ငန်း၊မြို့ပြဒေသများမှ ထွက်သည့် အမှိုက်နှင့် မိလ္လာအညစ်အကြေးများ၊ စိုက်ပျိုးရေးတွင် အသုံးပြုသည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၊ မြေလွှာတိုက်စားခြင်း၊ ဆားငန်ရေ ၀င်ရောက်ခြင်းတို့ကြောင့် ဧရာဝတီ မြစ်အတွင်းနှင့် မြစ်လက်တက်များအတွင်း ရေအရည်အသွေး ကျဆင်းလာမည် ဖြစ်ပါသည်။ မြစ်ရေ အရည်သွေး ဆက်လက်ကောင်းမွန်နေစေရန် ထိန်းသိမ်းရေးမှာ စိုက်ပျိုးရေးအတွက်လည်းကောင်း၊ ပြည်သူလူထုနှင့် စီးပွားရေး လုပ်ငန်းများအတွက် အန္တရာယ်ကင်းသော သောက်သုံးရေ ပေးဝေနိုင်ရေးအတွက်လည်းကောင်း အထူး အရေးကြီးပါသည်။

ဇီဝမျိုးစုံမျိုးကွမျဲား ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရန်သည်လည်း အဓိက သော့ချက် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ဧရာဝတီကို အမှီပြု၍ အလွန်များပြားသော ဇီဝမျိုးစုံမျိုးကွမျဲား ရှင်သန်ရပ်တည်နေခြင်းကြောင့် ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင် လုပ်ငန်းအစီအစဉ် (United Nations Environment Programme) က ကမ္ဘာ့ထိပ်တန်းဦးစားပေး မြစ်ဝှမ်းဒေသ ၃၀ တွင် ဧရာဝတီကို တစ်ခုအပါအ၀င် ထည့်သွင်းထားပါသည်။ ဧရာဝတီမြစ်အတွင်း နေထိုင်ကြသော သက်ရှိမျိုးစုံအနက် မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဧရာဝတီလင်းပိုင်လည်း အပါအ၀င်ဖြစ်ပါသည်။

ဧရာဝတီအမြဲတမ်းကော်မရှင်

မြစ်တစ်စင်း၏ အပိုင်း တစ်ပိုင်းတွင် ရေအသုံးပြုမှု၊ ဆက်စပ်အရင်းအမြစ်များ အသုံးပြုမှုတို့ကြောင့် အခြား အပိုင်းတစ်ပိုင်းတွင် ထိခိုက်မှုများ ဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်၍ စိုက်ပျိုးရေး၊ သတ္တုတွင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းကဏ္ဍများ တိုးချဲ့လာသောအခါ ဧရာဝတီမြစ်ကြီးနှင့်ထိစပ်ဖြစ်တည်နေသော စနစ်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲရာတွင် မြစ်အသုံးပြုမှု အသီးသီးအကြား အပြန်အလှန် မထိခိုက်စေရေး တားဆီးရန်နှင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန် အထူးအရေးကြီးပါသည်။

လူဦးရေ တိုးပွားလာသောကြောင့် မြစ်ကို အပြိုင်အဆိုင် အသုံးပြုမှုများ တိုးတက်များပြားလာပါမည်။ ထိခိုက်မှုပဋိပက္ခများ မဖြစ်စေရေး တားဆီးရန်နှင့် ဧရာဝတီမြစ်ကြီးအပေါ် မှီခိုအားထားနေကြသော ရပ်ရွာအသိုက်အ၀န်း အားလုံး လူမှုစီးပွား ဖွံ့ ဖြိုးတိုးတက်ရေးကို အပြုသဘော အထောက်အကူပြုနိုင်ရန် ဧရာဝတီ အမြဲတမ်းကော်မရှင်ကို တည်ထောင်ဆောင်ရွက်နိုင်ပါမည်။ ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း တည်ထောင်ပေးပြီး ရုံးအဖွဲ့ထားရှိလျက် ဘုတ်အဖွဲ့ ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ပါမည်။ ဘုတ်အဖွဲ့ တွင် ဧရာဝတီမြစ်ကြီး ဖြတ်သန်းစီးဆင်းသော တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ် အစိုးရသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနများ ပါဝင်ရန် ဖြစ်ပါသည်။ ကော်မရှင်ကို သမ္မတရုံး လက်အောက်တွင် ထားရှိပြီး ဧရာဝတီမြစ်ကြီး၏ သဘာဝသယံဇာတ ဖွံ့ ဖြိုးရေးနှင့်အသုံးပြုရေး ကိစ္စအ၀၀အတွက် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ အများပြည်သူ ပါဝင် ဆောင်ရွက်ခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းများ ဆက်သွယ်စုစည်း လုပ်ဆောင်ပေးမည့် နိုင်ငံတော်အစိုးရ အဖွဲ့ အစည်းအဖြစ် ဧရာဝတီမြစ်ကြီး အဓွန့ရှ်ည်တည်တံ့ရေး ဆောင်ရွက်နိုင်ပါမည်။


JOERN KRISTENSEN ရေးသည်။ 

FRONTIER မဂ္ဂဇင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မူရင်းဆောင်းပါးကို https://frontiermyanmar.net/en/governing-the-ayeyarwady တွင် ဖတ်ရှုနိုင်ပါသည်။

Share this article:

Young Expert Program’s Interview Series: Pyae Phyo...
Vibes of Water Festival - Thingyan 2019 in Myanmar
 

Comments

Already Registered? Login Here
No comments made yet. Be the first to submit a comment

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal