မြေအောက်ရေနှင့်ကျန်းမာရေး၊ (Groundwater & Health) အပိုင်း ၁

Groundwater and Health

Share this article:


စကားဦး (Preface)။ ။မြန်မာနှိင်ငံတွင်မြေအောက်ရေကိုစက်ရေတွင်းများ၊ လက်တူးတွင်းများက တဆင့်ထုတ်ယူသုံးစွဲနေကြသည်မှာ လွတ်လပ်ရေးမရမှီခေတ်ကစ၍ ယနေ့အထိပင်ဖြစ်သည်။ (၁၉၈၈)ခုနှစ်နောင်းပိုင်းကစ၍ ပိုမိုများပြားစွာ ထုတ်ယူသုံးစွဲလာကြသည်။ သောက်သုံးရေ၊စိုက်ပျိုးရေ၊ စက်ရုံအလုပ်ရုံသုံးရေ၊ မွေးမြူရေးလုပ်ငန်းသုံးရေ၊ စသည်ဖြင့်ကဏ္ဍစုံမှ ထုတ်ယူနေကြသည်။ မြေအောက်ရေ အရည်အသွေးများကိုလည်း အသုံးပြုသည့်ကဏ္ဍအလိုက် စံနှန်းသတ်မှတ်ချက်များရှိပါသည်။ သို့သော်မြေအောက်ရေကို အသုံးပြုနေကြသူများသည် မြေအောက်ရေနှင့် ကျန်းမာရေးဆက်စပ်နေမူ့ကို သေချာဂဂဏဏ မသိကြပေ။ သတ်မှတ်ချက်ထက် ကျော်လွန်ပါက ပြည်သူ့ကျန်းမာရေး၊ ဆိုးကျိုးများဖြစ်စေနိုင်သည်ကို မြေအောက်ရေသုံးစွဲသူများအနေနှင့် မြေအောက်ရေနှင့် ကျန်းမာရေး(Groundwater & Health)၊ ပညာသုတ(Knowledge)၊ အသိ(awareness)နှင့် သတိ(caution) ရှိစေလိုသော ဆန္ဒဖြင့်ရေးသားပါသည်။

မြေအောက်ရေ (Groundwater)။  ။ကမ္ဘာမြေမျက်နှာပြင်အောက်တွင် မြေလွှာ (သဲ၊ကျောက်စရစ်)အတွင်း၌ သော်လည်းကောင်း၊ ကျောက်လွှာကြားများ အတွင်း၌သော်လည်ကောင်း၊ စိမ့်ဝင်ခိုအောင်းနေသောရေဖြစ်ပါသည်။ 

စက်ရေတွင်း(Water Well/Tube Well)။ ။စက်ရေတွင်းဆိုသည်မှာ မြေလွှာကိုထိုးဖေါက်နှိင်သည့်စက် အင်အား၊ တွင်းတူးပိုက် တို့ကိုအသုံးပြု၍ လူ၏စီမံခန့်ခွဲမူ့ဖြင့် တွင်းပေါက်ဖေါက်၊ ရေအောင်းလွာဖြစ်တည်နေသည့် အနက်ပေကိုအတည်ပြုပြီး ရေထုတ်ယူမည့်ပိုက်နှင့် ရေ၀င်ဇကာပိုက်တို့ကို တွဲဆက်ပြီး၊ပိုက်ချခြင်း၊တွင်းရေသန့် စဉ်အောင်ဆေးကြောခြင်းများ ပြုလုပ်ပြီးရေတင် စက်အင်အားဖြင့်မြေအောက်ရေကိုမြေပေါ်သို့စုတ်တင်ရယူရ သောတွင်းကို စက်ရေတွင်းဟုခေါ်ဆိုပါသည်။ ရေထုတ်ပိုက်ကို ပီဗီစီပိုက် (သို့)အစွန်းအထင်းခံ၊ သံကြေးမတက် သောသံမဏီပိုက်ကိုအသုံးပြုကြပါသည်။ (စက်ရေတွင်းအနက်ပေမှာ ရေအောင်းလွာ၏ အတိမ်၊ အနက်ပေါ်မူတည်၏။  အခြေခံအားဖြင့်မြန်မာနှိင်ငံတွင် ဖျမ်းမျှအနက်ပေ (၆၀)၀ှမ်း ကျင်အောက်နက်သော တွင်း(သို့)ရေငင်ပုံး ဖြင့်ရေတင်ယူ၍မရသောတွင်း၊ စက်အင်အားဖြင့် ရေတင်ရသောတွင်းဖြစ်ပါသည်။ (မြန်မာနိုင်ငံတွင် အချို့သော လူအများစုသည် စက်တူးတွင်း (Tube well)ကို အ၀ီစီတွင်းဟု ယခုထိခေါ်ဆိုနေပါသေးသည်။ ၁၉၈၀ခုလွန်နှစ်များ ကစ၍စက်ရေတွင်း ဟုခေါ်ဆိုရန် ထိုစဉ်ကဖွဲ့စည်းထား မြန်မာနိုင်ငံ ရေရရှိရေး ကော်မတီက သတ်မှတ်ထားပြီး ဖြစ်ပါသည်။)

မြေအောက်ရေသုံးစွဲမူ (Groundwater Use)။ ။ မြန်မာနှိင်ငံတွင် နှစ်စဉ်သုံးစွဲနိုင်သော မြေအောက်ရေ ကုဗကီ လိုမီတာပေါင်း(၄၉၅)ရှိပါသည်။ မြေအောက်ရေ၏(၁၀%)ကို သောက်သုံးရေ အဖြစ် အသုံးပြုကြပြီး စိုက်ပျိုးရေနှင့် စက်မူ့လုပ်ငန်းသုံးအတွက် (၆)ရာခိုင်နှုန်း အသုံးပြုသည်။ ယနေ့အခါ မြေအောက်ရေသုံးစွဲမူ့သည် တနေ့ထက်တနေ့ ပိုမိုများပြားလာသည်။ (၁၉၅၂)ခုနှစ်မှသည် (၂၀၁၆)ခုနှစ်အထိ၊ ဌာနဆိုင်ရာစာရင်းဇယားများအရ၊ မြို့၊ရွာကျေးလက်အသီးသီးက မြေအောက်ရေကို သောက်သုံးရေအဖြင့် အသုံးပြုနေကြသည့် လူဦးရေမှာ(၄၉.၁၀%)ရှိနေသည်။ သောက်သုံးရေကို မိမိအစီအစဉ်ဖြင့် ထုတ်ယူသုံးစွဲသည်လူဦးရေကိုပါ ထည့်သွင်းစဉ်စားပါက(၆၀%)ကျော်ရှိနိုင်မည်ဖြစ်သည်ဟု စာရေးသူခန့်မှန်းပါသည်။ စက်မူ့လုပ်ငန်းသုံးရာခိုင်နှုန်း မည်မျှရှိသည်ကို မှတ်တမ်းမရှိသဖြင့် ခန့်မှန်းရခက်ပေမည်။ အဘယ်ကြောင့်ဆိုသော်၊ မြေအောက်ရေထုတ်ယူသုံးစွဲခြင်းကို စည်းမျဉ်းစည်းကမ်း ဥပဒေထိန်းချုပ် မရှိသေးသောကြောင့်ဖြစ်သည်။

မြေအောက်ရေကို အသုံးပြုသည့် အဓိကအကြောင်းအရင်းမှာ မြေအောက်ရေသည်လွယ်ကူစွာရရှိခြင်း၊ ကုန်ကျစရိတ်၊ ဈေးသက်သာခြင်း၊ မိမိအလိုရှိသောနေရာ(သို့)အနီးဆုံးနေရာ၌ တွင်းတူးဖေါ်၍ လိုအပ်သလို ထုတ်ယူရရှိနိုင်သောကြောင့်ဖြစ်ပါသည်။

ရေနှင့်ကျန်းမာရေး(Water & Health)။ ။လူ့ကျန်းမာရေးအတွက်ရေ (မြေပေါ်ရေ၊ မြေအောက်ရေ) သည်

အဓိက၊ အခြေခံလိုအပ်ချက်ဖြစ်သည်။ လူ့ခန္တာကိုယ်သည် ရေဓါတ်အများဆုံးနှင့်ဖွဲ့စီးထား၏။ (၇၀)ရာခိုင်းနှုန်း သည်ရေဖြစ်သည်။ ရေ၏အာနိသင်သည် ခန္တာကိုယ်အပူချိန်ကို မျှတစေသည်။ သွေးလည်ပတ်မူ့ကိုကောင်းစေ၏။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဝေထားသောသောက်သုံးရေ အရည်အသွေး လမ်းညွန်စာအုပ် (စတုတ္ထအကြိမ်-၂၀၁၇)တွင် ဖေါ်ပြထားသည့်မှာ (၂၀၁၅)ခုနှစ် စစ်တမ်းများအဆိုအရ၊ ကမ္ဘာ့လူဦးရေ၏(၇၁%)သည် သောက်သုံးရန် သင့်လျော်သောရေကို အသုံးပြုနေကြသော်လည်း လူဦးရေနှစ်သန်းကျော်သည် အိမ်သာစွန့်ပြစ် ရေဆိုးများကြောင့် ညစ်ညမ်းနေသော၊ ရောဂါပိုးပွားများပျော်ဝင်နေသည့်ရေကို သောက်သုံးနေကြဆဲဖြစ်သည်။ နေ့စဉ်လူနှစ်သောင်း ငါးထောင်ကျော်သည် ရေကြောင့်ဖြစ်သောရောဂါများကြောင့် သေဆုံးနေကြသည်။ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ (၂၀၁၁)လေ့လာချက်မှတ်တမ်းအရ မြန်မာနိုင်ငံတွင် လူဦးရေ(၇၁%)သည် သောက်သုံးရန် သင့်လျော်သောမြေပေါ်ရေ၊ မြေအောက်ရေများကို အသုံးပြုနေကြသည် ဟုမှတ်တမ်းရှိပါသည်။ ရောဂါပိုးမွားများပျော်ဝင်သော၊ ညစ်ညမ်းနေသောရေကို သောက်သုံးခြင်းဖြင့်အူရောင်ငန်း ဖျားရောဂါ၊ ၀မ်းကိုက်၊ ၀မ်းပျက်၊ ၀မ်းလျောရောဂါ၊ ကာလ၀မ်းရောဂါ၊ အကျောသေရောဂါ၊ နှလုံး၊ ကျောက်ကပ်များ ကိုဖြစ်ပွားစေပါသည်။ သက္ကရာစ်(၂၀၂၅)တွင် ကမ္ဘာ့လူဦးရေ တစ်ဝက်ခန့်သည် သန့်စင်သောသောက်သုံးရေရရှိရေး အခက်အခဲမျုားနှင့် ကြုံတွေ့မည်ဟုဆိုထားသည်။ အဆိုပါဖွင့်ဆိုချက်သည် မြန်မာနိုင်ငံ ပြည်သူများ သောက်သုံးရေနှင့်ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အချက်ပေးနေခြင်းဖြစ်သည်။ 

ရေအရည်အသွေးဆိုင်ရာ အခြေခံအချက်အလက်များ (Basic parameters of water quality)။ ။

(၁) ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ၊(Physical properties)

(၂) ဓါတုဗေဒဆိုင်ရာဂုဏ်သတ္တိ (Chemical properties)နှင့်

(၃) (ပိုးမွား)အဏုဇီဝဆိုင်ရာဂုဏ်သတ္တိ (Biological properties)တို့ဖြစ်သည်။

(၁)နှင့်(၂)တွင်သတ္တုဓါတ်စဉ်များ၊ ဓါတုဓါတ်ပေါင်းများ၊ အရောင်အဆင်းအနံအရသာ၊ ရောဂါဖြစ်ပွားစေ သောဓါတ်ပစ္စည်းများပါဝင်သည်။ ထိုဓါတ်များ၊ မည်ရွေ့မည်မျှပါဝင်သည်ကို စမ်းသပ်ရပါမည်။ (၃)တွင်ကိုလီဖွန်ဘက်တီရီးယား(Coliform bacteria) အီကိုလီ(E. coli) ကာလ၀မ်းရောဂါပိုးမွားများ (cholera-causing Vibriocholerae) ကပ်ပါးကောင်းများ (protozoan parasites)ကျင်ကြီး၊ မစင်များပျော်ဝင်မူ့ရှိမရှိကို၊ ကိုလီဖွန်ဘက်တီရီးယားကို စမ်းသပ်ရသည်။ 

မြေအောက်ရေတွင်ပျော်ဝင် နေနိုင်သည့်ဓါတ်ပစ္စည်းများ (Chemical properties dissolved in groundwater)။ ။ရုပ်ပိုင်းဆိုင်ရာ (General Properties) ၊ဓါတုဗေဒဆိုင်ရာ (Chemical Properties) ဂုဏ်သတ္တိများမှာ- ပုံပန်းသဏ္ဍန် (appearance) အရောင်(Color)၊ အနံအရသာ (odor /Smell) ရေနောက်ကြိမှု့၊ ရေကြည်လင်မှု (Turbidity)၊ ဓါတုပစ္စည်း စုစုပေါင်းပျော်ဝင်မှုပမာဏ (Total Dissolved Solid)၊ လျှပ်စစ်စီးကိန်းသတ္တိ (Electrical Conductivity/EC)၊ ပီအိပ်(ခ်ျ်)(pH)၊ရေစေးခြင်း၊နှင့်ပျော်ဝင်နေနှိင်သည့်ဓါတ်ပစ္စည်းများမှာ ဆိုဒီယံ (Na+)၊ ပိုတက်စီယံ(K+)၊ ကယ်စီယံ(Ca++)၊ မဂ္ဂနီစီယံ(Mg++)၊ သံဓါတ်(Fe++)၊ ကာဘွန်နိတ်(CO3=)၊ဘိုင်ကာ ဘွန်နိတ်(HCO3-) ၊ကလိုရိုက်(CL-)၊ ဆာလ်ဖိတ်(SO4--)၊ ခဲ(Pb)၊ သွတ်(Zn)၊ ကြေးနီ(Cu)၊ အာစင်နစ် (As)၊ အာမိုးနီးယား၊ နိက်ဒရိုက်၊ ဖလူလိုရိုက် တို့ဖြစ်ကြပါသည်။ (ကလိုရိုက်(သို့)ဆလ်ဖိုက်(သို့) ကာဘွန်နစ်(သို့)သုံးမျိုးစလုံးသည် ဓါတ်ပေါင်းအနေနှင့် အများဆုံးတွေ့ရှိရပါသည်)။

ဆက်လက်ဖော်ပြသွားပါမည်။

(Groundwater for all: Healthy use; No Race, No Religious)
Author: Myint thein
Date: 25th Jan 2019



မြေအောက်ရေနှင့် ကျန်းမာရေး၊ (Groundwater & Health) အပိုင်း ၂

မြေအောက်ရေတွင်ပျော်ဝင်နေသည့်ဓါတ်ပစ္စည်းများ၏စံနှန်းသတ်မှတ်ချက်နှင့်ကျန်းမာရေးသက်ရောက်မူ့များ (Dissolved Chemical Properties, Standard (WHO2011) and Health Impact & Remarks) (အသုံးပြုသည့်ယူနှစ် = မီလီဂရမ်ပါလီတာ (mg/l =milligrams/liter, or parts per million (ppm ); Nephelometric Turbidity Units (NT...
https://www.myanmarwaterportal.com/news/1159-မြေအောက်ရေနှင့်-ကျန်းမာရေး၊-groundwater-health-အပိုင်း-၂.html

မြေအောက်ရေနှင့်ကျန်းမာရေး၊ (Groundwater & Health) အပိုင်း ၃

က။ သောက်သုံးရေအတွက် စက်ရေတွင်းတူးရန် နေရာရွေးချယ်ပါက အောက်ပါတို့ကို အဓိကစဉ်းစားပါရန်။ ၁။ မိလ္လာအညစ်အကြေးစွန့်ကန်၊ပိုက်လိုင်းများနှင့်အနဲဆုံးပေ(၅၀)ကွာဝေးရန် ၂။ အသုံးမပြုသည့်တွင်းနှင့်အနဲဆုံးပေ(၅၀)ကွာဝေးရန် ၃။ ခြံဝန်းအတွင်းရှိကျင်းအိမ်သာနှင့်အနဲဆုံးပေ(၅၀)ကွာရန် ၄။ စွန်ပြစ်ပစ္စည်းအမှိုက်ပုံနှင့်အနဲဆုံးပေ...
https://www.myanmarwaterportal.com/news/1160-မြေအောက်ရေနှင့်ကျန်းမာရေး၊-groundwater-health-အပိုင်း-၃.html

Share this article:

A different view on the Royal Lake – uncovering th...
The Gyo Phyu Pipeline and his companions - A Renov...

Related Posts

 

Comments

Already Registered? Login Here
No comments made yet. Be the first to submit a comment

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal