မြေအောက်ရေအောင်းလွာထဲသို့ရေငန်တိုးဝင်ခြင်းနှင့်မဟာရန်ကုန် - အပိုင်း ၂

Salt-Intrusion-1

ရေငန် (Salt water)၊ လူ၊ကျွဲနွား၊တရိစ္ဆာန်တို့ မသောက်သုံးနှိင်သောရေ ဖြစ်ပါသည်။ ရှေ့ပြေးစမ်းသပ်နည်းမှာ ထိုရေကိုလျှာဖြင့် အနဲငယ်တို့ကြည့်ပါက လက်ဖခံနျိင်လောက်သည့် ငံသောအရသာကို ရပေါမည်။ အဘယ်ကြောင့် ဆိုသော် ပင်လယ်ရေ၊ ဆားငန်ရေတွင်ပျော်ဝင်နေသောဓါတ်ဆားပမာဏသည် လူသတ္တ၀ါတို့၏  သွေးထဲတွင်ရှိသည့် ဓါတ်ဆားပမာဏ ထက် (၃)ဆကျော် ပိုများနေသောကြောင့် ဖြစ်ပါသည်။ (လူ့သွေးထဲတွင် ပျော်ဝင်နေသောဓါတ်ဆား ပမာဏသည် ပျမ်းမျှအားဖြင့် (၇၀၁၂) ၊ပီပီအမ် (TDS in human blood ranged from 3,028 to 18,480 ppm, the mean value being 7,012 ppm) ဖြစ်ပြီးပင်လယ်ရေ၊ ဆားငန်ရေတွင် ပျော်ဝင်နေသောဓါတ်ဆား ပမာဏသည်(၃၅၀၀၀)၊ပီပီ၊ Seawater typically is very salty (TDS >35,000 ppm) ဖြစ်ပါသည်။

ဓါတ်ဆားပျော်ဝင်မူ့စုစုပေါင်း Total Dissolved Solid(TDS)။ ။စံနှန်းသတ်မျတ်ချက်မှာ ရေတွင်ပျော်ဝင် လျက်ရှိသော ဓါတ်ဆားများ ပါဝင်မူ့စုစုပေါင်းကို စမ်းသပ်တိုင်းတာရရှိသည့် ဓါတ်ပစ္စည်း စုစုပေါင်း၏ပမာဏ ဖြစ်သည်။ သတ်မှတ်ချက်ထက် ပိုပါကသောက်သုံးရာတွင် အရသာမကောင်း၊ ငံပြပြစီးထိုင်းထိုင်း ဖြစ်နေပါမည်။ သောက်သုံးရန်မသင့်ပါသည်)။ ပင်လယ်ရေတွင် ပျော်ဝင်နေသော ဓါတ်ဆားပျော်ဝင်မှု့ပမာဏမှာ (၁၅၀၀၀ - ၅၀၀၀၀) ပီပီအမ်ရှိပြီး၊ ရေတက်ရေကျဆက်စပ်နေသည့် မြစ်ချောင်းများ၌ ပျော်ဝင်နေသော ဆားဓါတ်ပမာဏ မှာ(၁၅၀၀-၁၅၀၀၀)ပီပီအမ်ရှိ၏။ ရေချိုရေငံအစပ်၊ ရေတက်ရေကျရှိသည့်မြစ်ချောင်း (လှိုင်မြစ်၊ပန်းလှိုင်မြစ်၊ပဲခူး မြစ်စသည့်)များတွင် ဆားဓါတ်ပါဝင်မှု့မှာ (၈၀၀-၁၅၀၀) ပီပီအမ်ရှိသည်။ ဒီရေအတက်အကျရှိသည့် မြစ်ချောင်း များနှင့်နီးပါက မိမိ၏စက်ရေတွင်းထဲသို့ ရေငံတိုးဝင်မှု့ရှိမရှိကို ကနဦးလေ့လာသိရှိနှိင်ပါသည်။

မြေအောက်ရေချိုထဲသို့ရေငန်တိုးဝင်ခြင်း၊ ရေငန်တိုးဝင်ခြင်းကို ပင်လယ်နှင့်နီးသော၊ ပင်လယ်ရေ အတက်အကျ (ဒီရေအတက်အကျ) ရှိသည့်မြစ်ချောင်းများနှင့် နီးသောမြေပြန့်၊ မြေ့်လွင်ပြင် (Plain, Low land Topography) ရှိမြို့ရွာဒေသများတွင် အဖြစ်များပါသည်။ ပင်လယ်ရေ၊ ဆားငံရေတိုးဝင်ခြင်းသည် အဓိက ပြဿနာတရပ်အနေနှင့် ကမ္ဘာတ၀ှန်းတွင်တွေ့ကြုံနေရပါသည်။ အဆိုပါ အရပ်ဒေသများတွင်တွေ့ရသည့်မြေအောက်(ရေချို) ရေအောင်းလွာ(Fresh groundwater aquifer) သည် ပိတ်လှောင်မထားသော ရေအောင်းလွာ (Unconfined Aquifer) များဖြစ်ကြပါသည်။ ထိုမြေအောက်(ရေချို)ရေအောင်းလွာကို ပြန်လည်ဖြည့်တင်းပေး သည့်ရေမှာ မိုးရေသာအဓိကဖြစ်ပါသည်။ ရေငန် (Saltwater density is about 1.025g/cm3) သည်ရေချို (Freshwater density is about 1.000g/cm3 ) ထက် သိပ်သည်းဆများသောကြောင့် ရေချိုသည်အစဉ်သဖြင့် ရေငန်၏အပေါ်တွင် ရှိနေပါသည်။ သဘာဝအနေအထားအရ၊ မြေအောက်(ရေချို)ရေကို ရေဖြည့်တင်းပေးသည့် မိုးရေပမာဏ၊ ထုတ်ယူသုံးစွဲသည့် ရေပမာဏနှင့် မြေအောက်ရေမျက်နှာပြင် မြင့်ရာမှနှိမ့်ရာအရပ်ဖြစ်သောမြစ်ချောင်းများနှင့် ပင်လယ်တွင်းသို့ စီးဝင်မှု့ပမာဏတို့မျှချေ (Recharge and Discharge Balance) ဖြစ်နေသော

အခါ မြေအောက်ရေချိုအလွာသည် အောက်တွင်ရှိသော ရေငန်အလွာကို ဖိထားနေနှိင်ပေသည်။ ထိုသို့ဖြင့် ရေငန်တိုးဝင်ခြင်းကိုလည်း ကာကွယ်ထားရာရောက်ပေသည်။ ထိုအချေအနေမှ မြေအောက်ရေထုတ်ယူ သုံးစွဲမှု့များ ပြားလာသောအခါ၊ မိုးရေဖြည့်တင်းပေးမှု့သည်လည်း နည်းပါးလာသောအခါတို့တွင်မြေအောက်(ရေချို)ရေ

အောင်းလွာရေပမာဏလျော့နဲလာပြီး ရေငန်အလွာကို အပြည့်အ၀ဖိမထားနှိင်သည်နှင့် အမျှမြေအောက်ရေစီးဆင်းမှု့လည်း နည်းပါးလာပေသည်။ ထိုအခါပင်လယ်ရေ၏တွန်းအားကြောင့် ပင်လယ်ရေ(ရေငန်) နှင့်ရေချိုအကြားတွင်ရှိသောရေငန်၊ ရေချိုရောစပ်နေသောရေ၊ (ငန်ငြိငြိရေ(သို့)၊ နဲနဲငန်သောရေ၊ Brackish water)များ ရေချိုအလွာထဲသို့ တိုးဝင်လာပါသည်။ ထိုသို့ဖြစ်ခြင်းကို ရေငန်တိုးဝင်ခြင်း ဟုခေါ်ပါသည်။

အခြားသောနည်းများဖြင့်ရေငန်တိုးးဝင်ရသည့်အကြောင်းအရင်း။။

(၁) ဒီရေအတက်အကျကြောင့် မြေအောက်ရေ(ရေချို) အောင်းလွာကိုနေစဉ် တဖြေးဖြေးခြင်း တိုးဝင်ကာ ရေချိုအရည်အသွေးယိုယွင်းလာပြီး နောက်ဆုံးတနေ့တွင် ရေငန်ဝင် ရောက်သွားခြင်း။

(၂) ရာသီဥတု ဖေါက်ပြန်ုခြင်း၊ မိုးခေါင်ခြင်း တို့ကြောင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းမူလျော့နည်းလာခြင်း၊ ရေငွေ့ပြန်နှန်းများပြားလာခြင်း စသည်တို့ကြောင့် မြေအောက် ရေမျက်နှာပြင် နိမ့်ကျခြင်းကြောင့် ရေငန်ဝင်ရောက်ခြင်း။

(၃) ပင်လယ်ရေ မြင့်တက်လာခြင်းကြောင့် ပင်လယ်ကမ်းစပ် အနီးအနားရှိ ရေချိုရေအောင်းလွာများနှင့် ပင်လယ် နှင့်ဆက်စပ်နေသည့်မြစ်ချောင်းများ၏ ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် အတူရေတက်ရေကျဇုံသည်မြစ်၊ ချောင်းအထက်ပိုင်းများ စီသို့ရောက်ရှိလာပြီး ရေငန်စိမ့်ဝင်ခြင်း စသည်တို့ကြောင့် ပင်လယ်ကမ်းရိုးတန်းတလျောက်နှင့် ထိုမြစ်ချောင်း အနီးဝန်းကျင်ရှိရေအောင်းလွာများ ရေငန်တိုးဝင်ခြင်း။

(၄) မြို့ပြလူနေရပ်ဝှန်း တိုးချဲလာသောကြောင့် မိုးရေစိမ့်ဝင်စီးဆင်းရာ မြေနေရာများ လျော့နဲလာခြင်း (Recharge Area / zone) နှင့်အတူထိုနေရာများတွင် အိုးအိမ်အဆောက်အဦများ ဆောက်လုပ်လာသဖြင့် ရေစိမ့်မ၀င်နှိင်သည့်မြေလွာများဖြစ်သွားခြင်းကြောင့် မြေအောက်ရေချို တဖြည်းဖြည်းရော့နည်းလာပြီး ရေငံဝင်ရောက်ခြင်း၊ တို့ဖြစ်ပါသည်။

ထိုအချေအနေမျိုးတွင် စက်ရုံအလုပ်ရုံနှင့် အိမ်သုံးစက်ရေတွင်းများမှရေ ထုတ်ယူသုံးစွဲကြည့်သောအခါ ရေအရည်အသွေးသည် မူလရေအရည်အသွေးမဟုတ်တော့ပေ။ သောက်သုံး၍မရသောရေဖြစ်နေပေမည်။ အဘယ်ကြောင့်ဆိုသော် အပေါ်ယံရေချိုမရှိသလောက်နည်းပါးသွားပြီး အောက်ရေငန်အလွာမှရေများရေချိုအလွာကိုထိုးဖေါက်၊ ထွက်ရှိလာသောကြောင့်ဖြစ်ပါသည်။ (အရပ်အခေါ်-ရေငန်လိုက်လာသည် ဟုစက်ရေတွင်းတူးကြသူများ ကခေါ်ဝေါ်ပြောဆိုကြပါသည်)။ ရေငံတိုးဝင်ခြင်းသည် မြေအောက်ရေကို ညစ်ညမ်းစေသည့်နည်းတမျိုးဖြစ်ပါသည်။

ဆက်လက်ဖော်ပြသွားပါမည်။

ရေးသားသူ - ဦးမြင့်သိန်း Principal Consultant (Freelance) Groundwater & Well Engineering Consultancy and Services



Myanmar to export farmed fisheries to EU from May ...
Infrastructural development will enhance resources...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal